ΠΡΑΞΕΙΣ ΑΠΟΣΤΟΛΩΝ 20
Greek New Testament: Textus ReceptusOriginal language
Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Μετὰ δὲ τὸ παύσασθαι τὸν θόρυβον, προσκαλεσάμενος ὁ Παῦλος τοὺς μαθητάς, καὶ ἀσπασάμενος, ἐξῆλθε πορευθῆναι εἰς τὴν Μακεδονίαν.
1ထိုရုန်ရင်းခတ် သော အမှုငြိမ်း သောအခါ ပေါလု သည်၊ တပည့် တော်တို့ကိုခေါ် ၍ နှုတ်ဆက် ပြီးမှမာကေဒေါနိ ပြည်သို့ သွား လေ၏။
2Διελθὼν δὲ τὰ μέρη ἐκεῖνα, καὶ παρακαλέσας αὐτοὺς λόγῳ πολλῷ, ἦλθεν εἰς τὴν Ἑλλάδα.
2ထို အရပ် များကိုရှောင်သွား ၍ တပည့် တော်တို့ကို စကား များနှင့် ဆုံးမ ပြီးမှ ဟေလသပြည်သို့ ရောက်လာ ၏။
3Ποιήσας τε μῆνας τρεῖς, γενομένης αὐτῷ ἐπιβουλῆς ὑπὸ τῶν Ἰουδαίων μέλλοντι ἀνάγεσθαι εἰς τὴν Συρίαν, ἐγένετο γνώμη τοῦ ὑποστρέφειν διὰ Μακεδονίας.
3သုံး လ နေ ပြီးလျှင် ပင်လယ်ကိုကူး ၍ ရှုရိ ပြည်သို့ သွားမည်ပြုသော်၊ ယုဒ လူတို့သည် မကောင်း သောအကြံ ကို ကြံ သောကြောင့်၊ မာကေဒေါနိ ပြည်လမ်းဖြင့် ပြန် မည်ဟု အကြံ ရှိ ပြန်၏။
4Συνείπετο δὲ αὐτῷ ἄχρι τῆς Ἀσίας Σώπατρος Βεροιαῖος· Θεσσαλονικέων δέ, Ἀρίσταρχος καὶ Σεκοῦνδος, καὶ Γάϊος Δερβαῖος, καὶ Τιμόθεος· Ἀσιανοὶ δέ, Τυχικὸς καὶ Τρόφιμος.
4ပေါလု နှင့်အတူ အာရှိပြည်သို့ လိုက် သောသူ ဟူမူကား၊ ဗေရိ မြို့သားဖြစ်သော ပုရု ၏သား သောပတရု ၊ သက်သာလောနိတ် မြို့သားအာရိတ္တာခု နှင့် သေကုန္ဒု ၊ ဒေရဗေ မြို့သားဂါယု ၊ လုတ္တရမြို့သားတိမောသေ ၊ အာရှိ ပြည်သား၊ တုခိတ် နှင့် တရောဖိမ် တည်း။
5Οὗτοι προελθόντες ἔμενον ἡμᾶς ἐν Τρῳάδι.
5ဤသူ တို့သည် ငါ တို့အရင် သွား၍ တရော မြို့၌ ငံ့လင့် လျက် နေကြ၏။
6Ἡμεῖς δὲ ἐξεπλεύσαμεν μετὰ τὰς ἡμέρας τῶν ἀζύμων ἀπὸ Φιλίππων, καὶ ἤλθομεν πρὸς αὐτοὺς εἰς τὴν Τρῳάδα ἄχρις ἡμερῶν πέντε, οὗ διετρίψαμεν ἡμέρας ἑπτά.
6အဇုမ ပွဲနေ့ရက် လွန် ပြီးမှငါ တို့သည် ဖိလိပ္ပိ မြို့မှ သင်္ဘောနှင့်လွှင့် ၍ ငါး ရက် အတွင်း တွင် သူ တို့ရှိရာ တရော မြို့သို့ ရောက် ၍ခုနစ် ရက် နေ ကြ၏။
7Ἐν δὲ τῇ μιᾷ τῶν σαββάτων, συνηγμένων τῶν μαθητῶν τοῦ κλάσαι ἄρτον, ὁ Παῦλος διελέγετο αὐτοῖς, μέλλων ἐξιέναι τῇ ἐπαύριον, παρέτεινέ τε τὸν λόγον μέχρι μεσονυκτίου.
7ခုနစ်ရက်တွင် ပဌမ နေ့ရက်၌ မုန့် ကိုဖဲ့ ခြင်းငှာစည်းဝေး ကြသောအခါ၊ ပေါလု သည် နက်ဖြန် နေ့၌ ထွက်သွား မည်ဖြစ် ၍၊ သန်းခေါင် တိုင်အောင် ဟောပြော လျက် နေလေ၏။
8Ἦσαν δὲ λαμπάδες ἱκαναὶ ἐν τῷ ὑπερῴῳ οὗ ἦσαν συνηγμένοι.
8စည်းဝေး ရာအထက် ခန်း၌ မီးခွက် များရှိ ၏။
9Καθήμενος δέ τις νεανίας ὀνόματι Εὔτυχος ἐπὶ τῆς θυρίδος, καταφερόμενος ὕπνῳ βαθεῖ, διαλεγομένου τοῦ Παύλου ἐπὶ πλεῖον, κατενεχθεὶς ἀπὸ τοῦ ὕπνου ἔπεσεν ἀπὸ τοῦ τριστέγου κάτω, καὶ ἤρθη νεκρός.
9ဥတုခု အမည် ရှိသော လုလင် တစ် ယောက်သည် ပြတင်းပေါက် နားမှာ ထိုင် ၍ အိပ်ပျော် ကျူးလွန် လျက် နေ၏။ ပေါလု သည် ကြာမြင့် စွာ ဟောပြော သည်တွင်၊ ထိုသူသည် အိပ်ပျော် လျက် အိမ် သုံးဆင့်အထက်မှ အောက် သို့လျော့ ကျ၍ သေ သည်ကို သူတို့သည်ချီကြွ ကြ၏။
10Καταβὰς δὲ ὁ Παῦλος ἐπέπεσεν αὐτῷ, καὶ συμπεριλαβὼν εἶπε, Μὴ θορυβεῖσθε· ἡ γὰρ ψυχὴ αὐτοῦ ἐν αὐτῷ ἐστιν.
10ပေါလု သည်လည်း အောက် သို့ ဆင်း၍သူ ၏ အပေါ်သို့ကိုယ်ကိုလှဲလျက် ဖက်ယမ်း ပြီးမှ ၊ အုတ်အုတ်သဲသဲ မ ပြုကြနှင့်။ သူ သည် အသက် ရှိ ၏ ဟုဆို ၍ တက် ပြန် လေ၏။
11Ἀναβὰς δὲ καὶ κλάσας ἄρτον καὶ γευσάμενος, ἐφ᾿ ἱκανόν τε ὁμιλήσας ἄχρις αὐγῆς, οὕτως ἐξῆλθεν.
11မုန့် ကိုဖဲ့ ၍စား ကြသည်နှင့် မိုဃ်းလင်း သည် တိုင်အောင် ကြာမြင့် စွာ စကား ပြောပြီးမှ ထွက်သွား ၏။
12Ἤγαγον δὲ τὸν παῖδα ζῶντα, καὶ παρεκλήθησαν οὐ μετρίως.
12အသက် ရှင်လျက်ရှိသောထိုလုလင် ကို ဆောင်ယူ ခဲ့၍ ၊ အလွန် သက်သာ ခြင်းရှိကြ၏။
13Ἡμεῖς δέ, προελθόντες ἐπὶ τὸ πλοῖον, ἀνήχθημεν εἰς τὴν Ἄσσον, ἐκεῖθεν μέλλοντες ἀναλαμβάνειν τὸν Παῦλον· οὕτω γὰρ ἦν διατεταγμένος, μέλλων αὐτὸς πεζεύειν.
13ငါ တို့သည် ပေါလုအရင် သင်္ဘော သို့ သွား၍၊ အဿု မြို့၌ သူ့ကို ခံယူ မည်အကြံ နှင့် ထိုမြို့သို့ လွှင့် ကြ၏။ ပေါလု သည်ထိုမြို့သို့ ကုန်းကြောင်း သွားမည်အကြံ ရှိ ၍ ထိုသို့စီရင် လေ၏။
14Ὡς δὲ συνέβαλεν ἡμῖν εἰς τὴν Ἄσσον, ἀναλαβόντες αὐτὸν ἤλθομεν εἰς Μιτυλήνην.
14အဿု မြို့၌ သူသည်ငါ တို့နှင့်တွေ့မိ လျှင်၊ သူ့ ကိုခံယူ ၍ မိတုလင် မြို့သို့ သွား ကြ၏။
15Κἀκεῖθεν ἀποπλεύσαντες, τῇ ἐπιούσῃ κατηντήσαμεν ἀντικρὺ Χίου· τῇ δὲ ἑτέρᾳ παρεβάλομεν εἰς Σάμον· καὶ μείναντες ἐν Τρωγυλλίῳ, τῇ ἐχομένῃ ἤλθομεν εἰς Μίλητον.
15ထိုမြို့ မှလွှင့် ပြန်လျှင် နက်ဖြန် နေ့၌ ခိအု ကျွန်းနား မှာရှောက်သွား၍ နောက်တစ်နေ့၌ သာမု ကျွန်းသို့ ရောက် သဖြင့်၊ တရောဂုလိအငူစွန်း၌နေကြ၏။ နောက်တစ်နေ့၌လည်း မိလက် မြို့သို့ ရောက် ကြ၏။
16Ἔκρινε γὰρ ὁ Παῦλος παραπλεῦσαι τὴν Ἔφεσον, ὅπως μὴ γένηται αὐτῷ χρονοτριβῆσαι ἐν τῇ Ἀσίᾳ· ἔσπευδε γάρ, εἰ δυνατὸν ἦν αὐτῷ, τὴν ἡμέραν τῆς Πεντηκοστῆς γενέσθαι εἰς Ἱεροσόλυμα.
16ပေါလု သည် ပင်တေကုတ္တေ ပွဲနေ့ မလွန်မှီ ယေရုရှလင် မြို့သို့ ရောက် နိုင် လျှင် ရောက်ခြင်းငှာကြိုးစား သည်ဖြစ်၍ အာရှိ ပြည်၌ တာရှည် စွာ မ နေလိုသဖြင့် ဧဖက် မြို့မှာ မဆိုက်ဘဲ လွှင့် သွားမည်ဟု စိတ် ပြဋ္ဌာန်းလျက်ရှိနှင့်သတည်း။
17Ἀπὸ δὲ τῆς Μιλήτου πέμψας εἰς Ἔφεσον μετεκαλέσατο τοὺς πρεσβυτέρους τῆς ἐκκλησίας.
17မိလက် မြို့သို့ရောက်မှ ပေါလုသည် ဧဖက် မြို့သို့ စေလွှတ် ၍ သင်းအုပ် များကို ခေါ် လေ၏။
18Ὡς δὲ παρεγένοντο πρὸς αὐτόν, εἶπεν αὐτοῖς, Ὑμεῖς ἐπίστασθε, ἀπὸ πρώτης ἡμέρας ἀφ᾿ ἧς ἐπέβην εἰς τὴν Ἀσίαν, πῶς μεθ᾿ ὑμῶν τὸν πάντα χρόνον ἐγενόμην,
18သူတို့သည် ရောက် ကြသောအခါ ၊ ပေါလုက၊ ငါသည်အာရှိ ပြည်သို့ ရောက် သော နေ့ မှစ၍ ယခုတိုင်အောင်သင်တို့ရှေ့မှာ အဘယ်သို့ ကျင့် နေသည်ကို သင် တို့သိ ကြ၏။
19δουλεύων τῷ Κυρίῳ μετὰ πάσης ταπεινοφροσύνης καὶ πολλῶν δακρύων καὶ πειρασμῶν τῶν συμβάντων μοι ἐν ταῖς ἐπιβουλαῖς τῶν Ἰουδαίων·
19အလွန် နှိမ့်ချ သောစိတ်ရှိလျက်၊ မျက်ရည် ကျလျက် ၊ ယုဒ လူတို့၏ မကောင်း သောအကြံအားဖြင့် စုံစမ်း နှောင့်ရှက်ခြင်းကိုခံ လျက်၊ သခင် ဘုရား၏ အမှု တော်ကို ငါဆောင်ရွက်သည် အကြောင်းအရာကို သင်တို့သိကြ၏။
20ὡς οὐδὲν ὑπεστειλάμην τῶν συμφερόντων, τοῦ μὴ ἀναγγεῖλαι ὑμῖν καὶ διδάξαι ὑμᾶς δημοσίᾳ καὶ κατ᾿ οἴκους,
20သင်တို့အကျိုး တစ်စုံတစ်ခုကိုမျှ ငါမ ထိမ် မဝှက်။ လူ စုဝေးရာ၌၎င်း ၊ အိမ် များ၌၎င်း၊ သင် တို့အားဟောပြော ဆုံးမ ဩဝါဒပေးသဖြင့် ၊
21διαμαρτυρόμενος Ἰουδαίοις τε καὶ Ἕλλησι τὴν εἰς τὸν Θεὸν μετάνοιαν, καὶ πίστιν τὴν εἰς τὸν Κύριον ἡμῶν Ἰησοῦν Χριστόν.
21ဘုရားသခင့် ရှေ့ တော်၌ နောင်တရ ခြင်းတရားကို၎င်း၊ ငါ တို့သခင် ယေရှု ခရစ်ကို ယုံကြည် ခြင်းတရားကို၎င်း ၊ယုဒ လူ၊ ဟေလသ လူတို့အား သက်သေခံ သည် အကြောင်းအရာကို သင်တို့ သိကြ၏။
22Καὶ νῦν ἰδού, ἐγὼ δεδεμένος τῷ πνεύματι πορεύομαι εἰς Ἱερουσαλήμ, τὰ ἐν αὐτῇ συναντήσοντά μοι μὴ εἰδώς,
22ယခု မှာငါ သည် ဝိညာဉ် တော်အားဖြင့်ချည်နှောင် ခြင်းကိုခံ၍၊ ယေရုရှလင် မြို့သို့ သွား ရ၏။ ထိုမြို့ ၌ အဘယ်အမှု ရောက် မည်ကိုမ သိ ။
23πλὴν ὅτι τὸ πνεῦμα τὸ ἅγιον κατὰ πόλιν διαμαρτύρεται λέγον ὅτι δεσμά με καὶ θλίψεις μένουσιν.
23သို့သော်လည်း ချည်နှောင် ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်းအမှုတို့သည် ငါ့ ကိုဆိုင်းလင့် သည်ဟု သန့်ရှင်း သော ဝိညာဉ် တော်သည် ခပ်သိမ်းသောမြို့ တို့၌ ငါ့ အား သက်သေခံ တော်မူ၏။
24Ἀλλ᾿ οὐδενὸς λόγον ποιοῦμαι, οὐδὲ ἔχω τὴν ψυχήν μου τιμίαν ἐμαυτῷ, ὡς τελειῶσαι τὸν δρόμον μου μετὰ χαρᾶς, καὶ τὴν διακονίαν ἣν ἔλαβον παρὰ τοῦ Κυρίου Ἰησοῦ, διαμαρτύρασθαι τὸ εὐαγγέλιον τῆς χάριτος τοῦ Θεοῦ.
24သို့ရာတွင် ဘုရားသခင် ၏ ကျေးဇူး တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို သက်သေခံ စေခြင်းငှာ၊ သခင် ယေရှု ၏လက်မှ ငါခံ ခဲ့ပြီးသောဓမ္မဆရာ အမှုတည်းဟူသောငါ ဆောင်ရွက် ရသောအမှုကို ဝမ်းမြောက်စွာ ပြီးစီး စေမည်အကြောင်း ၊ ထိုညှဉ်းဆဲခြင်းအမှု တစ်စုံတစ်ခုကိုမျှ ငါသည်ပမာဏမ ပြု ၊ ကိုယ် အသက် ကိုလည်း နှမြော ခြင်းမရှိ၊
25Καὶ νῦν ἰδού, ἐγὼ οἶδα ὅτι οὐκέτι ὄψεσθε τὸ πρόσωπόν μου ὑμεῖς πάντες, ἐν οἷς διῆλθον κηρύσσων τὴν βασιλείαν τοῦ Θεοῦ.
25ယခု မူကား၊ ငါလှည့်လည် ၍ ဘုရားသခင်၏ နိုင်ငံ တော်အကြောင်းကို ဟောပြော ရာ၊ သင်တို့ရှိသမျှ သည် နောက်တဖန်ငါ့ မျက်နှာ ကို မ မြင်ရကြ ဟုငါ သိ ၏။
26Διὸ μαρτύρομαι ὑμῖν ἐν τῇ σήμερον ἡμέρᾳ, ὅτι καθαρὸς ἐγὼ ἀπὸ τοῦ αἵματος πάντων.
26ထိုကြောင့် ၊ လူအပေါင်း တို့၏အသွေး နှင့် ငါ ကင်းလွတ် သည်ဟု ယနေ့ ၌ သင်တို့အား ငါသက်သေခံ ၏။
27Οὐ γὰρ ὑπεστειλάμην τοῦ μὴ ἀναγγεῖλαι ὑμῖν πᾶσαν τὴν βουλὴν τοῦ Θεοῦ.
27ဘုရားသခင် ၏အလို တော်ကိုသင် တို့အား အကုန်အစင် ဟောပြော ပြသခြင်းအမှုကို ငါသည်မ လွှဲ မရှောင်ဘဲပြုခဲ့ပြီ။
28Προσέχετε οὖν ἑαυτοῖς καὶ παντὶ τῷ ποιμνίῳ, ἐν ᾧ ὑμᾶς τὸ πνεῦμα τὸ ἅγιον ἔθετο ἐπισκόπους, ποιμαίνειν τὴν ἐκκλησίαν τοῦ Θεοῦ, ἣν περιεποιήσατο διὰ τοῦ ἰδίου αἵματος.
28ထိုကြောင့် သင်တို့သည် ကိုယ် ကို သတိ နှင့် ကြည့်ရှုကြလော့။ ဘုရားသခင် သည် မိမိ အသွေး နှင့် ဝယ် တော်မူသောအသင်းတော် ကို လုပ်ကျွေး စေခြင်းငှာ၊ သန့်ရှင်း သောဝိညာဉ် တော်သည် သင် တို့ကို အအုပ်အချုပ် ခန့်ထား တော်မူသော သိုးစု တစ်စုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။
29Ἐγὼ γὰρ οἶδα τοῦτο, ὅτι εἰσελεύσονται μετὰ τὴν ἄφιξίν μου λύκοι βαρεῖς εἰς ὑμᾶς, μὴ φειδόμενοι τοῦ ποιμνίου·
29အကြောင်းမူကား ၊ ငါ မ ရှိသည်နောက် ၊ ကြမ်းတမ်း သော တောခွေး တို့သည် သိုး များကို မ သနား ဘဲ သင် တို့အထဲ သို့ဝင် မည်ကို၎င်း၊
30καὶ ἐξ ὑμῶν αὐτῶν ἀναστήσονται ἄνδρες λαλοῦντες διεστραμμένα, τοῦ ἀποσπᾷν τοὺς μαθητὰς ὀπίσω αὐτῶν.
30တပည့် တော်များကိုသွေးဆောင် ခြင်းငှာ၊ မှား သောစကားကို ပြော တတ်သောလူ တို့သည် သင် တို့အထဲ ၌လည်း ပေါ်လာ မည်ကို၎င်း ငါ သိ ၏။
31Διὸ γρηγορεῖτε, μνημονεύοντες ὅτι τριετίαν νύκτα καὶ ἡμέραν οὐκ ἐπαυσάμην μετὰ δακρύων νουθετῶν ἕνα ἕκαστον.
31ထိုကြောင့် စောင့်ရှောက် ၍နေကြလော့။ ငါသည်သုံး နှစ်ပတ်လုံးနေ့ ည မ ပြတ် လူအပေါင်းတို့ကို မျက်ရည် နှင့်တကွ ဆုံးမ ၍ နေကြောင်းကို အောက်မေ့ ကြ လော့။
32Καὶ τὰ νῦν παρατίθεμαι ὑμᾶς, ἀδελφοί, τῷ Θεῷ καὶ τῷ λόγῳ τῆς χάριτος αὐτοῦ, τῷ δυναμένῳ ἐποικοδομῆσαι, καὶ δοῦναι ὑμῖν κληρονομίαν ἐν τοῖς ἡγιασμένοις πᾶσιν.
32ညီအစ်ကိုတို့၊ ယခု ငါသည်သင် တို့ကို ဘုရားသခင် ၌ အပ်နှံ ၏။ သင်တို့ကို တည်ဆောက် ခြင်းငှာ၎င်း ၊ သန့်ရှင်း သောသူ အပေါင်း တို့နှင့်အတူ သင်တို့အား အမွေ ပေး ခြင်းငှာ၎င်း၊ တတ်နိုင် သောဘုရားသခင် ၏ ကျေးဇူး တော်တရား ၌လည်း သင်တို့ကိုငါအပ်နှံ၏။
33Ἀργυρίου ἢ χρυσίου ἢ ἱματισμοῦ οὐδενὸς ἐπεθύμησα.
33သူ့ရွှေ ငွေ အဝတ် တန်ဆာတို့ကို ငါသည်တပ်မက် ခြင်းမ ရှိပြီ။
34Αὐτοὶ δὲ γινώσκετε ὅτι ταῖς χρείαις μου καὶ τοῖς οὖσι μετ᾿ ἐμοῦ ὑπηρέτησαν αἱ χεῖρες αὗται.
34ဤ လက် တို့သည် ငါ့ ကို၎င်း ၊ ငါ့ အပေါင်းအဘော် တို့ကို၎င်း၊ လုပ်ကျွေး ပြီဟု သင်တို့သည် ကိုယ်တိုင် သိ ကြ၏။
35Πάντα ὑπέδειξα ὑμῖν, ὅτι οὕτω κοπιῶντας δεῖ ἀντιλαμβάνεσθαι τῶν ἀσθενούντων, μνημονεύειν τε τῶν λόγων τοῦ Κυρίου Ἰησοῦ, ὅτι αὐτὸς εἶπε, Μακάριόν ἐστι διδόναι μᾶλλον ἢ λαμβάνειν.
3535ထိုသို့ သင် တို့သည်လည်း အလုပ်လုပ် ၍ အားနည်း သော သူ တို့ကို မစ ရ မည်ကို၎င်း၊ အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲ ခြင်း အရာသည်သာ၍ မင်္ဂလာ ရှိ သည်ဟု သခင် ယေရှု မိန့် တော်မူသော စကား တော်ကို အောက်မေ့ ရမည်ကို၎င်း၊ အရာရာ ၌ သင်တို့အား ငါပြသ ပြီဟု၊
36Καὶ ταῦτα εἰπών, θεὶς τὰ γόνατα αὐτοῦ, σὺν πᾶσιν αὐτοῖς προσηύξατο.
36ပေါလု ဆို ပြီးလျှင် ၊ ဒူး ထောက် ၍ ထိုသူ အပေါင်း တို့နှင့်တကွ ဆုတောင်း လေ၏။
37Ἱκανὸς δὲ ἐγένετο κλαυθμὸς πάντων· καὶ ἐπιπεσόντες ἐπὶ τὸν τράχηλον τοῦ Παύλου κατεφίλουν αὐτόν,
37ထိုသူအပေါင်း တို့သည် အလွန် ငိုကြွေး ၍ ၊ ပေါလု ၏ လည်ပင်း ကို ဘက်ယမ်း လျက် သူ့ ကိုနမ်း ကြ၏။
38ὀδυνώμενοι μάλιστα ἐπὶ τῷ λόγῳ ᾧ εἰρήκει, ὅτι οὐκέτι μέλλουσι τὸ πρόσωπον αὐτοῦ θεωρεῖν. Προέπεμπον δὲ αὐτὸν εἰς τὸ πλοῖον.
38နောက်တဖန် သူ ၏မျက်နှာ ကိုမ မြင် ရဟူသောစကား ကြောင့် သာ၍ကြေကွဲသောစိတ် နှင့် ပေါလု ကို သင်္ဘော သို့ ပို့ လိုက်ကြ၏။
Tip: use the ← and → keys to turn chapters.