Hiezechielis Prophetæ
Chapter 32
Clementine Vulgate, 1598
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Hiezechielis Prophetæ 32

Clementine Vulgate, 1598
Judson Burmese Bible (1840)
1Et factum est, duodecimo anno, in mense duodecimo, in una mensis: factum est verbum Domini ad me, dicens:
1သက္ကရာဇ် တဆယ် နှစ် ခု၊ ဒွါဒသမ လ တ ရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2Fili hominis, assume lamentum super Pharaonem regem Ægypti, et dices ad eum: [Leoni gentium assimilatus es, et draconi qui est in mari: et ventilabas cornu in fluminibus tuis, et conturbabas aquas pedibus tuis, et conculcabas flumina earum.
2အချင်းလူသား ၊ သင်သည်အဲဂုတ္တု ရှင်ဘုရင် ဖာရော မင်းအတွက် မြည်တမ်း ခြင်းကိုပြု၍ ပြောဆို ရမည်မှာ၊ သင်သည်လူမျိုး တို့တွင် ခြင်္သေ့ပျို ကဲ့သို့ ဖြစ်၏။ အိုင် ၌ နေသောမိကျောင်း ကဲ့သို့ လည်းဖြစ်၍၊ မြစ် တို့ကို ကူး သွားလျက် ၊ ခြေ ဖြင့် ရေ ကိုလှုပ်ရှား လျက် မြစ် ရေကို နောက် စေ၏။
3Propterea hæc dicit Dominus Deus: Expandam super te rete meum in multitudine populorum multorum, et extraham te in sagena mea.
3အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ လူမျိုး များ စုဝေး လျက်၊ ငါသည် ပိုက်ကွန် နှင့်သင့် ကို အုပ်မိ ၍၊ သူတို့သည် ပိုက်ကွန် နှင့်တကွသင့် ကို ဆွဲယူ ကြလိမ့်မည်။
4Et projiciam te in terram; super faciem agri abjiciam te: et habitare faciam super te omnia volatilia cæli, et saturabo de te bestias universæ terræ.
4ငါသည် သင့် ကိုကုန်း ပေါ်မှာ တင် ၍ လွင်ပြင် ၌ ပစ် ထားမည်။ မိုဃ်း ကောင်းကင်ငှက် အပေါင်း တို့ကို သင့် အပေါ်မှာ နား စေမည်။ မြေ သားအပေါင်း တို့ကို ဝ စွာ ကျွေးမည်။
5Et dabo carnes tuas super montes, et implebo colles tuos sanie tua.
5သင့် အသား ကို တောင် တို့အပေါ်၌ ငါခင်း မည်။ ချိုင့် တို့ကို သင့် ကိုယ်နှင့် ပြည့် စေမည်။
6Et irrigabo terram fœtore sanguinis tui super montes, et valles implebuntur ex te.
6သင် မှ ယို သော အသွေး ဖြင့် မြေ ကိုတောင်ထိပ် တိုင်အောင် စို စေမည်။ မြစ် တို့သည် သင့် အသွေးနှင့် ပြည့် ကြလိမ့်မည်။
7Et operiam, cum extinctus fueris, cælum, et nigrescere faciam stellas ejus: solem nube tegam, et luna non dabit lumen suum.
7သင့် ကို ငါဆုံး စေသောအခါ မိုဃ်းကောင်းကင် ကို ငါဖုံးလွှမ်း ၍ ကြယ် တို့ကို မိုက် စေမည်။ နေ ကို မိုဃ်းအုံ့ စေ၍ လ သည်လည်း အလင်း ကို မ ပေး ရ။
8Omnia luminaria cæli mœrere faciam super te, et dabo tenebras super terram tuam, dicit Dominus Deus, cum ceciderint vulnerati tui in medio terræ, ait Dominus Deus.
8သင့်အထက်၊ မိုဃ်း ကောင်းကင်၌ ထွန်းလင်း သော အလင်း အိမ် အလုံးစုံ တို့ကို မိုက် စေ၍၊ သင့် ပြည် ကို မှောင်မိုက် နှင့် ဖုံးလွှမ်း မည်။
9Et irritabo cor populorum multorum, cum induxero contritionem tuam in gentibus super terras quas nescis.
9သင်မ သိ ဘူးသော အတိုင်းတိုင်း အပြည်ပြည် တို့ တွင် သင် ပျက်စီး ခြင်းအကြောင်းကို ငါ ကြား စေသောအခါ ၊ လူမျိုး များ တို့ကို စိတ် ပူပန် စေမည်။
10Et stupescere faciam super te populos multos, et reges eorum horrore nimio formidabunt super te, cum volare cœperit gladius meus super facies eorum: et obstupescent repente singuli pro anima sua in die ruinæ tuæ.
10အကယ်စင်စစ်သင့် အမှုကြောင့် လူမျိုး များ တို့ကို ငါမိန်းမော တွေဝေစေမည်။ ငါသည် ရှင်ဘုရင် တို့ ရှေ့မှာထား နှင့်ရွယ် သောအခါ ၊ သူတို့သည် သင့် အမှု ကြောင့် အလွန်ထိတ်လန့် ကြလိမ့်မည်။ သင် ဆုံးရှုံး သောနေ့ ၌ သူတို့သည် အသီးအသီး မိမိ တို့အသက် ကြောင့် ခဏခဏ စိုးရိမ် တုန်လှုပ်ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
11Quia hæc dicit Dominus Deus: Gladius regis Babylonis veniet tibi.
11အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင် ၏ ထား သည် သင့် အပေါ်သို့ရောက် လိမ့်မည်။
12In gladiis fortium dejiciam multitudinem tuam: inexpugnabiles omnes gentes hæ, et vastabunt superbiam Ægypti, et dissipabitur multitudo ejus.
12ခွန်အား ကြီးသောသူ၊ ကြောက်မက် ဘွယ်သော လူမျိုး အပေါင်း တို့ဖြင့် သင် ၏အလုံးအရင်း ကို ငါလဲ စေမည်။ သူတို့သည် အဲဂုတ္တု မာန ကို နှိမ့်ချ ၍၊ ပြည်သားအလုံးအရင်း ရှိသမျှ ကို ဖျက်ဆီး ကြလိမ့်မည်။
13Et perdam omnia jumenta ejus, quæ erant super aquas plurimas: et non conturbabit eas pes hominis ultra, neque ungula jumentorum turbabit eas.
13များစွာ သော ရေ အနားမှာ ကျက်စားသမျှ သောတိရစ္ဆာန် တို့ကိုလည်း ငါပယ်ရှင်း မည်။ နောက် တဖန် လူ ခြေ နှင့် တိရစ္ဆာန် ခြေ သည် ထိုရေကို မ နောက် စေရ။
14Tunc purissimas reddam aquas eorum, et flumina eorum quasi oleum adducam, ait Dominus Deus,
14ထိုရေ ကို ငါကြည် စေ၍ မြစ် ရေသည် ဆီ ကဲ့သို့ စီး စေမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
15cum dedero terram Ægypti desolatam: deseretur autem terra a plenitudine sua quando percussero omnes habitatores ejus: et scient quia ego Dominus.
15ငါ သည် အဲဂုတ္တု ပြည် ၌ ဥစ္စာ ရှိသမျှကို ကုန် စေခြင်းငှါသုတ်သင် ပယ်ရှင်း၍၊ ပြည်သူ ပြည်သားအပေါင်း တို့ကို ဒဏ်ခတ် သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်။
16Planctus est, et plangent eum: filiæ gentium plangent eum: super Ægyptum et super multitudinem ejus plangent eum, ait Dominus Deus.]
16ဤ ရွေ့ကား၊ အဲဂုတ္တု ပြည်အတွက် ပြုရသော မြည်တမ်း ခြင်းတည်း။ အမျိုးမျိုး သော သတို့သမီး တို့ သည်လည်း မြည်တမ်း ၍၊ အဲဂုတ္တု ပြည်နှင့် ပြည်သားအလုံးအရင်း ရှိသမျှ တို့အတွက် မြည်တမ်း ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
17Et factum est in duodecimo anno, in quintadecima mensis: factum est verbum Domini ad me, dicens:
17သက္ကရာဇ် တဆယ် နှစ် ၊ ပဌမလတဆယ် ငါး ရက် နေ့တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
18[Fili hominis, cane lugubre super multitudinem Ægypti: et detrahe eam ipsam, et filias gentium robustarum, ad terram ultimam, cum his qui descendunt in lacum.
18အချင်းလူသား ၊ အဲဂုတ္တု ပြည်သားအလုံးအရင်း အတွက် မြည်တမ်း ခြင်းကို ပြုလော့။ မြေတွင်း ထဲသို့ ဆင်း သွားသောသူတို့နေရာ မြေ အောက် အရပ်သို့ တိုင်အောင် ၊ ကျော်စော သောလူမျိုး သတို့သမီး တို့နှင့်တကွ နှိမ့်ချ လျက် မြွက်ဆိုရမည်မှာ၊
19Quo pulchrior es? descende, et dormi cum incircumcisis.
19သင်သည် သူတပါး ထက် သာ၍လှ သလော။ အရေဖျား လှီးခြင်းကို မခံသော လူတို့နှင့်အတူ ဆင်းသက် ၍ နေရာ ကျလော့။
20In medio interfectorum gladio cadent; gladius datus est: attraxerunt eam et omnes populos ejus.
20ထား ဘေး၌ အပ် သည်ဖြစ်၍၊ ထား ဖြင့်သေ သောသူတို့ နှင့်အတူ လဲ ၍သေရသောကြောင့်၊ သူ ကိုယ်တိုင်မှစ၍သူ ၏ လူအလုံးအရင်း ရှိသမျှ တို့ကို ဆွဲ ကြလော့။
21Loquentur ei potentissimi robustorum de medio inferni, qui cum auxiliatoribus ejus descenderunt, et dormierunt incircumcisi interfecti gladio.
21ခွန်အား အကြီးဆုံးသော သူရဲ တို့သည် မရဏာ နိုင်ငံထဲက သူ နှင့် သူ ၏အခြံအရံ တို့ကို နှုတ်ဆက် ကြ လိမ့်မည်။ သူတို့သည်လည်း ဆင်း သွားကြပြီ။ ထား နှင့်သေ ၍၊ အရေဖျား လှီးခြင်းမခံသော အဖြစ်၌လဲ နေလျက် ရှိကြ၏။
22Ibi Assur, et omnis multitudo ejus: in circuitu illius sepulchra ejus, omnes interfecti, et qui ceciderunt gladio.
22ထို အရပ်၌ အာရှုရ နှင့်သူ ၏ လူ အလုံးအရင်းအပေါင်း လည်း ရှိကြ၏။ သူတို့သည် ထား ဖြင့် သေ ၍ လဲ နေလျက်၊ ပတ်လည် အရပ်ရပ်တို့၌ သူ တို့သင်္ချိုင်း များ ရှိကြ၏။
23Quorum data sunt sepulchra in novissimis laci, et facta est multitudo ejus per gyrum sepulchri ejus: universi interfecti, cadentesque gladio, qui dederant quondam formidinem in terra viventium.
23ထိုသင်္ချိုင်း တို့သည် ဥမင် အတွင်း အနားမှာ စီ လျက်၊ မင်းသင်္ချိုင်း ၌ ပတ်လည် ခြံရံလျက် ရှိ ကြ၏။ အသက်ရှင် သောသူတို့ ၏နေရာ ၌ သူတပါးကို ကြောက် စေတတ်သောသူ ဖြစ်သော်လည်း၊ ထိုသူ ရှိသမျှ တို့သည် ထား ဖြင့် သေ ၍လဲ နေကြ၏။
24Ibi Ælam, et omnis multitudo ejus per gyrum sepulchri sui: omnes hi interfecti, ruentesque gladio, qui descenderunt incircumcisi ad terram ultimam; qui posuerunt terrorem suum in terra viventium, et portaverunt ignominiam suam cum his qui descendunt in lacum.
24ထို အရပ်၌ ဧလံ နှင့်သူ ၏ သင်္ချိုင်း ပတ်လည် ၌ သူ ၏လူ အလုံးအရင်းရှိသမျှ တို့သည် ထား ဖြင့် သေ ၍ လဲ လျက်ရှိကြ၏။ အသက်ရှင် သောသူတို့ ၏နေရာ ၌ သူတပါးကို ကြောက် စေတတ်သော်လည်း၊ အရေဖျား လှီး ခြင်းကိုမခံသော လူဖြစ်၍မြေ အောက် အရပ်သို့ ဆင်း သွားရသဖြင့်၊ မြေတွင်း ထဲသို့ ဆင်း သွားသောသူတို့နှင့်အတူ ၊ အရှက်ကွဲ လျက် သေသောသူတို့နှင့်အတူနေရာကျ ကြ၏။
25In medio interfectorum posuerunt cubile ejus in universis populis ejus: in circuitu ejus sepulchrum illius: omnes hi incircumcisi, interfectique gladio. Dederunt enim terrorem suum in terra viventium, et portaverunt ignominiam suam cum his qui descendunt in lacum: in medio interfectorum positi sunt.
25မိမိ အလုံးအရင်း နှင့် အိပ် ၍သူ တို့ သင်္ချိုင်း တွင်း တို့သည် ပတ်လည် ၌ ရှိကြ၏။ ထိုသူ ရှိသမျှ တို့သည် အရေဖျား လှီးခြင်းကို မခံသောလူဖြစ်၍ထား ဖြင့် သေ ကြ ၏။ အသက်ရှင် သောသူတို့၏ နေရာ ၌ သူတပါးကို ကြောက် စေတတ်သော်လည်း ၊ မြေတွင်း ထဲသို့ ဆင်း သွား သောသူတို့ နှင့်အတူ အရှက်ကွဲ သဖြင့် ၊ သေ သောသူတို့နှင့်အတူ နေရာ ကျကြ၏။
26Ibi Mosoch et Thubal, et omnis multitudo ejus: in circuitu ejus sepulchra illius: omnes hi incircumcisi, interfectique et cadentes gladio, quia dederunt formidinem suam in terra viventium.
26ထို အရပ်၌ မိမိ အလုံးအရင်း ရှိသမျှ တို့နှင့်အတူ မေရှက် လည်း ရှိ၏။ တုဗလ လည်းရှိ၏။ သင်္ချိုင်း တွင်း တို့သည် ပတ်လည် ၌ရှိကြ၏။ အသက်ရှင် သောသူတို့၏ နေရာ ၌ သူတပါးကိုကြောက် စေတတ်သော်လည်း ၊ ထိုသူ ရှိသမျှ တို့သည် အရေဖျား လှီးခြင်းကို မခံသောသူဖြစ်၍ ထား ဖြင့် သေ လျက်နေကြ၏။
27Et non dormient cum fortibus, cadentibusque, et incircumcisis, qui descenderunt ad infernum cum armis suis, et posuerunt gladios suos sub capitibus suis, et fuerunt iniquitates eorum in ossibus eorum: quia terror fortium facti sunt in terra viventium.
27သူတို့သည် ရှေးကာလ၌ လဲ ၍သေသော၊ အရေဖျား လှီးခြင်းကို မခံသော လူကြီး တို့နှင့်အတူ အိပ် ၍ နေရကြလိမ့်မည်မ ဟုတ်လော။ ထိုလူကြီးတို့သည် အသက်ရှင် သောသူတို့၏ နေရာ ၌ လူကြီး တို့ကို ကြောက် စေတတ်သော်လည်း ၊ စစ်တိုက် လက်နက် ပါလျက် မရဏာ နိုင်ငံထဲသို့ဆင်း သွား၍ ၊ မိမိ ထား ကို မိမိ ခေါင်း အောက်မှာ ထား လျက်၊ မိမိ တို့အရိုး ပေါ်မှာ မိမိ တို့ အပြစ် တည် လျက် ရှိကြ၏။
28Et tu ergo in medio incircumcisorum contereris, et dormies cum interfectis gladio.
28သင် သည်လည်း၊ အရေဖျား လှီးခြင်းကိုမခံသော လူတို့အလယ် ၌ ကျိုးပျက် ၍ ၊ ထား ဖြင့်သေ သောသူတို့ နှင့်အတူ လဲ လျက်နေရလိမ့်မည်။
29Ibi Idumæa, et reges ejus, et omnes duces ejus, qui dati sunt cum exercitu suo cum interfectis gladio, et qui cum incircumcisis dormierunt, et cum his qui descendunt in lacum.
29ထို အရပ်၌ ဧဒုံ လည်းရှိ၏။ ဧဒုံ ရှင်ဘုရင် နှင့် မှူး တော် မတ်တော်တို့သည် မိမိ တို့တန်ခိုး ပါလျက်၊ ထား ဖြင့်သေ သောသူတို့ နှင့်အတူ နေရာ ကျ၍၊ အရေဖျား လှီးခြင်းကို မခံသောလူ၊ မြေတွင်း ထဲသို့ ဆင်း သွားသောသူတို့နှင့်အတူ အိပ် ရကြ၏။
30Ibi principes aquilonis omnes, et universi venatores, qui deducti sunt cum interfectis, paventes, et in sua fortitudine confusi: qui dormierunt incircumcisi cum interfectis gladio, et portaverunt confusionem suam cum his qui descendunt in lacum.
30ထို အရပ်၌ မြောက် ပြည်မင်း ၊ ဇိဒုန် မင်းအပေါင်း တို့သည် ရှိကြ၏။ ကိုယ်တန်ခိုး ကို ရှက် လျက်၊ ထိတ်လန့် လျက် သေ သောသူတို့နှင့်အတူ ဆင်း သွားကြပြီ။ ထား ဖြင့် သေ သောသူတို့နှင့်အတူ အရေဖျား လှီးခြင်းကို မခံသော လူဖြစ်၍ အိပ် ကြ၏။ မြေတွင်း ထဲသို့ ဆင်းသက် သောသူတို့ နှင့်အတူအရှက်ကွဲ လျက် နေကြ၏။
31Vidit eos Pharao, et consolatus est super universa multitudine sua, quæ interfecta est gladio: Pharao, et omnis exercitus ejus, ait Dominus Deus.
31ဖါရော ဘုရင်သည် ထိုလူ များကိုမြင် ၍ ၊ ထား ဖြင့် သေ သော မိမိ လူအလုံးအရင်း ရှိသမျှတို့ကြောင့် ပူပန် သောစိတ် လျော့၍၊ ဖာရော ဘုရင်နှင့် မိမိ ဗိုလ်ခြေ အပေါင်း တို့သည် သက်သာ ကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
32Quia dedi terrorem meum in terra viventium, et dormivit in medio incircumcisorum cum interfectis gladio: Pharao, et omnis multitudo ejus, ait Dominus Deus.]
32အသက်ရှင် သောသူတို့ ၏နေရာ ၌ သူသည် သူတပါးတို့ကို ကြောက် စေသောအခွင့်ကို ငါပေးသော်လည်း ၊ ဖာရော ဘုရင်နှင့် သူ ၏လူ အလုံးအရင်းရှိသမျှ တို့ သည် ထား ဖြင့် သေ သောသူတို့နှင့်အတူ ၊အရေဖျား လှီးခြင်းကိုမခံသောလူတို့အလယ် ၌ လဲ ၍ နေကြလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။

Tip: use the ← and → keys to turn chapters.