וַיִּקְרָא

New Testament

מתיוסנט מארקהבְּשׂוֹרָה הַקְּדוֹשָׁה עַל־פִּי לוּקָסג'וןמַעֲשֵׂי הַשְּׁלִיחִיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הָרוֹמִיִּיםאִגֶּרֶת פּוֹלוֹס הָרִאשׁוֹנָה אֶל־הַקּוֹרִנְתִּיִּיםאִגֶּרֶת פּוֹלוֹס הָשֵּׁנִית אֶל־הַקּוֹרִנְתִּיִיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַגָּלָטִיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הָאֶפְסִיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַפִּילִפִּיִּיםאִגֶּרֶת פּוֹלוֹס הַשָּׁלִיחַ אֶל־הַקּוֹלַסִּים1 סלוניס2 סלוניס1 טימותי2 טימותיאִגֶּרֶת פּוֹלוֹס אֶל־טִיטוֹסאִגֶּרֶת פּוֹלוֹס אֶל־פִּילֵימוֹןאִגֶּרֶת אֶל־הָעִבְרִיםאִגֶּרֶת יַעֲקֹבהָאִגֶּרֶת הָרִאשׁוֹנָה לְפֶטְרוֹס הַשָּׁלִיחַהָאִגֶּרֶת הַשֵּׁנִית לְפֶטְרוֹס הַשָּׁלִיחַהָאִגֶּרֶת הָרִאשׁוֹנָה לְיוֹחָנָן הַשָּׁלִיחַהָאִגֶּרֶת הַשֵּׁנִית לְיוֹחָנָן הַשָּׁלִיחַהָאִגֶּרֶת הַשְּׁלִישִׁית לְיוֹחָנָן הַשָּׁלִיחַאִגֶּרֶת יְהוּדָהחזוֹן יוֹחָנָן
Chapter 25
Modern Hebrew Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

וַיִּקְרָא 25

Modern Hebrew Bible
Judson Burmese Bible (1840)
1וידבר יהוה אל משה בהר סיני לאמר׃
1တဖန် သိနာ တောင် ပေါ် မှာ၊ မောရှေ အား ထာဝရဘုရား က၊
2דבר אל בני ישראל ואמרת אלהם כי תבאו אל הארץ אשר אני נתן לכם ושבתה הארץ שבת ליהוה׃
2သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် ငါ ပေး သော ပြည် သို့ ရောက် သောအခါ ၊ ထိုပြည် သည် ထာဝရဘုရား အဘို့ ဥပုသ် စောင့် ရမည်။
3שש שנים תזרע שדך ושש שנים תזמר כרמך ואספת את תבואתה׃
3ခြောက် နှစ် ပတ်လုံးလယ် လုပ်လျက်၊ စပျစ် ဥယျာဉ်ကို သုတ်သင် ၍ အသီး ကို သိမ်း လျက် နေရမည်။
4ובשנה השביעת שבת שבתון יהיה לארץ שבת ליהוה שדך לא תזרע וכרמך לא תזמר׃
4သတ္တမ နှစ် သည်၊ ထာဝရဘုရား အဘို့ ဥပုသ် နှစ်၊ တပြည်လုံး ငြိမ်ဝပ် စွာနေ၍ ဥပုသ် စောင့်ရသောနှစ်ဖြစ်၏။ လယ် မ လုပ် ရ။ စပျစ် ဥယျာဉ်ကို မ သုတ်သင် ရ။
5את ספיח קצירך לא תקצור ואת ענבי נזירך לא תבצר שנת שבתון יהיה לארץ׃
5လယ်၌ အလိုလို ပေါက်သော အသီး အနှံကိုမျှ မ ရိတ် ရ။ မ သုတ်သင်သော စပျစ်ဥယျာဉ် အသီး ကိုမျှ မ ဆွတ် ရ။ တပြည်လုံး ငြိမ်ဝပ် စွာ နေရသော နှစ် ဖြစ် ၏။
6והיתה שבת הארץ לכם לאכלה לך ולעבדך ולאמתך ולשכירך ולתושבך הגרים עמך׃
6ပြည် ဥပုသ် တည်းဟူသောအလိုလို ဖြစ်ပွားသော အရာရှိသမျှသည်၊ သင်ကိုယ်မှစ၍သင် ၏ ကျွန် ၊ ကျွန် မ၊ သူငှါး ၊ ဧည့်သည် စားစရာ၊
7ולבהמתך ולחיה אשר בארצך תהיה כל תבואתה לאכל׃
7သင် ၏ ပြည် ၌ ရှိသော သားယဉ် သားရဲ စားစရာဖြစ် ရမည်။
8וספרת לך שבע שבתת שנים שבע שנים שבע פעמים והיו לך ימי שבע שבתת השנים תשע וארבעים שנה׃
8ဥပုသ် နှစ် ခုနစ် နှစ်ကို ရေတွက် ၍ ၊ ခုနှစ် နှစ် ခုနှစ် လီ တည်းဟူသောလေး ဆယ်ကိုး နှစ် စေ့ပြီးမှ၊
9והעברת שופר תרועה בחדש השבעי בעשור לחדש ביום הכפרים תעבירו שופר בכל ארצכם׃
9သတ္တမ လ ဆယ် ရက်နေ့၊ အပြစ် ဖြေခြင်းပြုရာနေ့ ၌ ၊ ယုဘိလတံပိုး ကို တပြည်လုံး မှုတ် စေရမည်။
10וקדשתם את שנת החמשים שנה וקראתם דרור בארץ לכל ישביה יובל הוא תהיה לכם ושבתם איש אל אחזתו ואיש אל משפחתו תשבו׃
10ငါး ဆယ်မြောက်သောနှစ် ကို သန့်ရှင်း စေသဖြင့် ၊ တပြည်လုံး ၌ ပြည်သား အပေါင်း တို့အား ၊ လွတ် ရာ အခွင့်ကို ကြွေးကြော် ရမည်။ ယုဘိလ နှစ်ဖြစ်၍၊ လူတိုင်း မိမိ ပိုင် သောမြေ၊ မိမိ အဆွေ အမျိုးထံ သို့ပြန် ရမည်။
11יובל הוא שנת החמשים שנה תהיה לכם לא תזרעו ולא תקצרו את ספיחיה ולא תבצרו את נזריה׃
11ငါး ဆယ်မြောက်သောနှစ် သည် ယုဘိလ နှစ် ဖြစ် သောကြောင့် လယ် မ လုပ်ရ။ အလိုလို ပေါက်သော အပင်ကိုမျှ မ ရိတ် ရ။ မ သုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မ ဆွတ် ရ။
12כי יובל הוא קדש תהיה לכם מן השדה תאכלו את תבואתה׃
12ယုဘိလ နှစ်သည် သန့်ရှင်း သော နှစ်ဖြစ်သောကြောင့် ၊ လယ် ၌ ရသောအသီး အနှံကိုသာ စား ရမည်။
13בשנת היובל הזאת תשבו איש אל אחזתו׃
13ယုဘိလ နှစ် တွင် လူ တိုင်း မိမိ ပိုင် သော မြေသို့ ပြန် ရမည်။
14וכי תמכרו ממכר לעמיתך או קנה מיד עמיתך אל תונו איש את אחיו׃
14သင်တို့သည် အချင်းချင်း ရောင်း ဝယ် မှုကို ပြုလျှင် ၊ တယောက် ကို တယောက်မ ညှဉ်းဆဲ ရ။
15במספר שנים אחר היובל תקנה מאת עמיתך במספר שני תבואת ימכר לך׃
15ယုဘိလ နှစ်လွန် ၍ လိုသေးသော နှစ် ပေါင်း၊ အသီး အနှံသီးလတံ့သော နှစ် ပေါင်းကို ရေတွက်၍ ရောင်း ဝယ်မှုကို ပြုရမည်။
16לפי רב השנים תרבה מקנתו ולפי מעט השנים תמעיט מקנתו כי מספר תבואת הוא מכר לך׃
16ထိုသို့ အသီးသီးရသောနှစ်များကို လိုက်၍ ရောင်းသောကြောင့်၊ နှစ်ပေါင်း အနည်းအများအလိုက် အဘိုး လျော့ လျက်၊ တိုး လျက် ရောင်း ဝယ်ရမည်။
17ולא תונו איש את עמיתו ויראת מאלהיך כי אני יהוה אלהיכם׃
17သင်တို့သည် တယောက် ကိုတယောက်မ ညှဉ်းဆဲ ရ။ သင် တို့၏ ဘုရား သခင်ကို ကြောက်ရွံ့ ရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
18ועשיתם את חקתי ואת משפטי תשמרו ועשיתם אתם וישבתם על הארץ לבטח׃
18သင်တို့သည် ငါ့ စီရင် ထုံးဖွဲ့ချက်တို့ကို ကျင့် စောင့်လျှင်၊ ထိုပြည် ၌ ဘေး လွတ်လျက် နေ ရကြလိမ့်မည်။
19ונתנה הארץ פריה ואכלתם לשבע וישבתם לבטח עליה׃
19မြေ သည်လည်း မိမိ အသီး အနှံကိုပေး သဖြင့် ၊ သင်တို့သည် ဝ စွာစား ၍ ဘေး လွတ်လျက် နေ ရကြ လိမ့်မည်။
20וכי תאמרו מה נאכל בשנה השביעת הן לא נזרע ולא נאסף את תבואתנו׃
20သင်တို့ကလည်း၊ သတ္တမ နှစ် တွင် ငါတို့သည် အဘယ် သို့စား ရမည်နည်း။ လယ် မ လုပ်ရ။ အသီး အနှံကို မ သိမ်း ရပါတကားဟု ဆို လျှင်၊
21וצויתי את ברכתי לכם בשנה הששית ועשת את התבואה לשלש השנים׃
21ဆဌမ နှစ် တွင် သင် တို့ကို ငါ ကောင်းကြီး ပေး၍ ၊ ထိုနှစ်တွင် သုံး နှစ် အဘို့ အသီး အနှံကို ဖြစ် စေမည်။
22וזרעתם את השנה השמינת ואכלתם מן התבואה ישן עד השנה התשיעת עד בוא תבואתה תאכלו ישן׃
22သင်တို့သည် အဋ္ဌမ နှစ် တွင် လယ် လုပ်၍ နဝမ နှစ် တွင် အသီး အနှံကို သိမ်းရာ ကာလတိုင်အောင် ဟောင်း သော အသီး အနှံကို စား ရကြမည်။
23והארץ לא תמכר לצמתת כי לי הארץ כי גרים ותושבים אתם עמדי׃
23မြေ ကို သူတပါး အစဉ် ပိုင်စေခြင်းငှါမ ရောင်း ရ။ မြေ သည် ငါ့ ဥစ္စာဖြစ်၏။ သင် တို့သည် ငါ ၌ တည်းသော ဧည့်သည် အာဂန္တုဖြစ်ကြ၏။
24ובכל ארץ אחזתכם גאלה תתנו לארץ׃
24သင် တို့သည် မြေ ကို ပိုင် လေရာရာ ၌ ရွေးနှုတ် ရသောအခွင့်ကိုပေး ရကြမည်။
25כי ימוך אחיך ומכר מאחזתו ובא גאלו הקרב אליו וגאל את ממכר אחיו׃
25သင် ၏ အမျိုးသား ချင်းသည် ဆင်းရဲ ၍၊ မိမိ ပိုင် သောမြေကို ရောင်း လျှင် ၎င်း ၊ သူ ၏ပေါက်ဘော် တစုံတယောက်သည် ဝယ်ခြင်းငှါလာ လျှင် ၎င်း၊ မိမိ ပေါက်ဘော် ရောင်း သောဥစ္စာကို ရွေးနှုတ် ရသောအခွင့်ရှိရမည်။
26ואיש כי לא יהיה לו גאל והשיגה ידו ומצא כדי גאלתו׃
26ထိုမြေကို ရွေးနှုတ်သောသူတယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနှုတ်နိုင်လျှင်၊
27וחשב את שני ממכרו והשיב את העדף לאיש אשר מכר לו ושב לאחזתו׃
27မိမိ မြေ သို့ ပြန် အံ့သောငှါ ၊ ရောင်း ၍လွန်သော နှစ် ပေါင်းကို ရေတွက် ပြီးမှ ၊ လိုသေးသော အဘိုးကို အထက်က ရောင်း ခဲ့သော သူ အား ပြန် ပေးရမည်။
28ואם לא מצאה ידו די השיב לו והיה ממכרו ביד הקנה אתו עד שנת היובל ויצא ביבל ושב לאחזתו׃
28ပြန်၍မ ပေး နိုင်လျှင် ရောင်း ခဲ့သောဥစ္စာကို ယုဘိလ နှစ် တိုင်အောင် ဝယ် သောသူလက် ၌ ရှိ စေရမည်။ ယုဘိလ နှစ်တွင် လက်လွှတ် ၍ အရှင်ဟောင်းလက်သို့ ရောက် စေရမည်။
29ואיש כי ימכר בית מושב עיר חומה והיתה גאלתו עד תם שנת ממכרו ימים תהיה גאלתו׃
29မြို့ ထဲ၌ရှိသောအိမ် ကို အိမ်ရှင်ရောင်း လျှင် ၊ တနှစ် အတွင်းတွင် ရွေးနှုတ် သော အခွင့်ရှိ စေရမည်။
30ואם לא יגאל עד מלאת לו שנה תמימה וקם הבית אשר בעיר אשר לא חמה לצמיתת לקנה אתו לדרתיו לא יצא ביבל׃
30တနှစ် အတွင်းတွင် မ ရွေးနှုတ် လျှင် ၊ ထို အိမ် ကို ဝယ် သောသူမှစ၍သားစဉ် မြေးဆက်တို့သည် အမြဲ ပိုင်ရကြမည်။ ယုဘိလ နှစ်ရောက်သော်လည်းလက်မ လွှတ် ရ။
31ובתי החצרים אשר אין להם חמה סביב על שדה הארץ יחשב גאלה תהיה לו וביבל יצא׃
31မြို့ရိုး မ ရှိ၊ ရွာ ၌ရှိသောအိမ် ကို လယ်ယာ ကဲ့သို့မှတ် ၍ ရွေးနှုတ် ရသောအခွင့်ရှိ ၏။ ယုဘိလ နှစ်ရောက်သောအခါ လက်လွှတ် ရမည်။
32וערי הלוים בתי ערי אחזתם גאלת עולם תהיה ללוים׃
32သို့ရာတွင် လေဝိ သားပိုင်သော မြို့ နှင့်မြို့ အိမ် တို့ကို၊ အဘယ် ကာလအချိန်မဆိုဘဲ ရွေးနှုတ် ရသောအခွင့်ရှိ ၏။
33ואשר יגאל מן הלוים ויצא ממכר בית ועיר אחזתו ביבל כי בתי ערי הלוים הוא אחזתם בתוך בני ישראל׃
33လေဝိ သားပိုင် သော မြို့ ကို၎င်း၊ အိမ် ကို၎င်း၊ သူတပါးဝယ်လျှင်၊ ယုဘိလ နှစ်ရောက်သောအခါ လက်လွှတ် ရမည်။ အကြောင်း မူကား၊ ဣသရေလ လူအမျိုးသားတို့တွင် လေဝိ သားတို့သည်၊ ကိုယ် နေရာ မြို့ အိမ် မှတပါး အခြားသော ဥစ္စာမရှိ။
34ושדה מגרש עריהם לא ימכר כי אחזת עולם הוא להם׃
34သို့ ဆိုသော်လည်း၊ လေဝိ သားမြို့ နယ် ၌ရှိသောလယ်ယာ တို့ကို မ ရောင်း ရ။ အစဉ် အမြဲပိုင် ရမည်။
35וכי ימוך אחיך ומטה ידו עמך והחזקת בו גר ותושב וחי עמך׃
35သင် ၏ အမျိုးသား ချင်းသည် ဆင်းရဲ ၍ လက် အားလျော့ သဖြင့် တပါး အမျိုးသားဧည့်သည် အာဂန္တု ကဲ့သို့ဖြစ်လျှင်၊ သင့် ထံ မှာနေ စေခြင်းငှါ သူ့ ကို မစ ရမည်။
36אל תקח מאתו נשך ותרבית ויראת מאלהיך וחי אחיך עמך׃
36သူ၌ အတိုး အပွားကို မ ယူ ရ။ သင် ၏ အမျိုးသား ချင်းသည် သင့် ထံ မှာနေ စေခြင်းငှါ ၊ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ့ လော့။
37את כספך לא תתן לו בנשך ובמרבית לא תתן אכלך׃
37အတိုး အပွါး ကို မြော်လင့်၍ ငွေ ကို၎င်း၊ စားစရာ ကို၎င်း၊ သူ ၌ မ ချေး မငှါးရ။
38אני יהוה אלהיכם אשר הוצאתי אתכם מארץ מצרים לתת לכם את ארץ כנען להיות לכם לאלהים׃
38ငါသည် ခါနာန် ပြည် ကို သင် တို့အား ပေး ၍ ၊ သင် တို့၏ ဘုရား သခင်ဖြစ် အံ့သောငှါ ၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
39וכי ימוך אחיך עמך ונמכר לך לא תעבד בו עבדת עבד׃
39သင် ၏ အမျိုးသား ချင်းသည် ဆင်းရဲ ၍ သင် ၌ အရောင်း ခံလျှင် ၊ အစေခံ ကျွန်ကိုပြု သကဲ့သို့သူ့ ကို အနိုင်မ ပြု ရ။
40כשכיר כתושב יהיה עמך עד שנת היבל יעבד עמך׃
40သူသည် သူငှါး ကဲ့သို့ ၎င်း၊ ဧည့်သည် ကဲ့သို့ ၎င်း၊ သင့် ထံ မှာနေ ၍ ယုဘိလ နှစ် တိုင်အောင် အစေခံ ရမည်။
41ויצא מעמך הוא ובניו עמו ושב אל משפחתו ואל אחזת אבתיו ישוב׃
41ထိုအခါ သူ သည် သား သမီးနှင့်တကွ ထွက် ၍ ၊ မိမိ အဆွေ အမျိုး၊ မိမိ ဘိုး ဘပိုင် သောမြေသို့ ပြန် ရမည်။
42כי עבדי הם אשר הוצאתי אתם מארץ מצרים לא ימכרו ממכרת עבד׃
42အကြောင်း မူကား၊ သူ တို့သည် အဲဂုတ္တု ပြည် မှ ငါနှုတ် ဆောင်သော ငါ ၏ အမှုထမ်း ဖြစ်၍၊ အစေခံ ကျွန်ဖြစ်စေခြင်းငှါ၊ မ ရောင်း ရ။
43לא תרדה בו בפרך ויראת מאלהיך׃
43သူ့ ကို ကြမ်းတမ်း စွာ မ စီရင် ရ။ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ့ ရမည်။
44ועבדך ואמתך אשר יהיו לך מאת הגוים אשר סביבתיכם מהם תקנו עבד ואמה׃
44သင် သည် စေခိုင်းသောကျွန် ၊ ကျွန် မတို့ကို၊ သင့် ပတ်လည် ဝန်းကျင်တို့၌ နေသော သာသနာပ လူတို့ တွင် ဝယ် ရမည်။
45וגם מבני התושבים הגרים עמכם מהם תקנו וממשפחתם אשר עמכם אשר הולידו בארצכם והיו לכם לאחזה׃
45ထိုမှတပါး၊ သင် တို့တွင် တည်း နေသောတကျွန်း တနိုင်ငံသားတို့ကို၎င်း၊ သင် တို့ပြည် ၌ သူတို့ရ သော သား သမီးများကို ၎င်းဝယ် ၍ ပိုင် ရမည်။
46והתנחלתם אתם לבניכם אחריכם לרשת אחזה לעלם בהם תעבדו ובאחיכם בני ישראל איש באחיו לא תרדה בו בפרך׃
46သူတို့သည် ကျွန်သားပေါက်ဖြစ်၍၊ သင် တို့နှင့် သင် တို့သား သမီးတို့သည် အမွေ ခံ၍ ပိုင် ရမည်။ ကိုယ် အမျိုးသား ချင်းတည်းဟူသောဣသရေလ အမျိုးသား ဖြစ်လျှင်၊ တယောက် ကိုတယောက်ကြမ်းတမ်း စွာ မ စီရင် ရ။
47וכי תשיג יד גר ותושב עמך ומך אחיך עמו ונמכר לגר תושב עמך או לעקר משפחת גר׃
47သင့် အနား မှာတည်းနေသောတကျွန်း တနိုင်ငံသားသည် ငွေရတတ် ၍ သူ ၏အနား မှာနေသောသင် ၏ အမျိုးသားချင်း ဆင်းရဲ သဖြင့် ၊ သင့် အနား မှာ တည်းနေသောတကျွန်း တနိုင်ငံသား၌ ၎င်း၊ သူ၏ သား မြေး၌ ၎င်း၊ ကိုယ်ကိုရောင်းချ လျှင်၊
48אחרי נמכר גאלה תהיה לו אחד מאחיו יגאלנו׃
48ရောင်း ပြီးမှ ရွေးနှုတ် သော အခွင့်ရှိ စေရမည်။ မိမိ အမျိုးသား တစုံ တယောက်သည် ရွေးနှုတ် ရမည်။
49או דדו או בן דדו יגאלנו או משאר בשרו ממשפחתו יגאלנו או השיגה ידו ונגאל׃
49ဘကြီး ၊ ဘထွေး၊ ညီအစ်ကို တော်မှစ၍အဆွေ အမျိုးပေါက်ဘော် ရင်း တစုံတယောက်သည် ရွေးနှုတ် ရမည်။ ကိုယ်တိုင်တတ်နိုင် လျှင်လည်း ကိုယ်ကိုရွေးနှုတ် ရမည်။
50וחשב עם קנהו משנת המכרו לו עד שנת היבל והיה כסף ממכרו במספר שנים כימי שכיר יהיה עמו׃
50သခင်နှင့် ကျွန်တို့သည်၊ ရောင်း ဝယ်သော နှစ် မှစ၍ ယုဘိလ နှစ် တိုင်အောင် နှစ်ပေါင်းကို ရေတွက် ပြီးလျှင် ၊ နှစ်ပေါင်းအနည်းအများကိုထောက်၍၎င်း၊ သူငှါး လုပ် ရသည် ကာလ ကို ထောက်၍၎င်း၊ ကိုယ် အဘိုး ကို စီရင် ရမည်။
51אם עוד רבות בשנים לפיהן ישיב גאלתו מכסף מקנתו׃
51ယုဘိလ နှစ် မ ရောက်မှီ၊ အစေခံရသောနှစ် ပေါင်း အနည်း အများကို ရေတွက် ၍၊
52ואם מעט נשאר בשנים עד שנת היבל וחשב לו כפי שניו ישיב את גאלתו׃
52လိုသေးသော နှစ် ပေါင်း အနည်းအများ အလိုက် ရွေးရန်အဘိုးကို၊ ဝယ် ရင်းငွေ ထဲက နှုတ် ၍ ပြန် ပေး ရမည်။
53כשכיר שנה בשנה יהיה עמו לא ירדנו בפרך לעיניך׃
53ထိုသူသည် တနှစ် နောက်တနှစ်၊ သူငှါး ကဲ့သို့ နေ ရမည်။ သင့် မျက်မှောက် ၌ ညှဉ်းဆဲ ခြင်းကို မ ခံရ။
54ואם לא יגאל באלה ויצא בשנת היבל הוא ובניו עמו׃
54ထိုသို့သောနည်းဖြင့် မ ရွေး မနှုတ်လျှင် ၊ ယုဘိလ နှစ် ရောက်သောအခါ ၊ သူ့ ကို သား မယားနှင့်တကွ သခင်လက်မှ လွှတ် ရမည်။
55כי לי בני ישראל עבדים עבדי הם אשר הוצאתי אותם מארץ מצרים אני יהוה אלהיכם׃
55အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည်၊ ငါ ၏ အမှုထမ်း ဖြစ်ကြ၏။ အဲဂုတ္တု ပြည် မှ ငါနှုတ် ဆောင်ခဲ့သော ငါ၏ အမှုထမ်းဖြစ်ကြ၏။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။

Tip: use the ← and → keys to turn chapters.