Numbers 28
World English BibleTranslation
World English Bible
Judson Burmese Bible (1840)
1The LORD spoke to Moses, saying,
1တဖန် မောရှေ အား ထာဝရဘုရား က၊
2“Command the children of Israel, and tell them, ‘See that you present my offering, my food for my offerings made by fire, as a pleasant aroma to me, in their due season.’
2သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ငါ ၏ပူဇော် သက္ကာကို၎င်း၊ ငါ့ အဘို့ မွှေးကြိုင် သောအနံ့ ရှိစေခြင်းငှာမီး ဖြင့်ပြုသောငါ ၏ အစာ အာဟာရကို၎င်း၊ အချိန်တန် မှ ငါ့ အား ပူဇော် ခြင်းငှာ သတိပြု ရကြမည်။
3You shall tell them, ‘This is the offering made by fire which you shall offer to the LORD: male lambs a year old without defect, two day by day, for a continual burnt offering.
3တဖန် ဆင့်ဆို ရမည်မှာ၊ နေ့ တိုင်းအစဉ်အမြဲ မီးရှို့ ရာယဇ်ဘို့၊ အခါမလည် အပြစ် မပါသော သိုးသငယ် နှစ် ကောင်ကို ထာဝရဘုရား အား မီး ဖြင့်ပူဇော် ရမည်။
4You shall offer the one lamb in the morning, and you shall offer the other lamb at evening,
4နံနက်ယံ ၌ သိုးသငယ် တ ကောင်၊ ညဦးယံ ၌ တ ကောင်ကို ပူဇော် ရမည်။
5with one tenth of an ephah of fine flour for a meal offering, mixed with the fourth part of a hin of beaten oil.
5သံလွင်သီးကို ထောင်း ၍ရသောသံလွင်ဆီ သုံး လောဃနှင့် ရော သော မုန့်ညက် တဩမဲကို လည်း ပူဇော်ရမည်။
6It is a continual burnt offering which was ordained in Mount Sinai for a pleasant aroma, an offering made by fire to the LORD.
6ဤရွေ့ကား၊ သိနာ တောင် ပေါ်မှာ စီရင် တော်မူ သည်အတိုင်း၊ ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ နှင့် မီး ဖြင့်ပြုသောပူဇော်သက္ကာ၊ အစဉ်အမြဲ ပြု ရသောမီးရှို့ ရာယဇ်ဖြစ်သတည်း။
7Its drink offering shall be the fourth part of a hin for each lamb. You shall pour out a drink offering of strong drink to the LORD in the holy place.
7သိုးသငယ် တ ကောင်နှင့်အတူ သွန်းလောင်း ရာ ပူဇော်သက္ကာဘို့၊ စပျစ်ရည် သုံး လောဃကို ပူဇော်၍၊ သန့်ရှင်း ရာဌာန၌ သွန်းလောင်း ရာ ပူဇော်သက္ကာဘို့၊ ထာဝရဘုရား အား သွန်းလောင်း ရမည်။
8The other lamb you shall offer at evening. As the meal offering of the morning, and as its drink offering, you shall offer it, an offering made by fire, for a pleasant aroma to the LORD.
8အခြား သော သိုးသငယ် ကို ညဦးယံ ၌ ပူဇော် သောအခါ ၊ နံနက်ယံ ၌ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာပါသည်နည်းတူ ပါလျက်၊ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် ပြည့်စုံ၍ မီး ဖြင့်ပူဇော်သော ယဇ်ကို ပြု ရမည်။
9“‘On the Sabbath day, you shall offer two male lambs a year old without defect, and two tenths of an ephah of fine flour for a meal offering mixed with oil, and its drink offering:
9နေ့ တိုင်း အစဉ်ပူဇော်သော မီးရှို့ ရာယဇ်၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ ဥပုသ် နေ့ ရက်၌ အခါမလည် အပြစ် မပါသော သိုးသငယ် နှစ် ကောင်ကို၎င်း၊ သွန်းလောင်း ရာ ပူဇော်သက္ကာပါလျက်၊ ဘောဇဉ် ပူဇော်သက္ကာဘို့၊ ဆီ ရော သောမုန့်ညက် နှစ် ဩမဲကို၎င်း ပူဇော်ရမည်။
10this is the burnt offering of every Sabbath, in addition to the continual burnt offering and its drink offering.
no verse 10 in this text
11“‘In the beginnings of your months, you shall offer a burnt offering to the LORD: two young bulls, one ram, seven male lambs a year old without defect,
11လဆန်း တရက်နေ့၌ ၊ အသက်ပျို သော နွားထီး နှစ် ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် ၊ အပြစ် မပါသော သိုးသငယ်ခုနစ် ကောင်တို့ကို၊ ထာဝရဘုရား အား မီးရှို့ ရာယဇ်ပြု၍ ပူဇော် ရမည်။
12and three tenths of an ephah of fine flour for a meal offering mixed with oil, for each bull; and two tenth parts of fine flour for a meal offering mixed with oil, for the one ram;
12နွား တ ကောင်အဘို့၊ ဆီ ရော သော မုန့်ညက် သုံး ဩမဲ၊ သိုး တ ကောင်အဘို့၊ ဆီ ရော သော မုန့်ညက် နှစ် ဩမဲ၊
13and one tenth part of fine flour mixed with oil for a meal offering to every lamb, as a burnt offering of a pleasant aroma, an offering made by fire to the LORD.
13သိုးသငယ် တ ကောင်အဘို့၊ ဆီ ရော သော မုန့်ညက် တ ဩမဲစီတည်းဟူသောဘောဇဉ် ပူဇော်သက္ကာနှင့်တကွ၊ ထာဝရဘုရား အား မီး ဖြင့်ပူဇော်၍ မီးရှို့ ရာ ယဇ်ကို ပြုရမည်။
14Their drink offerings shall be half a hin of wine for a bull, the third part of a hin for the ram, and the fourth part of a hin for a lamb. This is the burnt offering of every month throughout the months of the year.
14သွန်းလောင်း ရာ ပူဇော်သက္ကာဘို့ကား၊ နွား တကောင်နှင့် စပျစ်ရည်ခြောက် လောဃ၊ သိုး တကောင်နှင့် လေး လောဃ၊ သိုးသငယ် တကောင်နှင့် သုံး လောဃ ကို ပူဇော်ရမည်။ ထိုသို့ လ တိုင်း အစဉ်မပြတ်မီးရှို့ ရာ ယဇ်ကို ပူဇော်ရမည်။
15Also, one male goat for a sin offering to the LORD shall be offered in addition to the continual burnt offering and its drink offering.
15နေ့ တိုင်းအစဉ်ပူဇော်သော မီးရှို့ ရာယဇ်၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ၊ အပြစ် ဖြေရာ ယဇ်ဘို့ ထာဝရဘုရား အား ဆိတ်သငယ် တ ကောင်ကိုလည်း ပူဇော် ရမည်။
16“‘In the first month, on the fourteenth day of the month, is the LORD’s Passover.
16ပဌမ လ တဆယ် လေး ရက် နေ့၌ ၊ ထာဝရဘုရား ၏ ပသခါ ပွဲဖြစ်၏။
17On the fifteenth day of this month shall be a feast. Unleavened bread shall be eaten for seven days.
17၎င်း လ တဆယ် ငါး ရက် နေ့၌ ပွဲ ကိုခံရမည်။ ခုနစ် ရက် ပတ်လုံးတဆေးမဲ့ မုန့်ကို စား ရကြမည်။
18In the first day shall be a holy convocation. You shall do no regular work,
18ပဌမ နေ့ ၌ ဓမ္မ စည်းဝေးခြင်းကို ပြုရမည်။ လောကီ အလုပ်ကို မ လုပ် ရ။
19but you shall offer an offering made by fire, a burnt offering to the LORD: two young bulls, one ram, and seven male lambs a year old. They shall be without defect,
19ထာဝရဘုရား အား မီး ဖြင့်ပြုသောယဇ်တည်းဟူသောအသက်ပျို သော နွားထီး နှစ် ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်တို့ကို မီးရှို့ ရာယဇ်ပြု၍ ပူဇော် ရမည်။
20with their meal offering, fine flour mixed with oil. You shall offer three tenths for a bull, and two tenths for the ram.
20နွား တကောင်လျှင် ဆီ ရော သော မုန့်ညက် သုံး ဩမဲ၊ သိုး တကောင်လျှင် နှစ် ဩမဲ၊
21You shall offer one tenth for every lamb of the seven lambs;
21သိုးသငယ် ခုနစ် ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့် ဘောဇဉ် ပူဇော်သက္ကာပြု ရမည်။
22and one male goat for a sin offering, to make atonement for you.
22အပြစ် ဖြေခြင်းကို ပြုအံ့သောငှာ ၊ အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ် တ ကောင်ကိုလည်း ပူဇော်ရမည်။
23You shall offer these in addition to the burnt offering of the morning, which is for a continual burnt offering.
23နေ့ ရက်အစဉ် နံနက် တိုင်းပူဇော်သော မီးရှို့ ရာ ယဇ်မှတပါး ၊ ထို ယဇ်များကို ထပ်၍ပူဇော် ရမည်။
24In this way you shall offer daily, for seven days, the food of the offering made by fire, of a pleasant aroma to the LORD. It shall be offered in addition to the continual burnt offering and its drink offering.
24ထိုသို့ အစဉ်အမြဲ ပူဇော် သောမီးရှို့ ရာယဇ်၊ သွန်းလောင်း ရာ ပူဇော်သက္ကာမှတပါး ခုနစ် ရက် ပတ်လုံးတနေ့ တနေ့လျှင် ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် မီး ဖြင့်ပြုသောပူဇော်သက္ကာအစာ အာဟာရကို ပူဇော် ရမည်။
25On the seventh day you shall have a holy convocation. You shall do no regular work.
25သတ္တမ နေ့ ၌ လည်း ၊ ဓမ္မ စည်းဝေးခြင်းကို ပြု ရ မည်။ လောကီ အလုပ်ကို မ လုပ် ရ။
26“‘Also in the day of the first fruits, when you offer a new meal offering to the LORD in your feast of weeks, you shall have a holy convocation. You shall do no regular work;
26ထိုမှတပါး ၊ သိတင်း ခုနစ်သိတင်းစေ့ပြီးမှ၊ ဘောဇဉ် ပူဇော်သက္ကာအသစ် ကို ထာဝရဘုရား ထံ တော် သို့ ဆောင် ခဲ့သောနေ့၊ အဦး သီးသောအသီး နေ့ ရက်၌ ဓမ္မ စည်းဝေးခြင်းကို ပြု ရမည်။ လောကီ အလုပ်ကို မ လုပ် ရ။
27but you shall offer a burnt offering for a pleasant aroma to the LORD: two young bulls, one ram, seven male lambs a year old;
27ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ နှင့် မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး နှစ် ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် ခုနစ် ကောင်တို့ကို ပူဇော် ရမည်။
28and their meal offering, fine flour mixed with oil, three tenths for each bull, two tenths for the one ram,
28နွား တ ကောင်လျှင် ဆီ ရော သောမုန့်ညက် သုံး ဩမဲ၊ သိုး တ ကောင်လျှင် နှစ် ဩမဲ၊
29one tenth for every lamb of the seven lambs;
29သိုးသငယ် ခုနစ် ကောင်စေ့အောင်၊ တ ကောင်လျှင် တ ဩမဲစီနှင့် ဘောဇဉ် ပူဇော်သက္ကာပြုရမည်။
30and one male goat, to make atonement for you.
30အပြစ် ဖြေခြင်းကို ပြုအံ့သောငှါ ၊ ဆိတ်သငယ် တ ကောင်ကိုလည်း ပူဇော်ရမည်။
31Besides the continual burnt offering and its meal offering, you shall offer them and their drink offerings. See that they are without defect.
31ထိုသို့ အစဉ်အမြဲ ပူဇော်သော မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာမှတပါး ၊ သွန်းလောင်း ရာ ပူဇော်သက္ကာနှင့်တကွ ၊ အပြစ် မပါသော ယဇ်ကောင်များတို့ကို ထပ်၍ပူဇော် ရမည်။
Tip: use the ← and → keys to turn chapters.