Hiezechielis Prophetæ 23
Clementine Vulgate, 1598Translation
Clementine Vulgate, 1598
Judson Burmese Bible (1840)
1Et factus est sermo Domini ad me, dicens:
1တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2[Fili hominis, duæ mulieres filiæ matris unius fuerunt:
2အချင်းလူသား ၊ အမိ မ ကွဲပြားသော ညီအစ်မ နှစ် ယောက်ရှိ ၏။
3et fornicatæ sunt in Ægypto, in adolescentia sua fornicatæ sunt: ibi subacta sunt ubera earum, et fractæ sunt mammæ pubertatis earum.
3သူ တို့သည် အသက် ငယ်စဉ်အခါ၊ အဲဂုတ္တု ပြည်၌ မတရား သောမေထုန် ကို ပြုကြ၏။ ထို ပြည်၌ သူ တို့၏ သားမြတ် ကို ပွတ်နယ် ၍ အပျိုမ အသရေ ကို ရှုတ်ချကြ၏။
4Nomina autem earum, Oolla major, et Ooliba soror ejus minor: et habui eas, et pepererunt filios et filias. Porro earum nomina, Samaria Oolla, et Jerusalem Ooliba.
4အစ်မ ကား အဟောလ ၊ ညီမ ကား အဟောလိဗ အမည် ရှိ၏။ ထိုသူနှစ်ယောက်တို့သည် ငါ ၏ခင်ပွန်းဖြစ် ၍သား သမီး တို့ကို ဘွားမြင် ကြ၏။ အဟောလ အမည်သည် ရှမာရိ ဟူ၍၎င်း ၊ အဟောလိဗ အမည်သည် ယေရုရှလင် ဟူ၍၎င်း ဆိုလိုသတည်း။
5Fornicata est igitur super me Oolla, et insanivit in amatores suos, in Assyrios propinquantes,
5အဟောလ သည် ငါ ၏ခင်ပွန်းဖြစ်စဉ်အခါ၊ မတရား သောမေထုန် ကိုပြု၏။
6vestitos hyacintho, principes et magistratus, juvenes cupidinis, universos equites, ascensores equorum.
6မိမိ ရည်းစား တည်းဟူသော၊ ပြာ သောအဝတ် ကို ဝတ်သောမိမိအိမ်နီးချင်း အာရှုရိ အမျိုးသားဗိုလ်မင်း ၊ ဝန်မင်း ၊ ချစ် ဘွယ်သောလူပျို ၊ မြင်းစီး သူရဲတို့ကို တပ်မက် ၏။
7Et dedit fornicationes suas super eos electos, filios Assyriorum universos: et in omnibus in quos insanivit, in immunditiis eorum polluta est.
7ထိုအာရှုရိ လူကောင်း လူမြတ်အပေါင်း တို့နှင့် မတရား သောမေထုန်ကိုပြု၏။ တပ်မက် သော သူအပေါင်း တို့၏ ရုပ်တု များနှင့် ကိုယ်ကိုညစ်ညူး စေ၏။
8Insuper et fornicationes suas, quas habuerat in Ægypto, non reliquit: nam et illi dormierunt cum ea in adolescentia ejus, et illi confregerunt ubera pubertatis ejus, et effuderunt fornicationem suam super eam.
8အသက် ငယ်စဉ်အခါ အဲဂုတ္တု ပြည်၌ သူနှင့် သင့်နေ ၍၊ အပျိုမ အသရေ ကို ရှုတ်ချသဖြင့်၊ အထပ်ထပ်မတရားသောမေထုန် ကိုပြုကြသည်နှင့်အညီ၊ အဲဂုတ္တု မေထုန်ကိုလည်း မ စွန့်ပစ် ၊ မှီဝဲလျက်နေ၏။
9Propterea tradidi eam in manus amatorum suorum, in manus filiorum Assur, super quorum insanivit libidine.
9ထိုကြောင့် ၊ သူတပ်မက် သော ရည်းစား၊ အာရှုရိ လူ တို့၌ သူ့ ကိုငါ အပ် ၍၊
10Ipsi discooperuerunt ignominiam ejus, filios et filias ejus tulerunt, et ipsam occiderunt gladio: et factæ sunt famosæ mulieres, et judicia perpetraverunt in ea.
10သူတို့သည် အဝတ်ကို ချွတ် ကြ၏။ သူ ၏ သား သမီး တို့ကို သိမ်း သွား၍ ၊ သူ့ ကိုထား နှင့် ကွပ်မျက် ကြ ၏။ ထိုသို့အပြစ် စီရင်ခြင်းကို ခံရသောအားဖြင့်၊ မိန်းမ တကာတို့တွင် ကျော်စော သောမိန်းမဖြစ် လေ၏။
11Quod cum vidisset soror ejus Ooliba, plus quam illa insanivit libidine, et fornicationem suam super fornicationem sororis suæ:
11ထိုအမှုကို ညီမ အဟောလိဗ သည် မြင် သောအခါ ၊ အစ်မ ထက် သာ၍တပ်မက် သောစိတ် ရှိသည်နှင့်၊ အစ်မ ထက် သာ၍မတရား သောမေထုန်ကို ပြု၏။
12ad filios Assyriorum præbuit impudenter, ducibus et magistratibus ad se venientibus, indutis veste varia, equitibus qui vectabantur equis, et adolescentibus forma cunctis egregia.
12တင့်တယ် သော အဝတ် ကိုဝတ်သော မိမိအိမ်နီးချင်း အာရှုရိ အမျိုးသား ဗိုလ်မင်း ၊ ဝန်မင်း ၊ ချစ် ဘွယ် သောလူပျို ၊ မြင်းစီး သူရဲတို့ကို တပ်မက် ၏။
13Et vidi quod polluta esset via una ambarum.
13ထိုအခါ သူသည် ညစ်ညူး ကြောင်းနှင့်၊ အစ်မလိုက် သောလမ်း သို့ လိုက်ကြောင်း ကို ငါသိမြင် ၏။
14Et auxit fornicationes suas: cumque vidisset viros depictos in pariete, imagines Chaldæorum expressas coloribus,
14အထူးသဖြင့်မတရား သောမေထုန်ကို ပြုသောအကြောင်းအရာဟူမူကား၊ ခါးစည်း ကိုစည်း လျက်၊ ထူးဆန်းသော ပုဆိုးခေါင်းပေါင်း ကို ပေါင်းလျက်၊ မွေးဘွား ရာဌာန ခါလဒဲ ပြည် ဗာဗုလုန် မြို့သား ကဲ့သို့၊ မင်း ၏အသွင် ကိုဆောင်လျက်၊
15et accinctos balteis renes, et tiaras tinctas in capitibus eorum, formam ducum omnium, similitudinem filiorum Babylonis, terræque Chaldæorum, in qua orti sunt,
15အုတ် ထရံ၌ ဟင်းသပြတား နှင့်ရေး သော ခါလဒဲ လူ၏ ရုပ်ပုံ တို့ကို မြင် သောအခါ ၊
16insanivit super eos concupiscentia oculorum suorum, et misit nuntios ad eos in Chaldæam.
16တပ်မက် သောစိတ်ရှိ၍ ၊ ခါလဒဲ ပြည်သို့ တမန် ကို စေလွှတ် လေ၏။
17Cumque venissent ad eam filii Babylonis ad cubile mammarum, polluerunt eam stupris suis: et polluta est ab eis, et saturata est anima ejus ab illis.
17ဗာဗုလုန် မြို့သား တို့သည် သူနှင့်သံဝါသပြု ရာခုတင်သို့ လာ ၍ ၊ မတရား သောမေထုန်ကို ပြုသော အားဖြင့် ညစ်ညူး စေကြ၏။ သူသည်လည်း ထိုသူ တို့ကို ရွံရှာ သည် တိုင်အောင်ညစ်ညူး ခြင်းကိုခံလေ၏။
18Denudavit quoque fornicationes suas, et discooperuit ignominiam suam: et recessit anima mea ab ea, sicut recesserat anima mea a sorore ejus:
18ထိုသို့ မတရား သောမေထုန်ကိုပြုခြင်း၊ အဝတ် အချည်းစည်းရှိခြင်းကို ထင်ရှား ဘော်ပြ သောကြောင့် ၊ ငါသည် သူ့ အစ်မ ကိုရွံရှာ သကဲ့သို့ ၊ သူ့ ကိုလည်းရွံရှာ ၏။
19multiplicavit enim fornicationes suas, recordans dies adolescentiæ suæ, quibus fornicata est in terra Ægypti.
19အသက်ငယ် စဉ်အခါအဲဂုတ္တု ပြည် ၌ မှားယွင်း သောကာလ ကို အောက်မေ့ သဖြင့်၊ မှားယွင်း ခြင်းကို အထပ်ထပ် ပြု၏။
20Et insanivit libidine super concubitum eorum, quorum carnes sunt ut carnes asinorum, et sicut fluxus equorum fluxus eorum.
20မြည်း အင်္ဂါ နှင့်တူသော အင်္ဂါ ၊ မြင်း သုတ်ရည် နှင့် တူသောသုတ်ရည် ရှိသောထိုရည်းစား တို့ကိုပင် တပ်မက် လေသည်တကား။
21Et visitasti scelus adolescentiæ tuæ, quando subacta sunt in Ægypto ubera tua, et confractæ sunt mammæ pubertatis tuæ.]
21သို့ဖြစ်၍ ၊ အိုအဟောလိဗ၊ အဲဂုတ္တု လူတို့သည် သင့် အသရေ ကို ရှုတ်ချ ၍၊ အပျိုမ သားမြတ် တို့ကို ပွတ်နယ်ကြသဖြင့်၊ သင် အသက်ငယ် စဉ်အခါသင်ပြုသောအဓမ္မ အမှုကို အထပ်ထပ် ပြုသောကြောင့်၊
22[Propterea, Ooliba, hæc dicit Dominus Deus: Ecce ego suscitabo omnes amatores tuos contra te, de quibus satiata est anima tua, et congregabo eos adversum te in circuitu:
22အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် ရွံရှာ သော ရည်းစား တို့ကို ငါ ထ စေပြီးလျှင်၊ အရပ်ရပ် တို့က လာ ၍ တိုက်စေမည်။
23filios Babylonis, et universos Chaldæos, nobiles, tyrannosque, et principes, omnes filios Assyriorum, juvenes forma egregia, duces et magistratus universos, principes principum, et nominatos ascensores equorum:
23အာရှုရိ လူ များနှင့်တကွအကြီးအကဲ၊ သူဌေးသူကြွယ်၊ ထင်ရှားသောသူဖြစ်သော ဗာဗုလုန် လူ ၊ ခါလဒဲ လူများတည်းဟူသော၊ ချစ် ဘွယ်သော လူပျို ၊ ဗိုလ်မင်း ၊ ဝန်မင်း ၊ မှူးကြီးမတ်ကြီး ၊ မြင်းစီး သူရဲအပေါင်း တို့သည်၊
24et venient super te instructi curru et rota, multitudo populorum: lorica, et clypeo, et galea armabuntur contra te undique: et dabo coram eis judicium, et judicabunt te judiciis suis.
24စစ်တိုက် လက်နက်နှင့် လှည်း ရထားပါလျက်၊ လူ အလုံးအရင်း နှင့်တကွလာ ၍ ဒိုင်း ၊ လွှား ၊ သံခမောက်လုံး တို့ကို သင့် ပတ်လည် ၌ ခင်းကျင်း ကြလိမ့်မည်။ တရား စီရင် သော အခွင့်ကိုသူ တို့၌ ငါ အပ်ပေး၍၊ သူတို့သည် မိမိ ထုံးစံ အတိုင်း စီရင် ကြလိမ့်မည်။
25Et ponam zelum meum in te, quem exercent tecum in furore: nasum tuum et aures tuas præcident, et quæ remanserint, gladio concident. Ipsi filios tuos et filias tuas capient, et novissimum tuum devorabitur igni:
25သူတို့သည် သင့် ကို မ ယုံမည်အကြောင်း၊ ငါပြု ၍သင့် ကို ကြမ်းတမ်း စွာ စီရင် ကြလိမ့်မည်။ သင့် နှာခေါင်း ၊ နားရွက် တို့ကို ဖြတ် ၍ အကျန်အကြွင်း ကိုထား နှင့် စဉ်းကြလိမ့်မည်။ သင် ၏သား သမီး တို့ကို သိမ်း သွား ၍၊ ကျန်ကြွင်း သောသူတို့ ကို မီး ရှို့ ကြ လိမ့်မည်။
26et denudabunt te vestimentis tuis, et tollent vasa gloriæ tuæ.
26သင့် အဝတ် ကိုလည်း ချွတ် ၍ ၊ တင့်တယ် သော တန်ဆာ တို့ကို သိမ်းယူ ကြလိမ့်မည်။
27Et requiescere faciam scelus tuum de te, et fornicationem tuam de terra Ægypti: nec levabis oculos tuos ad eos, et Ægypti non recordaberis amplius.]
27ထိုသို့သင်သည် နောက် တဖန် မျှော် မ ကြည့်၊ အဲဂုတ္တု ပြည်ကို မ အောက်မေ့ စေခြင်းငှါ၊ သင် ပြုသောအဓမ္မ အမှုနှင့် အဲဂုတ္တု ပြည် မှ ပါသောအဓမ္မ မေထုန်ကို ငါငြိမ်း စေမည်။
28[Quia hæc dicit Dominus Deus: Ecce ego tradam te in manus eorum quos odisti, in manus de quibus satiata est anima tua.
28တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ သင်မုန်း သောသူ၊ သင် ရွံရှာ သောသူတို့ လက် သို့ သင့် ကိုငါ အပ် သဖြင့် ၊
29Et agent tecum in odio, et tollent omnes labores tuos, et dimittent te nudam et ignominia plenam: et revelabitur ignominia fornicationum tuarum, scelus tuum, et fornicationes tuæ.
29သူတို့သည် မုန်း သည်အတိုင်းပြု လျက်၊ သင် ကြိုးစား ၍ ဆည်းပူးသမျှသောဥစ္စာတို့ကိုသိမ်းယူ ၍၊ သင့် ကိုယ်၌ အဝတ် မရှိ၊ အချည်းစည်း ရှိ ရစ် စေကြလိမ့်မည်။ သင် မှားယွင်း ၍ အချည်းစည်း ရှိခြင်း၊ အဓမ္မ အမှုကို ပြုခြင်း၊ မတရား သောမေထုန်သို့ လိုက်ခြင်းအရာသည် ထင်ရှား ရလိမ့်မည်။
30Fecerunt hæc tibi, quia fornicata es post gentes inter quas polluta es in idolis earum.
30သင် သည်တပါး အမျိုးသား တို့နှင့် မှားယွင်း ၍၊ သူ တို့ရုပ်တု များနှင့် ညစ်ညူး သောကြောင့် ၊ ထိုသို့ ငါစီရင် မည်။
31In via sororis tuæ ambulasti, et dabo calicem ejus in manu tua.
31သင်သည် အစ်မ လိုက်သော လမ်း ကိုလိုက် သောကြောင့် ၊ သူ သောက်သော ခွက် ကို သင့် လက် ၌ ငါထား မည်။
32Hæc dicit Dominus Deus: Calicem sororis tuæ bibes profundum et latum: eris in derisum et in subsannationem quæ est capacissima.
32အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အစ်မ သောက်သောခွက် ၊ ကျယ် ၍စောက် သောခွက်ကို သင်သောက် ရမည်။ ထိုခွက်၌ များစွာ ဝင် သည်ဖြစ်၍၊ သင်သည်ကဲ့ရဲ့ ခြင်းနှင့် ပျက်ချော် ခြင်းကိုခံရ မည်။
33Ebrietate et dolore repleberis: calice mœroris et tristitiæ, calice sororis tuæ Samariæ.
33သင့် အစ်မ ရှမာရိ သောက်သောခွက် ၊ မှိုင်တွေ စေသော ခွက် ကို သောက်၍၊ ယစ်မူး ခြင်း၊ ညှိုးငယ် ခြင်းနှင့် ဝ ရလိမ့်မည်။
34Et bibes illum, et epotabis usque ad fæces: et fragmenta ejus devorabis, et ubera tua lacerabis, quia ego locutus sum, ait Dominus Deus.
34ထိုခွက် ကို သောက် ၍စုတ် ပြီးမှ ခွက်ခြမ်း ကို ကိုက်ခဲ ၍ ၊ ကိုယ် သားမြတ် တို့ကို ဆွဲဖြတ် ရလိမ့်မည်။ ငါ ပြော ပြီဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
35Propterea hæc dicit Dominus Deus: Quia oblita es mei, et projecisti me post corpus tuum, tu quoque porta scelus tuum et fornicationes tuas.]
35သို့ဖြစ်၍ ၊ သင်သည် ငါ့ ကို မေ့လျော့ ၍ ၊ သင့် ကျော နောက်သို့ ငါ့ ကိုပစ် လိုက်သောကြောင့် ၊ သင် သည် အဓမ္မ အမှုနှင့် မတရား သောမေထုန် အမှု၏ အပြစ်ကိုခံ လော့ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
36Et ait Dominus ad me, dicens: [Fili hominis, numquid judicas Oollam et Oolibam, et annuntias eis scelera earum?
36တဖန် ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ အချင်းလူသား ၊ သင်သည်အဟောလ နှင့် အဟောလိဗ တို့ကို စစ်ကြော လော့။ အကယ်စင်စစ်သူ တို့ ပြုသောစက်ဆုပ် ရွံရှာဘွယ်အမှုတို့ကို ဘော်ပြ ရမည်။
37Quia adulteratæ sunt, et sanguis in manibus earum, et cum idolis suis fornicatæ sunt: insuper et filios suos quos genuerunt mihi, obtulerunt eis ad devorandum.
37အကြောင်းမူကား ၊ သူတို့သည် မျောက်မထား ကြပြီ။ လူအသက် ကိုသတ် သောအပြစ်ရှိကြ၏။ ရုပ်တု တို့နှင့် ပင် မျောက်မထား ကြပြီ။ ငါ့ အဘို့ ဘွားမြင် သောသား တို့ကိုပင် ရုပ်တုစားစရာ ဘို့ မီး ဖြင့်ပူဇော်ကြပြီ။
38Sed et hoc fecerunt mihi: polluerunt sanctuarium meum in die illa, et sabbata mea profanaverunt.
38ထိုမှတပါး ၊ ငါ ၌ ပြု သောအမှုဟူမူကား၊ ထိုနေ့ခြင်း တွင် ငါ ၏ သန့်ရှင်း ရာဌာနကို ညစ်ညူး စေ၍ ၊ ငါ ၏ဥပုသ် နေ့တို့ကိုရှုတ်ချ ကြပြီ။
39Cumque immolarent filios suos idolis suis, et ingrederentur sanctuarium meum in die illa ut polluerent illud, etiam hæc fecerunt in medio domus meæ.
39ကိုယ် သားသမီး တို့ကိုရုပ်တု ရှေ့တွင် သတ် ပြီးမှ ၊ ထိုနေ့ခြင်း တွင် ငါ ၏ သန့်ရှင်း ရာဌာနကို ညစ်ညူး စေခြင်းငှါ လာ ကြ၏။ ထိုသို့ ငါ့ အိမ် တော်အလယ် ၌ ပြု ကြပြီတကား။
40Miserunt ad viros venientes de longe, ad quos nuntium miserant: itaque ecce venerunt quibus te lavisti, et circumlinisti stibio oculos tuos, et ornata es mundo muliebri.
40ထိုမှတပါး ၊ သင်သည်တမန် တို့ကို စေလွှတ် ၍ ၊ ဝေး သောအရပ်မှ ယောက်ျား တို့ကိုခေါ်၍ သူတို့သည် လာ ကြ၏။ သူတို့အဘို့ သင် သည် ရေချိုးခြင်း၊ မျက်စိ ၌ ဆေး ထိုးခြင်း၊ တန်ဆာဆင် ခြင်းကို ပြုပြီးလျှင်၊
41Sedisti in lecto pulcherrimo, et mensa ornata est ante te: thymiama meum et unguentum meum posuisti super eam.
41အသရေ ရှိသော ခုတင် ပေါ်၌ ထိုင် ၍ ၊ ငါ့ နံ့သာပေါင်း နှင့် ငါ့ ဆီ ကို တင် သောစားပွဲ ကို ခုတင် ရှေ့မှာ ခင်း လေ၏။
42Et vox multitudinis exsultantis erat in ea: et in viris, qui de multitudine hominum adducebantur, et veniebant de deserto, posuerunt armillas in manibus eorum, et coronas speciosas in capitibus eorum.
42ပျော်မွေ့ လျက် နေသောလူ အလုံးအရင်းမြည်သံ ကိုလည်း ကြားရ၏။ အခြားသောသူအများ တို့နှင့်အတူ တော က လာ ၍ ၊ လက် ၌ လက်ကောက် ၊ ခေါင်း ၌ တင့်တယ် သော သရဖူ ကို ဆောင်းသော သေသောက်ကြူး တို့လည်း ပါကြ၏။
43Et dixi ei, quæ attrita est in adulteriis: Nunc fornicabitur in fornicatione sua etiam hæc.
43ငါကလည်း၊ ထိုသူတို့သည် ဤမိန်းမ နှင့်ပင် အကယ်၍မတရား သောမေထုန် ကို ပြုကြလိမ့်မည်လောဟု၊ အို သည်တိုင်အောင်ပြည်တန်ဆာ လုပ်သော ထိုမိန်းမကို ရည်မှတ်၍ ဆို သော်၊
44Et ingressi sunt ad eam quasi ad mulierem meretricem: sic ingrediebantur ad Oollam et Oolibam, mulieres nefarias.
44ပြည်တန်ဆာ မိန်းမ ရှိရာသို့ ယောက်ျား ဝင် တတ် သကဲ့သို့ ၊ သူတို့သည် ထိုအဓမ္မ မိန်းမ အဟောလ နှင့် အဟောလိဗ ရှိရာသို့ ဝင် ကြ၏။
45Viri ergo justi sunt: hi judicabunt eas judicio adulterarum, et judicio effundentium sanguinem: quia adulteræ sunt, et sanguis in manibus earum.
45သို့ဖြစ်၍ ၊ မျောက်မထား သောမိန်းမ၊ လူအသတ် ကိုသတ်သော အပြစ်ရှိသောမိန်းမဖြစ်သောကြောင့် ၊ မျောက်မထား သောမိန်းမ၊ လူ အသက်ကိုသတ်သော မိန်းမကို စီရင် သကဲ့သို့၊ ဖြောင့်မတ် သောသူ တို့သည် စီရင် ကြ လိမ့်မည်။
46Hæc enim dicit Dominus Deus: Adduc ad eas multitudinem, et trade eas in tumultum et in rapinam.
46အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုမိန်းမတို့ရှိရာသို့ လူ အလုံးအရင်းကိုငါချီ စေ၍ ၊ လုယက် သိမ်း သွားစေခြင်းငှါ အခွင့်ပေး မည်။
47Et lapidentur lapidibus populorum, et confodiantur gladiis eorum: filios et filias earum interficient, et domos earum igne succendent.
47ထိုအလုံးအရင်း သည် မိန်းမ တို့ကိုခဲ နှင့် ပစ်၍ ၊ ထား နှင့် ခုတ် ကြလိမ့်မည်။ သား သမီး တို့ကိုသတ် ၍ အိမ် တို့ကိုလည်း မီး ရှို့ ကြလိမ့်မည်။
48Et auferam scelus de terra, et discent omnes mulieres ne faciant secundum scelus earum.
48ထိုသို့အခြားသော မိန်းမ ရှိသမျှ တို့သည် သင် တို့ကဲ့သို့ အဓမ္မ အမှုကိုမ ပြု ဘဲ သတိရ စေခြင်းငှါ၊ သင်တို့အဓမ္မ အမှုကို တပြည်လုံး ၌ ငါပယ်ရှင်း မည်။
49Et dabunt scelus vestrum super vos, et peccata idolorum vestrorum portabitis: et scietis quia ego Dominus Deus.]
49လူအလုံးအရင်းသည် သင် တို့အဓမ္မ အမှု၏ အပြစ်နှင့်အလျောက်စီရင် ၍ ၊ သင်တို့သည် ရုပ်တု များနှင့်ဆိုင်သော အပြစ် ကိုခံရ လျက်၊ ငါ သည် အရှင် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Tip: use the ← and → keys to turn chapters.