ΠΡΟΣ ΡΩΜΑΙΟΥΣ
Chapter 15

ΠΡΟΣ ΡΩΜΑΙΟΥΣ

Greek New Testament: Tex…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

ΠΡΟΣ ΡΩΜΑΙΟΥΣ 15

Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Ὀφείλομεν δὲ ἡμεῖς οἱ δυνατοὶ τὰ ἀσθενήματα τῶν ἀδυνάτων βαστάζειν, καὶ μὴ ἑαυτοῖς ἀρέσκειν.
1သို့ဖြစ်၍ ၊ အားရှိ သောငါ တို့သည် ကိုယ် အလို သို့မ လိုက်၊ အားနည်း သောသူ တို့၏ အားနည်း ခြင်းကို သည်းခံ ရကြမည်။
2Ἕκαστος γὰρ ἡμῶν τῷ πλησίον ἀρεσκέτω εἰς τὸ ἀγαθὸν πρὸς οἰκοδομήν.
2ထိုသို့ ငါ ရှိသမျှသည်ကိုယ် နှင့်စပ်ဆိုင်သော သူ၏ အကျိုး ကို ထောက်၍ ၊ သူ့ကိုတည်ဆောက် စေခြင်းငှာ သူ၏ အလို သို့ လိုက်ကြကုန်အံ့။
3Καὶ γὰρ ὁ Χριστὸς οὐχ ἑαυτῷ ἤρεσεν, ἀλλά, καθὼς γέγραπται, Οἱ ὀνειδισμοὶ τῶν ὀνειδιζόντων σε ἐπέπεσον ἐπ᾿ ἐμέ.
3အကြောင်းမူကား ၊ ခရစ်တော် သည်ကိုယ် အလို သို့မ လိုက်။ ကျမ်းစာ လာသည်အတိုင်း ကဲ့ရဲ့ ခြင်းကို ခံရတော်မူ၏။ ကိုယ်တော် ကို ကဲ့ရဲ့ သော သူ တို့၏စကားသည် အကျွန်ုပ် အပေါ်သို့ ရောက် ပါ၏ဟု ကျမ်းစာလာ သတည်း။
4Ὅσα γὰρ προεγράφη, εἰς τὴν ἡμετέραν διδασκαλίαν προεγράφη, ἵνα διὰ τῆς ὑπομονῆς καὶ τῆς παρακλήσεως τῶν γραφῶν τὴν ἐλπίδα ἔχωμεν.
4ငါ တို့သည် ကျမ်းစာ ၌ပါသောသည်းခံ ခြင်း၊ သက်သာ ခြင်းအကြောင်းများကိုအမှီပြု ၍ မြော်လင့် ရ သော အခွင့်ရှိစေခြင်းငှာ ၊ ကျမ်းစာ၌ အထက်ကရေး ထားသမျှ သည် ငါ တို့ကို ဆုံးမ ဩဝါဒပေး၍ ရေး ထားသတည်း။
5Ὁ δὲ Θεὸς τῆς ὑπομονῆς καὶ τῆς παρακλήσεως δῴη ὑμῖν τὸ αὐτὸ φρονεῖν ἐν ἀλλήλοις κατὰ Χριστὸν Ἰησοῦν·
5သင်တို့သည် ငါ တို့ သခင် ယေရှု ခရစ် ၏ ခမည်းတော် တည်းဟူသောဘုရားသခင် ကို တစ် ညီတစ်ညွတ်တည်း နှုတ် မြွက်၍ ချီးမွမ်း စေခြင်းငှာ ၊
6ἵνα ὁμοθυμαδὸν ἐν ἑνὶ στόματι δοξάζητε τὸν Θεὸν καὶ πατέρα τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ
6ယေရှု ခရစ် ၏အလိုတော်အတိုင်း အချင်းချင်း စိတ်တစ်ညီတစ်ညွတ်တည်းရှိကြမည်အကြောင်း၊ သည်းခံ ခြင်း၊ သက်သာ ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနားတော်မူပါစေသော။
7Διὸ προσλαμβάνεσθε ἀλλήλους, καθὼς καὶ ὁ Χριστὸς προσελάβετο ἡμᾶς, εἰς δόξαν Θεοῦ.
7ခရစ်တော် သည် ဘုရားသခင် ၏ဘုန်း တော်ကို ထင်ရှားစေလျက်၊ သင် တို့ကိုလက်ခံ တော်မူသည်နည်းတူ ၊ သင်တို့သည် တစ်ယောက် ကိုတစ်ယောက်လက်ခံ ကြလော့။
8Λέγω δέ, Ἰησοῦν Χριστὸν διάκονον γεγενῆσθαι περιτομῆς ὑπὲρ ἀληθείας Θεοῦ, εἰς τὸ βεβαιῶσαι τὰς ἐπαγγελίας τῶν πατέρων·
8တဖန်ငါ ဆိုသည်ကား ၊ ယေရှုခရစ် သည် ဘုရားသခင် ၏ သစ္စာ တော်ကို ထောက် ၍၊ ဘိုးဘေး များခံရသော ဂတိ တော်တို့ကိုတည် စေခြင်းငှာ ၊
9τὰ δὲ ἔθνη ὑπὲρ ἐλέους δοξάσαι τὸν Θεόν, καθὼς γέγραπται, Διὰ τοῦτο ἐξομολογήσομαί σοι ἐν ἔθνεσι, καὶ τῷ ὀνόματί σου ψαλῶ.
9အရေဖျားလှီးခြင်းကိုခံသော သူတို့၏အမှုကို ဆောင်ရွက်တော်မူ၏။ တစ်ပါး အမျိုးသားတို့သည်လည်း ၊ ဘုရားသခင် ၏ကရုဏာ တော်ကို အံ့ဩချီးမွမ်း ကြလိမ့်မည်။ ထိုသို့နှင့်အညီ ကျမ်းစာလာ သည်ကား၊ ထိုကြောင့် တစ်ပါး အမျိုးသားတို့တွင် ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်း ၍၊ နာမ တော်ကို ထောမနာ သီချင်း ဆိုပါမည်ဟု လာသတည်း။
10Καὶ πάλιν λέγει, Εὐφράνθητε, ἔθνη, μετὰ τοῦ λαοῦ αὐτοῦ.
10တစ်ဖန် လာသည်ကား ၊ တစ်ပါး အမျိုးသားတို့၊ သင်တို့သည် ဘုရားသခင် ၏လူမျိုး နှင့်အတူ ဝမ်းမြောက် ခြင်းရှိကြလော့ဟုလာ၏။
11Καὶ πάλιν, Αἰνεῖτε τὸν Κύριον πάντα τὰ ἔθνη, καὶ ἐπαινέσατε αὐτὸν πάντες οἱ λαοί.
11တစ်ဖန် ကား ၊ လူမျိုး အပေါင်း တို့၊ ထာဝရ ဘုရားကို ချီးမွမ်း ကြလော့။ လူ အနွယ်အပေါင်း တို့၊ အလွန်ချီးမွမ်း ကြလော့ဟုလာ၏။
12Καὶ πάλιν Ἠσαΐας λέγει, Ἔσται ἡ ῥίζα τοῦ Ἰεσσαί, καὶ ὁ ἀνιστάμενος ἄρχειν ἐθνῶν· ἐπ᾿ αὐτῷ ἔθνη ἐλπιοῦσιν.
12တစ်ဖန် ဟေရှာယ ဆို သည်ကား ၊ ယေရှဲ ၏ အမြစ် ပေါက် ၍ တစ်ပါး အမျိုးသားတို့ကို အုပ်စိုး ခြင်းငှာပေါ်ထွန်း သောသူ ဖြစ်လိမ့်မည်။ ထိုသူ ကို တစ်ပါး အမျိုးသားတို့သည် ကိုးစား ကြလိမ့်မည်ဟုဆိုသတည်း။
13Ὁ δὲ Θεὸς τῆς ἐλπίδος πληρώσαι ὑμᾶς πάσης χαρᾶς καὶ εἰρήνης ἐν τῷ πιστεύειν, εἰς τὸ περισσεύειν ὑμᾶς ἐν τῇ ἐλπίδι, ἐν δυνάμει πνεύματος ἁγίου.
13သင် တို့သည်သန့်ရှင်း သောဝိညာဉ် တော်၏ တန်ခိုး အားဖြင့် မြော်လင့် ခြင်းပါရမီနှင့် ကြွယ်ဝ စေခြင်းငှာ၊ ယုံကြည် သောစိတ်ရှိ၍ ဝမ်းမြောက် သက်သာ ခြင်းအမျိုးမျိုး တို့နှင့် ပြည့်စုံ မည်အကြောင်း၊ မျှော်လင့် ခြင်း၏အရှင်၊ ဘုရားသခင် သည် ကယ်မသနားတော်မူပါစေသော။
14Πέπεισμαι δέ, ἀδελφοί μου, καὶ αὐτὸς ἐγὼ περὶ ὑμῶν, ὅτι καὶ αὐτοὶ μεστοί ἐστε ἀγαθωσύνης, πεπληρωμένοι πάσης γνώσεως, δυνάμενοι καὶ ἀλλήλους νουθετεῖν.
14ညီအစ်ကို တို့၊ သင်တို့သည် ကောင်း သောပကတိ သဘောနှင့် ပြည့်စုံ ၍ အရာရာ တို့ကို သိ နားလည်သဖြင့် ၊ အချင်းချင်း ဆုံးမ ခြင်းငှာ တတ်နိုင် သည်ကို ငါသဘောကျ လျက်ရှိ၏။
15Τολμηρότερον δὲ ἔγραψα ὑμῖν, ἀδελφοί, ἀπὸ μέρους, ὡς ἐπαναμιμνῄσκων ὑμᾶς, διὰ τὴν χάριν τὴν δοθεῖσάν μοι ὑπὸ τοῦ Θεοῦ,
15သို့သော်လည်း ၊ သန့်ရှင်း သောဝိညာဉ် တော်သည် သန့်ရှင်း စေတော်မူသော နှစ်သက် ဘွယ်ရာ ပူဇော်သက္ကာတည်းဟူသောတစ်ပါး အမျိုးသားတို့ကို ပူဇော် ခြင်းငှာ ငါသည် ဘုရားသခင် ၏ ဧဝံဂေလိ တရားကိုဟောပြောသောအမှုကို ဆောင်ရွက်၍၊
16εἰς τὸ εἶναί με λειτουργὸν Ἰησοῦ Χριστοῦ εἰς τὰ ἔθνη, ἱερουργοῦντα τὸ εὐαγγέλιον τοῦ Θεοῦ, ἵνα γένηται ἡ προσφορὰ τῶν ἐθνῶν εὐπρόσδεκτος, ἡγιασμένη ἐν πνεύματι ἁγίῳ.
16တစ်ပါး အမျိုးသားတို့တွင် ယေရှု ခရစ် ၏ အမှုဆောင် ဖြစ် မည်အကြောင်း ၊ ဘုရားသခင် သည် ငါ ၌အပ်ပေး တော်မူသော ကျေးဇူး တော်ကို ငါ အမှီပြု ၍၊ ညီအစ်ကိုတို့၊ သင် တို့ကို သတိပေး လျက်သာ၍ရဲရင့် စွာ ရေး လိုက်ပါ၏။
17Ἔχω οὖν καύχησιν ἐν Χριστῷ Ἰησοῦ τὰ πρὸς Θεόν.
17ထိုကြောင့် ၊ ဘုရားသခင် နှင့် စပ်ဆိုင် သောအရာ တို့၌ ငါသည် ယေရှု ခရစ် ကို အမှီပြု ၍ ဝါကြွား ဝမ်းမြောက်ခြင်းအကြောင်းရှိ ၏။
18Οὐ γὰρ τολμήσω λαλεῖν τι ὧν οὐ κατειργάσατο Χριστὸς δι᾿ ἐμοῦ, εἰς ὑπακοὴν ἐθνῶν, λόγῳ καὶ ἔργῳ,
18တစ်ပါး အမျိုးသားတို့သည် စကား အားဖြင့်၎င်း၊ အကျင့် အားဖြင့်၎င်း၊ နားထောင် စေခြင်းငှာ ၊ ခရစ်တော် သည် နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုများ၌ ပါသောတန်ခိုး ၊ သန့်ရှင်းသော ဝိညာဉ် တော်၏ တန်ခိုး ကိုပြ၍၊ ငါ့ အားဖြင့် ပြု တော်မူသမျှ တို့ကိုသာ ငါပြော ဝံ့ ၏။
19ἐν δυνάμει σημείων καὶ τεράτων, ἐν δυνάμει πνεύματος Θεοῦ· ὥστε με ἀπὸ Ἱερουσαλὴμ καὶ κύκλῳ μέχρι τοῦ Ἰλλυρικοῦ πεπληρωκέναι τὸ εὐαγγέλιον τοῦ Χριστοῦ·
19ထိုကျေးဇူးတော်ကိုအမှီပြုလျက်၊ ငါ သည် ယေရုရှလင် မြို့မှစ၍ ဣလုရိတ် ပြည်တိုင်အောင် ပတ်ဝန်းကျင် အရပ်တို့၌ ခရစ်တော် ၏ ဧဝံဂေလိ တရားကို အကုန်အစင် ဟောပြောခဲ့ပြီ။
20οὕτω δὲ φιλοτιμούμενον εὐαγγελίζεσθαι, οὐχ ὅπου ὠνομάσθη Χριστός, ἵνα μὴ ἐπ᾿ ἀλλότριον θεμέλιον οἰκοδομῶ·
20ထိုသို့ အခြား သူတည်သော တိုက်မြစ် အပေါ်မှာ ငါ ထပ်၍ မ တည်မဆောက်။ ခရစ်တော် ၏နာမ ကို မ ကြားဘူးသော အရပ် ၌ ဧဝံဂေလိ တရားကိုဟောခြင်းငှာစေတနာစိတ်နှင့် ငါကြိုးစား အားထုတ်လေ့ရှိ၏။
21ἀλλά, καθὼς γέγραπται, Οἷς οὐκ ἀνηγγέλη περὶ αὐτοῦ, ὄψονται· καὶ οἳ οὐκ ἀκηκόασι συνήσουσι.
21ထိုသို့နှင့်အညီကျမ်းစာလာ သည်ကား၊ ထိုသူ ၏ အကြောင်း ကို အဘယ်သူ မျှ မပြ ဘူးသော်လည်း ၊ သူတို့ သည် မြင် ကြလိမ့်မည်။ မ ကြား ဘူးသောသူ တို့သည် နားလည် ကြလိမ့်မည်ဟု လာသတည်း။
22Διὸ καὶ ἐνεκοπτόμην τὰ πολλὰ τοῦ ἐλθεῖν πρὸς ὑμᾶς·
22ထိုကြောင့် သင် တို့ရှိရာသို့ ငါလာ ရသော အခွင့် မရှိ။ အဆီးအတား များ လှ ပြီ။
23νυνὶ δὲ μηκέτι τόπον ἔχων ἐν τοῖς κλίμασι τούτοις, ἐπιποθίαν δὲ ἔχων τοῦ ἐλθεῖν πρὸς ὑμᾶς ἀπὸ πολλῶν ἐτῶν,
23ယခု မူကား ၊ ဤ အရပ် တို့၌ အခွင့် မ ရ သည်ဖြစ်၍၊ သင် တို့ရှိရာသို့ သွား ခြင်းငှာတာရှည် စွာ ကာလ ပတ်လုံးအလို ရှိ သောကြောင့် ၊
24ὡς ἐὰν πορεύωμαι εἰς τὴν Σπανίαν, ἐλεύσομαι πρὸς ὑμᾶς· ἐλπίζω γὰρ διαπορευόμενος θεάσασθαι ὑμᾶς, καὶ ὑφ᾿ ὑμῶν προπεμφθῆναι ἐκεῖ, ἐὰν ὑμῶν πρῶτον ἀπὸ μέρους ἐμπλησθῶ.
24စပါနိ ပြည်သို့ ငါသွား သောအခါ၊ လမ်းခရီး၌ သင် တို့ကို တွေ့မြင် ၍ သင်တို့နှင့်အတူပေါင်းဘော်လျက် အတန် အရာအလို ပြည့်စုံ ပြီးမှ၊ ထို ပြည်သို့သင်တို့ ပို့ဆောင် ခြင်းကျေးဇူးကို ခံမည်ဟု မြော်လင့် ၏။
25Νυνὶ δὲ πορεύομαι εἰς Ἱερουσαλήμ, διακονῶν τοῖς ἁγίοις.
25ယခု အခါ သန့်ရှင်း သူ တို့ကိုလုပ်ကျွေး ၍၊ ယေရုရှလင် မြို့သို့ ငါသွား ရမည်။
26Εὐδόκησαν γὰρ Μακεδονία καὶ Ἀχαΐα κοινωνίαν τινὰ ποιήσασθαι εἰς τοὺς πτωχοὺς τῶν ἁγίων τῶν ἐν Ἱερουσαλήμ.
26အကြောင်းမူကား ၊ မာကေဒေါနိ ပြည်သားတို့နှင့် အခါယ ပြည်သားတို့သည်၊ ယေရုရှလင် မြို့၌ ဆင်းရဲ သော သန့်ရှင်း သူ တို့အား ဥစ္စာကို ဝေမျှ၍ စေတနာ စိတ်နှင့် လှူ ကြပြီ။
27Εὐδόκησαν γάρ, καὶ ὀφειλέται αὐτῶν εἰσιν. Εἰ γὰρ τοῖς πνευματικοῖς αὐτῶν ἐκοινώνησαν τὰ ἔθνη, ὀφείλουσι καὶ ἐν τοῖς σαρκικοῖς λειτουργῆσαι αὐτοῖς.
27စေတနာ စိတ်ရှိသည်ဟုဆိုသော်၊ ထိုသူတို့သည် ကျေးဇူးတင်သောသူဖြစ်ကြ၏။ အကြောင်းမူကား ၊ တစ်ပါး အမျိုးသားတို့သည် ဓမ္မဥစ္စာ ကို ယုဒအမျိုးသားတို့နှင့် ဆက်ဆံ ၍ခံရသည်မှန်လျှင် ၊ လောကီဥစ္စာ ကို လှူ၍ လုပ်ကျွေး အပ် ၏။
28Τοῦτο οὖν ἐπιτελέσας, καὶ σφραγισάμενος αὐτοῖς τὸν καρπὸν τοῦτον, ἀπελεύσομαι δι᾿ ὑμῶν εἰς τὴν Σπανίαν.
28ထိုကြောင့် ၊ ဤ အမှုကို ငါဆောင်ရွက် ၍ ဤ အလှူ လက်ဆောင်ကို လုံခြုံ စေပြီးလျှင်၊ သင်တို့အနား မှာ ရှောက်၍ စပါနိ ပြည်သို့ သွား မည်။
29Οἶδα δὲ ὅτι ἐρχόμενος πρὸς ὑμᾶς ἐν πληρώματι εὐλογίας τοῦ εὐαγγελίου τοῦ Χριστοῦ ἐλεύσομαι.
29သင် တို့ရှိရာသို့ ငါရောက် သောအခါ ၊ ခရစ်တော် ၏ ဧဝံဂေလိတရား၌ ပါသောကောင်းကြီး မင်္ဂလာပြည့်စုံ ခြင်းနှင့် ရောက်လာ မည်ကို ငါသိ ၏။
30Παρακαλῶ δὲ ὑμᾶς, ἀδελφοί, διὰ τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ, καὶ διὰ τῆς ἀγάπης τοῦ πνεύματος, συναγωνίσασθαί μοι ἐν ταῖς προσευχαῖς ὑπὲρ ἐμοῦ πρὸς τὸν Θεόν·
30ငါသည်ဘုရားသခင် ၏ အလို တော်အတိုင်း ဝမ်းမြောက် သော စိတ်နှင့် သင် တို့ရှိရာသို့ ရောက် ၍ သင် တို့နှင့်အတူသက်သာ ခြင်းကို ခံစားလိုသောငှာ ၊
31ἵνα ῥυσθῶ ἀπὸ τῶν ἀπειθούντων ἐν τῇ Ἰουδαίᾳ, καὶ ἵνα ἡ διακονία μου ἡ εἰς Ἱερουσαλὴμ εὐπρόσδεκτος γένηται τοῖς ἁγίοις·
31ယုဒ ပြည်၌ ငြင်းဆန် သောသူ တို့လက်မှ ငါလွတ် မည်အကြောင်း ၊ ယေရုရှလင် မြို့အား ငါ လုပ်ကျွေး ခြင်း အမှုကို သန့်ရှင်း သူ တို့သည် နှစ်သက် မည်အကြောင်း ၊ ညီအစ်ကို တို့၊ သင်တို့သည် ငါ နှင့်အတူကြိုးစား အားထုတ်၍ ငါ့ အဘို့ အလိုငှာ ဘုရားသခင် ကို ဆုတောင်း ပဌနာပြုကြလော့ဟု ငါ တို့သခင် ယေရှု ခရစ် နှင့် ဝိညာဉ် တော်၏ မေတ္တာ ကရုဏာကို အကြောင်းပြု၍ သင် တို့ကို ငါတိုက်တွန်း နှိုးဆော်ပါ၏။
32ἵνα ἐν χαρᾷ ἔλθω πρὸς ὑμᾶς διὰ θελήματος Θεοῦ, καὶ συναναπαύσωμαι ὑμῖν.
32ငြိမ်သက် ခြင်း၏အရှင်၊ ဘုရားသခင် သည်
33Ὁ δὲ Θεὸς τῆς εἰρήνης μετὰ πάντων ὑμῶν. Ἀμήν.
33သင် တို့ရှိသမျှ နှင့်အတူ တည်နေတော်မူပါစေသော။ အာမင်

Tip: use the ← and → keys to turn chapters.