Numbers
Chapter 4
JPS Tanakh (Jewish Publi…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
JPS Tanakh (Jewish Publication Society, 1917)
Judson Burmese Bible (1840)
1And the LORD spoke unto Moses and unto Aaron, saying:
1တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊
2'Take the sum of the sons of Kohath from among the sons of Levi, by their families, by their fathers' houses,
2လေဝိ အမျိုး ၊ ကောဟတ် အနွယ်သား တို့တွင်၊ အသက် သုံးဆယ် လွန် ၍ ငါးဆယ် မ မှီ၊ ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကိုဆောင် ခြင်းငှါ ၊
3from thirty years old and upward even until fifty years old, all that enter upon the service, to do work in the tent of meeting.
3အလုံးအရင်း ဝင် သောသူအပေါင်း တို့ကို၊ ဘိုး ဘအဆွေအမျိုး အလိုက် စာရင်းယူ လော့။
4This is the service of the sons of Kohath in the tent of meeting, about the most holy things:
4အလွန် သန့်ရှင်းသော အရာတို့နှင့်ဆိုင်၍ ပရိသတ်စည်းဝေး ရာတဲ တော်၌ ကောဟတ် သား များ စောင့်ရှောက်ရသောအမှု ဟူမူကား၊
5when the camp setteth forward, Aaron shall go in, and his sons, and they shall take down the veil of the screen, and cover the ark of the testimony with it;
5တပ် ချီ ချိန် ရောက်သောအခါ ၊ အာရုန် နှင့် သူ ၏သား တို့သည် လာ ၍ ၊ အတွင်းကုလားကာ ကို ချ ပြီးလျှင် ၊ သက်သေခံ ချက် သေတ္တာ ကို အုပ် ရမည်။
6and shall put thereon a covering of sealskin, and shall spread over it a cloth all of blue, and shall set the staves thereof.
6ကုလားကာ အပေါ် မှာ တဟာရှ သားရေ နှင့် အုပ် ပြန်၍၊ သားရေအပေါ် မှာလည်း ပြာ သောအထည် ကို ခင်း ပြီးမှ ၊ ထမ်းဘိုး တို့ကို လျှို ထားရမည်။
7And upon the table of showbread they shall spread a cloth of blue, and put thereon the dishes, and the pans, and the bowls, and the jars wherewith to pour out; and the continual bread shall remain thereon.
7ရှေ့ တော်မုန့်စားပွဲ ပေါ်မှာ ပြာ သောအထည် ကို ခင်း ၍ ၊ လင်ပန်း ၊ ဇွန်း ၊ လောင်း စရာဖလား များနှင့်တကွ ၊ အမြဲ ထည့် ရသောမုန့် ကို တင် ပြီးမှ၊
8And they shall spread upon them a cloth of scarlet, and cover the same with a covering of sealskin, and shall set the staves thereof.
8ထိုအရာတို့ကို၊ နီ သောအထည် နှင့် အုပ် ရမည်။ တဖန် တဟာရှ သားရေ နှင့် အုပ် ပြန်၍ ၊ ထမ်းဘိုး တို့ကို လျှို ထားရမည်။
9And they shall take a cloth of blue, and cover the candlestick of the light, and its lamps, and its tongs, and its snuffdishes, and all the oil vessels thereof, wherewith they minister unto it.
9မီး ထွန်းရာ မီးခုံ ၊ မီးခွက် ၊ မီးညှပ် ၊ မီးညှပ်ခံရာ ခွက် ၊ ဆီ အိုး အစရှိသည်တို့ကို၊ ပြာ သောအထည် နှင့် အုပ် ပြီးမှ ၊
10And they shall put it and all the vessels thereof within a covering of sealskin, and shall put it upon a bar.
10ထိုတန်ဆာ ရှိသမျှ တို့ကို၊ တဟာရှ သားရေ အိတ် ထဲ၌ သွင်း ထား၍ ၊ ထမ်းဘိုး ကို တပ် ရမည်။
11And upon the golden altar they shall spread a cloth of blue, and cover it with a covering of sealskin, and shall set the staves thereof.
11ရွှေ ယဇ်ပလ္လင် ပေါ်မှာ ၊ ပြာ သောအထည် ကို ခင်း ၍ ၊ တဟာရှ သားရေ နှင့် အုပ် ပြီးလျှင် ၊ ထမ်းဘိုး တို့ကို လျှိုထား ရမည်။
12And they shall take all the vessels of ministry, wherewith they minister in the sanctuary, and put them in a cloth of blue, and cover them with a covering of sealskin, and shall put them on a bar.
12သန့်ရှင်း ရာဌာန၌ အမှု တော်ကို ဆောင်ရွက်ရန် တန်ဆာ ရှိသမျှ တို့ကို၊ ပြာ သောအထည် အိတ်ထဲ၌ သွင်း ထား၍ ၊ တဟာရှ သားရေ ဖြင့် အုပ် ပြီးမှ၊ထမ်းဘိုး ကို တပ် ရမည်။
13And they shall take away the ashes from the altar, and spread a purple cloth thereon.
13ယဇ်ပလ္လင် မှ ပြာ ကိုပယ်ရှင်း၍ ၊ ပလ္လင် ပေါ်မှာ မောင်း သောအထည် ကို ခင်း ပြီးလျှင် ၊
14And they shall put upon it all the vessels thereof, wherewith they minister about it, the fire-pans, the flesh-hooks, and the shovels, and the basins, all the vessels of the altar; and they shall spread upon it a covering of sealskin, and set the staves thereof.
14ထိုပလ္လင်နှင့်ဆိုင်သော အမှု တော်ထမ်းရန် တန်ဆာ တည်းဟူသောလင်ပန်း ၊ အမဲသား ချိတ်၊ တူးရွင်းပြား ၊ အင်တုံ အစရှိသော ယဇ်ပလ္လင် တန်ဆာ ရှိသမျှ တို့ကို တင် ၍ ၊ တဟာရှ သားရေ နှင့် အုပ် ပြီးမှ၊ထမ်းဘိုး တို့ကို လျှို ထားရမည်။
15And when Aaron and his sons have made an end of covering the holy furniture, and all the holy vessels, as the camp is to set forward — after that, the sons of Kohath shall come to bear them; but they shall not touch the holy things, lest they die. These things are the burden of the sons of Kohath in the tent of meeting.
15ထိုသို့ တပ် ချီ ချိန်ရောက်သောအခါ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ သန့်ရှင်း ရာဌာနတော်နှင့် သန့်ရှင်း သော တန်ဆာ ရှိသမျှ တို့ကို ဖုံးအုပ် သောနောက် ၊ ကောဟတ် သား တို့သည် ထမ်း ခြင်းငှါ ချဉ်းကပ် ရကြမည်။ သို့ရာတွင် သူတို့သည် သေ ဘေးနှင့် လွတ်မည်အကြောင်း၊သန့်ရှင်း သောအရာကို မ ကိုင် ရ၊ ဤရွေ့ကား ပရိသတ် စည်းဝေး ရာ တဲ တော်၌ ကောဟတ် သား များ ဆောင်ရွက် ရသောအမှုပေတည်း။
16And the charge of Eleazar the son of Aaron the priest shall be the oil for the light, and the sweet incense, and the continual meal-offering, and the anointing oil: he shall have the charge of all the tabernacle, and of all that therein is, whether it be the sanctuary, or the furniture thereof.'
16ယဇ်ပုရောဟိတ် အာရုန် သား ဧလာဇာ ၏ အရာနှင့်ဆိုင်သော အမှုဟူမူကား၊ မီး ထွန်းစရာ ဆီ၊ မီးရှို့ရာ နံ့သာပေါင်း မွှေး၊ နေ့ရက် အစဉ်အတိုင်းဆက်ကပ်ရသောဘောဇဉ်ပူဇော်သက္ကာ ၊ လိမ်း ရန်ဆီ အစရှိသော တဲ တော် နှင့် တဲ တော်တန်ဆာရှိသမျှ တို့ကို၎င်း၊ သန့်ရှင်း ရာဌာနတော်နှင့် သန့်ရှင်းသောတန်ဆာ ရှိသမျှတို့ကို၎င်း ကြည့်ရှု ပြုစုရမည်။
17And the LORD spoke unto Moses and unto Aaron, saying:
17တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊
18'Cut ye not off the tribe of the families of the Kohathites from among the Levites;
18ကောဟတ် အဆွေအမျိုး အနွယ်သား တို့ကို၊ လေဝိ သားစုထဲက မ ပယ် မဖြတ်နှင့်။
19but thus do unto them, that they may live, and not die, when they approach unto the most holy things: Aaron and his sons shall go in, and appoint them every one to his service and to his burden;
19သူတို့သည် အလွန် သန့်ရှင်းသောအရာတို့ကို ချဉ်းကပ် သောအခါ ၊ သေ ဘေးလွတ် ၍ အသက်ရှင် မည်ကြောင်း ၊ အာရုန် နှင့် သူ ၏သား တို့သည် အရင်ဝင် ၍ ၊ လူ အသီးသီး စောင့်ရသောအမှု ၊ ထမ်း ရသောဝန်တို့ကို ခွဲခန့် ရမည်။
20but they shall not go in to see the holy things as they are being covered, lest they die.'
20သို့ရာတွင် သန့်ရှင်း သောအရာတို့ကို ဖုံးအုပ် စဉ်အခါ၊ ကောဟိတ် သားတို့သည် သေ ဘေးနှင့် လွတ်မည်အကြောင်း၊ အထဲ သို့ဝင် ၍ မ ကြည့် ရဟု မိန့် တော်မူ၏။
21And the LORD spoke unto Moses saying:
21တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
22'Take the sum of the sons of Gershon also, by their fathers' houses, by their families;
22ဂေရရှုန် အနွယ်သား တို့တွင်၊ အသက် သုံးဆယ် လွန် ၍ ငါးဆယ် မ မှီ၊ ပရိသတ်စည်းဝေး ရာတဲ တော်အမှု ကိုဆောင် ခြင်းငှါ အလုံးအရင်းဝင် သောသူအပေါင်း တို့ကို၊ ဘိုးဘေး အဆွေအမျိုး အလိုက် စာရင်း ယူ လော့။
23from thirty years old and upward until fifty years old shalt thou number them: all that enter in to wait upon the service, to do service in the tent of meeting.
no verse 23 in this text
24This is the service of the families of the Gershonites, in serving and in bearing burdens:
24ဂေရရှုန် အဆွေအမျိုး တို့သည် စောင့်ရသောအမှု ၊ ထမ်း ရသောဝန်ဟူမူကား ၊
25they shall bear the curtains of the tabernacle, and the tent of meeting, its covering, and the covering of sealskin that is above upon it, and the screen for the door of the tent of meeting;
25အတွင်းတဲ တော် ကုလားကာ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်ကုလားကာ၊ အပေါ်တဲ ၊ တဟာရှ သားရေအဖုံး ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးဝ ၌ ကာသောကုလားကာ ၊
26and the hangings of the court, and the screen for the door of the gate of the court, which is by the tabernacle and by the altar round about, and their cords, and all the instruments of their service, and whatsoever there may be to do with them, therein shall they serve.
26တဲ တော်နှင့် ယဇ်ပလ္လင် ပတ်လည် ဝင်း ကုလားကာ ၊ ဝင်း တံခါးဝ ၌ကာသော ကုလားကာ ၊ ကြိုး များအစရှိ သည်တို့ကို၎င်း၊ ထိုအရာများနှင့် ဆိုင်၍ အမှု တော်ထမ်း ရန် တန်ဆာ ရှိသမျှ တို့ကို၎င်းထမ်းရွက် ရကြမည်။
27At the commandment of Aaron and his sons shall be all the service of the sons of the Gershonites, in all their burden, and in all their service; and ye shall appoint unto them in charge all their burden.
27ဂေရရှုန် သား များ အမှု စောင့်လေရာရာ ၊ ဝန်ထမ်း လေရာရာ ၌၊ အာရုန် နှင့် သူ ၏သား တို့ ခွဲခန့် စီရင် သည်အတိုင်း ဆောင်ရွက် ရကြမည်။
28This is the service of the families of the sons of the Gershonites in the tent of meeting; and their charge shall be under the hand of Ithamar the son of Aaron the priest.
28ဤရွေ့ကား ၊ ပရိသတ်စည်းဝေး ရာတဲ တော်၌ ၊ ဂေရရှုန် အဆွေအမျိုး သား များ ဆောင်ရွက်ရသောအမှု ပေတည်း။ ယဇ်ပုရောဟိတ် အာရုန် ၏ သား ဣသမာ သည် သူ တို့ကိုအုပ် ရမည်။
29As for the sons of Merari, thou shalt number them by their families, by their fathers' houses;
29မေရာရိ သား တို့တွင်လည်း၊ အသက် သုံးဆယ် လွန် ၍ ငါးဆယ် မ မှီ၊ ပရိသတ်စည်းဝေး ရာတဲ တော်အမှု ကို ဆောင် ခြင်းငှါ ၊ အလုံးအရင်းဝင် သောသူအပေါင်း တို့ကို ဘိုးဘ အဆွေအမျိုး အလိုက် စာရင်း ယူလော့။
30from thirty years old and upward even unto fifty years old shalt thou number them, every one that entereth upon the service, to do the work of the tent of meeting.
no verse 30 in this text
31And this is the charge of their burden, according to all their service in the tent of meeting: the boards of the tabernacle, and the bars thereof, and the pillars thereof, and the sockets thereof;
31သူတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်၌ စောင့်ရသောအမှု ၊ ထမ်း ရသောဝန် ဟူမူကား ၊ တဲ တော် ပျဉ်ပြား ၊ ကန့်လန့်ကျင် ၊ တိုင် ၊ ခြေစွပ် ၊
32and the pillars of the court round about, and their sockets, and their pins, and their cords, even all their appurtenance, and all that pertaineth to their service; and by name ye shall appoint the instruments of the charge of their burden.
32ဝင်း တိုင် ၊ ခြေစွပ် ၊ တံသင် ၊ ကြိုး များတို့ကို၎င်းထိုအရာများနှင့်ဆိုင်၍ အမှု တော်ထမ်းရန် တန်ဆာ ရှိသမျှ တို့ကို၎င်းထမ်းရွက်ကြရမည်။ သူ တို့ထမ်းရွက် ရသော တန်ဆာ တို့ကို အမည် မှတ်၍ ရေတွက် ရမည်။
33This is the service of the families of the sons of Merari, according to all their service, in the tent of meeting, under the hand of Ithamar the son of Aaron the priest.'
33ဤရွေ့ကား ၊ ယဇ်ပုရောဟိတ် အာရုန် ၏ သား ဣသမာ အုပ်၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်၌ မေရာရိ အဆွေအမျိုး သား များ ဆောင်ရွက်ရသောအမှု ပေတည်း။
34And Moses and Aaron and the princes of the congregation numbered the sons of the Kohathites by their families, and by their fathers' houses,
34မောရှေ နှင့် အာရုန် အစရှိသော ပရိသတ် သူကြီး တို့သည်၊ ကောဟတ် သား တို့တွင် အသက် သုံးဆယ် လွန် ၍ ငါးဆယ် မမှီ၊ ပရိသတ်စည်းဝေး ရာတဲ တော်အမှု ကို ဆောင် ခြင်းငှါ ၊ အလုံးအရင်းဝင် သောသူအပေါင်း တို့ကို၊ ဘိုးဘ အဆွေအမျိုး အလိုက် ရေတွက် ၍ စာရင်းသွင်း သောလူပေါင်းကား၊ နှစ် ထောင်ခုနစ် ရာ ငါးဆယ် ရှိ သတည်း။
35from thirty years old and upward even unto fifty years old, every one that entered upon the service, for service in the tent of meeting.
no verse 35 in this text
36And those that were numbered of them by their families were two thousand seven hundred and fifty.
no verse 36 in this text
37These are they that were numbered of the families of the Kohathites, of all that did serve in the tent of meeting, whom Moses and Aaron numbered according to the commandment of the LORD by the hand of Moses.
37ဤ သူတို့သည်၊ မောရှေ ၌ ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ နှင့် အာရုန် သည် ရေတွက် ၍ ပရိသတ်စည်းဝေး ရာ တဲ တော်အမှုကို ဆောင်ရွက် ရသော ကောဟတ် အဆွေအမျိုး သားပေတည်း။
38And those that were numbered of the sons of Gershon, by their families, and by their fathers' houses,
38ဂေရရှုန် သား တို့တွင် အသက် သုံးဆယ် လွန် ၍ ငါးဆယ် မမှီ၊ ပရိသတ်စည်းဝေး ရာတဲ တော်အမှု ကို ဆောင် ခြင်းငှါ ၊ အလုံးအရင်းဝင် သောသူအပေါင်း တို့ကို၊ ဘိုးဘ အဆွေအမျိုး အလိုက် ရေတွက် ၍ စာရင်းသွင်း သောလူပေါင်းကား၊ နှစ် ထောင်ခြောက် ရာ သုံးဆယ် ရှိ သတည်း။
39from thirty years old and upward even unto fifty years old, every one that entered upon the service, for service in the tent of meeting,
no verse 39 in this text
40even those that were numbered of them, by their families, by their fathers' houses, were two thousand and six hundred and thirty.
no verse 40 in this text
41These are they that were numbered of the families of the sons of Gershon, of all that did serve in the tent of meeting, whom Moses and Aaron numbered according to the commandment of the LORD.
41ဤ သူတို့သည်၊ ထာဝရဘုရား မှာထား တော်မူသည် အတိုင်း ၊ မောရှေ နှင့် အာရုန် သည် ရေတွက် ၍ ပရိသတ်စည်းဝေး ရာ တဲ တော်အမှုကို ဆောင်ရွက် နေရ သော ဂေရရှုန် အဆွေအမျိုး သား ပေတည်း။
42And those that were numbered of the families of the sons of Merari, by their families, by their fathers' houses,
42မေရာရိ သား တို့တွင် အသက် သုံးဆယ် လွန် ၍ ငါးဆယ် မမှီ၊ ပရိသတ်စည်းဝေး ရာတဲ တော်အမှု ကို ဆောင် ခြင်းငှါ ၊ အလုံးအရင်းဝင် သောသူအပေါင်း တို့ကို၊ ဘိုးဘ အဆွေအမျိုး အလိုက် ရေတွက် ၍ စာရင်းသွင်း သောလူပေါင်းကား၊ သုံး ထောင် နှစ် ရာရှိ သတည်း။
43from thirty years old and upward even unto fifty years old, every one that entered upon the service, for service in the tent of meeting,
no verse 43 in this text
44even those that were numbered of them by their families, were three thousand and two hundred.
no verse 44 in this text
45These are they that were numbered of the families of the sons of Merari, whom Moses and Aaron numbered according to the commandment of the LORD by the hand of Moses.
45ဤ သူတို့သည်၊ မောရှေ ၌ ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ နှင့် အာရုန် သည် ရေတွက် သော မေရာရိ အဆွေအမျိုး သား ပေတည်း။
46All those that were numbered of the Levites, whom Moses and Aaron and the princes of Israel numbered, by their families, and by their fathers' houses,
46ထိုသို့နှင့်အညီ၊ လေဝိ သားတို့တွင်အသက် သုံးဆယ် လွန် ၍ ငါးဆယ် မမှီ၊ ပရိသတ်စည်းဝေး ရာတဲ တော်အမှု တော်ကိုစောင့် ၍ ဝန်များကိုထမ်း ခြင်းငှါ ဝင် သောသူအပေါင်း တို့ကို၊ ဘိုးဘေး အဆွေအမျိုး အလိုက် မောရှေ နှင့် အာရုန် အစရှိသောဣသရေလ အမျိုးသူကြီး တို့သည် ရေတွက် ၍စာရင်းသွင်း သောလူပေါင်းကား၊ ရှစ် ထောင် ငါး ရာ ရှစ်ဆယ် ရှိ သတည်း။
47from thirty years old and upward even unto fifty years old, every one that entered in to do the work of service, and the work of bearing burdens in the tent of meeting,
no verse 47 in this text
48even those that were numbered of them, were eight thousand and five hundred and fourscore.
no verse 48 in this text
49According to the commandment of the LORD they were appointed by the hand of Moses, every one to his service, and to his burden; they were also numbered, as the LORD commanded Moses.
49မောရှေ ၌ ထာဝရဘုရား ထား တော်မူသောပညတ်တော်အတိုင်း ၊ လူ အသီးသီး စောင့်ရသောအမှု ၊ အသီးအသီး ထမ်း ရသောဝန်တို့ကိုထောက်၍မောရှေရေတွက် သတည်း။

Tip: use the ← and → keys to turn chapters.