וַיִּקְרָא 9
Modern Hebrew BibleTranslation
Modern Hebrew Bible
Judson Burmese Bible (1840)
1ויהי ביום השמיני קרא משה לאהרן ולבניו ולזקני ישראל׃
1အဋ္ဌမ နေ့ ၌ မောရှေ သည် အာရုန် နှင့် သူ ၏သား များ၊ ဣသရေလ အမျိုးအသက် ကြီးသူများတို့ကို ခေါ် ၍၊
2ויאמר אל אהרן קח לך עגל בן בקר לחטאת ואיל לעלה תמימם והקרב לפני יהוה׃
2အာရုန် အား ၊ သင် သည် အပြစ် ဖြေရာယဇ်ဘို့ အပြစ်မပါသော နွား သငယ် တကောင်၊ မီးရှို့ ရာ ယဇ်ဘို့ အပြစ် မပါသော သိုး ထီးတကောင်ကိုယူ ၍ ထာဝရဘုရား ရှေ့ တော်၌ ပူဇော် လော့။
3ואל בני ישראל תדבר לאמר קחו שעיר עזים לחטאת ועגל וכבש בני שנה תמימם לעלה׃
3ဣသရေလ အမျိုးသား တို့အား လည်း သင်တို့သည် အပြစ် ဖြေရာယဇ်ဘို့ ဆိတ် သငယ် တကောင်၊ မီး ရှို့ရာယဇ်ဘို့ အပြစ် မပါ အခါ မလည်သော နွား သငယ်တကောင်၊ သိုး သငယ်တကောင်
4ושור ואיל לשלמים לזבח לפני יהוה ומנחה בלולה בשמן כי היום יהוה נראה אליכם׃
4ထာဝရဘုရား ရှေ့ တော်၌ ပူဇော် သော မိဿဟာယ ယဇ်ဘို့ နွား ထီးတကောင်၊ သိုး ထီးတကောင်၊ ဆီ နှင့် ရော သော ဘောဇဉ်ပူဇော်သက္ကာ ကို ယူ ကြလော့။ ယနေ့ ထာဝရဘုရား သည် သင် တို့အား ထင်ရှား တော်မူမည်ကို ပြော လော့ဟု ဆို လေ၏။
5ויקחו את אשר צוה משה אל פני אהל מועד ויקרבו כל העדה ויעמדו לפני יהוה׃
5မောရှေ မှာ ထားသောအရာတို့ကို ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ သို့ ဆောင် ခဲ့ပြီးမှ ၊ ပရိသတ် အပေါင်း တို့သည် ချဉ်းကပ် ၍ ထာဝရဘုရား ရှေ့ တော်၌ ရပ် နေကြ၏။
6ויאמר משה זה הדבר אשר צוה יהוה תעשו וירא אליכם כבוד יהוה׃
6မောရှေ ကလည်း ၊ သင်တို့သည် ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ဤသို့ ပြု ကြ၍ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် သင် တို့အား ထင်ရှား မည်ဟူ၍၎င်း၊
7ויאמר משה אל אהרן קרב אל המזבח ועשה את חטאתך ואת עלתך וכפר בעדך ובעד העם ועשה את קרבן העם וכפר בעדם כאשר צוה יהוה׃
7အာရုန် အား လည်း ၊ သင်သည် ယဇ် ပလ္လင်သို့ သွား ၍ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သင် ၏ အပြစ် ဖြေရာယဇ်၊ မီး ရှို့ရာယဇ်ကို ပူဇော် သဖြင့် ၊ သင် နှင့် လူ များအတွက် အပြစ် ဖြေခြင်းကို ပြုလော့။ လူ များ ဆောင်ယူခဲ့သော ပူဇော် သက္ကာကိုလည်း ပူဇော် ၍ ၊ သူ တို့အတွက် အပြစ် ဖြေခြင်းကို ပြုလော့ဟူ၍၎င်း ဆိုလေ၏။
8ויקרב אהרן אל המזבח וישחט את עגל החטאת אשר לו׃
8အာရုန် သည်လည်း ၊ ယဇ် ပလ္လင်သို့ သွား ၍ မိမိ နှင့် ဆိုင်သော အပြစ် ဖြေရာယဇ် နွား သငယ်ကိုသတ် လေ၏။
9ויקרבו בני אהרן את הדם אליו ויטבל אצבעו בדם ויתן על קרנות המזבח ואת הדם יצק אל יסוד המזבח׃
9သူ၏ သား တို့လည်း အသွေး ကို ယူဆောင် ခဲ့သဖြင့် ၊ အာရုန်သည် မိမိ လက်ညှိုး ကို အသွေး ၌ နှစ် ၍ ယဇ် ပလ္လင်ဦးချို တို့၌ ထည့် ပြီးမှ ၊ ကြွင်းသောအသွေး ကို ယဇ် ပလ္လင်ခြေရင်း နား၌ သွန် လေ၏။
10ואת החלב ואת הכלית ואת היתרת מן הכבד מן החטאת הקטיר המזבחה כאשר צוה יהוה את משה׃
10အပြစ် ဖြေရာ ယဇ်ကောင်ဆီဥ ၊ ကျောက်ကပ် ၊ အသည်း ပေါ် ၌ရှိသောအမြှေး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။ ထိုသို့ ထာဝရဘုရား သည် မောရှေ အားမှာ ထား တော်မူ၏။
11ואת הבשר ואת העור שרף באש מחוץ למחנה׃
11အသား နှင့် အရေ ကို တပ် ပြင် မှာ မီး ရှို့ လေ၏။
12וישחט את העלה וימצאו בני אהרן אליו את הדם ויזרקהו על המזבח סביב׃
12မီး ရှို့ရာယဇ်ကောင်ကိုလည်း သတ် ၍ ၊ သူ၏သား တို့သည် အသွေး ကို ဆက် ပြီးလျှင် ၊ သူသည် ယဇ် ပလ္လင်အပေါ် ပတ်လည် ၌ ဖြန်း လေ၏။
13ואת העלה המציאו אליו לנתחיה ואת הראש ויקטר על המזבח׃
13သူတို့သည် မီး ရှို့ရာယဇ်ကောင်သားတစ် များနှင့် ခေါင်း ကိုဆက် ၍ ၊ သူသည် ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။
14וירחץ את הקרב ואת הכרעים ויקטר על העלה המזבחה׃
14ဝမ်းထဲ ၌ရှိသောအရာများနှင့် ခြေ တို့ကို ဆေးကြော ၍ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရာယဇ်နှင့်အတူ ရှို့ လေ၏။
15ויקרב את קרבן העם ויקח את שעיר החטאת אשר לעם וישחטהו ויחטאהו כראשון׃
15လူ များ ပူဇော် သက္ကာကိုလည်း ဆောင် ခဲ့၍ ၊ လူ များအပြစ် ဖြေရာယဇ်ဖြစ်သော ဆိတ် ကိုယူ သတ် ပြီးလျှင် ၊ ရှေ့ နည်းအတူအပြစ် အတွက် ပူဇော်လေ၏။
16ויקרב את העלה ויעשה כמשפט׃
16မီး ရှို့ရာ ယဇ်ကောင်ကိုလည်း ဆောင် ခဲ့၍ ၊ ထိုနည်းတူပူဇော် လေ၏။
17ויקרב את המנחה וימלא כפו ממנה ויקטר על המזבח מלבד עלת הבקר׃
17ဘောဇဉ်ပူဇော်သက္ကာ ကိုလည်း ဆောင် ခဲ့ပြီးလျှင် ၊ တလက်ဆွန်းကိုယူ၍ ယဇ် ပလ္လင်၌ နံနက် မီး ရှို့ရာယဇ်နားမှာ မီး ရှို့လေ၏။
18וישחט את השור ואת האיל זבח השלמים אשר לעם וימצאו בני אהרן את הדם אליו ויזרקהו על המזבח סביב׃
18လူ များအတွက် မိဿဟာယ ယဇ် နွား ထီး၊ သိုး ထီးကိုလည်း သတ် ၍ ၊ သူ၏ သား တို့သည် အသွေး ကို ဆက် ပြီးလျှင် ၊ သူသည် ယဇ် ပလ္လင်အပေါ် ပတ်လည် ၌ ဖြန်း လေ၏။
19ואת החלבים מן השור ומן האיל האליה והמכסה והכלית ויתרת הכבד׃
19အမြီး နှင့်တကွ အအူကိုဖုံး သော ဆီဥ၊ ကျောက်ကပ် ၊ အသည်း အမြှေး တည်းဟူသောသိုး နွား ဆီဥ ကို၊
20וישימו את החלבים על החזות ויקטר החלבים המזבחה׃
20ရင်ပတ် ပေါ် မှာ တင် ၍ ယဇ် ပလ္လင်၌ မီး ရှို့လေ၏။
21ואת החזות ואת שוק הימין הניף אהרן תנופה לפני יהוה כאשר צוה משה׃
21ရင်ပတ် နှင့် လက်ျာ ပခုံး ကို ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ၍၊ ချီလွှဲ သော ပူဇော်သက္ကာကို ပြုလေ၏။ ထိုသို့ ပြုရမည်ဟု မောရှေ မှာ ထားသတည်း။
22וישא אהרן את ידו אל העם ויברכם וירד מעשת החטאת והעלה והשלמים׃
22အာရုန် သည် မိမိ လက် ကို လူ များရှေ့ သို့ ချီ လျက် ၊ ကောင်းကြီး ပေး၍ ၊ အပြစ် ဖြေရာယဇ်၊ မီး ရှို့ရာယဇ်၊ မိဿဟာယ ယဇ်ကို ပူဇော်ရာမှ ဆင်း လေ၏။
23ויבא משה ואהרן אל אהל מועד ויצאו ויברכו את העם וירא כבוד יהוה אל כל העם׃
23တဖန် မောရှေ နှင့် အာရုန် တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်ထဲ သို့ ဝင် ၍ ထွက် ပြီးမှ ၊ လူ များကို ကောင်းကြီး ပေးသဖြင့် ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် လူ များတို့အား ထင်ရှား လေ၏။
24ותצא אש מלפני יהוה ותאכל על המזבח את העלה ואת החלבים וירא כל העם וירנו ויפלו על פניהם׃
24ထာဝရဘုရား ထံ တော်မှ မီး ထွက် ၍ ယဇ် ပလ္လင်ပေါ် မှာရှိသော မီး ရှို့ရာယဇ်နှင့်ဆီဥ ကို လောင် လေ၏။ ထိုအကြောင်းအရာကို လူ များတို့သည် မြင် သောအခါ ကြွေးကြော် ၍ ပြပ်ဝပ် ကြ၏။
Tip: use the ← and → keys to turn chapters.