Corinthios I 13
Clementine Vulgate, 1598Translation
Clementine Vulgate, 1598
Judson Burmese Bible (1840)
1Si linguis hominum loquar, et angelorum, caritatem autem non habeam, factus sum velut æs sonans, aut cymbalum tinniens.
1ငါသည် လူ ဘာသာစကားကို၎င်း ၊ ကောင်းကင်တမန် ဘာသာ စကားကို၎င်း ပြော နိုင်သော်လည်း မေတ္တာ မ ရှိ လျှင် အသံ မြည်သော တံပိုး ခရာကဲ့သို့၎င်း၊ တီး သံကိုသာ ပေးတတ်သော လင်းကွင်း ကဲ့သို့၎င်း ဖြစ် ၏။
2Et si habuero prophetiam, et noverim mysteria omnia, et omnem scientiam: et si habuero omnem fidem ita ut montes transferam, caritatem autem non habuero, nihil sum.
2ပရောဖက် ဉာဏ်ကို ငါရ ၍ ၊ နက်နဲ သောအရာရှိသမျှ တို့နှင့် သိပ္ပံ အတတ်အမျိုးမျိုး ကို တတ် သော်၎င်း၊ တောင် များကိုရွှေ့ နိုင်သော ယုံကြည် ခြင်းအမျိုးမျိုး နှင့် ပြည့်စုံ သော်၎င်း၊ မေတ္တာ မ ရှိ လျှင် အချည်းနှီး သက်သက်ဖြစ် ၏။
3Et si distribuero in cibos pauperum omnes facultates meas, et si tradidero corpus meum ita ut ardeam, caritatem autem non habuero, nihil mihi prodest.
3သူတစ်ပါးကို ငါ ကျွေးမွေး၍ ဥစ္စာ ရှိသမျှ ကို စွန့်ကြဲ သည်သာမက ၊ ကိုယ်ခန္ဓာ ကို မီးရှို့စေခြင်းငှာ အပ် သော်လည်း ၊ မေတ္တာ မ ရှိ လျှင် ၊ ငါ ၌အကျိုးမ ရှိ။
4Caritas patiens est, benigna est. Caritas non æmulatur, non agit perperam, non inflatur,
4မေတ္တာ သည် စိတ်ရှည် တတ်၏။ ကျေးဇူး ပြုတတ်၏။ မေတ္တာ သည် ဂုဏ်ပြိုင် ခြင်းမ ရှိ၊ ဝါကြွား ခြင်းမ ရှိ၊ မာန် မာနမ ရှိ။
5non est ambitiosa, non quærit quæ sua sunt, non irritatur, non cogitat malum,
5မ လျောက်ပတ် စွာမကျင့်တတ်၊ ကိုယ် အကျိုး ကို မ ရှာ တတ်၊ ဒေါသ အမျက်မ ထွက်တတ်၊ အပြစ် ရှိသည်ဟု မ ထင် တတ်၊
6non gaudet super iniquitate, congaudet autem veritati:
6မတရား သော အမှု၌ ဝမ်းမြောက် ခြင်းမ ရှိတတ်၊ သမ္မာတရား ၌ ဝမ်းမြောက် တတ်၏။
7omnia suffert, omnia credit, omnia sperat, omnia sustinet.
7ခပ်သိမ်း သောအရာကို ဖုံးအုပ် တတ်၏။ ခပ်သိမ်း သောအရာကို ယုံ တတ်၏။ ခပ်သိမ်း သောအရာကို မြော်လင့် တတ်၏။ ခပ်သိမ်း သောအရာကို သည်းခံ တတ်၏။
8Caritas numquam excidit: sive prophetiæ evacuabuntur, sive linguæ cessabunt, sive scientia destruetur.
8မေတ္တာ သည် ဖောက်ပြန် ခြင်းသဘောနှင့် အစဉ် ကင်းလွတ်၏။ ပရောဖက် ဉာဏ်သော်၎င်း၊ အမျိုးမျိုး သော ဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံ အတတ်သော်၎င်း၊ ကွယ်ပျောက် လိမ့်မည်။
9Ex parte enim cognoscimus, et ex parte prophetamus.
9ယခုမူကား ၊ ငါတို့သည် မစုံမလင်သိ တတ်ကြ၏။ ပရောဖက် ဉာဏ်နှင့် မစုံမလင်ဟောတတ်ကြ၏။
10Cum autem venerit quod perfectum est, evacuabitur quod ex parte est.
10စုံလင် ခြင်းသို့ ရောက် သောအခါ မူကား ၊ မ စုံလင်သမျှတို့သည် ကွယ်ပျောက် ကြလိမ့်မည်။
11Cum essem parvulus, loquebar ut parvulus, sapiebam ut parvulus, cogitabam ut parvulus. Quando autem factus sum vir, evacuavi quæ erant parvuli.
11ငါသည် သူငယ် ဖြစ် စဉ်အခါ ၊ သူငယ် လို စကား ပြော၏။ သူငယ် လို စိတ်ထင် ၏။ သူငယ် လို ကြံစည် ၏။ အသက်ကြီးသောအခါ မူကား၊ သူငယ် ၏ အရာများကို ငါပယ်ရှား ၏။
12Videmus nunc per speculum in ænigmate: tunc autem facie ad faciem. Nunc cognosco ex parte: tunc autem cognoscam sicut et cognitus sum.
12ယခု တွင် ငါတို့သည် မှန် အားဖြင့် ရိပ်မိလျက် သာ နေကြ၏။ ထိုအခါ မူကား ၊ မျက်မှောက် ထင်ထင်မြင်ရကြလိမ့်မည်။ ယခု တွင် ငါအသိ အမြင်မ စုံလင်ဖြစ်၏။ ထိုအခါ မူကား ၊ သူတစ်ပါးသည် ငါ့ကို သိ သကဲ့သို့ ငါသိ ရလိမ့်မည်။
13Nunc autem manent fides, spes, caritas, tria hæc: major autem horum est caritas.
13ယခု တွင်ယုံကြည် ခြင်း၊ မြော်လင့် ခြင်း၊ ချစ် ခြင်း၊ ဤ သုံး ပါးတည်လျက် ရှိ၏။ ဤ သုံးပါးတို့တွင် ချစ် ခြင်း၊ မေတ္တာသည် အမြတ်ဆုံး ဖြစ်သတည်း။
Tip: use the ← and → keys to turn chapters.