ΠΡΑΞΕΙΣ ΑΠΟΣΤΟΛΩΝ 15
Greek New Testament: Textus ReceptusOriginal language
Greek New Testament: Textus Receptus
Judson Burmese Bible (1840)
1Καί τινες κατελθόντες ἀπὸ τῆς Ἰουδαίας, ἐδίδασκον τοὺς ἀδελφοὺς ὅτι Ἐὰν μὴ περιτέμνησθε τῷ ἔθει Μωϋσέως, οὐ δύνασθε σωθῆναι.
1ယုဒ ပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာ သော သူအချို့ တို့က၊ သင်တို့သည် မောရှေ ၏တရား အတိုင်း အရေဖျားလှီး ခြင်းကို မ ခံလျှင် ၊ ကယ်တင် တော်မူခြင်းသို့ မ ရောက် နိုင်ဟု ညီအစ်ကို တို့အား ဆုံးမ ဩဝါဒပေးကြ၏။
2Γενομένης οὖν στάσεως καὶ συζητήσεως οὐκ ὀλίγης τῷ Παύλῳ καὶ τῷ Βαρνάβᾳ πρὸς αὐτούς, ἔταξαν ἀναβαίνειν Παῦλον καὶ Βαρνάβαν καί τινας ἄλλους ἐξ αὐτῶν πρὸς τοὺς ἀποστόλους καὶ πρεσβυτέρους εἰς Ἱερουσαλὴμ περὶ τοῦ ζητήματος τούτου.
2ထိုသူ တို့နှင့် ပေါလု ၊ ဗာနဗ တို့သည် ဆွေးနွေးငြင်းခုံ ခြင်းများသောအခါ၊ ပေါလု နှင့် ဗာနဗ တို့သည် အခြား သောတပည့်တော်အချို့ တို့နှင့်တကွ ၊ ထို ပြဿနာ ၏ အကြောင်း ကြောင့်ယေရုရှလင် မြို့၌ ရှိသော တမန်တော် တို့နှင့် သင်းအုပ် တို့ထံသို့ သွား ရမည်အကြောင်းကိုစီရင် ကြ၏။
3Οἱ μὲν οὖν, προπεμφθέντες ὑπὸ τῆς ἐκκλησίας, διήρχοντο τὴν Φοινίκην καὶ Σαμάρειαν, ἐκδιηγούμενοι τὴν ἐπιστροφὴν τῶν ἐθνῶν· καὶ ἐποίουν χαρὰν μεγάλην πᾶσι τοῖς ἀδελφοῖς.
3အသင်းတော် သည်လမ်း၌ပို့ သဖြင့်၊ ပေါလုနှင့် ဗာနဗတို့သည် ဖိနိတ် ပြည်နှင့် ရှမာရိ ပြည်ကို ရှောက်သွား ၍ တစ်ပါး အမျိုးသားတို့ ပြောင်းလဲ ခြင်းအကြောင်းအရာကို ကြားပြော သဖြင့်၊ ညီအစ်ကို အပေါင်း တို့ကို အလွန် ဝမ်းမြောက် စေကြ၏။
4Παραγενόμενοι δὲ εἰς Ἱερουσαλήμ, ἀπεδέχθησαν ὑπὸ τῆς ἐκκλησίας καὶ τῶν ἀποστόλων καὶ τῶν πρεσβυτέρων, ἀνήγγειλάν τε ὅσα ὁ Θεὸς ἐποίησε μετ᾿ αὐτῶν.
4ယေရုရှလင် မြို့သို့ ရောက် လျှင်၊ တမန်တော် တို့နှင့် သင်းအုပ် တို့မှစ၍ သင်းဝင် သူ များတို့တွင် လက်ခံ ခြင်း ကျေးဇူးကိုခံ၍၊ မိမိ တို့အားဖြင့် ဘုရားသခင် ပြု တော်မူသမျှ တို့ကို ပြန်ကြား ကြ၏။
5Ἐξανέστησαν δέ τινες τῶν ἀπὸ τῆς αἱρέσεως τῶν Φαρισαίων πεπιστευκότες, λέγοντες ὅτι Δεῖ περιτέμνειν αὐτούς, παραγγέλλειν τε τηρεῖν τὸν νόμον Μωϋσέως.
5ဖာရိရှဲ စု ထဲကယုံကြည် သောသူ အချို့ တို့သည် ထ လျက် ၊ တစ်ပါး အမျိုးသားတို့အား အရေဖျားလှီး ခြင်းကို ပေး ရမည်။ မောရှေ ၏ တရား ကို ကျင့် စေခြင်းငှာဆုံးမ ရမည်ဟု ဆိုကြ၏။
6Συνήχθησαν δὲ οἱ ἀπόστολοι καὶ οἱ πρεσβύτεροι ἰδεῖν περὶ τοῦ λόγου τούτου.
6ထိုအခါ တမန်တော် တို့နှင့် သင်းအုပ် တို့သည် ထို အမှု ကိုကြည့်ရှု ဆင်ခြင်ခြင်းငှာစည်းဝေး ကြ၏။
7Πολλῆς δὲ συζητήσεως γενομένης, ἀναστὰς Πέτρος εἶπε πρὸς αὐτούς, Ἄνδρες ἀδελφοί, ὑμεῖς ἐπίστασθε ὅτι ἀφ᾿ ἡμερῶν ἀρχαίων ὁ Θεὸς ἐν ἡμῖν ἐξελέξατο, διὰ τοῦ στόματός μου ἀκοῦσαι τὰ ἔθνη τὸν λόγον τοῦ εὐαγγελίου, καὶ πιστεῦσαι.
7များစွာ သောဆွေးနွေး ငြင်းခုံခြင်းရှိ သောအခါ ပေတရုသည် ထ လျက်၊ ညီအစ်ကို တို့၊ ဘုရားသခင် သည် ရှေ့ဦးစွာ ငါတို့တွင် ရွေးကောက် တော်မူ၍၊ ငါ ဟောပြော သောအားဖြင့် တစ်ပါး အမျိုးသားတို့သည် ဧဝံဂေလိ တရား ကိုကြားနာ ၍ ယုံကြည် ရမည်အကြောင်း စီရင် တော်မူသည်ကို သင် တို့သိ ကြ၏။
8Καὶ ὁ καρδιογνώστης Θεὸς ἐμαρτύρησεν αὐτοῖς, δοὺς αὐτοῖς τὸ πνεῦμα τὸ ἅγιον, καθὼς καὶ ἡμῖν·
8စိတ် နှလုံးကို သိတော်မူသော ဘုရားသခင် သည် သန့်ရှင်း သော ဝိညာဉ် တော်ကို ငါ တို့အားပေး သည်နည်းတူ သူ တို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံ တော်မူ၏။
9καὶ οὐδὲν διέκρινε μεταξὺ ἡμῶν τε καὶ αὐτῶν, τῇ πίστει καθαρίσας τὰς καρδίας αὐτῶν.
9ယုံကြည် ခြင်းအားဖြင့်လည်း သူ တို့၏ စိတ်နှလုံး ကိုစင်ကြယ် စေ၍ ငါ တို့ကို ခြားနား စေတော်မ မူ။
10Νῦν οὖν τί πειράζετε τὸν Θεόν, ἐπιθεῖναι ζυγὸν ἐπὶ τὸν τράχηλον τῶν μαθητῶν, ὃν οὔτε οἱ πατέρες ἡμῶν οὔτε ἡμεῖς ἰσχύσαμεν βαστάσαι;
10သို့ဖြစ်လျှင် ၊ ငါ တို့နှင့်ငါ တို့ဘိုးဘေး များ မ ထမ်း နိုင် သော ထမ်းပိုး ကို တပည့် တော်တို့၏ လည်ပင်း ပေါ်၌ တင် စေခြင်းငှာအဘယ်ကြောင့် ဘုရားသခင် ကို စုံစမ်း ကြသနည်း။
11Ἀλλὰ διὰ τῆς χάριτος Κυρίου Ἰησοῦ Χριστοῦ πιστεύομεν σωθῆναι, καθ᾿ ὃν τρόπον κἀκεῖνοι.
11သခင် ယေရှု ၏ ကျေးဇူး တော်အားဖြင့် သာ ထိုသူ တို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်သည် နည်းတူ ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည် ယုံကြည် ၏ဟု ပေတရု ပြောဆို ၏။
12Ἐσίγησε δὲ πᾶν τὸ πλῆθος, καὶ ἤκουον Βαρνάβα καὶ Παύλου ἐξηγουμένων ὅσα ἐποίησεν ὁ Θεὸς σημεῖα καὶ τέρατα ἐν τοῖς ἔθνεσι δι᾿ αὐτῶν.
12ထိုအခါ ဗာနဗ နှင့် ပေါလု တို့သည် မိမိ တို့အားဖြင့် တစ်ပါး အမျိုးသားတို့တွင် ဘုရားသခင် ပြု တော်မူသမျှ သော နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ကြားပြော သည်ကို စုဝေး သောသူအပေါင်း တို့သည် တိတ်ဆိတ် စွာ နေ၍ နားထောင် ကြ၏။
13Μετὰ δὲ τὸ σιγῆσαι αὐτούς, ἀπεκρίθη Ἰάκωβος λέγων, Ἄνδρες ἀδελφοί, ἀκούσατέ μου·
13ထိုသူ တို့သည် အကုန်အစင်ပြောဆို ပြီးမှ ၊ ယာကုပ် က၊ ညီအစ်ကို တို့၊ ငါ့ စကားကို နားထောင် ကြ လော့။
14Συμεὼν ἐξηγήσατο καθὼς πρῶτον ὁ Θεὸς ἐπεσκέψατο λαβεῖν ἐξ ἐθνῶν λαὸν ἐπὶ τῷ ὀνόματι αὐτοῦ.
14ဘုရားသခင် သည် မိမိ နာမ အဘို့ ၊ တစ်ပါး အမျိုးသားတို့ အထဲ ကအချို့သောသူတို့ကိုနှုတ်ယူ ခြင်းငှာ၊ ရှေးဦးစွာ တစ်ပါးအမျိုးသားတို့ကို အကြည့်အရှု ကြွလာ တော်မူသည် အကြောင်းအရာကို ရှိမုန် သည် ဟောပြော ခဲ့ပြီ။
15Καὶ τούτῳ συμφωνοῦσιν οἱ λόγοι τῶν προφητῶν, καθὼς γέγραπται,
15ထိုအကြောင်း အရာသည်လည်း ပရောဖက် တို့၏ စကား နှင့် ညီ ၏။
16Μετὰ ταῦτα ἀναστρέψω, καὶ ἀνοικοδομήσω τὴν σκηνὴν Δαβὶδ τὴν πεπτωκυῖαν· καὶ τὰ κατεσκαμμένα αὐτῆς ἀνοικοδομήσω, καὶ ἀνορθώσω αὐτήν·
16ကျမ်းစာလာ သည်ကား၊ ငါ ၏နာမ ဖြင့် သမုတ် သော တစ်ပါး အမျိုးသားအပေါင်း တည်းဟူသောကျန်ကြွင်း ရစ်သော သူ တို့သည် ထာဝရ ဘုရားကိုရှာ စေခြင်းငှာ နောက်မှ ငါပြန်လာ မည်။
17ὅπως ἂν ἐκζητήσωσιν οἱ κατάλοιποι τῶν ἀνθρώπων τὸν Κύριον, καὶ πάντα τὰ ἔθνη, ἐφ᾿ οὓς ἐπικέκληται τὸ ὄνομά μου ἐπ᾿ αὐτούς, λέγει Κύριος ὁ ποιῶν ταῦτα πάντα.
17လဲ လျက်ရှိသော ဒါဝိဒ် ၏တဲ ကို ဆောက်တည် ပြန်မည်။ ပြိုပျက် ရာများကိုလည်း ပြုပြင် ပြီးလျှင် ၊ ထိုတဲ ကို မတ် စေပြန်မည်ဟု။
18Γνωστὰ ἀπ᾿ αἰῶνός ἐστι τῷ Θεῷ πάντα τὰ ἔργα αὐτοῦ.
18ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရ ဘုရားသခင်၏ ဗျာဒိတ်တော်ရှိ၏ ဟုလာသတည်း။ ဘုရားသခင် သည် ကမ္ဘာ ဦးမှစ၍ မိမိစီရင် တော်မူသမျှသော အမှုအရာတို့ကိုသိ တော်မူသည်။
19Διὸ ἐγὼ κρίνω μὴ παρενοχλεῖν τοῖς ἀπὸ τῶν ἐθνῶν ἐπιστρέφουσιν ἐπὶ τὸν Θεόν·
19ထိုကြောင့် ၊ တစ်ပါး အမျိုးသားတို့အထဲ မှ ဘုရားသခင့် ထံတော် သို့ ပြောင်းလဲ သော သူ တို့ကို မ နှောင့်ရှက် ဘဲလျက်၊
20ἀλλὰ ἐπιστεῖλαι αὐτοῖς τοῦ ἀπέχεσθαι ἀπὸ τῶν ἀλισγημάτων τῶν εἰδώλων καὶ τῆς πορνείας καὶ τοῦ πνικτοῦ καὶ τοῦ αἵματος.
20ရုပ်တု တို့၏ ညစ်ညူး ရာကို၎င်း ၊ မတရား သော မေထုန်ကို၎င်း ၊ လည်ပင်း ကိုညှစ်၍ သတ်သောအရာကို ၎င်း၊ အသွေး ကို၎င်း ကြဉ်ရှောင် စေခြင်းငှာသူ တို့ကို မှာ လိုက်သင့်သည်ဟု ငါသဘောရှိ၏။
21Μωσῆς γὰρ ἐκ γενεῶν ἀρχαίων κατὰ πόλιν τοὺς κηρύσσοντας αὐτὸν ἔχει, ἐν ταῖς συναγωγαῖς κατὰ πᾶν σάββατον ἀναγινωσκόμενος.
21အကြောင်းမူကား ၊ မောရှေ၏ပညတ္တိကျမ်းကို တရားစရပ် ၌ ဥပုသ်နေ့ တိုင်း ဘတ်ရွတ် သဖြင့်၊ မောရှေ ၏ တရားကို ရှေး ကာလမှစ၍ ခပ်သိမ်း သောမြို့ တို့၌ ဟောပြော လေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။
22Τότε ἔδοξε τοῖς ἀποστόλοις καὶ τοῖς πρεσβυτέροις σὺν ὅλῃ τῇ ἐκκλησίᾳ, ἐκλεξαμένους ἄνδρας ἐξ αὐτῶν πέμψαι εἰς Ἀντιόχειαν σὺν τῷ Παύλῳ καὶ Βαρνάβᾳ, Ἰούδαν τὸν ἐπικαλούμενον Βαρσαβᾶν, καὶ Σίλαν, ἄνδρας ἡγουμένους ἐν τοῖς ἀδελφοῖς,
22ထိုအခါ တမန်တော် တို့နှင့် သင်းအုပ် တို့မှစ၍ သင်းဝင်သူ အပေါင်း တို့သည်၊ မိမိ တို့အထဲ ၌ ရွေးကောက် ၍ညီအစ်ကို တို့တွင် ထင်ရှား သောသူ တည်းဟူသောဗာရှဗ အမည် သစ်ကို ရသောယုဒ နှင့် သိလ တို့ကို၊ အန္တိအုတ် မြို့သို့ ပေါလု ၊ ဗာနဗ တို့နှင့်တကွ စေလွှတ် မည် အကြောင်းသဘော ညီညွတ်ကြ၏။
23γράψαντες διὰ χειρὸς αὐτῶν τάδε, Οἱ ἀπόστολοι καὶ οἱ πρεσβύτεροι καὶ οἱ ἀδελφοὶ τοῖς κατὰ τὴν Ἀντιόχειαν καὶ Συρίαν καὶ Κιλικίαν ἀδελφοῖς τοῖς ἐξ ἐθνῶν, χαίρειν·
23သူ တို့လက် ဖြင့် ပေး လိုက်သော စာဟူမူကား၊ တမန်တော် ၊ သင်းအုပ် ၊ ညီအစ်ကို များတို့သည်၊ အန္တိအုတ် မြို့မှစ၍ ရှုရိ ပြည်၊ ကိလိကိ ပြည်တို့၌ရှိနေ၍ တစ်ပါး အမျိုးသားဖြစ်သော ညီအစ်ကို တို့ကို မေတ္တာနှင့်ကြား လိုက်ပါ၏။
24ἐπειδὴ ἠκούσαμεν ὅτι τινὲς ἐξ ἡμῶν ἐξελθόντες ἐτάραξαν ὑμᾶς λόγοις, ἀνασκευάζοντες τὰς ψυχὰς ὑμῶν, λέγοντες περιτέμνεσθαι καὶ τηρεῖν τὸν νόμον, οἷς οὐ διεστειλάμεθα·
24လူအချို့ တို့သည် ငါတို့အခွင့် မ ရှိဘဲ ငါ တို့ထံမှ ထွက်သွား ၍၊ သင် တို့သည် အရေဖျားလှီးခြင်းကိုခံရမည်၊ ပညတ်တရားကိုကျင့်ရမည် ဟူသောစကား ဖြင့်၊ သင် တို့၏ စိတ် နှလုံးကို နှောင့်ရှက် ဖျက်ဆီးသည်ကို ငါတို့ကြား ရ သည်ဖြစ်၍ ၊
25ἔδοξεν ἡμῖν γενομένοις ὁμοθυμαδόν, ἐκλεξαμένους ἄνδρας πέμψαι πρὸς ὑμᾶς, σὺν τοῖς ἀγαπητοῖς ἡμῶν Βαρνάβᾳ καὶ Παύλῳ,
25ငါ တို့သခင် ယေရှု ခရစ် ၏ နာမ တော်ကြောင့် မိမိ အသက် ကို စွန့်စား သော သူ တည်းဟူသော၊
26ἀνθρώποις παραδεδωκόσι τὰς ψυχὰς αὐτῶν ὑπὲρ τοῦ ὀνόματος τοῦ Κυρίου ἡμῶν Ἰησοῦ Χριστοῦ.
26ငါတို့ချစ် သောဗာနဗ ၊ ပေါလု တို့နှင့်တကွ ရွေးကောက် သော သူ တို့ကို သင် တို့ဆီသို့ စေလွှတ် ခြင်းငှာတစ် ညီတစ်ညွတ်တည်း စီရင် သည်နှင့်အညီ၊
27Ἀπεστάλκαμεν οὖν Ἰούδαν καὶ Σίλαν, καὶ αὐτοὺς διὰ λόγου ἀπαγγέλλοντας τὰ αὐτά.
27ဤအကြောင်း အရာကို သင် တို့အား နှုတ် ဖြင့် ကြား စေခြင်းငှာယုဒ နှင့် သိလ တို့ကို စေလွှတ် ကြ၏။
28Ἔδοξε γὰρ τῷ ἁγίῳ πνεύματι, καὶ ἡμῖν, μηδὲν πλέον ἐπιτίθεσθαι ὑμῖν βάρος, πλὴν τῶν ἐπάναγκες τούτων,
28ရုပ်တု ရှေ့မှာ ပူဇော်သောယဇ်ကောင်ကို၎င်း ၊ အသွေး ကို၎င်း ၊
29ἀπέχεσθαι εἰδωλοθύτων καὶ αἵματος καὶ πνικτοῦ καὶ πορνείας· ἐξ ὧν διατηροῦντες ἑαυτούς, εὖ πράξετε. Ἔρρωσθε.
29လည်ပင်း ကိုညှစ်၍ သတ်သောအရာကို၎င်း ၊ မတရား သော မေထုန်ကို၎င်း ကြဉ်ရှောင် ရမည်ဟူသော ပညတ်မှတပါး အခြားသော ဝန် သင် တို့၏ အပေါ်၌ တင် ခြင်းငှာသန့်ရှင်း သော ဝိညာဉ် တော်နှင့် ငါ တို့သည် အလိုမ ရှိ။ ထို အရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာ ကြပါစေသောဟုရေး၍ ပေးလိုက်သတည်း။
30Οἱ μὲν οὖν ἀπολυθέντες ἦλθον εἰς Ἀντιόχειαν· καὶ συναγαγόντες τὸ πλῆθος, ἐπέδωκαν τὴν ἐπιστολήν.
30ထိုသူတို့သည် သွား ရသော အခွင့်ရှိသဖြင့် ၊ အန္တိအုတ် မြို့သို့ သွား ၍၊ လူ အပေါင်းတို့ကို စုဝေး စေပြီးလျှင် မှာစာ ကိုအပ်ပေး ကြ၏။
31Ἀναγνόντες δέ, ἐχάρησαν ἐπὶ τῇ παρακλήσει.
31မှာစာကိုဘတ်ရွတ် သောအခါ ထိုသက်သာ ခြင်း၏ အကြောင်းကြောင့် ဝမ်းမြောက် ခြင်းသို့ရောက်ကြ၏။
32Ἰούδας δὲ καὶ Σίλας, καὶ αὐτοὶ προφῆται ὄντες, διὰ λόγου πολλοῦ παρεκάλεσαν τοὺς ἀδελφούς, καὶ ἐπεστήριξαν.
32ယုဒ နှင့် သိလ တို့သည် ပရောဖက် ဖြစ် သောကြောင့် များစွာ သောစကား နှင့် ညီအစ်ကို တို့ကို ဆုံးမ ၍ မြဲမြံ ခိုင်ခံ့စေကြ၏။
33Ποιήσαντες δὲ χρόνον, ἀπελύθησαν μετ᾿ εἰρήνης ἀπὸ τῶν ἀδελφῶν πρὸς τοὺς ἀποστόλους.
33ထိုသူ တို့သည် အတန်အရာနေ ပြီးမှ ၊ တမန်တော်တို့ထံသို့ငြိမ်သက် စွာပြန်စေခြင်းငှာညီအစ်ကို တို့သည် အခွင့် ပေးကြ၏။
34Ἔδοξε δὲ τῷ Σίλᾳ ἐπιμεῖναι αὐτοῦ.
34သို့သော်လည်း၊ သိလသည် အလိုအလျောက် နေရစ်၏။
35Παῦλος δὲ καὶ Βαρνάβας διέτριβον ἐν Ἀντιοχείᾳ, διδάσκοντες καὶ εὐαγγελιζόμενοι, μετὰ καὶ ἑτέρων πολλῶν, τὸν λόγον τοῦ Κυρίου.
35ပေါလု နှင့် ဗာနဗ တို့သည်လည်း အန္တိအုတ် မြို့၌ နေ လျက်၊ အခြား သောသူများ တို့နှင့်တကွ ဆုံးမဩဝါဒ ပေး၍၊ သခင် ဘုရား၏ နှုတ်ကပတ် တရားတည်းဟူသောဧဝံဂေလိတရားကိုဟောပြော ကြ၏။
36Μετὰ δέ τινας ἡμέρας εἶπε Παῦλος πρὸς Βαρνάβαν, Ἐπιστρέψαντες δὴ ἐπισκεψώμεθα τοὺς ἀδελφοὺς ἡμῶν κατὰ πᾶσαν πόλιν, ἐν αἷς κατηγγείλαμεν τὸν λόγον τοῦ Κυρίου, πῶς ἔχουσι.
36အင်တန် ကာလ ကြာသောအခါ ၊ ပေါလု က၊ ငါတို့သည် သခင် ဘုရား၏ နှုတ်ကပတ် တရားကို ဟောပြော ဘူးသော မြို့ များ တို့၌ ရှိသော ညီအစ်ကို တို့ သည် အဘယ်သို့ ရှိ နေသည်ကိုကြည့်ရှု ၍ ပြန်သွား ကြကုန်အံ့ဟု ဗာနဗ အား ဆို ၏။
37Βαρνάβας δὲ ἐβουλεύσατο συμπαραλαβεῖν τὸν Ἰωάννην, τὸν καλούμενον Μάρκον.
37ဗာနဗ သည် မာကု အမည် ရှိသော ယောဟန် ကို ခေါ် မည်ဟု အကြံရှိ ၏။
38Παῦλος δὲ ἠξίου, τὸν ἀποστάντα ἀπ᾿ αὐτῶν ἀπὸ Παμφυλίας, καὶ μὴ συνελθόντα αὐτοῖς εἰς τὸ ἔργον, μὴ συμπαραλαβεῖν τοῦτον.
38ပေါလု က၊ ပံဖုလိ ပြည်၌ သူ တို့နှင့် ခွာ ၍ အမှုထမ်း ရာသို့ မ လိုက် မသွားသောထိုသူ ကိုမ ခေါ် သင့်ဟု သဘော ရှိ၏။
39Ἐγένετο οὖν παροξυσμός, ὥστε ἀποχωρισθῆναι αὐτοὺς ἀπ᾿ ἀλλήλων, τόν τε Βαρνάβαν παραλαβόντα τὸν Μάρκον ἐκπλεῦσαι εἰς Κύπρον·
39ထို အကြောင်းနှင့် အချင်းချင်း မ သင့်သဖြင့် တခြားစီ သွား၍၊ ဗာနဗ သည်မာကု ကို ခေါ် ပြီးလျှင် ကုပရု ကျွန်းသို့ လွှင့် လေ၏။
40Παῦλος δὲ ἐπιλεξάμενος Σίλαν ἐξῆλθε, παραδοθεὶς τῇ χάριτι τοῦ Θεοῦ ὑπὸ τῶν ἀδελφῶν.
40ညီအစ်ကို တို့သည် ပေါလု ကိုဘုရားသခင် ၏ ကျေးဇူး တော်သို့ အပ်နှံ ကြသဖြင့်၊ သူသည်သိလ ကို ရွေးချယ် ပြီးလျှင်ထွက် ၍၊
41Διήρχετο δὲ τὴν Συρίαν καὶ Κιλικίαν, ἐπιστηρίζων τὰς ἐκκλησίας.
41အသင်းတော် များကို မြဲမြံ ခိုင်ခံ့စေလျက်၊ ရှုရိ ပြည်၊ ကိလိကိ ပြည်တို့ကို ရှောက်သွား လေ၏။
Tip: use the ← and → keys to turn chapters.