Oekyuk
Chapter 3
Bible Mutal (Kosraean)
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Oekyuk 3

Bible Mutal (Kosraean)
Judson Burmese Bible (1840)
1Pa inge fwilin tulik natul Aaron ac Moses ke pacl se LEUM GOD El tuh kaskas nu sel Moses Fineol Sinai.
1ထာဝရဘုရား သည်၊ သိနာ တောင် ပေါ် မှာ မောရှ အား ဗျာဒိတ် ပေးတော်မူသောအခါ၊ အာရုန် နှင့် မောရှေ အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိ များကို မှတ်သားသည်တွင်၊
2Oasr wen akosr natul Aaron: Nadab pa matu emeet, na Abihu, Eleazar, ac Ithamar.
2အာရုန် ၏သား ဟူမူကား၊ သားဦး နာဒပ် ၊ ညီအဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။
3Elos akmusrala ac akmutalyeyukla nu ke orekma lun mwet tol.
3ဤ သူတို့ကား၊ အဘသည် ယဇ်ပုရောဟိတ် အမှုကို ဆောင်စေခြင်းငှါ ဆီလောင်းခြင်းဘိသိက်ကိုပေး ၍ အရာ၌ခန့်ထားသော အာရုန် ၏ သား ဖြစ်ကြသတည်း။
4Tusruktu Nadab ac Abihu eltal misa ke sripen eltal tuh orek kisa nu sin LEUM GOD yen mwesis Sinai, ke sie e ma tia mutal. Wangin tulik natultal, ke sripa se inge Eleazar ac Ithamar eltal oru orekma lun mwet tol ke lusen pacl Aaron el moul.
4နာဒပ် နှင့် အဘိဟု သည်၊ သိနာ တော တွင် ထာဝရဘုရား ရှေ့ တော်၌၊ ထူးခြား သောမီး ကို ပူဇော် သောအခါ ၊ ထာဝရဘုရား ရှေ့ တော်၌ သေ ကြ၏။ သူတို့၌ သား မ ရှိ သည်ဖြစ်၍၊ ဧလာဇာ နှင့် ဣသမာ သည်၊ အဘ အာရုန် ရှေ့ မှာ ယဇ်ပုရောဟိတ် အမှုကို ဆောင်ရွက်ကြ၏။
5LEUM GOD El fahk nu sel Moses,
5ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
6“Kuhlma sruf lal Levi nu meet uh, ac srisrngelosi tuh elos in mwet kulansap lal Aaron mwet tol.
6သင်သည် လေဝိ အမျိုးသား တို့ကို ခေါ် ခဲ့၍ ယဇ်ပုရောဟိတ် အာရုန် အမှု ကို ဆောင်စေခြင်းငှါ၊ အာရုန်ထံ၌နေရာ ချလော့။
7Elos ac fah oru orekma ma eneneyuk nu ke Lohm Nuknuk Mutal sik, ac kulansupu mwet tol oayapa mwet Israel nukewa.
7သူတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ မှာ၊ အာရုန်နှင့် ပရိသတ် အပေါင်း တို့ ဆောင် ရသောအမှု တည်းဟူသောတဲ တော်အမှု ကို ဆောင်ရွက် ရကြမည်။
8Elos ac fah karingin kufwen mwe orekma nukewa ke Lohm Nuknuk Mutal, ac oru orekma ke inen mwet Israel nukewa.
8သူတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော် တန်ဆာ ရှိသမျှ တို့ကို ကြည့်ရှု ပြုစု၍ ၊ ဣသရေလ အမျိုးသား ဆောင်ရသောတဲ တော်အမှု ကို ဆောင် ရကြမည်။
9Pwayena ma kunen mwet Levi pa in kulansupal Aaron ac wen natul.
9လေဝိ သားတို့ကို၊ အာရုန် နှင့် သူ ၏သား တို့၌ အပ် ရမည်။ ဣသရေလ အမျိုး ထဲက သူ တို့ကိုရွေး၍ ငါ့အား အပိုင်ပေး ရမည်။
10Kom fah srisrngilya Aaron ac wen natul in oru orekma lun mwet tol; kutena mwet saya su srike in orekma kac ac fah anwuki.”
10အာရုန် နှင့် သူ ၏သား တို့ကိုလည်း ခန့်ထား ၍၊ သူတို့သည် ယဇ်ပုရောဟိတ် အမှုကို စောင့် ရကြမည်။ သူ၏အမျိုးမှတပါး၊ အခြား သောသူသည် ချဉ်းကပ် လျှင်၊ အသေ သတ်ခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။
11LEUM GOD El fahk nu sel Moses,
11တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
12“Inge nga eis mwet Levi liki inmasrlon mwet Israel tuh elos in eis acn sin wounse nukewa nutin mwet Israel. Ouinge mwet Levi nukewa elos ma nutik,
12ဣသရေလ အမျိုး တွင် အဦး ဘွားမြင်သော သားဦး များအတွက်၊ လေဝိ သားတို့ကို ငါ ရွေး ယူသောကြောင့်၊ လေဝိ သားတို့သည် အထူးသဖြင့်ငါ ၏လူဖြစ် ရကြမည်။
13tuh wounse nukewa ma nutik. Ke nga tuh uniya wounse mukul nukewa nutin mwet Egypt, na nga akmutalye wounse mukul nukewa nutin mwet Israel tuh in ma nutik — kewana mwet ac kosro; elos fah ma nutik. Nga, LEUM GOD .”
13အကြောင်းမူကား ၊ အဲဂုတ္တု ပြည် ၌ သားဦး အပေါင်း တို့ကို ငါ သည် ဒဏ်ခတ် သောအခါ ၊ ဣသရေလ အမျိုးတွင် လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ သားဦး အပေါင်း တို့ကို ငါ့ အဖို့ ငါသန့်ရှင်း စေသောကြောင့်၊ သားဦး အပေါင်း တို့ကို အထူးသဖြင့်ငါ ပိုင် ရ၏။ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
14In acn Mwesis Sinai LEUM GOD El sapkin nu sel Moses
14တဖန် ထာဝရဘုရား သည်၊ သိနာ တော ၌ မောရှေ အား မိန့် တော်မူသည်ကား၊
15elan oakla mwet Levi fal nu ke kais sie sifen sou lulap lalos, ac elan simusla inen mukul nukewa ma malem seyak matwa.
15လေဝိ သား တို့တွင် အသက်တလ ကျော် ရှိသောယောက်ျား အပေါင်း တို့ကို အဆွေအမျိုး အလိုက် ရေတွက် လော့ဟု၊
16Na Moses el oru oana ma LEUM GOD El sapkin.
16မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် လေဝိ သားတို့ကို ရေတွက် လေ၏။
17Pa inge inen wen tolu natul Levi: Gershon, Kohath, ac Merari. Elos pa matu in sou lulap lalos, su fwilin tulik natulos ekin.
17လေဝိ သား တို့၏ နာမည် ဟူမူကား ၊ ဂေရရှုန် ၊ ကောဟတ် ၊ မေရာရိ တည်း။
18Oasr wen luo natul Gershon: Libni ac Shimei.
18မိမိ အဆွေအမျိုး အလိုက် ဂေရရှုန် သား တို့၏ အမည် ကား၊ လိဗနိ နှင့် ရှိမိ တည်း။
19Oasr wen akosr natul Kohath: Amram, Izhar, Hebron, ac Uzziel.
19မိမိ အဆွေအမျိုး အလိုက် ကောဟတ် သား တို့၏ နာမည်ကား၊ အာမရံ ၊ ဣဇဟာ ၊ ဟေဗြုန် ၊ ဩဇေလ တည်း။
20Oasr wen luo natul Merari: Mahli ac Mushi. Elos inge pa matu in sou lalos, su fwilin tulik natulos ekin, ac elos nukewa ma ke sruf lun Levi.
20မိမိ အဆွေအမျိုး အလိုက် မေရာရိ သား တို့၏ နာမည်ကား၊ မဟာလိ နှင့် မုရှိ တည်း။ ဤ သူ တို့သည်၊ မိမိ ဘိုးဘ အမျိုး အလိုက် ရေတွက်သော လေဝိ အမျိုးအနွယ် ဖြစ်ကြ၏။
21Fwilin tulik natul Libni ac fwilin tulik natul Shimei pa orala sou lulap se pangpang Gershon.
21ဂေရရှုန် မှဆင်းသက်လာသောလိဗနိ အဆွေအမျိုး ၊ ရှိမိ အဆွေအမျိုး တို့သည်၊ ဂေရရှုန် အမျိုးအနွယ် ဖြစ်ကြ၏၊
22Pisa lulap ke mukul su malem seyak matwa in sou lulap se inge oasr ke tausin itkosr ac lumfoko.
22ထိုအဆွေအမျိုးတို့ကို ရေတွက် ၍ အသက် တလ ကျော် ရှိသောယောက်ျား ပေါင်း ကား၊ ခုနစ် ထောင် ငါး ရာ ရှိသတည်း။
23Sou lulap se inge pa ac tulokunak lohm nuknuk selos tukun Lohm Nuknuk Mutal, layen roto.
23ဂေရရှုန် အဆွေအမျိုး တို့သည်၊ တဲ တော်အနောက် မျက်နှာ၌ နေရာ ချရမည်။
24Eliasaph wen natul Lael pa mwet kol lun sou lulap se inge.
24ဂေရရှုန် အဆွေအမျိုး သူကြီး ကား၊ လေလ သား ဧလျာသပ် တည်း။
25Ma kunen mwet in sou lulap lal Gershon pa in karinganang Lohm Nuknuk Mutal, mwe afyuf loac, mwe afyuf lik, ac lisrlisr nu ke acn in utyak uh,
25ဂေရရှုန် သား တို့ အငန်းအတာ ဟူမူကား၊ ပရိသတ်စည်းဝေး ရာ တဲ တော်၊ အပေါ်တဲ ၊ အပေါ်တဲ အဖုံး ၊ ပရိသတ်စည်းဝေး ရာတဲ တော်တံခါးဝ ၌ ကာသော ကုလားကာ ၊
26oayapa mwe lisrlisr ke inkul uh su rauneak Lohm Nuknuk Mutal ac loang uh, ac lisrlisr nu ke nien utyak nu inkul uh. Elos pa ac fosrngakin orekma nukewa ma kupasr nu ke ma inge.
26တဲ တော်နှင့် ယဇ်ပလ္လင် ပတ်လည် ဝင်း ကုလားကာ ၊ ဝင်း တံခါးဝ ၌ ကာသောကုလားကာ ၊ ကြိုး များ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။
27Fwil in tulik natul Amram, ac fwilin tulik natul Izhar, ac fwilin tulik natul Hebron, ac fwilin tulik natul Uzziel pa orala sou lulap se pangpang Kohath.
27ကောဟတ် မှဆင်းသက်သော အာမရံ အဆွေအမျိုး ၊ ဣဇဟာ အဆွေအမျိုး ၊ ဟေဗြုန် အဆွေအမျိုး ၊ ဩဇေလ အဆွေအမျိုး တို့သည်၊ ကောဟတ် အမျိုးအနွယ် ဖြစ်ကြ၏။
28Pisa lulap ke mukul malem seyak matwa in sou lulap se inge oasr ke tausin oalkosr ac onfoko.
28တဲ တော်ကို စောင့် သောသူ၊ ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလ ကျော် ရှိသောယောက်ျား ပေါင်း ကား၊ ရှစ် သောင်း ခြောက် ရာ ရှိသတည်း။
29Elos inge pa ac tulokunak lohm nuknuk selos layen eir ke Lohm Nuknuk Mutal,
29ကောဟတ် အဆွေအမျိုး တို့သည်၊ တဲ တော် တောင် မျက်နှာ၌ နေရာ ချရမည်။
30ac Elizaphan wen natul Uzziel pa mwet kol lun sou lulap se inge.
30ကောဟတ် အဆွေအမျိုး သူကြီး ကား၊ ဩဇေလ သား ဧလိဇာဖန် တည်း။
31Ma kunen mwet in sou lulap lal Kohath in karinganang Tuptup in Wuleang, tepu, sukan lam, loang uh, ahlu nukewa ma mwet tol elos orekmakin in Acn Mutal, ac mwe lisrlisr ke acn in utyak nu ke Acn Mutal Na Mutal. Elos pa ac fosrngakin orekma nukewa ma kupasr nu ke ma inge.
31သူ တို့အငန်းအတာ ဟူမူကား၊ သေတ္တာ ၊ စားပွဲ ၊ ယဇ်ပလ္လင် များ၊ အမှု တော်ထမ်းစရာ တဲ တော်တန်ဆာ များ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြ မည်။
32Sifen mwet Levi nukewa pa Eleazar wen natul Aaron mwet tol. El pa kololos su oru orekma in Acn Mutal.
32ယဇ်ပုရောဟိတ် အာရုန် သား ဧလာဇာ သည်၊ လေဝိ အဆွေအမျိုးသူကြီး တို့ကို အုပ်၍၊ တဲ တော်စောင့် သောသူတို့ ကို ကြည့်ရှု စီရင်ရမည်။
33Fwilin tulik natul Mahli ac fwilin tulik natul Mushi pa orala sou lulap se pangpang Merari.
33မေရာရိ မှ ဆင်းသက်သော မဟာလိ အဆွေအမျိုး ၊ မုရှိ အဆွေအမျိုး တို့သည်၊ မေရာရိ အမျိုးအနွယ် ဖြစ်ကြ၏။
34Pisa lulap ke mukul su malem seyak matwa oasr ke tausin onkosr ac luofoko.
34ထိုအဆွေအမျိုးတို့ကို ရေတွက် ၍ အသက်တလ ကျော် ရှိသောယောက်ျား ပေါင်း ကား၊ ခြောက် ထောင် ခုနစ် ရာရှိသတည်း။
35Elos inge pa ac tulokunak lohm nuknuk selos layen epang ke Lohm Nuknuk Mutal, ac Zuriel wen natul Abihail pa mwet kol lun sou lulap se inge.
35မေရာရိ အဆွေအမျိုး သူကြီး ကား၊ အဘိဟဲလ သား ဇုရေလ တည်း။ ဤသူတို့သည် တဲ တော်မြောက် မျက်နှာ၌ နေရာ ချရမည်။
36Ma kunen mwet in sou lulap lal Merari in karinganang frem ke Lohm Nuknuk Mutal, sukan brace uh, sru uh, kapin sru uh, ac kufwen mwe orekma nukewa nu kac. Elos pa ac fosrngakin orekma nukewa ma kupasr nu ke ma inge.
36မေရာရိ သား တို့ အငန်းအတာ ဟူမူကား၊ တဲ တော်ပျဉ်ပြား များ၊ ကန့်လန့်ကျင် များ၊ တိုင် များ၊ ခြေစွပ် များ၊ ထိုအရာနှင့်ဆိုင်သော တန်ဆာ များ အစရှိသည်တို့ကို၎င်း၊ ဝင်း တိုင် များ၊
37Oayapa elos pa ac fosrngakin sru uh, kapin sru uh, kwi ac sucl nu ke kalkal lik ah.
37ခြေစွပ် များ၊ တံသင် များ၊ ကြိုး များတို့ကို၎င်းကြည့်ရှု ပြုစုရကြမည်။
38Moses, Aaron ac wen natul pa ac tulokunak lohm nuknuk selos mutun Lohm Nuknuk Mutal, layen kutulap. Ma kunalos in oru orekma nukewa in Acn Mutal nu sin mwet Israel. Kutena mwet saya su srike in oru orekma inge ac tufah anwuki.
38မောရှေ နှင့် အာရုန် မှစ၍၊အာရုန် ၏ သား တို့ သည်၊ ဣသရေလ အမျိုးသား တို့အဘို့ ၊ သန့်ရှင်း ရာဌာန တော်ကို စောင့် လျက်၊ ပရိသတ်စည်းဝေး ရာတဲ တော် အရှေ့ မျက်နှာ၌ နေရာ ချရမည်။ သူတို့အမျိုးမှတပါး၊ အခြား သောသူသည် ချဉ်းကပ် လျှင် အသေ သတ်ခြင်းကိုခံရမည်။
39Pisa lulap ke mukul Levi nukewa su malem seyak matwa, su Moses el oakla ke kais sie sou lulap, fal nu ke ma LEUM GOD El tuh sapkin, oasr ke tausin longoul luo.
39ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် လေဝိ သားတို့ကို အဆွေအမျိုး အလိုက် ရေတွက် ၍၊ အသက်တလ ကျော် ရှိသောယောက်ျား အပေါင်း ကား၊ နှစ်သောင်း နှစ်ထောင်ရှိသတည်း။
40Na LEUM GOD El fahk nu sel Moses: “Oakla wounse mukul nukewa nutin mwet Israel ma malem seyak matwa, ac simusla inelos.
40တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့တွင်၊ အသက် တလ ကျော် ရှိသောသားဦး ယောက်ျား အပေါင်း တို့ကို ရေတွက် ၍ စာရင်း ယူလော့။
41Tusruktu, in aol wounse nukewa inge, nga fah eis mwet Levi tuh in ma nutik. Nga LEUM GOD . Ac nga fah eis kosro nutin mwet Levi in aol wounsien kosro nukewa nutin mwet Israel.”
41ဣသရေလ အမျိုး သားဦး အပေါင်း တို့အတွက် လေဝိ သားတို့ကို၎င်း ၊ ဣသရေလ အမျိုးသား တို့၌ တိရစ္ဆာန် သားဦး အပေါင်း တို့အတွက် လေဝိ သား တို့၌ ရှိသောတိရစ္ဆာန် များကို၎င်း၊ ငါ့ အဘို့ ယူ လော့။ ငါ သည် ထာဝရဘုရား ဖြစ်သည်ဟု၊
42Ouinge Moses el oru oana ma LEUM GOD El sapkin, ac oakla wounse mukul nukewa
42မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် ဣသရေလ အမျိုး သားဦး အပေါင်း တို့ကို ရေတွက် ၍ ၊
43malem seyak matwa. Pisalos nukewa oasr ke tausin longoul luo ac luofoko itngoul tolu.
43အသက်တလ ကျော် ရှိသောသားဦး ယောက်ျား နာမည် ပေါင်း ကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ခုနစ်ဆယ် သုံး ယောက် ရှိ သတည်း။
44LEUM GOD El fahk nu sel Moses,
44တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
45“Kom fah eis mwet Levi tuh elos in ma nutik in aol wounsien mwet Israel nukewa, ac eis kosro nukewa nutin mwet Levi in ma nutik, aoliyen wounsien kosro nukewa nutin mwet Israel. Nga LEUM GOD fahk ouinge.
45ဣသရေလ အမျိုး သားဦး အပေါင်း တို့အတွက် လေဝိ သားတို့ကို၎င်း ၊ ဣသရေလ အမျိုးသားတို့၌ တိရစ္ဆာန် များအတွက် လေဝိ သားတို့၌ရှိသောတိရစ္ဆာန် များကို၎င်းယူ လော့။ လေဝိ သားတို့သည် ငါ ၏ လူဖြစ် ရကြမည်။ ငါ သည် ထာဝရဘုရား ဖြစ်၏။
46Ke sripen wounsien mwet Israel pus liki mwet Levi ke mwet luofoko itngoul tolu, kom enenu in moli nu sik lupa yolyak sac.
46လေဝိ သားတို့ထက် ပို သော ဣသရေလ အမျိုး သားဦး နှစ်ရာ ခုနစ်ဆယ် သုံး ယောက်တို့ကို ရွေး ရမည်အမှု မှာ၊
47Molin kais sie selos pa ipin silver limekosr, fal nu srikasrak oakwuki nu kac.
47အကျပ် တော်အလိုက် လူတကိုယ်လျှင် ငါး ကျပ် စီ ခံယူ ရမည်။ အကျပ် ကား၊ ဂေရ နှစ်ဆယ် ဖြစ်သတည်း။
48Kom fah sang mani inge nu sel Aaron ac wen natul.”
48ပို သောသူတို့ပေးရသောအရွေး ငွေကို၊ အာရုန် နှင့် သူ ၏သား တို့အား ပေး ရမည်ဟု မိန့် တော်မူသည် အတိုင်း ၊
49Ouinge, Moses el akos ac eisani
49လေဝိ သားတို့နှင့် ဣသရေလ အမျိုး သားဦး တို့ကိုရွေး ၍၊ ပို သေးသော သားဦးတို့၏ အရွေး ငွေ ကို၊
50ipin silver tausin sie ac tolfoko onngoul limekosr
50မောရှေ သည် အကျပ် တော်နှင့်ချိန်လျက်၊ အခွက် တဆယ်သုံး ပိဿာခြောက်ဆယ်ငါးကျပ်ကိုယူ ပြီးလျှင် ၊
51ac sang nu sel Aaron ac wen natul, fal nu ke kas ma LEUM GOD El tuh sapkin nu sel Moses.
51ထာဝရဘုရား မှာထား တော်မူသောစကား တော်အတိုင်း ၊ ထိုအရွေး ငွေ ကို အာရုန် နှင့် သူ ၏သား တို့အား ပေး လေ၏။

Tip: use the ← and → keys to turn chapters.