Numbers
Chapter 28
JPS Tanakh (Jewish Publi…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
JPS Tanakh (Jewish Publication Society, 1917)
Judson Burmese Bible (1840)
1And the LORD spoke unto Moses, saying:
1တဖန် မောရှေ အား ထာဝရဘုရား က၊
2Command the children of Israel, and say unto them: My food which is presented unto Me for offerings made by fire, of a sweet savour unto Me, shall ye observe to offer unto Me in its due season.
2သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ငါ ၏ပူဇော် သက္ကာကို၎င်း၊ ငါ့ အဘို့ မွှေးကြိုင် သောအနံ့ ရှိစေခြင်းငှာမီး ဖြင့်ပြုသောငါ ၏ အစာ အာဟာရကို၎င်း၊ အချိန်တန် မှ ငါ့ အား ပူဇော် ခြင်းငှာ သတိပြု ရကြမည်။
3And thou shalt say unto them: This is the offering made by fire which ye shall bring unto the LORD: he-lambs of the first year without blemish, two day by day, for a continual burnt-offering.
3တဖန် ဆင့်ဆို ရမည်မှာ၊ နေ့ တိုင်းအစဉ်အမြဲ မီးရှို့ ရာယဇ်ဘို့၊ အခါမလည် အပြစ် မပါသော သိုးသငယ် နှစ် ကောင်ကို ထာဝရဘုရား အား မီး ဖြင့်ပူဇော် ရမည်။
4The one lamb shalt thou offer in the morning, and the other lamb shalt thou offer at dusk;
4နံနက်ယံ ၌ သိုးသငယ် တ ကောင်၊ ညဦးယံ ၌ တ ကောင်ကို ပူဇော် ရမည်။
5and the tenth part of an ephah of fine flour for a meal-offering, mingled with the fourth part of a hin of beaten oil.
5သံလွင်သီးကို ထောင်း ၍ရသောသံလွင်ဆီ သုံး လောဃနှင့် ရော သော မုန့်ညက် တဩမဲကို လည်း ပူဇော်ရမည်။
6It is a continual burnt-offering, which was offered in mount Sinai, for a sweet savour, an offering made by fire unto the LORD.
6ဤရွေ့ကား၊ သိနာ တောင် ပေါ်မှာ စီရင် တော်မူ သည်အတိုင်း၊ ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ နှင့် မီး ဖြင့်ပြုသောပူဇော်သက္ကာ၊ အစဉ်အမြဲ ပြု ရသောမီးရှို့ ရာယဇ်ဖြစ်သတည်း။
7And the drink-offering thereof shall be the fourth part of a hin for the one lamb; in the holy place shalt thou pour out a drink-offering of strong drink unto the LORD.
7သိုးသငယ် တ ကောင်နှင့်အတူ သွန်းလောင်း ရာ ပူဇော်သက္ကာဘို့၊ စပျစ်ရည် သုံး လောဃကို ပူဇော်၍၊ သန့်ရှင်း ရာဌာန၌ သွန်းလောင်း ရာ ပူဇော်သက္ကာဘို့၊ ထာဝရဘုရား အား သွန်းလောင်း ရမည်။
8And the other lamb shalt thou present at dusk; as the meal-offering of the morning, and as the drink-offering thereof, thou shalt present it, an offering made by fire, of a sweet savour unto the LORD.
8အခြား သော သိုးသငယ် ကို ညဦးယံ ၌ ပူဇော် သောအခါ ၊ နံနက်ယံ ၌ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာပါသည်နည်းတူ ပါလျက်၊ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် ပြည့်စုံ၍ မီး ဖြင့်ပူဇော်သော ယဇ်ကို ပြု ရမည်။
9And on the sabbath day two he-lambs of the first year without blemish, and two tenth parts of an ephah of fine flour for a meal-offering, mingled with oil, and the drink-offering thereof.
9နေ့ တိုင်း အစဉ်ပူဇော်သော မီးရှို့ ရာယဇ်၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ဥပုသ် နေ့ ရက်၌ အခါမလည် အပြစ် မပါသော သိုးသငယ် နှစ် ကောင်ကို၎င်း၊ သွန်းလောင်း ရာ ပူဇော်သက္ကာပါလျက်၊ ဘောဇဉ် ပူဇော်သက္ကာဘို့၊ ဆီ ရော သောမုန့်ညက် နှစ် ဩမဲကို၎င်း ပူဇော်ရမည်။
10This is the burnt-offering of every sabbath, beside the continual burnt-offering, and the drink-offering thereof.
no verse 10 in this text
11And in your new moons ye shall present a burnt-offering unto the LORD: two young bullocks, and one ram, seven he-lambs of the first year without blemish;
11လဆန်း တရက်နေ့၌ ၊ အသက်ပျို သော နွားထီး နှစ် ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် ၊ အပြစ် မပါသော သိုးသငယ်ခုနစ် ကောင်တို့ကို၊ ထာဝရဘုရား အား မီးရှို့ ရာယဇ်ပြု၍ ပူဇော် ရမည်။
12and three tenth parts of an ephah of fine flour for a meal-offering, mingled with oil, for each bullock; and two tenth parts of fine flour for a meal-offering, mingled with oil, for the one ram;
12နွား တ ကောင်အဘို့၊ ဆီ ရော သော မုန့်ညက် သုံး ဩမဲ၊ သိုး တ ကောင်အဘို့၊ ဆီ ရော သော မုန့်ညက် နှစ် ဩမဲ၊
13and a several tenth part of fine flour mingled with oil for a meal-offering unto every lamb; for a burnt-offering of a sweet savour, an offering made by fire unto the LORD.
13သိုးသငယ် တ ကောင်အဘို့၊ ဆီ ရော သော မုန့်ညက် တ ဩမဲစီတည်းဟူသောဘောဇဉ် ပူဇော်သက္ကာနှင့်တကွ၊ ထာဝရဘုရား အား မီး ဖြင့်ပူဇော်၍ မီးရှို့ ရာ ယဇ်ကို ပြုရမည်။
14And their drink-offerings shall be half a hin of wine for a bullock, and the third part of a hin for the ram, and the fourth part of a hin for a lamb. This is the burnt-offering of every new moon throughout the months of the year.
14သွန်းလောင်း ရာ ပူဇော်သက္ကာဘို့ကား၊ နွား တကောင်နှင့် စပျစ်ရည်ခြောက် လောဃ၊ သိုး တကောင်နှင့် လေး လောဃ၊ သိုးသငယ် တကောင်နှင့် သုံး လောဃ ကို ပူဇော်ရမည်။ ထိုသို့ လ တိုင်း အစဉ်မပြတ်မီးရှို့ ရာ ယဇ်ကို ပူဇော်ရမည်။
15And one he-goat for a sin-offering unto the LORD; it shall be offered beside the continual burnt-offering, and the drink-offering thereof.
15နေ့ တိုင်းအစဉ်ပူဇော်သော မီးရှို့ ရာယဇ်၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ အပြစ် ဖြေရာ ယဇ်ဘို့ ထာဝရဘုရား အား ဆိတ်သငယ် တ ကောင်ကိုလည်း ပူဇော် ရမည်။
16And in the first month, on the fourteenth day of the month, is the LORD'S passover.
16ပဌမ လ တဆယ် လေး ရက် နေ့၌ ၊ ထာဝရဘုရား ၏ ပသခါ ပွဲဖြစ်၏။
17And on the fifteenth day of this month shall be a feast; seven days shall unleavened bread be eaten.
17၎င်း လ တဆယ် ငါး ရက် နေ့၌ ပွဲ ကိုခံရမည်။ ခုနစ် ရက် ပတ်လုံးတဆေးမဲ့ မုန့်ကို စား ရကြမည်။
18In the first day shall be a holy convocation; ye shall do no manner of servile work;
18ပဌမ နေ့ ၌ ဓမ္မ စည်းဝေးခြင်းကို ပြုရမည်။ လောကီ အလုပ်ကို မ လုပ် ရ။
19but ye shall present an offering made by fire, a burnt-offering unto the LORD: two young bullocks, and one ram, and seven he-lambs of the first year; they shall be unto you without blemish;
19ထာဝရဘုရား အား မီး ဖြင့်ပြုသောယဇ်တည်းဟူသောအသက်ပျို သော နွားထီး နှစ် ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်တို့ကို မီးရှို့ ရာယဇ်ပြု၍ ပူဇော် ရမည်။
20and their meal-offering, fine flour mingled with oil; three tenth parts shall ye offer for a bullock, and two tenth parts for the ram;
20နွား တကောင်လျှင် ဆီ ရော သော မုန့်ညက် သုံး ဩမဲ၊ သိုး တကောင်လျှင် နှစ် ဩမဲ၊
21a several tenth part shalt thou offer for every lamb of the seven lambs;
21သိုးသငယ် ခုနစ် ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့် ဘောဇဉ် ပူဇော်သက္ကာပြု ရမည်။
22and one he-goat for a sin-offering, to make atonement for you.
22အပြစ် ဖြေခြင်းကို ပြုအံ့သောငှာ ၊ အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ် တ ကောင်ကိုလည်း ပူဇော်ရမည်။
23Ye shall offer these beside the burnt-offering of the morning, which is for a continual burnt-offering.
23နေ့ ရက်အစဉ် နံနက် တိုင်းပူဇော်သော မီးရှို့ ရာ ယဇ်မှတပါး ၊ ထို ယဇ်များကို ထပ်၍ပူဇော် ရမည်။
24After this manner ye shall offer daily, for seven days, the food of the offering made by fire, of a sweet savour unto the LORD; it shall be offered beside the continual burnt-offering, and the drink-offering thereof.
24ထိုသို့ အစဉ်အမြဲ ပူဇော် သောမီးရှို့ ရာယဇ်၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ခုနစ် ရက် ပတ်လုံးတနေ့ တနေ့လျှင် ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် မီး ဖြင့်ပြုသောပူဇော်သက္ကာအစာ အာဟာရကို ပူဇော် ရမည်။
25And on the seventh day ye shall have a holy convocation; ye shall do no manner of servile work.
25သတ္တမ နေ့ ၌ လည်း ၊ ဓမ္မ စည်းဝေးခြင်းကို ပြု ရ မည်။ လောကီ အလုပ်ကို မ လုပ် ရ။
26Also in the day of the first-fruits, when ye bring a new meal-offering unto the LORD in your feast of weeks, ye shall have a holy convocation: ye shall do no manner of servile work;
26ထိုမှတပါး ၊ သိတင်း ခုနစ်သိတင်းစေ့ပြီးမှ၊ ဘောဇဉ် ပူဇော်သက္ကာအသစ် ကို ထာဝရဘုရား ထံ တော် သို့ ဆောင် ခဲ့သောနေ့၊ အဦး သီးသောအသီး နေ့ ရက်၌ ဓမ္မ စည်းဝေးခြင်းကို ပြု ရမည်။ လောကီ အလုပ်ကို မ လုပ် ရ။
27but ye shall present a burnt-offering for a sweet savour unto the LORD: two young bullocks, one ram, seven he-lambs of the first year;
27ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး နှစ် ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် ခုနစ် ကောင်တို့ကို ပူဇော် ရမည်။
28and their meal-offering, fine flour mingled with oil, three tenth parts for each bullock, two tenth parts for the one ram,
28နွား တ ကောင်လျှင် ဆီ ရော သောမုန့်ညက် သုံး ဩမဲ၊ သိုး တ ကောင်လျှင် နှစ် ဩမဲ၊
29a several tenth part for every lamb of the seven lambs;
29သိုးသငယ် ခုနစ် ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့် ဘောဇဉ် ပူဇော်သက္ကာပြုရမည်။
30one he-goat, to make atonement for you.
30အပြစ် ဖြေခြင်းကို ပြုအံ့သောငှါ ၊ ဆိတ်သငယ် တ ကောင်ကိုလည်း ပူဇော်ရမည်။
31Beside the continual burnt-offering, and the meal-offering thereof, ye shall offer them — they shall be unto you without blemish—and their drink-offerings.
31ထိုသို့ အစဉ်အမြဲ ပူဇော်သော မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာမှတပါး ၊ သွန်းလောင်း ရာ ပူဇော်သက္ကာနှင့်တကွ ၊ အပြစ် မပါသော ယဇ်ကောင်များတို့ကို ထပ်၍ပူဇော် ရမည်။

Tip: use the ← and → keys to turn chapters.