Oekyuk 8
Bible Mutal (Kosraean)Translation
Bible Mutal (Kosraean)
Judson Burmese Bible (1840)
1LEUM GOD El kaskas nu sel Moses ac fahk,
1ထာဝရဘုရား ကလည်း၊
2“Fahk nu sel Aaron lah pacl se el filiya lam itkosr fin nien lam uh, elan oakiya tuh in tolak acn meet.”
2သင်သည်အာရုန် အား ဆင့်ဆို ရမည်မှာ၊ မီးခွက် များကို ထွန်း သောအခါ ၊ မီးခွက် ခုနစ် လုံး တို့သည် မီးခုံ တဘက်တချက် ၌ ထွန်းလင်း ရမည်ဟု၊
3Aaron el oru oana, ac oakiya lam uh tuh kalem kac in tolak mutun nien lam uh.
3မောရှေ အား မှာထား တော်မူသည်အတိုင်း ၊ အာရုန် ပြု ၍ မီးခုံ တဘက်တချက် ၌ မီးခွက် များကို ထွန်း လေ၏။
4Orekla nien lam uh ke gold tuktuki, lucngi na nwe ten, fal nu ke lumah se su LEUM GOD El fahk nu sel Moses.
4မီးခုံမူကား၊ ထာဝရဘုရား သည် မောရှေ အား ပြ တော်မူသောပုံ နှင့်အညီ ၊ မီးခုံ တိုင် မှစ၍ ကြာပွင့် တိုင်အောင် ရွှေ ဖြင့် တစပ်တည်းထု လုပ်သော မီးခုံ ဖြစ်သတည်း။
5LEUM GOD El fahk nu sel Moses,
5ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
6“Srela mwet Levi uh liki mwet Israel ngia, ac aknasnasyalosla
6လေဝိ သားတို့ကို၊ ဣသရေလ အမျိုးသား တို့ အထဲ က ရွေးကောက် ၍ စင်ကြယ် စေလော့။
7in ouiya se inge: sroksrokunulosyak ke kof in aknasnas, ac sap elos in resaela manolos nufon, ac ohlla nuknuk lalos uh. Na elos ac fah nasnasla.
7စင်ကြယ် စေခြင်းငှါ ပြု ရမည်အမှုဟူမူကား ၊ စင်ကြယ် ခြင်း မင်္ဂလာရေ ကို သူ တို့အပေါ် မှာဖြန်း ၍၊ သူ တို့ သည် တကိုယ်လုံး ကို အမွေး ရိတ်ခြင်း၊ အဝတ် လျှော် ခြင်း ကို ပြုသဖြင့် စင်ကြယ် စေရမည်။
8Na elos fah eis soko cow mukul fusr, ac lupan flao karyak ke oil in olive ma eneneyuk nu ke mwe kisa wheat; ac kom fah eis soko pac cow mukul nu ke mwe kisa ke ma koluk.
8ဆီ ရော သော မုန့်ညက် တည်းဟူသောဘောဇဉ်ပူဇော်သက္ကာ နှင့်တကွ ၊ အသက်ပျို သော နွားထီး တကောင်၊ အပြစ် ဖြေရာယဇ်ဘို့ အသက်ပျို သော နွားထီး တကောင်ကို ယူ ပြီးလျှင် ၊
9Toko kom orani mwet Israel nukewa ac sap mwet Levi in tuyak ye mutun Lohm Nuknuk Mutal, su pa acn nga muta we.
9လေဝိ သားတို့ကို ပရိသတ်စည်းဝေး ရာ တဲ တော် ရှေ့သို့ ခေါ် ခဲ့၍ ၊ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ကို စည်းဝေး စေပြီးမှ ၊
10Na mwet Israel elos fah filiya paolos fin sifen mwet Levi uh,
10လေဝိ သားတို့ကို ထာဝရဘုရား ရှေ့ တော်သို့ ဆောင် ခဲ့၍ ၊ သူ တို့ခေါင်းပေါ်မှာ ဣသရေလ အမျိုးသား တို့သည် လက် ကိုတင် သဖြင့် ၊
11ac Aaron el fah kisakunma mwet Levi uh nu sik oana sie mwe sang sriyukla sin mwet Israel uh, tuh elos in oru orekma luk.
11သူတို့သည် ထာဝရဘုရား ၏ အမှု တော်ကို ထမ်း စေခြင်းငှါ ၊ ဣသရေလ အမျိုးသား တို့ပြုသောပူဇော်သက္ကာတည်းဟူသောလေဝိ သားတို့ကို အာရုန် သည် ထာဝရဘုရား အား ဆက် ရမည်။
12Na mwet Levi fah filiya paolos fin sifen cow mukul lukwa; soko ac fah mwe kisa ke ma koluk, ac ma soko ngia nu ke mwe kisa firir. Ouiya se inge in orek ke alu in aknasnas lun mwet Levi.
12လေဝိ သားတို့သည်လည်း ၊ နွား ခေါင်း ပေါ်မှာ မိမိ တို့ လက် ကို တင် ၍ ၊ သူ တို့အဘို့ အပြစ် ဖြေခြင်းကို ပြုလိုသောငှါ ၊ ထာဝရဘုရား ရှေ့မှာ နွားတ ကောင်ကို အပြစ် ဖြေရာယဇ်၊ တ ကောင်ကို မီးရှို့ ရာ ယဇ်ပြု ၍ ပူဇော်ရကြမည်။
13“Kisakunma mwet Levi uh oana sie mwe sang sriyukla nu sik, ac sang tuh Aaron ac wen natul in liyalosyang.
13လေဝိ သားတို့ကို၊ အာရုန် နှင့် သူ ၏ သား တို့ရှေ့မှာ ထား ၍ ထာဝရဘုရား အား ပူဇော်သက္ကာ ပြု ရမည်။
14In lumah se inge kom fah srela mwet Levi uh liki mwet Israel saya, na elos fah ma nutik.
14ထိုသို့ လေဝိ သားတို့ကို ဣသရေလ အမျိုးသား တို့ နှင့် တခြားစီ ခွဲထား၍ ၊ သူတို့သည် အထူးသဖြင့်ငါ့ လူဖြစ် ရကြ လိမ့်မည်။
15Tukun kom aknasnasyela ac kisakunla mwet Levi uh, elos ac fah fal in orekma in Lohm Nuknuk Mutal.
15ထိုနောက်မှ လေဝိ သားတို့သည်၊ ပရိသတ် စည်းဝေး ရာ တဲ တော်အမှုကို ဆောင်ရွက် ခြင်းငှါ ဝင် ရကြ လိမ့်မည်။ သူ တို့ကို စင်ကြယ် စေ၍၊ ပူဇော်သက္ကာ ပြု ရ သော အကြောင်းဟူမူကား၊
16Nga eisalos in aolla wounse mukul nukewa nutin mwet Israel, ac elos ma na nutik.
16ဣသရေလ အမျိုး ထဲက သူ တို့ကို ရွေးကောက် ၍၊ ငါ့ အား အပိုင်ပေးရမည်။ ဣသရေလ အမျိုး တွင် အဦး ဘွားမြင်သော သားဦး များအတွက် သူတို့ကို ငါသိမ်းယူ ၏။
17Ke nga tuh onela wounse nukewa nutin mwet Egypt uh, nga tuh akmutalye wen se ma matu oemeet in kais sie sou in Israel, ac wounsien kosro nukewa, tuh in ma nutik sifacna.
17အဲဂုတ္တု ပြည် ၌ သားဦး အပေါင်း တို့ကို ငါသည် ဒဏ်ခတ် သောအခါ၊ ဣသရေလ အမျိုး တွင် လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ သားဦး အပေါင်း တို့ကို ကိုယ် အဘို့ သန့်ရှင်း စေသောကြောင့် ၊ သားဦးအပေါင်းတို့ကို အထူးသဖြင့် ငါ ပိုင်ရမည်။
18Inge nga eis mwet Levi in aolla wounse nukewa nutin mwet Israel,
18တဖန် ဣသရေလ အမျိုး သားဦး အပေါင်း တို့ အတွက်၊ လေဝိ သားတို့ကို ငါယူ ၏။
19ac nga sang kunal Aaron ac wen natul elos in liyaung mwet Levi oana sie mwe kite sin mwet Israel, tuh elos fah orekma in Lohm Nuknuk Mutal nu sin mwet Israel, ac in loango mwet Israel liki ongoiya ma ac ku in sonolos elos fin tuku apkuranla nu ke Acn Mutal.”
19သူတို့သည်လည်း ပရိသတ်စည်းဝေး ရာ တဲ တော် ၌ ၊ ဣသရေလ အမျိုးသား ဆောင်ရွက်ရသောအမှု ကို ဆောင်ရွက် စေခြင်းငှါ ၎င်း ၊ ဣသရေလ အမျိုးသား တို့သည် သန့်ရှင်း ရာ ဌာနတော်သို့ ချဉ်းကပ် သောအခါ ၊ ဘေးဒဏ် နှင့် လွတ် မည်အကြောင်း ၊ အပြစ် ဖြေခြင်းကို ပြုစေခြင်းငှာ ၎င်း၊ ဣသရေလ အမျိုး ထဲ က လေဝိ သားတို့ကို၊ အာရုန် နှင့် သူ ၏သား တို့အား စွန့်ကြဲ ပေးကမ်းသည်ဟု၊
20Ouinge Moses, Aaron ac mwet Israel nukewa kisakunla mwet Levi, oana ke LEUM GOD El sapkin nu sel Moses.
20လေဝိ သားအမှု၌၊ ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူသည်အတိုင်း ၊ မောရှေ နှင့် အာရုန် အစရှိသော ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ သည် လေဝိ သားတို့ကို ပြု ကြလျှင် ၊
21Mwet Levi elos aknasnasyalos sifacna ac ohlla nuknuk lalos, ac Aaron el kisakunulos oana sie mwe kite sriyukla nu sin LEUM GOD . El oayapa oru alu in aknasnas nu selos.
21သူတို့သည် စင်ကြယ် ခြင်းသို့ရောက်၍ မိမိ တို့ အဝတ် ကို လျှော် ကြ၏။ အာရုန် သည်လည်း ၊ သူ တို့ကို ထာဝရဘုရား အား ဆက်ကပ် ၍ သူ တို့အဘို့ အပြစ် ဖြေခြင်းကို ပြုသဖြင့် စင်ကြယ် စေလေ၏။
22Mwet Israel akfalye ma nukewa ma LEUM GOD El sapkin nu sel Moses elan oru ke mwet Levi. Ouinge mwet Levi elos fal in oru orekma in Lohm Nuknuk Mutal ye koko lal Aaron ac wen natul.
22ထိုနောက်မှ လေဝိ သားတို့သည် အာရုန် နှင့် သူ ၏ သား တို့ရှေ့၌ ပရိသတ်စည်းဝေး ရာတဲ တော်အမှု ကို ဆောင်ရွက် ခြင်းငှါ ဝင် ကြ၏။ လေဝိ သားတို့အမှု၌ ထာဝရဘုရား သည် မောရှေ အားမှာထား တော်မူသည် အတိုင်း ၊ လူအပေါင်းတို့သည် ပြု ကြ၏။
23LEUM GOD El fahk nu sel Moses,
23တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
24“Kais sie mwet Levi su yac longoul limekosryak matwa, ac fah oru orekma kunal in Lohm Nuknuk Mutal sik,
24လေဝိ သားတို့သည် အသက် နှစ်ဆယ် ငါး နှစ် လွန် မှ၊ ပရိသတ်စည်းဝေး ရာ တဲ တော်အမှု ကို ဆောင်ရွက် ခြင်းငှါ ဝင် ရကြမည်။
25na el ac mongla liki orekma kunal ke el sun yac lumngaul matwa.
25အသက် ငါးဆယ် လွန်မှ အမှု လွတ် ၍ နောက်တဖန် မ ဆောင်ရွက် ဘဲ၊
26Tukun pacl sacn, el ku in kasru mwet Levi wial in oru orekma kunalos in Lohm Nuknuk Mutal, tusruktu el tia ku in sifacna orekma. Pa inge ma kom ac oakiya nu ke kulansap lun mwet Levi.”
26ပရိသတ်စည်းဝေး ရာတဲ တော်၌ မိမိ ညီအစ်ကို တို့နှင်အတူကူညီ ၍ အလှည့်လှည့်စောင့် ရကြမည်။ ထိုသို့လေဝိ သားများစောင့် ရသောအမှုကို စီရင် ရမည်ဟု မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.