Hiezechielis Prophetæ 28
Clementine Vulgate, 1598Translation
Clementine Vulgate, 1598
Judson Burmese Bible (1840)
1Et factus est sermo Domini ad me, dicens:
1တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2Fili hominis, dic principi Tyri: [Hæc dicit Dominus Deus: Eo quod elevatum est cor tuum, et dixisti: Deus ego sum, et in cathedra Dei sedi in corde maris, cum sis homo, et non deus: et dedisti cor tuum quasi cor Dei:
2အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို တုရု ရှင်ဘုရင် အား ဆင့်ဆို ရမည်မှာ၊ သင်သည် ကိုယ်ကို ဘုရားသခင် ကဲ့သို့ ထင်မှတ် သော်လည်း ဘုရားသခင် မ ဟုတ်၊ လူ သက်သက်ဖြစ်လျက်နှင့် ငါ သည် ဘုရား ဖြစ်၏၊ ပင်လယ် အလယ် ၌ ဘုရား ပလ္လင် ပေါ်မှာငါထိုင် သည်ဟု ဝါကြွား သောစိတ် နှင့် ဆို သည်ဖြစ်၍၊
3ecce sapientior es tu Daniele: omne secretum non est absconditum a te:
3သင် သည် ဒံယေလ ထက် သာ၍ပညာရှိ ပါသည် တကား။ သင် မ သိရအောင် သူတပါးဝှက်ထား နိုင်သော အရာ တစုံတခု မျှမ ရှိ။
4in sapientia et prudentia tua fecisti tibi fortitudinem, et acquisisti aurum et argentum in thesauris tuis:
4ကိုယ် ဉာဏ်ပညာ အားဖြင့် ဥစ္စာ ရ တတ်၏။ ရွှေ ငွေ ကို ဆည်းပူး ပြီ။
5in multitudine sapientiæ tuæ, et in negotiatione tua multiplicasti tibi fortitudinem, et elevatum est cor tuum in robore tuo:
5ထူးဆန်း သော ပညာ နှင့် ကုန်စလယ် များအားဖြင့် စည်းစိမ် ကြီး ၍၊ ထိုစည်းစိမ် ကြောင့် စိတ် ဝါကြွား ပြီ။
6propterea hæc dicit Dominus Deus: Eo quod elevatum est cor tuum quasi cor dei,
6သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင် သည် ကိုယ်ကို ဘုရားသခင် ကဲ့သို့ ထင်မှတ် သောကြောင့် ၊
7idcirco ecce ego adducam super te alienos, robustissimos gentium: et nudabunt gladios suos super pulchritudinem sapientiæ tuæ, et polluent decorem tuum.
7ကြောက်မက် ဘွယ်သော တကျွန်း တနိုင်ငံသား တို့ကို သင် ရှိရာသို့ ငါ ပို့ဆောင် သဖြင့် ၊ သူတို့သည် သင် ၏ ပညာ ဂုဏ် ကို ထား နှင့်ခုတ်၍၊ သင် ၏တင့်တယ် ခြင်း အသရေကို ရှုတ်ချ ကြလိမ့်မည်။
8Interficient, et detrahent te: et morieris in interitu occisorum in corde maris.
8သင့် ကို မြေတွင်း ထဲသို့ နှိမ့်ချ ၍ ၊ ပင်လယ် အလယ် ၌ ဆုံးရှုံးသောသူကဲ့သို့သင့်အသက် သည် ဆုံးရှုံးရ လိမ့်မည်။
9Numquid dicens loqueris: Deus ego sum, coram interficientibus te, cum sis homo, et non deus, in manu occidentium te?
9သင့် အသက် ကိုသတ် သောသူတို့ လက် တွင် ၊ သင်သည် ဘုရားသခင် မ ဟုတ်၊ လူ သက်သက်ဖြစ်လျက် နှင့်၊ ငါ သည် ဘုရား ဖြစ်သည်ဟု သင့် အသက် ကိုသတ် သောသူတို့ရှေ့မှာ အမှန်ပြော လိမ့်မည်လော။
10Morte incircumcisorum morieris in manu alienorum, quia ego locutus sum, ait Dominus Deus.]
10အရေဖျားလှီး ခြင်းမခံသော လူသေ သကဲ့သို့၊ သင်သည် တကျွန်း တနိုင်ငံသားတို့ လက် ဖြင့် သေ ရမည်။ ငါ ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
11Et factus est sermo Domini ad me, dicens: Fili hominis, leva planctum super regem Tyri,
11တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
12et dices ei: [Hæc dicit Dominus Deus: Tu signaculum similitudinis, plenus sapientia, et perfectus decore.
12အချင်းလူသား ၊ တုရု ရှင်ဘုရင် အတွက် မြည်တမ်း သော စကားကို မြွက်၍၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ သင် သည် ထူးဆန်း သော တံဆိပ် ဖြစ်၏။ ပညာ နှင့်ပြည့်စုံ ၍ တင့်တယ် ခြင်းအသရေလည်းစုံလင် လျက်ရှိ၏။
13In deliciis paradisi Dei fuisti: omnis lapis pretiosus operimentum tuum, sardius, topazius, et jaspis, chrysolithus, et onyx, et beryllus, sapphirus, et carbunculus, et smaragdus: aurum, opus decoris tui: et foramina tua, in die qua conditus es, præparata sunt.
13ဧဒင် အရပ်၊ ဘုရားသခင် ၏ ဥယျာဉ် တော်၌ နေ ပြီ။ သင်၏ခေါင်းပေါ်မှာကျောက်နီ ၊ ဥဿဖရား ၊ စိန် ၊ မျက်ရွဲ ၊ ကြောင် ၊ နဂါးသွဲ့ ၊ နီလာ ၊ မြ ၊ ပတ္တမြား အစရှိသော ကျောက် မြတ် အမျိုးမျိုး တို့ကို ဆောင် လေ၏။ ရွှေ ဖြင့် လုပ် သော ပတ်သာ ၊ ပုလွေ တို့သည်လည်း၊ သင် ဘွား သောနေ့ ၌ ပင် သင့် အဘို့ ပြင်ဆင် လျက်ရှိကြ၏။
14Tu cherub extentus, et protegens, et posui te in monte sancto Dei: in medio lapidum ignitorum ambulasti,
14သင် သည် ဖြန့် ၍ လွှမ်းမိုး သော ခေရုဗိမ် ဖြစ်လျက်၊ ငါ့အခွင့်နှင့် ဘုရားသခင် ၏ သန့်ရှင်း သော တောင် ပေါ်မှာ နေရာ ကျ၍ မီး တောက်သော ကျောက် တို့ တွင် သွား လာရ၏။
15perfectus in viis tuis a die conditionis tuæ, donec inventa est iniquitas in te.
15ဘွား သောနေ့ မှစ၍ သင့် အပြစ် ထင်ရှား သောနေ့ တိုင်အောင် ၊ ပြု လေရာရာ၌ စုံလင် လျက်ရှိ၏။
16In multitudine negotiationis tuæ repleta sunt interiora tua iniquitate, et peccasti: et ejeci te de monte Dei, et perdidi te, o cherub protegens, de medio lapidum ignitorum.
16သို့ရာတွင်၊ ကုန်သွယ် ခြင်း များပြား သောအားဖြင့် ၊ အဓမ္မ အမှုတို့နှင့်ပြည့်စုံ ၍ ပြစ်မှား သောအပြစ် ရောက်လေပြီ။ ထိုကြောင့် ၊ ဆိုးယုတ်သော သူကဲ့သို့၊ သင့်ကိုဘုရားသခင် ၏ တောင် တော်ပေါ်က ငါနှင်ထုတ် မည်။ အိုလွှမ်းမိုး သော ခေရုဗိမ် ၊ မီး တောက်သော ကျောက် တို့အထဲ က သင့် ကိုငါ ပယ်ရှင်း မည်။
17Et elevatum est cor tuum in decore tuo; perdidisti sapientiam tuam in decore tuo: in terram projeci te; ante faciem regum dedi te ut cernerent te.
17သင် သည် ကိုယ်၌ တင့်တယ် ခြင်းအသရေကြောင့် ၊ ဝါကြွား သောစိတ် ရှိလျက် ဂုဏ်ထွန်းတောက် သောကြောင့် ၊ သင် ၏ပညာ သည် ဖေါက်ပြန် လျက်ရှိလေပြီ ။ ငါသည်သင့် ကို မြေ တိုင်အောင် နှိမ့်ချ မည်။ ရှင်ဘုရင် တို့သည် သင့် ကိုကြည့်ရှု ၍ ဝမ်းမြောက်စေခြင်းငှါ ၊ သူတို့ ရှေ့မှာ သင့်ကို ငါချထားမည်။
18In multitudine iniquitatum tuarum, et iniquitate negotiationis tuæ, polluisti sanctificationem tuam: producam ergo ignem de medio tui, qui comedat te, et dabo te in cinerem super terram, in conspectu omnium videntium te.
18သင့် အပြစ် သည်များပြား ၍ ကုန်သွယ် ခြင်း အဓမ္မ အားဖြင့် ၊ သန့်ရှင်း ရာဌာနတို့ကို ညစ်ညူး စေသောကြောင့် ၊ သင့်ကိုမီးရှို့ဘို့ သင့် အလယ် ၌ မီး ကိုငါညှိ မည်။ သင့် ကိုမြင် သော သူအပေါင်း တို့ရှေ့မှာ ၊ သင်၏ ပြာ ကို မြေ ပေါ်သို့ ငါချထား မည်။
19Omnes qui viderint te in gentibus, obstupescent super te: nihili factus es, et non eris in perpetuum.]
19သင့် ကိုသိ သောလူ အမျိုးမျိုး တို့သည် သင် ၏ အမှုကြောင့် မိန်းမော တွေဝေကြလိမ့်မည်။ သင်သည် ကြောက်မက် ဘွယ်ဖြစ် လိမ့်မည်။ နောက် တဖန် မပေါ်လာရ ဟု မိန့်တော်မူ၏။
20Et factus est sermo Domini ad me, dicens:
20တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
21Fili hominis, pone faciem tuam contra Sidonem, et prophetabis de ea:
21အချင်းလူသား ၊ သင်သည် ဇိဒုန် မြို့တဘက် ၌ မျက်နှာ ထား ၍ ပရောဖက်ပြု လျက်၊
22et dices: [Hæc dicit Dominus Deus: Ecce ego ad te, Sidon, et glorificabor in medio tui: et scient quia ego Dominus, cum fecero in ea judicia, et sanctificatus fuero in ea.
22အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည် မှာ၊ အိုဇိဒုန် မြို့၊ သင့်တဘက်၌ ငါနေ၏။ သင့် အလယ် ၌ ငါ့ဘုန်း တန်ခိုးသည် ထင်ရှားလိမ့်မည်။ သင့်ကိုငါ သည် အပြစ်ဒဏ် ပေး၍ ရိုသေ ခြင်းကိုခံရသောအခါ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို လူများသိ ရကြလိမ့်မည်။
23Et immittam ei pestilentiam, et sanguinem in plateis ejus: et corruent interfecti in medio ejus gladio per circuitum, et scient quia ego Dominus.
23သင့်အပေါ်သို့ ကာလနာ ဘေးကို၎င်း၊ သင်၏ လမ်း တို့၌ ထား ဘေးကို၎င်း ငါစေလွှတ် ၍၊ ပတ်လည် ၌ တိုက်သော ထား ဖြင့်သူရဲတို့သည် သင့်အလယ် ၌ လဲ ၍ သေ ကြသောအခါ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။
24Et non erit ultra domui Israël offendiculum amaritudinis, et spina dolorem inferens undique per circuitum eorum qui adversantur eis: et scient quia ego Dominus Deus.
24ထိုအခါ ဣသရေလ အမျိုး ၏ ပတ်လည် ၌နေ၍၊ မထီမဲ့မြင်ပြု သောသူတို့ တွင် စူး တတ်သော ဆူးပင် ၊ နှောက်ရှက် တတ်သောငြောင့် တစုံတခု မျှ မကျန်ကြွင်းရ။ ငါ သည် ထာဝရ ဘုရားဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
25Hæc dicit Dominus Deus: Quando congregavero domum Israël de populis in quibus dispersi sunt, sanctificabor in eis coram gentibus: et habitabunt in terra sua, quam dedi servo meo Jacob:
25တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့သည် ကွဲပြား လျက်နေသောလူ အမျိုးမျိုးထဲက ငါ ခေါ်၍စုဝေး သောအခါ ၊ သူ တို့အားဖြင့် လူမျိုး များရှေ့၌ ရိုသေ ခြင်းကိုငါခံ၍၊ ငါ့ ကျွန် ယာကုပ် အား ငါအရင်ပေး သော ပြည် ၌ သူတို့သည် နေ ကြလိမ့်မည်။
26et habitabunt in ea securi, et ædificabunt domos, et plantabunt vineas, et habitabunt confidenter, cum fecero judicia in omnibus qui adversantur eis per circuitum: et scient quia ego Dominus Deus eorum.]
26ထိုပြည် ၌ စိုးရိမ် စရာမရှိ။ အိမ် ဆောက် ခြင်း၊ စပျစ် ဥယျာဉ်စိုက် ခြင်းအမှုကိုပြု၍ နေ ကြလိမ့်မည်။ သူ တို့ ပတ်လည် ၌ နေ၍မထီမဲ့မြင်ပြု သောသူအပေါင်း တို့ကို ငါ သည် အပြစ်ဒဏ် စီရင် သောနောက် သူတို့သည် စိုးရိမ် စရာမရှိဘဲနေ ၍၊ ငါ သည် သူ တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Tip: use the ← and → keys to turn chapters.