וַיִּקְרָא 14
Modern Hebrew BibleTranslation
Modern Hebrew Bible
Judson Burmese Bible (1840)
1וידבר יהוה אל משה לאמר׃
1တဖန် မောရှေ အား ထာဝရဘုရား က၊
2זאת תהיה תורת המצרע ביום טהרתו והובא אל הכהן׃
2နူနာ စွဲသောသူသည် စင်ကြယ် စေသောနေ့ ၌ ကျင့်ရသောတရား ဟူမူကား၊
3ויצא הכהן אל מחוץ למחנה וראה הכהן והנה נרפא נגע הצרעת מן הצרוע׃
3ထိုသူကို ယဇ်ပုရောဟိတ် ထံ သို့ခေါ် ခဲ့ပြီးမှ ယဇ် ပုရောဟိတ်သည်၊ တပ် ပြင် သို့ ထွက် ၍ ကြည့်ရှု သောအခါ ၊ နူနာ ပျောက် သည်မှန်လျှင်
4וצוה הכהן ולקח למטהר שתי צפרים חיות טהרות ועץ ארז ושני תולעת ואזב׃
4စင်ကြယ် စေခြင်းကို ခံရသောထိုသူအဘို့ ၊ အသက် ရှင်၍ စင်ကြယ် သော ငှက် နှစ် ကောင်၊ အာရဇ် သစ်သား ၊ နီမောင်း သောကြိုး ၊ ဟုဿုပ် ပင်ညွန့်တို့ကို မှာ လိုက်၍၊
5וצוה הכהן ושחט את הצפור האחת אל כלי חרש על מים חיים׃
5စီး သောရေ ကိုထည့်သော မြေ အိုး ထဲ ၌ငှက် တကောင် ကိုသတ် စေပြီးမှ၊
6את הצפר החיה יקח אתה ואת עץ הארז ואת שני התולעת ואת האזב וטבל אותם ואת הצפר החיה בדם הצפר השחטה על המים החיים׃
6အာရဇ် သစ်သား ၊ နီမောင်း သောကြိုး ၊ ဟုဿုပ် ပင်ညွန့်နှင့်တကွ ၊ အသက် ရှင်သော ငှက် ကိုယူ ၍ ၊ ငှက် သွေး ရောပြီးသော ရေ ၌ နှစ် ပြီးလျှင်၊
7והזה על המטהר מן הצרעת שבע פעמים וטהרו ושלח את הצפר החיה על פני השדה׃
7နူနာစင်ကြယ် စေရသော လူအပေါ် မှာ ခုနစ် ကြိမ် တိုင်အောင်ဖြန်း ၍ ၊ ထိုသူ သည် စင်ကြယ် သည်ဟု စီရင်ရမည်။ ထိုနောက် အသက် ရှင်သော ငှက် ကို ဟင်းလင်း သော အရပ် ၌ လွှတ် လိုက်ရမည်။
8וכבס המטהר את בגדיו וגלח את כל שערו ורחץ במים וטהר ואחר יבוא אל המחנה וישב מחוץ לאהלו שבעת ימים׃
8စင်ကြယ် စေရသောသူသည် မိမိ အဝတ် ကို လျှော် ၍ ၊ မိမိ ဆံပင် ကို အကုန် အစင်ရိတ် ပြီးမှ ၊ စင်ကြယ် စေခြင်းငှါ ရေချိုး ရမည်။ ထိုနောက် ၊ တပ် ထဲ သို့ ဝင် ၍ ၊ မိမိ တဲ ပြင် ၌ ခုနစ် ရက် နေ ရမည်။
9והיה ביום השביעי יגלח את כל שערו את ראשו ואת זקנו ואת גבת עיניו ואת כל שערו יגלח וכבס את בגדיו ורחץ את בשרו במים וטהר׃
9သတ္တမ နေ့ ၌ မိမိ ဆံပင် ၊ မုတ်ဆိတ် ၊ မျက်ခုန်းမွေး အစရှိသော ကိုယ်မွေး ရှိသမျှ ကို ရိတ် ၍၊ မိမိ အဝတ် ကို လျှော် ပြီးမှ ၊ ရေချိုး ၍ စင်ကြယ် ရ၏။
10וביום השמיני יקח שני כבשים תמימים וכבשה אחת בת שנתה תמימה ושלשה עשרנים סלת מנחה בלולה בשמן ולג אחד שמן׃
10အဋ္ဌမ နေ့ ၌ လည်း ၊ အပြစ် မရှိ၊ အခါ မလည်သော သိုးသငယ် အထီးနှစ် ကောင်၊ အမ တကောင် ကို၎င်း ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့၊ ဆီ ရော သော မုန့်ညက် သုံး ဩမဲနှင့် ဆီ တ လောဃ ကို၎င်း ယူ ပြီးလျှင်၊
11והעמיד הכהן המטהר את האיש המטהר ואתם לפני יהוה פתח אהל מועד׃
11စင်ကြယ် စေသော ယဇ် ပုရောဟိတ်သည်၊ စင်ကြယ် စေအပ်သော လူ ကို၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား၊ ထာဝရဘုရား ရှေ့ တော်၌ ထိုပူဇော်သက္ကာနှင့်တကွ ဆက် ရမည်။
12ולקח הכהן את הכבש האחד והקריב אתו לאשם ואת לג השמן והניף אתם תנופה לפני יהוה׃
12သိုးသငယ် အထီးတကောင် ကို ယူ ပြီးလျှင် ဒုစရိုက် ဖြေရာယဇ်ဘို့ ပူဇော် ၍ ၊ ထာဝရဘုရား ရှေ့ တော် ၌ ချီလွှဲ သော ပူဇော်သက္ကာဘို့ ဆီ တလောဃ နှင့်တကွ ချီလွှဲ ရမည်။
13ושחט את הכבש במקום אשר ישחט את החטאת ואת העלה במקום הקדש כי כחטאת האשם הוא לכהן קדש קדשים הוא׃
13ထိုသိုးသငယ် ကို အပြစ် ဖြေရာ ယဇ်ကောင်၊ မီး ရှို့ရာယဇ်ကောင်ကိုသတ် ရာအရပ် ၊ သန့်ရှင်း ရာဌာန ၌ သတ် ရမည်။ အကြောင်း မူကား၊ အပြစ် ဖြေရာ ယဇ်ကောင်ကို၊ ယဇ်ပုရောဟိတ် ယူပိုင်သကဲ့သို့ ဒုစရိုက် ဖြေရာယဇ်ကောင်ကို ယူပိုင်၏။ အလွန်သန့်ရှင်း ပေ၏။
14ולקח הכהן מדם האשם ונתן הכהן על תנוך אזן המטהר הימנית ועל בהן ידו הימנית ועל בהן רגלו הימנית׃
14ယဇ် ပုရောဟိတ်သည် ဒုစရိုက် အပြစ်ဖြေရာ ယဇ်ကောင်အသွေး ကိုယူ ၍ စင်ကြယ် စေရသောသူ၏ လက်ျာ နား ပျဉ်း ၌ ၎င်း၊ လက်ျာ လက်မ ၊ လက်ျာ ခြေမ ၌ ၎င်း ၊ ထည့် ရမည်။
15ולקח הכהן מלג השמן ויצק על כף הכהן השמאלית׃
15ဆီအချို့ကိုလည်း ယူ၍၊ မိမိလက်ဝဲလက်ဝါး၌ လောင်းပြီးလျှင်၊
16וטבל הכהן את אצבעו הימנית מן השמן אשר על כפו השמאלית והזה מן השמן באצבעו שבע פעמים לפני יהוה׃
16ထို ဆီ ကို မိမိ လက်ျာ လက်ညှိုး နှင့် တို့ယူ၍ ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ကြိမ် တိုင်အောင်ဖြန်း ရမည်။
17ומיתר השמן אשר על כפו יתן הכהן על תנוך אזן המטהר הימנית ועל בהן ידו הימנית ועל בהן רגלו הימנית על דם האשם׃
17မိမိ လက် ၌ ကြွင်း သောဆီ ကို စင်ကြယ် စေရသောသူ ၏ လက်ျာ နား ပျဉ်း ၌ ၎င်း၊ လက်ျာ လက်မ ၊ လက်ျာ ခြေမ ၌ ၎င်း ရှိသောဒုစရိုက် ဖြေရာ ယဇ်ကောင်အသွေး အပေါ် မှာ ထည့် ရမည်။
18והנותר בשמן אשר על כף הכהן יתן על ראש המטהר וכפר עליו הכהן לפני יהוה׃
18မိမိလက် ၌ ကြွင်း သေးသောဆီ ကို၊ စင်ကြယ် စေရသောသူ ၏ခေါင်း ပေါ် မှာ လောင်း ၍ ထိုသူ အဘို့ အပြစ် ဖြေခြင်းကို ထာဝရဘုရား ရှေ့ တော်၌ ပြုရမည်။
19ועשה הכהן את החטאת וכפר על המטהר מטמאתו ואחר ישחט את העלה׃
19ထိုမှတပါး၊ စင်ကြယ် စေရသော သူအဘို့ အပြစ် ဖြေခြင်းငှါ ၊ အပြစ် ဖြေရာယဇ်ကို ပူဇော် ၍ ၊ နောက် တဖန် မီး ရှို့ရာယဇ်ကောင်ကိုသတ် ရမည်။
20והעלה הכהן את העלה ואת המנחה המזבחה וכפר עליו הכהן וטהר׃
20မီး ရှို့ရာယဇ်ကောင်နှင့် ဘောဇဉ်ပူဇော်သက္ကာ ကို ယဇ် ပလ္လင်ပေါ် မှာ ပူဇော် သဖြင့် ထိုလူအဘို့ အပြစ် ဖြေခြင်းကို ပြု၍ ၊ သူသည်သန့်ရှင်း ရ၏။
21ואם דל הוא ואין ידו משגת ולקח כבש אחד אשם לתנופה לכפר עליו ועשרון סלת אחד בלול בשמן למנחה ולג שמן׃
21ထိုသူ သည် ဆင်းရဲ ၍ ဤမျှလောက်မ တတ် နိုင်လျှင် ၊ ချီလွှဲ ၍ မိမိ အပြစ် ဖြေခြင်းကို ပြုစရာဘို့ ၊ ဒုစရိုက် ဖြေရာယဇ် သိုးငယ် တကောင် ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ဆီ ရော သော မုန့်ညက် တဩမဲနှင့် ဆီ တလောဃ ကို၎င်း၊
22ושתי תרים או שני בני יונה אשר תשיג ידו והיה אחד חטאת והאחד עלה׃
22တတ်နိုင် သမျှအတိုင်း ၊ ခို နှစ် ကောင်၊ သို့မဟုတ် ချိုး ကလေး နှစ် ကောင်၊ အပြစ် ဖြေရာ ယဇ်ဘို့တကောင် ၊ မီး ရှို့ရာယဇ်ဘို့တကောင် ကို၎င်းယူ၍၊
23והביא אתם ביום השמיני לטהרתו אל הכהן אל פתח אהל מועד לפני יהוה׃
23မိမိ စင်ကြယ် ခြင်းအလိုငှါ ၊ ထာဝရဘုရား ရှေ့ တော်တွင် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား၊ ယဇ်ပုရောဟိတ် ထံ သို့၊ အဋ္ဌမ နေ့ ၌ ဆောင် ခဲ့ပြီးမှ၊
24ולקח הכהן את כבש האשם ואת לג השמן והניף אתם הכהן תנופה לפני יהוה׃
24ယဇ် ပုရောဟိတ်သည် ဒုစရိုက် အပြစ်ဖြေရာ ယဇ်သိုးသငယ် နှင့် ဆီ တလောဃ ကို ယူ ၍ ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ရာပူဇော်သက္ကာဘို့ ချီလွှဲ ရမည်။
25ושחט את כבש האשם ולקח הכהן מדם האשם ונתן על תנוך אזן המטהר הימנית ועל בהן ידו הימנית ועל בהן רגלו הימנית׃
25ထိုသိုးသငယ် ကိုသတ် ပြီးလျှင် ၊ အသွေး ကိုယူ ၍ စင်ကြယ် စေရသောသူ၏ လက်ျာ နား ပျဉ်း ၌ ၎င်း၊ လက်ျာ လက်မ ၊ လက်ျာ ခြေမ ၌ ၎င်း ထည့် ရမည်။
26ומן השמן יצק הכהן על כף הכהן השמאלית׃
26ဆီ အချို့ကိုလည်း မိမိလက်ဝဲ လက်ဝါး ၌ လောင်း ပြီးလျှင်၊
27והזה הכהן באצבעו הימנית מן השמן אשר על כפו השמאלית שבע פעמים לפני יהוה׃
27ထို ဆီ ကို မိမိ လက်ျာ လက်ညှိုး နှင့် ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ကြိမ် တိုင်အောင်ဖြန်း ရမည်။
28ונתן הכהן מן השמן אשר על כפו על תנוך אזן המטהר הימנית ועל בהן ידו הימנית ועל בהן רגלו הימנית על מקום דם האשם׃
28မိမိ လက် ၌ ကြွင်းသောဆီ ကို စင်ကြယ် စေရသောသူ၏ လက်ျာ နား ပျဉ်း ၌ ၎င်း၊ လက်ျာ လက်မ ၊ လက်ျာ ခြေမ ၌ ၎င်း ရှိသောဒုစရိုက် ဖြေရာ ယဇ်ကောင်အသွေး ပေါ် မှာထည့် ၍၊
29והנותר מן השמן אשר על כף הכהן יתן על ראש המטהר לכפר עליו לפני יהוה׃
29မိမိ၌ ကြွင်း သေးသော ဆီ ကို ထိုလူခေါင်း အပေါ် မှာ လောင်း ၍၊ သူ့ အဘို့ အပြစ် ဖြေခြင်းကို ထာဝရဘုရား ရှေ့ တော်၌ ပြုရမည်။
30ועשה את האחד מן התרים או מן בני היונה מאשר תשיג ידו׃
30ထိုသူသည် တတ် နိုင်သမျှအတိုင်း ခို နှစ်ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ်ကောင်ဖြစ်စေ၊
31את אשר תשיג ידו את האחד חטאת ואת האחד עלה על המנחה וכפר הכהן על המטהר לפני יהוה׃
31အပြစ် ဖြေရာယဇ်ဘို့ တကောင် ၊ ဘောဇဉ်ပူဇော်သက္ကာ နှင့်တကွ မီး ရှို့ရာယဇ်ဘို့တကောင် ကို ဆောင်ခဲ့၍၊ ယဇ် ပုရောဟိတ်သည် ပူဇော်လျက်၊ ထိုသူအဘို့ အပြစ် ဖြေခြင်းကို ထာဝရဘုရား ရှေ့ တော်၌ ပြုရမည်။
32זאת תורת אשר בו נגע צרעת אשר לא תשיג ידו בטהרתו׃
32ဤ ရွေ့ကား၊ နူနာ စွဲ၍ မိမိ စင်ကြယ် စေ ခြင်းငှါ မ တတ် နိုင်အောင် ဆင်းရဲသောသူနှင့် ဆိုင်သော တရား ဖြစ်သတည်းဟု မိန့်တော်မူ၏။
33וידבר יהוה אל משה ואל אהרן לאמר׃
33ထာဝရဘုရား သည် မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊
34כי תבאו אל ארץ כנען אשר אני נתן לכם לאחזה ונתתי נגע צרעת בבית ארץ אחזתכם׃
34သင် တို့ပိုင် ထိုက်ရာ၊ ငါ ပေး သော ခါနာန် ပြည် သို့ သင်တို့ရောက် သောအခါ ၊ သင် တို့နေရာ ထိုပြည် တွင် အိမ် တစုံတခု၌ နူနာ ကို ငါစွဲစေလျှင် ၎င်း
35ובא אשר לו הבית והגיד לכהן לאמר כנגע נראה לי בבית׃
35အိမ်ရှင်သည် ယဇ်ပုရောဟိတ် ထံ သို့သွား ၍ ၊ အကျွန်ုပ် အိမ် ကို နူနာ စွဲဟန် ရှိပါ၏ဟု ပြောဆို လျှင် ၎င်း၊
36וצוה הכהן ופנו את הבית בטרם יבא הכהן לראות את הנגע ולא יטמא כל אשר בבית ואחר כן יבא הכהן לראות את הבית׃
36ထို အိမ် ၌ ရှိသမျှ တို့သည်၊ မ စင်ကြယ် ရာသို့ ရောက်မည်ကို စိုးရိမ်၍၊ ယဇ် ပုရောဟိတ်သည် နူနာ ကို အကြည့် အရှုမ ဝင်မှီ၊ ရှိသမျှကို ထုတ် စေခြင်းငှါ စီရင် ရမည်။ ထိုနောက် ယဇ် ပုရောဟိတ်သည် ထိုအိမ် ကို အကြည့် အရှုဝင် ၍၊
37וראה את הנגע והנה הנגע בקירת הבית שקערורת ירקרקת או אדמדמת ומראיהן שפל מן הקיר׃
37အနာ ကို ကြည့်ရှု သောအခါ ၊ ကျောက်ထရံ ချိုင့်ရာတို့၌ ခပ်စိမ်းစိမ်း ၊ ခပ်နီနီ ဖြစ်၍၊ ကျောက်ထရံ ထဲ ၌အနာစွဲဟန် ရှိလျှင်၊
38ויצא הכהן מן הבית אל פתח הבית והסגיר את הבית שבעת ימים׃
38အိမ် တံခါး ပြင်သို့ ထွက် ၍ ၊ ထိုအိမ် ကို ခုနစ် ရက် ပတ်လုံးပိတ် ထားရမည်။
39ושב הכהן ביום השביעי וראה והנה פשה הנגע בקירת הבית׃
39သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် အကြည့် အရှုလာ ၍ ၊ ကျောက်ထရံ ၌ အနာ တိုးပွား လျှင်၊
40וצוה הכהן וחלצו את האבנים אשר בהן הנגע והשליכו אתהן אל מחוץ לעיר אל מקום טמא׃
40အနာ စွဲသော ကျောက် တို့ကို နှုတ် ပယ်၍ ၊ မြို့ ပြင် မ စင်ကြယ်သော အရပ် ၌ ပစ် ထားစေခြင်းငှါ ယဇ် ပုရောဟိတ် စီရင် ၍၊
41ואת הבית יקצע מבית סביב ושפכו את העפר אשר הקצו אל מחוץ לעיר אל מקום טמא׃
41ထိုအိမ် ကို အတွင်း ပတ်လည်၌ ခြစ် စေရမည်။ ခြစ် ၍ကျသော အမှုန့် ကိုလည်း မြို့ ပြင် မ စင်ကြယ်သောအရပ် ၌ သွန် ပစ်ရမည်။
42ולקחו אבנים אחרות והביאו אל תחת האבנים ועפר אחר יקח וטח את הבית׃
42အရင်ကျောက် အစား ၌ အခြား သော ကျောက် ကိုယူ ၍ ထည့်ပြီးလျှင် ၊ အသစ် သော အင်္ဂတေနှင့် မွမ်းမံ ရမည်။
43ואם ישוב הנגע ופרח בבית אחר חלץ את האבנים ואחרי הקצות את הבית ואחרי הטוח׃
43ထိုသို့ ကျောက် ကို နှုတ် ပယ်၍ အိမ် ကိုခြစ် ခြင်း၊ အသစ်မွမ်းမံ ခြင်းကို ပြုပြီးမှ ၊ တဖန် အနာစွဲ ပြန်လျှင်၊
44ובא הכהן וראה והנה פשה הנגע בבית צרעת ממארת הוא בבית טמא הוא׃
44ယဇ်ပုရောဟိတ် လည်း အကြည့် အရှုလာ ၍ ထိုအိမ် ၌ အနာ တိုးပွါး သည် မှန်လျှင်၊ စားတတ်သော နူနာ ဖြစ်၏။ ထိုအိမ် သည် မစင်ကြယ် သောကြောင့်၊
45ונתץ את הבית את אבניו ואת עציו ואת כל עפר הבית והוציא אל מחוץ לעיר אל מקום טמא׃
45ကျောက် ၊ သစ်သား ၊ အင်္ဂတေ ရှိသမျှ ကို ဖြိုဖျက် ၍ ၊ မြို့ ပြင် မ စင်ကြယ်သော အရပ် သို့ ယူ သွားရမည်။
46והבא אל הבית כל ימי הסגיר אתו יטמא עד הערב׃
46ထိုမှတပါး၊ ထိုအိမ်ကို ပိတ် ထားသည် ကာလ ပတ်လုံး ၊ အထဲ သို့ ဝင် မိသောသူသည်၊ ညဦး တိုင်အောင် မ စင်ကြယ်။
47והשכב בבית יכבס את בגדיו והאכל בבית יכבס את בגדיו׃
47ထိုအိမ် ၌ အိပ် သောသူ၊ စား သောက်သောသူသည်၊ မိမိ အဝတ် ကို လျှော် ရမည်။
48ואם בא יבא הכהן וראה והנה לא פשה הנגע בבית אחרי הטח את הבית וטהר הכהן את הבית כי נרפא הנגע׃
48ယဇ် ပုရောဟိတ်သည် အကြည့် အရှုလာ သောအခါ ၊ အိမ် ကို အသစ်မွမ်းမံ ပြီးမှ အနာ မ တိုးပွါး လျှင် ၊ အနာ ပျောက် သောကြောင့် ထိုအိမ် သည် စင်ကြယ် ၏ဟု စီရင်ရမည်။
49ולקח לחטא את הבית שתי צפרים ועץ ארז ושני תולעת ואזב׃
49ထိုအိမ် ကို စင်ကြယ် စေခြင်းငှါ ငှက် နှစ် ကောင်၊ အာရဇ် သစ်သား ၊ နီမောင်း သောကြိုး ၊ ဟုဿုပ် ပင်ညွန့် တို့ကိုယူ ၍၊
50ושחט את הצפר האחת אל כלי חרש על מים חיים׃
50စီး သောရေ ကို ထည့်သောမြေ အိုး ထဲ ၌ငှက် တကောင် ကိုသတ် ပြီးမှ၊
51ולקח את עץ הארז ואת האזב ואת שני התולעת ואת הצפר החיה וטבל אתם בדם הצפר השחוטה ובמים החיים והזה אל הבית שבע פעמים׃
51အာရဇ် သစ်သား ၊ ဟုဿုပ် ပင်ညွှန့်၊ နီ သောကြိုး ၊ အသက် ရှင်သော ငှက် ကို ယူ ၍ ငှက် သွေး ရောသော ရေ ၌ နှစ် ပြီးလျှင် ၊ ထိုအိမ် ကို ခုနစ် ကြိမ် တိုင်အောင်ဖြန်း ရမည်။
52וחטא את הבית בדם הצפור ובמים החיים ובצפר החיה ובעץ הארז ובאזב ובשני התולעת׃
52ထိုသို့ ငှက် သွေး အစရှိသည်တို့နှင့် ထိုအိမ် ကို စင်ကြယ် စေပြီးမှ၊
53ושלח את הצפר החיה אל מחוץ לעיר אל פני השדה וכפר על הבית וטהר׃
53အသက် ရှင်သော ငှက် ကို မြို့ ပြင် ဟင်းလင်း သောအရပ် ၌ လွှတ် လိုက်၍ ၊ ထိုအိမ် အဘို့ ၊ အပြစ် ဖြေ ခြင်းကို ပြုလျှင် ၊ စင်ကြယ် ခြင်း ရှိလိမ့်မည်။
54זאת התורה לכל נגע הצרעת ולנתק׃
54ဤ ရွေ့ကား၊ စင်ကြယ် သည်၊ မ စင်ကြယ်သည်ကို ပိုင်းခြား ၍ သိစေခြင်းငှါ၊ ဗောက်နူနာ အစရှိသော နူနာ အမျိုးမျိုး ၊ အဝတ် ၌ စွဲသောနူနာ ၊ အိမ် ၌ စွဲသောနူနာ၊ အဖူး ၊ ယားနာ ၊ နူကွက် နှင့်ဆိုင်သော နူနာ တရား ဖြစ်သတည်းဟု မိန့် တော်မူ၏။
55ולצרעת הבגד ולבית׃
no verse 55 in this text
56ולשאת ולספחת ולבהרת׃
no verse 56 in this text
57להורת ביום הטמא וביום הטהר זאת תורת הצרעת׃
no verse 57 in this text
Tip: use the ← and → keys to turn chapters.