ΚΑΤΑ ΜΑΤΘΑΙΟΝ 11
Greek New Testament: Textus ReceptusOriginal language
Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Καὶ ἐγένετο ὅτε ἐτέλεσεν ὁ Ἰησοῦς διατάσσων τοῖς δώδεκα μαθηταῖς αὐτοῦ, μετέβη ἐκεῖθεν τοῦ διδάσκειν καὶ κηρύσσειν ἐν ταῖς πόλεσιν αὐτῶν.
1ထိုသို့တစ်ကျိပ် နှစ်ပါးသောတပည့် တော်တို့ကို အကုန်အစင် မှာထား တော်မူပြီးလျှင် ၊ မြို့ ရွာများတို့၌ ဆုံးမ ဩဝါဒပေးခြင်းငှာ၎င်း ၊ သိတင်းကြားပြော ခြင်းငှာ၎င်း၊ ထို အရပ်မှ ကြွ တော်မူ၏။
2Ὁ δὲ Ἰωάννης ἀκούσας ἐν τῷ δεσμωτηρίῳ τὰ ἔργα τοῦ Χριστοῦ, πέμψας δύο τῶν μαθητῶν αὐτοῦ,
2ခရစ်တော် ပြုတော်မူသောအမှု တို့ကို ယောဟန် သည်ထောင် ထဲမှာ ကြား သောအခါ၊ မိမိ တပည့် နှစ် ယောက်ကို စေလွှတ် ၍၊ ကိုယ်တော် သည် ကြွလာ သောသူ မှန် သလော။
3εἶπεν αὐτῷ, Σὺ εἶ ὁ ἐρχόμενος, ἢ ἕτερον προσδοκῶμεν;
3သို့မဟုတ် အခြား သောသူကိုမြော်လင့် ရပါမည်လောဟု မေးလျှောက် စေ၏။
4Καὶ ἀποκριθεὶς ὁ Ἰησοῦς εἶπεν αὐτοῖς, Πορευθέντες ἀπαγγείλατε Ἰωάννῃ ἃ ἀκούετε καὶ βλέπετε·
4ယေရှု ကလည်း ၊ သင်တို့သည် ကြား ရသမျှ မြင် ရသမျှတို့ကိုသွား ၍ ယောဟန် အား ကြားလျှောက် ကြလော့။
5τυφλοὶ ἀναβλέπουσι, καὶ χωλοὶ περιπατοῦσι, λεπροὶ καθαρίζονται, καὶ κωφοὶ ἀκούουσι, νεκροὶ ἐγείρονται, καὶ πτωχοὶ εὐαγγελίζονται·
5မျက်စိ ကန်းသောသူတို့သည် မျက်စိမြင် ရကြ၏။ ခြေမစွမ်း သောသူတို့သည် လှမ်းသွား ရကြ၏။ နူနာစွဲ သောသူတို့သည် သန့်ရှင်း ခြင်းသို့ ရောက်ရကြ၏။ နားပင်း သောသူတို့သည် နားကြား ရကြ၏။ သေ သောသူ တို့သည် ထမြောက် ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသား တို့သည်လည်း ဝမ်းမြောက် စရာသိတင်းကို ကြားရ ကြ၏။
6καὶ μακάριός ἐστιν, ὃς ἐὰν μὴ σκανδαλισθῇ ἐν ἐμοί.
6ငါ့ ကြောင့် စိတ် မ ပျက်သောသူ သည် မင်္ဂလာ ရှိ ၏ဟု ပြန်ပြော တော်မူ၏။
7Τούτων δὲ πορευομένων, ἤρξατο ὁ Ἰησοῦς λέγειν τοῖς ὄχλοις περὶ Ἰωάννου, Τί ἐξήλθετε εἰς τὴν ἔρημον θεάσασθαι; Κάλαμον ὑπὸ ἀνέμου σαλευόμενον;
7ထိုသူ တို့သည် သွား ကြသည်နောက် ယေရှု သည် ယောဟန် ကိုအကြောင်း ပြု၍ ပရိသတ် တို့အား ၊ သင်တို့သည် အဘယ် မည်သောအရာကို ကြည့်ရှုခြင်းငှာတော သို့ ထွက်သွား ကြသနည်း။ လေ လှုပ် သော ကျူပင် ကို ကြည့်ရှု ခြင်းငှာသွားသလော။
8Ἀλλὰ τί ἐξήλθετε ἰδεῖν; Ἄνθρωπον ἐν μαλακοῖς ἱματίοις ἠμφιεσμένον; Ἰδού, οἱ τὰ μαλακὰ φοροῦντες ἐν τοῖς οἴκοις τῶν βασιλέων εἰσίν.
8သို့မဟုတ် နူးညံ့ သောအဝတ်ကို ဝတ်ဆင် သောသူ ကို ကြည့်ရှုခြင်းငှာ သွား သလော။ နူးညံ့ သော အဝတ်ကို ဝတ်ဆင် သောသူ တို့သည် မင်း အိမ် ၌ နေ တတ်ကြ၏။
9Ἀλλὰ τί ἐξήλθετε ἰδεῖν; Προφήτην; Ναί, λέγω ὑμῖν, καὶ περισσότερον προφήτου.
9ပရောဖက် ကို ကြည့်ရှုခြင်းငှာ သွား သလော။ မှန် ပေ၏။ ပရောဖက် ထက် ကြီးမြတ်သောသူလည်း ဖြစ် သည်ဟု ငါဆို ၏။
10Οὗτος γάρ ἐστι περὶ οὗ γέγραπται, Ἰδού, ἐγὼ ἀποστέλλω τὸν ἄγγελόν μου πρὸ προσώπου σου, ὃς κατασκευάσει τὴν ὁδόν σου ἔμπροσθέν σου.
10ကျမ်းစာ၌လာ သည်ကား၊ ကြည့်ရှု လော့။ သင် သွားရာလမ်း ကိုပြင် ရသောငါ ၏တမန် ကိုသင့် ရှေ့ ၌ငါ စေလွှတ် ၏ဟု ဆိုရာ၌ ထိုသူ ကိုဆိုလို သတည်း။
11Ἀμὴν λέγω ὑμῖν, οὐκ ἐγήγερται ἐν γεννητοῖς γυναικῶν μείζων Ἰωάννου τοῦ βαπτιστοῦ· ὁ δὲ μικρότερος ἐν τῇ βασιλείᾳ τῶν οὐρανῶν μείζων αὐτοῦ ἐστιν.
11ငါအမှန် ဆို သည်ကား၊ မိန်းမ မွေး သောသူတို့တွင် ဗတ္တိဇံ ဆရာယောဟန် ထက်ကြီးမြတ် သောသူ တစ်ယောက်မျှ မ ပေါ် မထွန်းသေး။ သို့သော်လည်း ကောင်းကင် နိုင်ငံ တော်တွင် အငယ်ဆုံး သောသူသည် ထိုသူ ထက် သာ၍ကြီးမြတ်၏။
12Ἀπὸ δὲ τῶν ἡμερῶν Ἰωάννου τοῦ βαπτιστοῦ ἕως ἄρτι ἡ βασιλεία τῶν οὐρανῶν βιάζεται, καὶ βιασταὶ ἁρπάζουσιν αὐτήν.
12ဗတ္တိဇံ ဆရာယောဟန် လက်ထက် မှစ၍ ယခု တိုင်အောင် ကောင်းကင် နိုင်ငံ တော်ကို အနိုင် အထက်ပြုသော သူတို့သည်လည်း လုယူ ဝင်စား ရကြ၏။
13Πάντες γὰρ οἱ προφῆται καὶ ὁ νόμος ἕως Ἰωάννου προεφήτευσαν·
13ယောဟန် မ ရောက်မှီတိုင်အောင်ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းရှိသမျှ တို့သည် ဆုံးမ ဩဝါဒပေးကြ၏။
14καὶ εἰ θέλετε δέξασθαι, αὐτός ἐστιν Ἠλίας ὁ μέλλων ἔρχεσθαι.
14သင်တို့သည် ငါ့စကားကို နာခံ နိုင် လျှင် ၊ ဤသူ ကား လာ လတံ့သော ဧလိယ ဖြစ် သတည်း။
15Ὁ ἔχων ὦτα ἀκούειν ἀκουέτω.
15ကြားစရာနား ရှိ သောသူ မည်သည်ကားကြား ပါစေ။
16Τίνι δὲ ὁμοιώσω τὴν γενεὰν ταύτην; Ὁμοία ἐστὶ παιδαρίοις ἐν ἀγοραῖς καθημένοις, καὶ προσφωνοῦσι τοῖς ἑταίροις αὐτῶν,
16ဤ လူမျိုး ကို အဘယ် ဥပမာနှင့် ပုံပြ ရအံ့နည်း။ ပွဲ သဘင်၌ ထိုင် နေသော သူငယ် တို့သည် မိမိသူငယ်ချင်း တို့အား အသံ ကိုလွှင့်၍၊
17καὶ λέγουσιν, Ηὐλήσαμεν ὑμῖν, καὶ οὐκ ὠρχήσασθε· ἐθρηνήσαμεν ὑμῖν, καὶ οὐκ ἐκόψασθε.
17ငါတို့သည်သာယာစွာ တီးမှုတ် သော်လည်း သင်တို့သည်မ က ကြ။ ညည်းတွား စွာ မြည်တမ်းသော်လည်း မ ငိုကြွေး ကြဟု ပြောဆို သောသူငယ်တို့နှင့် ဤလူမျိုးသည်တူလှ၏။
18Ἦλθε γὰρ Ἰωάννης μήτε ἐσθίων μήτε πίνων, καὶ λέγουσι, Δαιμόνιον ἔχει.
18အကြောင်းမူကား ၊ ယောဟန် သည် မ စား မ သောက် ဘဲ လာ သည်ရှိသော်၊ သူတို့က ဤသူသည် နတ်ဆိုး စွဲ သောသူပါတကားဟု ဆို ကြ၏။
19Ἦλθεν ὁ υἱὸς τοῦ ἀνθρώπου ἐσθίων καὶ πίνων, καὶ λέγουσιν, Ἰδού, ἄνθρωπος φάγος καὶ οἰνοπότης, τελωνῶν φίλος καὶ ἁμαρτωλῶν. Καὶ ἐδικαιώθη ἡ σοφία ἀπὸ τῶν τέκνων αὐτῆς.
19လူ သား သည် စား သောက် လျက် လာ သည်ရှိသော်၊ ဤ သူ သည် စားကြူး သောသူ၊ စပျစ်ရည်သောက်ကြူး သောသူပါတကား။ အခွန်ခံ သောသူနှင့် ဆိုး သောသူတို့ကို မိတ်ဆွေ ဖွဲ့သောသူပါတကားဟု ဆို ပြန်ကြ၏။ သို့သော်လည်း ပညာ တရားသည် မိမိသားတို့တွင် ကဲ့ရဲ့ ပြစ်တင်ခြင်းနှင့် လွတ်သည် ဟုမိန့်တော်မူ၏။
20Τότε ἤρξατο ὀνειδίζειν τὰς πόλεις ἐν αἷς ἐγένοντο αἱ πλεῖσται δυνάμεις αὐτοῦ, ὅτι οὐ μετενόησαν.
20ထိုအခါ များစွာ သောတန်ခိုး တော်ကို ပြ တော်မူသောမြို့ရွာတို့သည် နောင်တ မ ရသောကြောင့် ၊ ထိုမြို့ တို့ကို ဤသို့ကဲ့ရဲ့ ပြစ်တင်တော်မူ၏။
21Οὐαί σοι, Χοραζίν, οὐαί σοι, Βηθσαϊδάν, ὅτι εἰ ἐν Τύρῳ καὶ Σιδῶνι ἐγένοντο αἱ δυνάμεις αἱ γενόμεναι ἐν ὑμῖν, πάλαι ἂν ἐν σάκκῳ καὶ σποδῷ μετενόησαν.
21အိုခေါရာဇိန် မြို့၊ သင် သည် အမင်္ဂလာ ရှိ၏။ အိုဗက်ဇဲဒ မြို့၊ သင် သည် အမင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ သင် တို့တွင် ပြ သောတန်ခိုး ကို တုရု မြို့နှင့် ဇိဒုန် မြို့တို့တွင် ပြ ဘူးလျှင် ၊ ထိုမြို့ တို့သည် ရှေး ကာလ၌ လျှော်တေ အဝတ်ကို ဝတ်၍၊ ပြာ နှင့် လူးလျက်နောင်တရ ကြလိမ့်မည်။
22Πλὴν λέγω ὑμῖν, Τύρῳ καὶ Σιδῶνι ἀνεκτότερον ἔσται ἐν ἡμέρᾳ κρίσεως, ἢ ὑμῖν.
22ငါဆို သည်ကား၊ တရား ဆုံးဖြတ်သောနေ့ ၌ သင် တို့သည် တုရု မြို့နှင့် ဇိဒုန် မြို့ထက် သာ၍ ခံရ ကြလတံ့။
23Καὶ σύ, Καπερναούμ, ἡ ἕως τοῦ οὐρανοῦ ὑψωθεῖσα, ἕως ᾍδου καταβιβασθήσῃ· ὅτι εἰ ἐν Σοδόμοις ἐγένοντο αἱ δυνάμεις αἱ γενόμεναι ἐν σοί, ἔμειναν ἂν μέχρι τῆς σήμερον.
23အိုကပေရနောင် မြို့၊ သင် သည် မိုးဃ် ကောင်းကင်တိုင်အောင် မြှောက်စား ခြင်းကိုခံရသော်လည်း၊ မရဏာ နိုင်ငံတိုင်အောင် နှိမ့်ချ ခြင်းကိုခံရလတံ့။ အကြောင်းမူကား ၊ သင် ၌ ပြ သောတန်ခိုး ကို သောဒုံ မြို့၌ ပြု ဘူး လျှင် ၊ ထိုမြို့သည် ယခု တိုင်အောင် တည် ရာ၏။
24Πλὴν λέγω ὑμῖν ὅτι γῇ Σοδόμων ἀνεκτότερον ἔσται ἐν ἡμέρᾳ κρίσεως, ἢ σοί.
24ငါဆို သည်ကား၊ တရား ဆုံးဖြတ်သောနေ့ ၌ သင် သည် သောဒုံ မြို့ထက် သာ၍ ခံရ လတံ့ ဟု မိန့်တော်မူ၏။
25Ἐν ἐκείνῳ τῷ καιρῷ ἀποκριθεὶς ὁ Ἰησοῦς εἶπεν, Ἐξομολογοῦμαί σοι, πάτερ, Κύριε τοῦ οὐρανοῦ καὶ τῆς γῆς, ὅτι ἀπέκρυψας ταῦτα ἀπὸ σοφῶν καὶ συνετῶν, καὶ ἀπεκάλυψας αὐτὰ νηπίοις.
25ထို အခါ ယေရှု က၊ ကောင်းကင် နှင့် မြေကြီး ကို အစိုးရတော်မူသောအဘ ၊ ကိုယ်တော်သည် ပညာ အလိမ္မာ နှင့် ပြည့်စုံသောသူတို့အား ဤအရာ များကို ထိမ်ဝှက် ကွယ်ထားလျက် သူငယ် တို့အား ဖော်ပြ တော်မူသည်ဖြစ်၍ ၊ ကျေးဇူး တော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
26Ναί, ὁ πατήρ, ὅτι οὕτως ἐγένετο εὐδοκία ἔμπροσθέν σου.
26ထိုသို့ အလို တော်ရှိ သောကြောင့် မှန် ပါ၏အဘ ။
27Πάντα μοι παρεδόθη ὑπὸ τοῦ πατρός μου· καὶ οὐδεὶς ἐπιγινώσκει τὸν υἱόν, εἰ μὴ ὁ πατήρ· οὐδὲ τὸν πατέρα τις ἐπιγινώσκει, εἰ μὴ ὁ υἱός, καὶ ᾧ ἐὰν βούληται ὁ υἱὸς ἀποκαλύψαι.
27ငါ ၏ခမည်းတော် သည် ခပ်သိမ်း သောအရာတို့ကို ငါ ၌အပ်ပေး တော်မူပြီး။ ခမည်းတော် မှတစ်ပါး အဘယ်သူ မျှသား တော်ကိုမ သိ ။ သား တော်နှင့် သား တော်သည် လင်း စေလို သော သူ မှတစ်ပါး အဘယ်သူ မျှခမည်းတော် ကိုမ သိ ။
28Δεῦτε πρός με πάντες οἱ κοπιῶντες καὶ πεφορτισμένοι, κἀγὼ ἀναπαύσω ὑμᾶς.
28ဝန်လေး ၍ ပင်ပန်း သော သူ အပေါင်း တို့၊ ငါ့ ထံသို့ လာ ကြလော့။ ငါ သည် ချမ်းသာ ပေးမည်။
29Ἄρατε τὸν ζυγόν μου ἐφ᾿ ὑμᾶς καὶ μάθετε ἀπ᾿ ἐμοῦ, ὅτι πρᾷός εἰμι καὶ ταπεινὸς τῇ καρδίᾳ· καὶ εὑρήσετε ἀνάπαυσιν ταῖς ψυχαῖς ὑμῶν.
29ငါ့ ထမ်းဘိုး ကို တင် ၍ ထမ်း ကြလော့။ ငါ့ ထံ၌ နည်းခံ ကြလော့။ ငါသည် နူးညံ့ သိမ်မွေ့နှိမ့်ချ သောစိတ် သဘောရှိ ၏။ သင် တို့စိတ် နှလုံးသည် သက်သာ ခြင်းကိုရ လိမ့်မည်။
30Ὁ γὰρ ζυγός μου χρηστός, καὶ τὸ φορτίον μου ἐλαφρόν ἐστιν.
30အကြောင်းမူကား ၊ ငါ့ ထမ်းဘိုး သည် ထမ်းလွယ် ၏။ ငါ့ ဝန် လည်း ပေါ့ ၏ ဟု မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.