Psalms
Chapter 6
King James Version with …
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
King James Version with Apocrypha
Judson Burmese Bible (1840)
1O LORD , rebuke me not in thine anger, neither chasten me in thy hot displeasure.
1အိုထာဝရဘုရား ၊ အမျက် တော်ထွက်၍ အကျွန်ုပ် ကို အပြစ် တင်တော်မ မူပါနှင့်။ ပြင်းစွာအမျက် ထွက်၍ ဆုံးမ တော်မ မူပါနှင့်။
2Have mercy upon me, O LORD ; for I am weak: O LORD , heal me; for my bones are vexed.
2အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ခွန်အား နည်းလှပါ၏။ ကယ်မ သနားတော်မူပါ။ အိုထာဝရဘုရား ၊ အကျွန်ုပ် အရိုး တို့သည် တုန်လှုပ် ကြပါ၏။ ကျန်းမာ ပကတိ ရှိစေတော်မူပါ။
3My soul is also sore vexed: but thou, O LORD , how long?
3အကျွန်ုပ် စိတ် ဝိညာဉ်သည် အလွန် တုန်လှုပ် ပါ ၏။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အဘယ် မျှကာလ ပတ်လုံးနေတော်မူမည်နည်း။
4Return, O LORD , deliver my soul: oh save me for thy mercies’ sake.
4အိုထာဝရဘုရား ၊ တဖန်ကြွလာ ၍ အကျွန်ုပ် စိတ် ဝိညာဉ်ကို ကယ် ယူတော်မူပါ။ ကရုဏာ တော်နှင့်အညီ အကျွန်ုပ် ကို ကယ်တင် တော်မူပါ။
5For in death there is no remembrance of thee: in the grave who shall give thee thanks?
5အကြောင်း မူကား၊ သေ လျက်နေစဉ်တွင် ကိုယ်တော် ကို အောက်မေ့ ခြင်းမ ရှိပါ။ မရဏာ နိုင်ငံတွင် ကျေးဇူးတော်ကို အဘယ် သူချီးမွမ်း ပါမည်နည်း။
6I am weary with my groaning; all the night make I my bed to swim; I water my couch with my tears.
6အကျွန်ုပ် သည် ညည်းတွား ၍ ပင်ပန်း လှပါ၏။ အကျွန်ုပ် ခုတင် ကို ကိုယ် မျက်ရည် ၌ တညဉ့် လုံး မျှော ၍ ၊ အိပ်ရာ ကိုလည်း မွန်း စေပါ၏။
7Mine eye is consumed because of grief; it waxeth old because of all mine enemies.
7ဝမ်းနည်း ခြင်းအားဖြင့် မျက်စိ ပျက် ၍၊ ရန်သူ များ ကြောင့် ပြာမှုန် လျက် ရှိပါ၏။
8Depart from me, all ye workers of iniquity; for the LORD hath heard the voice of my weeping.
8မ တရားသဖြင့်ပြု သောသူအပေါင်း တို့၊ ငါ့ ထံ မှ ဖယ်သွား ကြ။ ငါ ငိုကြွေး သံ ကို ထာဝရဘုရား ကြား တော်မူ ၏။
9The LORD hath heard my supplication; the LORD will receive my prayer.
9ငါ တောင်းပန် ခြင်းကို ထာဝရဘုရား ကြား တော်မူ ၏။ ငါ ပြုသော ပဌနာ စကားကို ထာဝရဘုရား နာယူ တော်မူ၏။
10Let all mine enemies be ashamed and sore vexed: let them return and be ashamed suddenly.
10ငါ့ ရန်သူ အပေါင်း တို့သည် ရှက်ကြောက် ၍ ဆုံးရှုံး ခြင်းရှိကြလိမ့်မည်။ ချက်ခြင်း ပြန်သွား ၍ ရှက်ကြောက် ခြင်းသို့ရောက်ကြလိမ့်မည်။

Tip: use the ← and → keys to turn chapters.