Numbers 7
World English BibleTranslation
World English Bible
Judson Burmese Bible (1840)
1On the day that Moses had finished setting up the tabernacle, and had anointed it and sanctified it with all its furniture, and the altar with all its vessels, and had anointed and sanctified them;
1မောရှေ သည် တဲ တော်ကို ထူထောင် ၍၊ တဲတော် နှင့် တဲ တော်တန်ဆာ ရှိသမျှ တို့ကို၎င်း၊ ယဇ်ပလ္လင် နှင့် ယဇ်ပလ္လင် တန်ဆာ ရှိသမျှ တို့ကို၎င်း ဆီ လူး၍ ၊ သန့်ရှင်း စေခြင်း အမှုကို လက်စသတ် သောနေ့ ၌ ၊
2the princes of Israel, the heads of their fathers’ houses, gave offerings. These were the princes of the tribes. These are they who were over those who were counted;
2စာရင်း ဝင်သောသူတို့ကို အုပ် ၍ ဣသရေလ အမျိုးအနွယ်အသီးသီးတို့၌ မင်း ဖြစ်သောသူ၊ အဆွေအမျိုး သူကြီးမင်း တို့သည်၊
3and they brought their offering before the LORD, six covered wagons and twelve oxen; a wagon for every two of the princes, and for each one an ox. They presented them before the tabernacle.
3မင်းတပါးနွားထီး တကောင်စီ ၊ မင်း နှစ် ပါးအမိုး ပါသောရထား တခုစီ၊ ရထား ခြောက် ခု၊ နွား ဆယ် နှစ် ကောင်တို့ကို တဲ တော်ရှေ့သို့ ဆောင် ခဲ့၍ ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ကြ၏။
4The LORD spoke to Moses, saying,
4ထာဝရဘုရား ကလည်း ၊ သင်သည် ပရိသတ် စည်းဝေး ရာ တဲ တော်အမှု ဆောင်ရွက် စရာဘို့ ခံယူ ၍ အမှု ကို ဆောင်ရွက်ရသည့်အတိုင်း၊
5“Accept these from them, that they may be used in doing the service of the Tent of Meeting; and you shall give them to the Levites, to every man according to his service.”
5လေဝိ သား အသီးသီး တို့ အား ပေး လော့ဟု မိန့် တော်မူ၏။
6Moses took the wagons and the oxen, and gave them to the Levites.
6မောရှေ သည်ရထား နှင့် နွား တို့ကိုခံယူ ၍ လေဝိ သားတို့အား ပေး သဖြင့် ၊
7He gave two wagons and four oxen to the sons of Gershon, according to their service.
7အမှု ဆောင်ရွက်စရာရှိသည်အတိုင်း ၊ ယဇ်ပုရောဟိတ် အာရုန် ၏သား ဣသမာ အုပ်သော ဂေရရှုန် သား တို့ အား ရထား နှစ် ခုနှင့် နွား လေး ကောင်တို့ကို၎င်း၊
8He gave four wagons and eight oxen to the sons of Merari, according to their service, under the direction of Ithamar the son of Aaron the priest.
8မေရာရိ သား တို့အား ရထား လေး ခုနှင့် နွား ရှစ် ကောင်တို့ကို၎င်းပေး လေ၏။
9But to the sons of Kohath he gave none, because the service of the sanctuary belonged to them; they carried it on their shoulders.
9သန်ရှင်း ရာဌာနတော်အမှု ကို စောင့်ရသောကောဟတ် သား တို့သည်၊ မိမိ တို့ ပခုံး ၌ ထမ်းရွက် ရသောကြောင့် ၊ သူတို့အား ရထားနှင့် နွားတို့ကိုမ ပေး။
10The princes gave offerings for the dedication of the altar in the day that it was anointed. The princes gave their offerings before the altar.
10ယဇ်ပလ္လင် ကို ဆီ လူးသောနေ့ ၌ အနုမောဒနာ ပြုစရာဘို့ ယဇ်ပလ္လင် ရှေ့မှာ အခြားသော ပူဇော်သက္ကာ ကို ပြု ကြ၏။
11The LORD said to Moses, “They shall offer their offering, each prince on his day, for the dedication of the altar.”
11ထာဝရဘုရား ကလည်း ၊ ယဇ်ပလ္လင် ကို အနုမောဒနာ ပြုစရာဘို့ ၊ မင်း အသီးအသီး တို့သည် နေ့ ရက်အစဉ်အတိုင်းမိမိ ပူဇော်သက္ကာ ကိုပြု ရကြမည်ဟု မောရှေ အား မိန့် တော်မူ ၏။
12He who offered his offering the first day was Nahshon the son of Amminadab, of the tribe of Judah,
12ထိုသို့နှင့်အညီ၊ ပဌမ နေ့ ၌ ယုဒ အမျိုး ၊ အမိနဒပ် သား နာရှုန် သည် ဆက် သော ပူဇော်သက္ကာ ဟူမူကား၊
13and his offering was: one silver platter, the weight of which was one hundred thirty shekels, one silver bowl of seventy shekels, according to the shekel of the sanctuary, both of them full of fine flour mixed with oil for a meal offering;
13အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့်ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
14one golden ladle of ten shekels, full of incense;
14မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
15one young bull, one ram, one male lamb a year old, for a burnt offering;
15မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
16one male goat for a sin offering;
16အပြစ် ဖြေရာယဇ်ဘို့ ဆိတ် သငယ် တ ကောင်၊
17and for the sacrifice of peace offerings, two head of cattle, five rams, five male goats, and five male lambs a year old. This was the offering of Nahshon the son of Amminadab.
17မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို အမိနဒပ် သား နာရှုန် သည် ပူဇော် လေ ၏။
18On the second day Nethanel the son of Zuar, prince of Issachar, gave his offering.
18ဒုတိယ နေ့ ၌ ဣသခါ အမျိုးတွင် မင်း ဖြစ်သော ဇုအာ သား နာသနေလ ဆက် သော ပူဇော်သက္ကာ ဟူမူကား၊
19He offered for his offering: one silver platter, the weight of which was one hundred thirty shekels, one silver bowl of seventy shekels, according to the shekel of the sanctuary, both of them full of fine flour mixed with oil for a meal offering;
19အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
20one golden ladle of ten shekels, full of incense;
20မီးရှို့ရာနံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း၊
21one young bull, one ram, one male lamb a year old, for a burnt offering;
21မီးရှို့ ရာ ယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
22one male goat for a sin offering;
22အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ် သငယ် တ ကောင်၊
23and for the sacrifice of peace offerings, two head of cattle, five rams, five male goats, five male lambs a year old. This was the offering of Nethanel the son of Zuar.
23မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ဇုအာ သား နာသနေလ သည် ပူဇော် လေ ၏။
24On the third day Eliab the son of Helon, prince of the children of Zebulun,
24တတိယ နေ့ ၌ ဇာဗုလုန် အမျိုး တွင် မင်း ဖြစ် သော ဟေလုန် သား ဧလျာဘ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊
25gave his offering: one silver platter, the weight of which was a hundred and thirty shekels, one silver bowl of seventy shekels, according to the shekel of the sanctuary, both of them full of fine flour mixed with oil for a meal offering;
25အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
26one golden ladle of ten shekels, full of incense;
26မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
27one young bull, one ram, one male lamb a year old, for a burnt offering;
27မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တကောင် ၊ အခါမလည် သော သိုးသငယ် တ ကောင်၊
28one male goat for a sin offering;
28အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊
29and for the sacrifice of peace offerings, two head of cattle, five rams, five male goats, and five male lambs a year old. This was the offering of Eliab the son of Helon.
29မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင် တို့ကို၊ ဟေလုန် သား ဧလျာဘ သည်ပူဇော် လေ၏။
30On the fourth day Elizur the son of Shedeur, prince of the children of Reuben,
30စတုတ္ထ နေ့ ၌ ရုဗင် အမျိုး တွင်မင်း ဖြစ်သော ရှေဒုရ သား ဧလိဇုရ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊
31gave his offering: one silver platter, the weight of which was one hundred thirty shekels, one silver bowl of seventy shekels, according to the shekel of the sanctuary, both of them full of fine flour mixed with oil for a meal offering;
31အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
32one golden ladle of ten shekels, full of incense;
32မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
33one young bull, one ram, one male lamb a year old, for a burnt offering;
33မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
34one male goat for a sin offering;
34အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊
35and for the sacrifice of peace offerings, two head of cattle, five rams, five male goats, and five male lambs a year old. This was the offering of Elizur the son of Shedeur.
35မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ရှေဒုရ သား ဧလိဇုရ သည်ပူဇော် လေ၏။
36On the fifth day Shelumiel the son of Zurishaddai, prince of the children of Simeon,
36ပဉ္စမ နေ့ ၌ ရှိမောင် အမျိုး တွင် မင်း ဖြစ်သော ဇုရိရှဒ္ဒဲ သား ၊ ရှေလုမျေလ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊
37gave his offering: one silver platter, the weight of which was one hundred thirty shekels, one silver bowl of seventy shekels, according to the shekel of the sanctuary, both of them full of fine flour mixed with oil for a meal offering;
37အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
38one golden ladle of ten shekels, full of incense;
38မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ် တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
39one young bull, one ram, one male lamb a year old, for a burnt offering;
39မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
40one male goat for a sin offering;
40အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊
41and for the sacrifice of peace offerings, two head of cattle, five rams, five male goats, and five male lambs a year old: this was the offering of Shelumiel the son of Zurishaddai.
41မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ဇုရိရှဒ္ဒဲ သား ရှေလုမျေလ သည် ပူဇော် လေ၏။
42On the sixth day, Eliasaph the son of Deuel, prince of the children of Gad,
42ဆဌမ နေ့ ၌ ဂဒ် အမျိုး တွင် မင်း ဖြစ်သော ဒွေလ သား ဧလျာသပ် ဆက်သော ပူဇော်သက္ကာ ဟူမူကား၊
43gave his offering: one silver platter, the weight of which was one hundred thirty shekels, one silver bowl of seventy shekels, according to the shekel of the sanctuary, both of them full of fine flour mixed with oil for a meal offering;
43အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
44one golden ladle of ten shekels, full of incense;
44မီးရှို့ရာနံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
45one young bull, one ram, one male lamb a year old, for a burnt offering;
45မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
46one male goat for a sin offering;
46အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊
47and for the sacrifice of peace offerings, two head of cattle, five rams, five male goats, and five male lambs a year old. This was the offering of Eliasaph the son of Deuel.
47မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ဒွေလ သား ဧလျာသပ် သည် ပူဇော် လေ၏။
48On the seventh day Elishama the son of Ammihud, prince of the children of Ephraim,
48သတ္တမ နေ့ ၌ ဧဖရိမ် အမျိုး တွင် မင်း ဖြစ်သော အမိဟုဒ် သား ဧလိရှမာ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊
49gave his offering: one silver platter, the weight of which was one hundred thirty shekels, one silver bowl of seventy shekels, according to the shekel of the sanctuary, both of them full of fine flour mixed with oil for a meal offering;
49အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သောမုန့်ညက် ၊
50one golden ladle of ten shekels, full of incense;
50မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
51one young bull, one ram, one male lamb a year old, for a burnt offering;
51မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
52one male goat for a sin offering;
52အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် တ ကောင်
53and for the sacrifice of peace offerings, two head of cattle, five rams, five male goats, and five male lambs a year old. This was the offering of Elishama the son of Ammihud.
53မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ အမိဟုဒ် သား ဧလိရှမာ သည် ပူဇော် လေ၏။
54On the eighth day Gamaliel the son of Pedahzur, prince of the children of Manasseh,
54အဋ္ဌမ နေ့ ၌ မနာရှေ အမျိုး တွင်မင်း ဖြစ်သော ပေဒါဇုရ သား ဂါမလျေလ ဆက်သောပူဇော်သက္ကာ ဟူမူကား၊
55gave his offering: one silver platter, the weight of which was one hundred thirty shekels, one silver bowl of seventy shekels, according to the shekel of the sanctuary, both of them full of fine flour mixed with oil for a meal offering;
55အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
56one golden ladle of ten shekels, full of incense;
56မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
57one young bull, one ram, one male lamb a year old, for a burnt offering;
57မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
58one male goat for a sin offering;
58အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊
59and for the sacrifice of peace offerings, two head of cattle, five rams, five male goats, and five male lambs a year old. This was the offering of Gamaliel the son of Pedahzur.
59မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ပေဒါဇုရ သား ဂါမလျေလ သည် ပူဇော် လေ၏၊
60On the ninth day Abidan the son of Gideoni, prince of the children of Benjamin,
60နဝမ နေ့ ၌ ဗင်္ယာမိန် အမျိုး တွင် မင်း ဖြစ်သော ဂိဒေါနိ သား အဘိဒန် ဆက်သော ပူဇော်သက္ကာ ဟူမူကား၊
61gave his offering: one silver platter, the weight of which was one hundred thirty shekels, one silver bowl of seventy shekels, according to the shekel of the sanctuary, both of them full of fine flour mixed with oil for a meal offering;
61အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန်ရှိသော ငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့်ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
62one golden ladle of ten shekels, full of incense;
62မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
63one young bull, one ram, one male lamb a year old, for a burnt offering;
63မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
64one male goat for a sin offering;
64အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊
65and for the sacrifice of peace offerings, two head of cattle, five rams, five male goats, and five male lambs a year old. This was the offering of Abidan the son of Gideoni.
65မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သောသိုးသငယ် ငါး ကောင်တို့ကို၊ ဂိဒေါနိ သား အဘိဒန် သည် ပူဇော် လေ၏၊
66On the tenth day Ahiezer the son of Ammishaddai, prince of the children of Dan,
66ဒသမ နေ့ ၌ ဒန် အမျိုး တွင် မင်း ဖြစ်သော အမိရှဒ္ဒဲ သား အဟေဇာ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊
67gave his offering: one silver platter, the weight of which was one hundred thirty shekels, one silver bowl of seventy shekels, according to the shekel of the sanctuary, both of them full of fine flour mixed with oil for a meal offering;
67အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့်ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
68one golden ladle of ten shekels, full of incense;
68မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
69one young bull, one ram, one male lamb a year old, for a burnt offering;
69မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
70one male goat for a sin offering;
70အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊
71and for the sacrifice of peace offerings, two head of cattle, five rams, five male goats, and five male lambs a year old. This was the offering of Ahiezer the son of Ammishaddai.
71မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ အမိရှဒ္ဒဲ သား အဟေဇာ သည် ပူဇော် လေ၏။
72On the eleventh day Pagiel the son of Ochran, prince of the children of Asher,
72ဧကာဒသမ နေ့ ၌ အာရှာ အမျိုး တွင် မင်း ဖြစ် သော ဩကရန် သား ပါဂျေလ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊
73gave his offering: one silver platter, the weight of which was one hundred thirty shekels, one silver bowl of seventy shekels, according to the shekel of the sanctuary, both of them full of fine flour mixed with oil for a meal offering;
73အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့် ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
74one golden ladle of ten shekels, full of incense;
74မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
75one young bull, one ram, one male lamb a year old, for a burnt offering;
75မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
76one male goat for a sin offering;
76အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊
77and for the sacrifice of peace offerings, two head of cattle, five rams, five male goats, and five male lambs a year old. This was the offering of Pagiel the son of Ochran.
77မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ဩကရန် သား ပါဂျေလ သည် ပူဇော် လေ၏။
78On the twelfth day Ahira the son of Enan, prince of the children of Naphtali,
78ဒွါဒသမ နေ့ ၌ နဿလိ အမျိုး တွင် မင်း ဖြစ်သော ဧနန် သား အဟိရ ဆက်သော ပူဇော်သက္ကာ ဟူမူကား၊
79gave his offering: one silver platter, the weight of which was one hundred thirty shekels, one silver bowl of seventy shekels, according to the shekel of the sanctuary, both of them full of fine flour mixed with oil for a meal offering;
79အကျပ် တော်အလိုက် တပိဿာ သုံးဆယ်အချိန် ရှိသောငွေ အင်တုံ ၊ ခုနစ်ဆယ် အချိန်ရှိသောငွေ ဖလား ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ထိုအင်တုံ၊ ဖလား၌ ဆီ နှင့်ရော ၍ အပြည့် ထည့်သော မုန့်ညက် ၊
80one golden ladle of ten shekels, full of incense;
80မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် ၍ အကျပ်တဆယ် အချိန်ရှိသောရွှေ ဇွန်း ၊
81one young bull, one ram, one male lamb a year old, for a burnt offering;
81မီးရှို့ ရာယဇ်ဘို့ အသက်ပျို သော နွားထီး တ ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် သော သိုးသငယ် တ ကောင်၊
82one male goat for a sin offering;
82အပြစ် ဖြေရာယဇ်ဘို့ ဆိတ်သငယ် တ ကောင်၊
83and for the sacrifice of peace offerings, two head of cattle, five rams, five male goats, and five male lambs a year old. This was the offering of Ahira the son of Enan.
83မိဿဟာယ ယဇ်ဘို့ နွား နှစ် ကောင်၊ သိုး ငါး ကောင်၊ ဆိတ် ငါး ကောင်၊ အခါမလည် သော သိုးသငယ် ငါး ကောင်တို့ကို၊ ဧနန် သား အဟိရ သည် ပူဇော် လေ၏။
84This was the dedication offering of the altar, on the day when it was anointed, by the princes of Israel: twelve silver platters, twelve silver bowls, twelve golden ladles;
84ထိုသို့ ဣသရေလ အမျိုးတို့၌ မင်း ဖြစ်သောသူတို့ သည်၊ ယဇ်ပလ္လင် ကို ဆီ လူးသောနေ့ ၌ အနုမောဒနာ ပြုစရာဘို့ ဆက်သော ငွေ အင်တုံ ပေါင်းဆယ် နှစ် လုံး၊ ငွေ ဖလား ပေါင်းဆယ် နှစ် လုံး၊ ရွှေ ဇွန်း ပေါင်း ဆယ် နှစ် စင်း တည်း။
85each silver platter weighing one hundred thirty shekels, and each bowl seventy; all the silver of the vessels two thousand four hundred shekels, according to the shekel of the sanctuary;
85ငွေ အင်တုံ အချိန်ကား၊ တလုံးလျှင် တပိဿာ သုံးဆယ်စီ ၊ ငွေ ဖလား အချိန်ကား၊ တလုံးလျှင် ခုနစ်ဆယ် စီ ရှိ၍ ငွေချိန်ပေါင်းကား၊ အကျပ် တော်အလိုက် ၊ အခွက် နှစ်ဆယ်လေးပိဿာရှိသတည်း။
86the twelve golden ladles, full of incense, weighing ten shekels apiece, according to the shekel of the sanctuary; all the gold of the ladles weighed one hundred twenty shekels;
86မီးရှို့ရာ နံ့သာပေါင်း နှင့်ပြည့် သော ရွှေ ဇွန်း ဆယ် နှစ် စင်း အချိန်ကား၊ အကျပ် တော်အလိုက် ဆယ် ကျပ်စီရှိ၍၊ ရွှေ ချိန်ပေါင်း ကား တပိဿာ နှစ်ဆယ်ရှိသတည်း။
87all the cattle for the burnt offering twelve bulls, the rams twelve, the male lambs a year old twelve, and their meal offering; and twelve male goats for a sin offering;
87မီးရှို့ ရာယဇ်ဘို့ ဘောဇဉ်ပူဇော်သက္ကာ နှင့်တကွ နွား ပေါင်းဆယ် နှစ် ကောင်၊ သိုးထီး ဆယ် နှစ် ကောင်၊ အခါမလည် သောသိုးသငယ် ဆယ် နှစ် ကောင်၊ အပြစ် ဖြေရာ ယဇ်ဘို့ ဆိတ်သငယ် ပေါင်း ဆယ် နှစ် ကောင်၊
88and all the cattle for the sacrifice of peace offerings: twenty-four bulls, sixty rams, sixty male goats, and sixty male lambs a year old. This was the dedication offering of the altar, after it was anointed.
88မိဿဟာယ ယဇ်ဘို့ နွား ပေါင်း ၊ နှစ်ဆယ် လေး ကောင်၊ သိုးထီး ခြောက်ဆယ် ၊ ဆိတ်ထီး ခြောက်ဆယ် ၊ အခါမလည် သော သိုးသငယ် ခြောက်ဆယ် ရှိသတည်း။ ဤရွေ့ကား ၊ ယဇ်ပလ္လင် ဆီ လူးသောနောက် ၊ အနုမောဒနာ ပြုဘို့ ဆက်သော ပူဇော်သက္ကာပေတည်း။
89When Moses went into the Tent of Meeting to speak with the LORD, he heard his voice speaking to him from above the mercy seat that was on the ark of the Testimony, from between the two cherubim; and he spoke to him.
89မောရှေ သည် ဘုရားသခင် ကို လျှောက် ခြင်းငှါ ပရိသတ်စည်းဝေး ရာ တဲ တော်ထဲသို့ ဝင် သောအခါ ၊ ခေရုဗိမ် နှစ် ပါးကြားမှာ ၊ သက်သေခံ ချက်သေတ္တာ အပေါ် ၌ တင်သောအဖုံး ထက် က ၊ ဘုရားသခင်ခေါ် တော်မူသံ ကို မောရှေသည်ကြား ၍ ထူး လေ၏။
Tip: use the ← and → keys to turn chapters.