Psalms 61
King James Version with ApocryphaTranslation
King James Version with Apocrypha
Judson Burmese Bible (1840)
1Hear my cry, O God; attend unto my prayer.
1အို ဘုရား သခင်၊ အကျွန်ုပ် အော်ဟစ် ခြင်းကို နားထောင် ၍ အကျွန်ုပ် ၏ ပဌနာ စကားကို မှတ် တော်မူပါ။
2From the end of the earth will I cry unto thee, when my heart is overwhelmed: lead me to the rock that is higher than I.
2စိတ် နှလုံးညှိုးငယ် လျက် မြေကြီး စွန်း မှ ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ် ပါ၏။ အကျွန်ုပ် အထက် ၌ မြင့် သော ကျောက် သို့ အကျွန်ုပ် ကို ပို့ဆောင် တော်မူပါ။
3For thou hast been a shelter for me, and a strong tower from the enemy.
3ကိုယ်တော် သည် အကျွန်ုပ် ခိုလှုံ ရာ ၊ ရန်သူ တို့ရှေ့ မှာ ခိုင်ခံ့ သော ရဲတိုက် ဖြစ်တော်မူ၏။
4I will abide in thy tabernacle for ever: I will trust in the covert of thy wings. Selah.
4တဲ တော်၌ အစဉ် နေ ပါမည်။ အတောင် တော်ဖုံးအုပ် ရာ၌ ခိုလှုံ ပါမည်။
5For thou, O God, hast heard my vows: thou hast given me the heritage of those that fear thy name.
5အို ဘုရား သခင်၊ အကျွန်ုပ် ပြုသောသစ္စာ ဂတိတို့ကို ကြား တော်မူ၏။ နာမတော် ကို ကြောက်ရွံ့ သောသူတို့ ၏အမွေ ကို အကျွန်ုပ်အားပေး တော်မူလိမ့်မည်။
6Thou wilt prolong the king’s life: and his years as many generations.
6ရှင်ဘုရင် ၏ အသက်နေ့ရက် ကာလ ကို ရှည် စေတော်မူ၍၊ နှစ် စဉ်မပြတ် နိစ္စ ထာဝရ တည်ပါစေသော။
7He shall abide before God for ever: O prepare mercy and truth, which may preserve him.
7ဘုရား သခင်ရှေ့ တော်၌ အနန္တ ကာလပတ်လုံးနေ တော်မူစေသတည်း။ ကရုဏာ နှင့် သစ္စာ တော်သည် သူ့ ကို စောင့်မ စေသတည်း။
8So will I sing praise unto thy name for ever, that I may daily perform my vows.
8သို့ဖြစ်၍ နေ့ရက် အစဉ်အတိုင်းသစ္စာဝတ် ကို ဖြေ ခြင်းငှါ ၊ နာမတော် ကို အစဉ် အမြဲထောမနာသီချင်း ဆိုပါလေအံ့သတည်း။
Tip: use the ← and → keys to turn chapters.