ΠΡΟΣ ΓΑΛΑΤΑΣ 2
Greek New Testament: Textus ReceptusOriginal language
Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Ἔπειτα διὰ δεκατεσσάρων ἐτῶν πάλιν ἀνέβην εἰς Ἱεροσόλυμα μετὰ Βαρνάβα, συμπαραλαβὼν καὶ Τίτον·
1ထိုနောက် တဆယ်လေး နှစ် လွန်ပြီးမှ၊ ငါသည် တိတု ကိုခေါ် ၍ ဗာနဗ နှင့်အတူ ယေရုရှလင် မြို့သို့ တစ်ဖန် သွား လေ၏။
2ἀνέβην δὲ κατὰ ἀποκάλυψιν, καὶ ἀνεθέμην αὐτοῖς τὸ εὐαγγέλιον ὃ κηρύσσω ἐν τοῖς ἔθνεσι, κατ᾿ ἰδίαν δὲ τοῖς δοκοῦσι, μήπως εἰς κενὸν τρέχω ἢ ἔδραμον.
2ဗျာဒိတ် တော်အတိုင်း ပင်သွား သည်ဖြစ်၍ ၊ တစ်ပါး အမျိုးတို့၌ ဟောပြော သော ဧဝံဂေလိ တရားကို ထိုအခါ ငါကြားပြော လေ၏။ ထိုသို့ဆိုသော်ငါဆောင်ရွက် ခဲ့ပြီးသောအမှုနှင့် နောက်၌ ဆောင်ရွက် လတံ့သော အမှုကို အချည်းနှီး မဖြစ်စေခြင်းငှာ၊ အသရေ ထင်ရှား သော သူ တို့အားသာ တိတ်ဆိတ် စွာကြားပြော၏။
3Ἀλλ᾿ οὐδὲ Τίτος ὁ σὺν ἐμοί, Ἕλλην ὤν, ἠναγκάσθη περιτμηθῆναι·
3သို့သော်လည်း ငါ နှင့်အတူ ပါသော ဟေလသ အမျိုးတိတုကို အရေဖျားလှီး ခြင်းကို မ ခံ စေ ကြ။
4διὰ δὲ τοὺς παρεισάκτους ψευδαδέλφους, οἵτινες παρεισῆλθον κατασκοπῆσαι τὴν ἐλευθερίαν ἡμῶν ἣν ἔχομεν ἐν Χριστῷ Ἰησοῦ, ἵνα ἡμᾶς καταδουλώσωνται·
4ယေရှု ခရစ် အားဖြင့် ငါ တို့ခံစား သော လွှတ် ခြင်းအခွင့်ကိုချောင်းကြည့် ၍ ငါ တို့ကို ကျွန် ခံစေမည် အကြံနှင့်၊ ပရိယာယ်အားဖြင့်သူတစ်ပါးသွင်း ၍ ငါတို့အထဲ သို့ဝင်သောညီအစ်ကို ၏အယောင်ကိုဆောင်သောသူတို့အကြောင်း ကြောင့် ထိုသို့ပြုကြ၏။
5οἷς οὐδὲ πρὸς ὥραν εἴξαμεν τῇ ὑποταγῇ, ἵνα ἡ ἀλήθεια τοῦ εὐαγγελίου διαμείνῃ πρὸς ὑμᾶς.
5မှန် သောဧဝံဂေလိ တရားသည် သင် တို့၌ တည်နေ မည်အကြောင်း ၊ ငါတို့သည်သူတို့စီရင်ခြင်းကို ခဏ မျှ ဝန် မ ခံကြ။
6Ἀπὸ δὲ τῶν δοκούντων εἶναί τι — ὁποῖοί ποτε ἦσαν οὐδέν μοι διαφέρει· πρόσωπον Θεὸς ἀνθρώπου οὐ λαμβάνει — ἐμοὶ γὰρ οἱ δοκοῦντες οὐδὲν προσανέθεντο·
6အသရေထင်ရှား သောသူတို့သည် အထက် က အဘယ်သို့ သော ဖြစ် ကြသည်ကိုငါမဆိုင်။ ဘုရားသခင် သည် လူ မျက်နှာ ကိုမှတ် တော်မ မူ။ ထိုသူ နှင့် ငါ သည် ပေါင်းဖော်၍ ထူးခြား သောအရာကိုမ ခံရ သည်သာမက၊
7ἀλλὰ τοὐναντίον, ἰδόντες ὅτι πεπίστευμαι τὸ εὐαγγέλιον τῆς ἀκροβυστίας, καθὼς Πέτρος τῆς περιτομῆς —
7အရေဖျားလှီး ခြင်းကိုခံရသောသူ တို့တွင် ပေတရုကို တမန်တော်ဖြစ်စေခြင်းငှာ၊
8ὁ γὰρ ἐνεργήσας Πέτρῳ εἰς ἀποστολὴν τῆς περιτομῆς, ἐνήργησε καὶ ἐμοὶ εἰς τὰ ἔθνη —
8ပေတရု ၌ပြုပြင် တော်မူသောသူ သည်၊ တစ်ပါး အမျိုးသားတို့တွင် ငါ့ ကိုတမန်တော် ဖြစ်စေခြင်းငှာ ငါ၌ လည်း ပြုပြင် တော်မူသည်ဖြစ်၍၊ အရေဖျားလှီး ခြင်းနှင့် စပ်ဆိုင်သော ဧဝံဂေလိ တရားကို ပေတရု ၌ အပ် တော်မူသည် နည်းတူ ၊ အရေဖျားလှီး ခြင်းနှင့်မစပ်ဆိုင်သော ဧဝံဂေလိတရားကိုငါ၌ အပ်တော်မူကြောင်း ကို သူတို့ သည် သိမြင် ကြ၏။
9καὶ γνόντες τὴν χάριν τὴν δοθεῖσάν μοι, Ἰάκωβος καὶ Κηφᾶς καὶ Ἰωάννης, οἱ δοκοῦντες στύλοι εἶναι, δεξιὰς ἔδωκαν ἐμοὶ καὶ Βαρνάβᾳ κοινωνίας, ἵνα ἡμεῖς εἰς τὰ ἔθνη, αὐτοὶ δὲ εἰς τὴν περιτομήν·
9အမှီတကဲ ဖြစ်သောယာကုပ် ၊ ကေဖ ၊ ယောဟန် တို့သည်လည်း ၊ ငါ ရ သောကျေးဇူး တော်ကို သိ ကြသောအခါ ၊ မိမိ တို့သည် အရေဖျားလှီး ခြင်းကိုခံရသော သူတို့ ဆီသို့ သွားမည်အကြောင်းနှင့်၊ ငါ တို့သည်တစ်ပါး အမျိုးသားတို့ဆီသို့ သွားမည်အကြောင်း ၊ လက်ျာ လက်ခံခြင်းကို ဗာနဗ နှင့် ငါ့ အား ပေး ကြ၏။
10μόνον τῶν πτωχῶν ἵνα μνημονεύωμεν, ὃ καὶ ἐσπούδασα αὐτὸ τοῦτο ποιῆσαι.
10ငါတို့သည်ဆင်းရဲ သောသူများကို အောက်မေ့ စေခြင်းငှာ သူတို့အလိုတစ်ခုတည်း ရှိ၏။ ထိုအမှု ကို ငါသည်အလိုအလျောက်ကြိုးစား အားထုတ်လေ့ရှိ၏။
11Ὅτε δὲ ἦλθε Πέτρος εἰς Ἀντιόχειαν, κατὰ πρόσωπον αὐτῷ ἀντέστην, ὅτι κατεγνωσμένος ἦν.
11ထိုနောက် ပေတရု သည် အန္တိအုတ် မြို့သို့ ရောက်လာ သောအခါ ၊ သူ၌အပြစ်တင် စရာ အခွင့်ရှိ သောကြောင့် သူ့ ကိုယ်တိုင်ကို ငါငြင်း၍ ဆီးတား ရ၏။
12Πρὸ τοῦ γὰρ ἐλθεῖν τινὰς ἀπὸ Ἰακώβου, μετὰ τῶν ἐθνῶν συνήσθιεν· ὅτε δὲ ἦλθον, ὑπέστελλε καὶ ἀφώριζεν ἑαυτόν, φοβούμενος τοὺς ἐκ περιτομῆς.
12အကြောင်းမူကား ၊ လူအချို့ သည် ယာကုပ် ထံမှ မ ရောက် မလာမှီ၊ ပေတရုသည် တစ်ပါး အမျိုးသားတို့နှင့်အတူ စား ၏။ သူတို့ရောက်လာ သောနောက် ၊ ပေတရုသည် အရေဖျားလှီး ခြင်းကိုခံရသောသူ တို့၏မျက်နှာကိုထောက် ၍ တစ်ပါးအမျိုးသားတို့နှင့်မ ပေါင်းဝံ့။ တစ်ယောက်တခြားစီ နေ၏။
13Καὶ συνυπεκρίθησαν αὐτῷ καὶ οἱ λοιποὶ Ἰουδαῖοι, ὥστε καὶ Βαρνάβας συναπήχθη αὐτῶν τῇ ὑποκρίσει.
13ကြွင်း သောယုဒ လူတို့သည် ပေတရု နှင့်အတူလျှို့ဝှက် ၍ ၊ သူတို့ လျှို့ဝှက် ခြင်းအားဖြင့်ဗာနဗ သည်လည်း သူ တို့ဘက်သို့ပါ သွား၏။
14Ἀλλ᾿ ὅτε εἶδον ὅτι οὐκ ὀρθοποδοῦσι πρὸς τὴν ἀλήθειαν τοῦ εὐαγγελίου, εἶπον τῷ Πέτρῳ ἔμπροσθεν πάντων, Εἰ σύ, Ἰουδαῖος ὑπάρχων, ἐθνικῶς ζῇς καὶ οὐκ Ἰουδαϊκῶς, τί τὰ ἔθνη ἀναγκάζεις Ἰουδαΐζειν;
14သူတို့သည်မှန် သော ဧဝံဂေလိ တရားနှင့်အညီ ဖြောင့်မတ်စွာ မ ကျင့် ကြောင်း ကိုငါသည်မြင် လျှင် ၊ ထိုသူ အပေါင်း တို့ရှေ့ မှာ ပေတရု အား ငါဆို သည်ကား၊ သင်သည် ယုဒ လူဖြစ် လျက်ပင် ယုဒထုံးစံ အတိုင်းမ ကျင့် ဘဲ၊ တစ်ပါးအမျိုး ၏ထုံးစံအတိုင်းကျင့်လျှင်၊ တစ်ပါး အမျိုးသားတို့သည် ယုဒထုံးစံ အတိုင်းကျင့် စေခြင်းငှာအဘယ်ကြောင့် သူတို့ကို အနိုင်အထက်ပြုသနည်း။
15Ἡμεῖς φύσει Ἰουδαῖοι καὶ οὐκ ἐξ ἐθνῶν ἁμαρτωλοί,
15လူ တို့သည် ပညတ် တရား၏အကျင့် အားဖြင့် ဖြောင့်မတ် ရာသို့ မ ရောက်၊
16εἰδότες ὅτι οὐ δικαιοῦται ἄνθρωπος ἐξ ἔργων νόμου, ἐὰν μὴ διὰ πίστεως Ἰησοῦ Χριστοῦ, καὶ ἡμεῖς εἰς Χριστὸν Ἰησοῦν ἐπιστεύσαμεν, ἵνα δικαιωθῶμεν ἐκ πίστεως Χριστοῦ, καὶ οὐκ ἐξ ἔργων νόμου· διότι οὐ δικαιωθήσεται ἐξ ἔργων νόμου πᾶσα σάρξ.
16ယေရှု ခရစ် ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြသည်ကို၊ အပြစ် ထင်ရှားသော တစ်ပါး အမျိုးသားမ ဟုတ်ဘဲ၊ ဇာတိ အမျိုးအားဖြင့်ယုဒ လူဖြစ်သောငါ တို့သည် အမှန်သိ သည်နှင့်အညီပညတ် တရား၏ အကျင့် အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော် ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ် ရာသို့ ရောက်ခြင်းငှာ ၊ ငါ တို့ပင် ယေရှု ခရစ် ကိုယုံကြည် ကြပြီ။ အကြောင်းမူကား ၊ ပညတ် တရား၏ အကျင့် အားဖြင့် အဘယ်သူ မျှဖြောင့်မတ် ရာသို့ မ ရောက်နိုင်ရာ။
17Εἰ δέ, ζητοῦντες δικαιωθῆναι ἐν Χριστῷ, εὑρέθημεν καὶ αὐτοὶ ἁμαρτωλοί, ἆρα Χριστὸς ἁμαρτίας διάκονος; Μὴ γένοιτο.
17ခရစ်တော် အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်ခြင်းငှာငါ တို့သည် ကြိုးစား လျက်ပင်၊ အပြစ် ထင်ရှားသောသူဖြစ်သေးသည်မှန်လျှင် ၊ ခရစ်တော် သည် အပြစ် တရားကို ပြုစု သောသူဖြစ်သလော။
18Εἰ γὰρ ἃ κατέλυσα, ταῦτα πάλιν οἰκοδομῶ, παραβάτην ἐμαυτὸν συνίστημι.
18ထိုသို့မ ဖြစ် နိုင်ရာ။ အထက်က ငါဖြိုဖျက် သော အရာ ကို နောက်တဖန် ငါတည်ဆောက် ပြန်လျှင် ၊ ကိုယ် အပြစ် ရှိသည်ကိုထင်ရှား စွာပြ၏။
19Ἐγὼ γὰρ διὰ νόμου νόμῳ ἀπέθανον, ἵνα Θεῷ ζήσω.
19ထိုမှတပါး၊ ငါ သည်ဘုရားသခင် နှင့် ဆိုင်သောအရာ၌ အသက် ရှင်မည်အကြောင်း ၊ ပညတ် တရားနှင့် ဆိုင်သောအရာ၌ ပညတ် တရားအားဖြင့် သေ လျက်နေ၏။
20Χριστῷ συνεσταύρωμαι· ζῶ δέ, οὐκέτι ἐγώ, ζῇ δὲ ἐν ἐμοὶ Χριστός· ὃ δὲ νῦν ζῶ ἐν σαρκί, ἐν πίστει ζῶ τῇ τοῦ υἱοῦ τοῦ Θεοῦ, τοῦ ἀγαπήσαντός με καὶ παραδόντος ἑαυτὸν ὑπὲρ ἐμοῦ.
20ငါသည်ခရစ်တော် နှင့်အတူလက်ဝါးကပ်တိုင် မှာအသေခံပြီ။ သို့သော်လည်း အသက် ရှင်သေး၏။ ထိုသို့ဆိုသော်ငါ သည် ကိုယ်တိုင်မ ရှင်၊ ခရစ်တော် သည် ငါ ၌ ရှင် တော်မူ၏။ ကိုယ်ခန္ဓာ ၌ ယခု ငါရှင် သော အသက် သည် ဘုရားသခင် ၏သား တော်ကို ယုံကြည် ခြင်းအားဖြင့် တည် ၏။ သား တော်သည်ငါ့ ကိုချစ် ၍ ငါ့ အဘို့ ကိုယ်ကိုကိုယ် စွန့် တော်မူ၏။
21Οὐκ ἀθετῶ τὴν χάριν τοῦ Θεοῦ· εἰ γὰρ διὰ νόμου δικαιοσύνη, ἄρα Χριστὸς δωρεὰν ἀπέθανεν.
21ဘုရားသခင် ၏ကျေးဇူး တော်ကိုငါမ ပယ် ။ ပညတ် တရားကိုအမှီပြု ၍ ဖြောင့်မတ် ရာသို့ ရောက်နိုင် လျှင် ခရစ်တော် သည်အချည်းနှီး အသေခံ တော်မူပြီ။
Tip: use the ← and → keys to turn chapters.