Numbers
Chapter 8
JPS Tanakh (Jewish Publi…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
JPS Tanakh (Jewish Publication Society, 1917)
Judson Burmese Bible (1840)
1And the LORD spoke unto Moses, saying:
1ထာဝရဘုရား ကလည်း၊
2'Speak unto Aaron, and say unto him: When thou lightest the lamps, the seven lamps shall give light in front of the candlestick.'
2သင်သည်အာရုန် အား ဆင့်ဆို ရမည်မှာ၊ မီးခွက် များကို ထွန်း သောအခါ ၊ မီးခွက် ခုနစ် လုံး တို့သည် မီးခုံ တဘက်တချက် ၌ ထွန်းလင်း ရမည်ဟု၊
3And Aaron did so: he lighted the lamps thereof so as to give light in front of the candlestick, as the LORD commanded Moses.
3မောရှေ အား မှာထား တော်မူသည်အတိုင်း ၊ အာရုန် ပြု ၍ မီးခုံ တဘက်တချက် ၌ မီးခွက် များကို ထွန်း လေ၏။
4And this was the work of the candlestick, beaten work of gold; unto the base thereof, and unto the flowers thereof, it was beaten work; according unto the pattern which the LORD had shown Moses, so he made the candlestick.
4မီးခုံမူကား၊ ထာဝရဘုရား သည် မောရှေ အား ပြ တော်မူသောပုံ နှင့်အညီ ၊ မီးခုံ တိုင် မှစ၍ ကြာပွင့် တိုင်အောင် ရွှေ ဖြင့် တစပ်တည်းထု လုပ်သော မီးခုံ ဖြစ်သတည်း။
5And the LORD spoke unto Moses, saying:
5ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
6'Take the Levites from among the children of Israel, and cleanse them.
6လေဝိ သားတို့ကို၊ ဣသရေလ အမျိုးသား တို့ အထဲ က ရွေးကောက် ၍ စင်ကြယ် စေလော့။
7And thus shalt thou do unto them, to cleanse them: sprinkle the water of purification upon them, and let them cause a razor to pass over all their flesh, and let them wash their clothes, and cleanse themselves.
7စင်ကြယ် စေခြင်းငှါ ပြု ရမည်အမှုဟူမူကား ၊ စင်ကြယ် ခြင်း မင်္ဂလာရေ ကို သူ တို့အပေါ် မှာဖြန်း ၍၊ သူ တို့ သည် တကိုယ်လုံး ကို အမွေး ရိတ်ခြင်း၊ အဝတ် လျှော် ခြင်း ကို ပြုသဖြင့် စင်ကြယ် စေရမည်။
8Then let them take a young bullock, and its meal-offering, fine flour mingled with oil, and another young bullock shalt thou take for a sin-offering.
8ဆီ ရော သော မုန့်ညက် တည်းဟူသောဘောဇဉ်ပူဇော်သက္ကာ နှင့်တကွ ၊ အသက်ပျို သော နွားထီး တကောင်၊ အပြစ် ဖြေရာယဇ်ဘို့ အသက်ပျို သော နွားထီး တကောင်ကို ယူ ပြီးလျှင် ၊
9And thou shalt present the Levites before the tent of meeting; and thou shalt assemble the whole congregation of the children of Israel.
9လေဝိ သားတို့ကို ပရိသတ်စည်းဝေး ရာ တဲ တော် ရှေ့သို့ ခေါ် ခဲ့၍ ၊ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ကို စည်းဝေး စေပြီးမှ ၊
10And thou shalt present the Levites before the LORD; and the children of Israel shall lay their hands upon the Levites.
10လေဝိ သားတို့ကို ထာဝရဘုရား ရှေ့ တော်သို့ ဆောင် ခဲ့၍ ၊ သူ တို့ခေါင်းပေါ်မှာ ဣသရေလ အမျိုးသား တို့သည် လက် ကိုတင် သဖြင့် ၊
11And Aaron shall offer the Levites before the LORD for a wave-offering from the children of Israel, that they may be to do the service of the LORD.
11သူတို့သည် ထာဝရဘုရား ၏ အမှု တော်ကို ထမ်း စေခြင်းငှါ ၊ ဣသရေလ အမျိုးသား တို့ပြုသောပူဇော်သက္ကာတည်းဟူသောလေဝိ သားတို့ကို အာရုန် သည် ထာဝရဘုရား အား ဆက် ရမည်။
12And the Levites shall lay their hands upon the heads of the bullocks; and offer thou the one for a sin-offering, and the other for a burnt-offering, unto the LORD, to make atonement for the Levites.
12လေဝိ သားတို့သည်လည်း ၊ နွား ခေါင်း ပေါ်မှာ မိမိ တို့ လက် ကို တင် ၍ ၊ သူ တို့အဘို့ အပြစ် ဖြေခြင်းကို ပြုလိုသောငှါ ၊ ထာဝရဘုရား ရှေ့မှာ နွားတ ကောင်ကို အပြစ် ဖြေရာယဇ်၊ တ ကောင်ကို မီးရှို့ ရာ ယဇ်ပြု ၍ ပူဇော်ရကြမည်။
13And thou shalt set the Levites before Aaron, and before his sons, and offer them for a wave-offering unto the LORD.
13လေဝိ သားတို့ကို၊ အာရုန် နှင့် သူ ၏ သား တို့ရှေ့မှာ ထား ၍ ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရမည်။
14Thus shalt thou separate the Levites from among the children of Israel; and the Levites shall be Mine.
14ထိုသို့ လေဝိ သားတို့ကို ဣသရေလ အမျိုးသား တို့ နှင့် တခြားစီ ခွဲထား၍ ၊ သူတို့သည် အထူးသဖြင့်ငါ့ လူဖြစ် ရကြ လိမ့်မည်။
15And after that shall the Levites go in to do the service of the tent of meeting; and thou shalt cleanse them, and offer them for a wave-offering.
15ထိုနောက်မှ လေဝိ သားတို့သည်၊ ပရိသတ် စည်းဝေး ရာ တဲ တော်အမှုကို ဆောင်ရွက် ခြင်းငှါ ဝင် ရကြ လိမ့်မည်။ သူ တို့ကို စင်ကြယ် စေ၍၊ ပူဇော်သက္ကာ ပြု ရ သော အကြောင်းဟူမူကား၊
16For they are wholly given unto Me from among the children of Israel; instead of all that openeth the womb, even the first-born of all the children of Israel, have I taken them unto Me.
16ဣသရေလ အမျိုး ထဲက သူ တို့ကို ရွေးကောက် ၍၊ ငါ့ အား အပိုင်ပေးရမည်။ ဣသရေလ အမျိုး တွင် အဦး ဘွားမြင်သော သားဦး များအတွက် သူတို့ကို ငါသိမ်းယူ ၏။
17For all the first-born among the children of Israel are Mine, both man and beast; on the day that I smote all the first-born in the land of Egypt I sanctified them for Myself.
17အဲဂုတ္တု ပြည် ၌ သားဦး အပေါင်း တို့ကို ငါသည် ဒဏ်ခတ် သောအခါ၊ ဣသရေလ အမျိုး တွင် လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ သားဦး အပေါင်း တို့ကို ကိုယ် အဘို့ သန့်ရှင်း စေသောကြောင့် ၊ သားဦးအပေါင်းတို့ကို အထူးသဖြင့် ငါ ပိုင်ရမည်။
18And I have taken the Levites instead of all the first-born among the children of Israel.
18တဖန် ဣသရေလ အမျိုး သားဦး အပေါင်း တို့ အတွက်၊ လေဝိ သားတို့ကို ငါယူ ၏။
19And I have given the Levites — they are given to Aaron and to his sons from among the children of Israel, to do the service of the children of Israel in the tent of meeting, and to make atonement for the children of Israel, that there be no plague among the children of Israel, through the children of Israel coming nigh unto the sanctuary.'
19သူတို့သည်လည်း ပရိသတ်စည်းဝေး ရာ တဲ တော် ၌ ၊ ဣသရေလ အမျိုးသား ဆောင်ရွက်ရသောအမှု ကို ဆောင်ရွက် စေခြင်းငှါ ၎င်း ၊ ဣသရေလ အမျိုးသား တို့သည် သန့်ရှင်း ရာ ဌာနတော်သို့ ချဉ်းကပ် သောအခါ ၊ ဘေးဒဏ် နှင့် လွတ် မည်အကြောင်း ၊ အပြစ် ဖြေခြင်းကို ပြုစေခြင်းငှာ ၎င်း၊ ဣသရေလ အမျိုး ထဲ က လေဝိ သားတို့ကို၊ အာရုန် နှင့် သူ ၏သား တို့အား စွန့်ကြဲ ပေးကမ်းသည်ဟု၊
20Thus did Moses, and Aaron, and all the congregation of the children of Israel, unto the Levites; according unto all that the LORD commanded Moses touching the Levites, so did the children of Israel unto them.
20လေဝိ သားအမှု၌၊ ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသည်အတိုင်း ၊ မောရှေ နှင့် အာရုန် အစရှိသော ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ သည် လေဝိ သားတို့ကို ပြု ကြလျှင် ၊
21And the Levites purified themselves, and they washed their clothes; and Aaron offered them for a sacred gift before the LORD; and Aaron made atonement for them to cleanse them.
21သူတို့သည် စင်ကြယ် ခြင်းသို့ရောက်၍ မိမိ တို့ အဝတ် ကို လျှော် ကြ၏။ အာရုန် သည်လည်း ၊ သူ တို့ကို ထာဝရဘုရား အား ဆက်ကပ် ၍ သူ တို့အဘို့ အပြစ် ဖြေခြင်းကို ပြုသဖြင့် စင်ကြယ် စေလေ၏။
22And after that went the Levites in to do their service in the tent of meeting before Aaron, and before his sons; as the LORD had commanded Moses concerning the Levites, so did they unto them.
22ထိုနောက်မှ လေဝိ သားတို့သည် အာရုန် နှင့် သူ ၏ သား တို့ရှေ့၌ ပရိသတ်စည်းဝေး ရာတဲ တော်အမှု ကို ဆောင်ရွက် ခြင်းငှါ ဝင် ကြ၏။ လေဝိ သားတို့အမှု၌ ထာဝရဘုရား သည် မောရှေ အားမှာထား တော်မူသည် အတိုင်း ၊ လူအပေါင်းတို့သည် ပြု ကြ၏။
23And the LORD spoke unto Moses, saying:
23တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
24'This is that which pertaineth unto the Levites: from twenty and five years old and upward they shall go in to perform the service in the work of the tent of meeting;
24လေဝိ သားတို့သည် အသက် နှစ်ဆယ် ငါး နှစ် လွန် မှ၊ ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ဆောင်ရွက် ခြင်းငှါ ဝင် ရကြမည်။
25and from the age of fifty years they shall return from the service of the work, and shall serve no more;
25အသက် ငါးဆယ် လွန်မှ အမှု လွတ် ၍ နောက်တဖန် မ ဆောင်ရွက် ဘဲ၊
26but shall minister with their brethren in the tent of meeting, to keep the charge, but they shall do no manner of service. Thus shalt thou do unto the Levites touching their charges.'
26ပရိသတ်စည်းဝေး ရာတဲ တော်၌ မိမိ ညီအစ်ကို တို့နှင်အတူကူညီ ၍ အလှည့်လှည့်စောင့် ရကြမည်။ ထိုသို့လေဝိ သားများစောင့် ရသောအမှုကို စီရင် ရမည်ဟု မိန့် တော်မူ၏။

Tip: use the ← and → keys to turn chapters.