Numbers
Chapter 32
Douay-Rheims Bible, Amer…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
Douay-Rheims Bible, American Edition (1899)
Judson Burmese Bible (1840)
1And the sons of Ruben and Gad had many flocks of cattle, and their substance in beasts was infinite. And when they saw the lands of Jazer and Galaad fit for feeding cattle,
1ရုဗင် အမျိုးသား နှင့် ဂဒ် အမျိုးသား တို့သည် အလွန် များပြားသော တိရစ္ဆာန် တို့နှင့် ကြွယ်ဝ သည်ဖြစ်၍၊ ယာဇာ ပြည် ၊ ဂိလဒ် ပြည် တို့၌ တိရစ္ဆာန် ကျက်စားစရာဘို့ ကောင်းသည်ကို မြင် ကြလျှင် ၊
2They came to Moses and Eleazar the priest, and the princes of the multitude, and said:
2မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ အစရှိ သော ပရိသတ် တို့တွင် မင်း များတို့ထံသို့ လာ ၍ ၊
3Ataroth, and Dibon, and Jazer, and Nemra, Hesebon, and Eleale, and Saban, and Nebo, and Beon,
3အတရုတ် ၊ ဒိဘုန် ၊ ယာဇာ ၊ နိမရ ၊ ဟေရှဘုန် ၊ ဧလာလေ ၊ ရှေဘံ ၊ နေဗော ၊ ဗောန တည်းဟူသော၊
4The land, which the Lord hath conquered in the sight of the children of Israel, is a very fertile soil for the feeding of beasts: and we thy servants have very much cattle:
4ဣသရေလ ပရိသတ် ရှေ့မှာ ထာဝရဘုရား လုပ်ကြံ တော်မူသော ဤပြည် သည် တိရစ္ဆာန် နှင့် တော်လျော်ပါ၏။ ကိုယ်တော် ကျွန် တို့၌ လည်း တိရစ္ဆာန် များပြားပါ၏။
5And we pray thee, if we have found favour in thy sight, that thou give it to us thy servants in possession, and make us not pass over the Jordan.
5သို့ဖြစ်၍ ကျွန်တော်တို့သည် ရှေ့ တော်၌ မျက်နှာရ လျှင် ၊ ဤ ပြည် ကို ကိုယ်တော် ကျွန် တို့အား အပိုင်ပေး တော်မူပါ။ ကျွန်တော် တို့ကို ယော်ဒန် မြစ်တဘက်သို့ ပို့ဆောင် တော်မ မူပါနှင့်ဟု လျှောက် ကြ၏။
6And Moses answered them: What, shall your brethren go to fight, and will you sit here?
6မောရှေ ကလည်း ၊ သင်တို့သည် ဤ အရပ်၌ နေရစ် ၍၊ သင် တို့ညီအစ်ကို များတို့သည် စစ်တိုက် သွား ရမည်လော။
7Why do ye overturn the minds of the children of Israel, that they may not dare to pass into the place which the Lord hath given them?
7ထာဝရဘုရား ပေး တော်မူသော ပြည် သို့ ဣသရေလ အမျိုးသား တို့သည် မကူး မသွားမည် အကြောင်း၊ သူတို့စိတ် ကို အဘယ်ကြောင့် ဖျက် ကြသနည်း။
8Was it not thus your fathers did, when I sent from Cadesbarne to view the land?
8ပြည် တော်ကို ကြည့်ရှု စေခြင်းငှါ ၊ သင် တို့အဘ တို့ကို ကာဒေရှဗာနာ အရပ်က ငါ စေလွှတ် သောအခါ ထိုသို့ ပြု ကြ၏။
9And when they were come as far as the valley of the cluster, having viewed all the country, they overturned the hearts of the children of Israel, that they should not enter into the coasts, which the Lord gave them.
9ဧရှကောလ ချောင်း သို့ သွား ၍ ပြည် တော်ကို ကြည့် မြင်ပြီးမှ၊ ထာဝရဘုရား ပေး တော်မူသော ပြည် သို့ ဣသရေလ အမျိုးသား တို့သည် မ သွား မည်အကြောင်းသူတို့စိတ် ကို ဖျက် ကြ၏။
10And he swore in his anger, saying:
10ထိုအခါ ထာဝရဘုရား သည် အမျက် တော်ထွက် လျက်၊ အကယ်စင်စစ်အာဗြဟံ ၊ ဣဇာတ် ၊ ယာကုပ် တို့ အား ငါကျိန်ဆို ၍ ပေးသောပြည် ကို၊ အဲဂုတ္တု ပြည်မှ ထွက်လာ သောသူတို့တွင် ကေနက် အမျိုး ယေဖုန္နာ ၏သား ကာလက် နှင့် နုန် ၏သား ယောရှု မှတပါး ၊ အဘယ်သူမျှငါ့ နောက်သို့ လုံးလုံးမ လိုက်သောကြောင့် ၊ အသက် နှစ်ဆယ် လွန် သောသူ တစုံတယောက်မျှ မ မြင် ရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရား နောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆို တော်မူ၏။
11If these men, that came up out of Egypt, from twenty years old and upward, shall see the land, which I promised with an oath to Abraham, Isaac, and Jacob: because they would not follow me,
no verse 11 in this text
12Except Caleb the son of Jephone the Cenezite, and Josue the son of Nun: these have fulfilled my will.
no verse 12 in this text
13And the Lord being angry against Israel, led them about through the desert forty years, until the whole generation, that had done evil in his sight, was consumed.
13ထိုသို့ ထာဝရဘုရား ရှေ့ တော်၌ ဆိုး သောအမှု ကို ပြု သောလူအပေါင်း တို့သည် မ ပျက်စီး မှီတိုင်အောင်၊ ထာဝရဘုရား သည် ဣသရေလ အမျိုးသားတို့ကို အမျက် ထွက် ၍ အနှစ် လေးဆယ် ပတ်လုံးတော ၌ လှည့်လည် စေ တော်မူ၏။
14And behold, said he, you are risen up instead of your fathers, the increase and offspring of sinful men, to augment the fury of the Lord against Israel.
14ယခုမူကား၊ ထာဝရဘုရား သည် ဣသရေလ အမျိုးသားတို့ကို သာ၍ ပြင်းစွာ အမျက် တော်ထွက်စေမည် အကြောင်း၊ သာ၍ ဆိုး သောသူတည်းဟူသောသင်တို့သည် သင် တို့အဘ များကိုယ်စား ပေါ်ထ ကြပြီတကား။
15For if you will not follow him, he will leave the people in the wilderness, and you shall be the cause of the destruction of all.
15သင်တို့သည် နောက် တော်သို့မလိုက်ဘဲ လွှဲသွား ကြလျှင် ၊ တဖန် ဣသရေလအမျိုးသားတို့ကို တော ၌ စွန့်ပစ် တော်မူသဖြင့် ၊ သင်တို့သည် ဤ လူမျိုး အပေါင်း ကို ဖျက်ဆီး ကြလိမ့်မည်ဟု ဂဒ် အမျိုးသား ၊ ရုဗင် အမျိုးသား တို့ အား ပြန်ပြော ၏။
16But they coming near, said: We will make sheepfolds, and stalls for our cattle, and strong cities for our children:
16ထိုသူတို့သည်၊ အနီးအပါးသို့ချဉ်းကပ် ၍၊ ကျွန်တော်တို့သည် ကျွန်တော် တို့ တိရစ္ဆာန် များအဘို့ ဤ အရပ်၌ သိုး ခြံတို့ကို၎င်း ၊ ကျွန်တော် တို့ သူငယ် များ အဘို့ မြို့ တို့ကို၎င်းတည် ပါမည်။
17And we ourselves will go armed and ready for battle before the children of Israel, until we bring them in unto their places. Our little ones, and all we have, shall be in walled cities, for fear of the ambushes of the inhabitants.
17သို့ရာတွင် ဣသရေလအမျိုးသားတို့ကို သူ တို့ နေရာ အရပ်သို့ မ ပို့ မဆောင်မှီတိုင်အောင်၊ ကျွန်တော်တို့သည် လက်နက် ကိုင်လျက် သူတို့ရှေ့မှာ သွား ပါမည်။ ဤပြည် ၌ ကျန်ကြွင်း သေးသော လူတို့ကြောင့် ကျွန်တော် တို့သူငယ် များသည် ခိုင်ခံ့ သောမြို့ ၌ နေ ရပါမည်။
18We will not return into our houses until the children of Israel possess their inheritance:
18ဣသရေလ အမျိုးသား အပေါင်းတို့သည် အမွေ ခံရသောမြေကို မ ဝင်စား မှီတိုင်အောင်ကျွန်တော်တို့သည် ကိုယ် အိမ် သို့ မ ပြန် မလာပါ။
19Neither will we seek any thing beyond the Jordan, because we have already our possession on the east side thereof,
19ကျွန်တော်တို့သည် ယော်ဒန် မြစ်တဘက် ၌ သူ တို့ နှင့်အတူ အမွေ ကို မ တောင်းမခံပါ။ ကျွန်တော် တို့အမွေ ခံရာမြေသည် ယော်ဒန် မြစ်အရှေ့ ဘက်၌ ကျပါသည်ဟု လျှောက် ပြန်ကြ၏။
20And Moses said to them: If you do what you promise, go on well appointed for war before the Lord:
20မောရှေ ကလည်း ၊ သို့ဖြစ်၍သင်တို့သည် ထာဝရဘုရား ရှေ့ တော်၌ လက်နက် ကိုင်လျက် စစ်တိုက် သွား လျှင် ၎င်း၊
21And let every fighting man pass over the Jordan, until the Lord overthrow his enemies:
21ထာဝရဘုရားသည် ရန်သူ တို့ကို ရှေ့ တော်မှ နှင်ထုတ် ၍ ထိုပြည် ကို အောင် တော်မ မူမှီတိုင်အောင်၊
22And all the land be brought under him, then shall you be blameless before the Lord and before Israel, and you shall obtain the countries that you desire, before the Lord.
22သင် တို့ရှိသမျှ သည် လက်နက် ကိုင်လျက် ထာဝရဘုရား ရှေ့ တော်၌ ယော်ဒန် မြစ်တဘက်သို့ ကူး သွားလျှင် ၎င်း၊ ထိုနောက်မှ ထာဝရဘုရား ရှေ့၊ ဣသရေလ အမျိုးသားရှေ့၌အပြစ် ကင်းလွတ်လျက်၊ ဤ ပြည် သို့ ပြန်လာ ၍ ထာဝရဘုရား အခွင့်နှင့် အမွေ ခံရ ကြမည်။
23But if you do not what you say, no man can doubt but you sin against God: and know ye, that your sin shall overtake you.
23ထိုသို့မ ပြု လျှင် မူကား ၊ သင်တို့သည် ထာဝရဘုရား ကို ပြစ်မှား ခြင်းရှိသည်အတိုင်း ၊ ထိုအပြစ် သည် သင် တို့ကို လိုက် ၍ မှီလိမ့်မည်။
24Build therefore cities for your children, and folds and stalls for your sheep and beasts, and accomplish what you have promised.
24သူငယ် များအဘို့ မြို့ တို့ကို၎င်း ၊ သိုး များအဘို့ သိုးခြံ တို့ကို၎င်း၊ တည် လုပ်ကြလော့။ ယခုပြော သမျှ အတိုင်း ပြု ကြလော့ဟုဆိုလျှင်၊
25And the children of Gad and Ruben said to Moses: We are thy servants, we will do what my lord commandeth.
25ဂဒ် အမျိုးသား နှင့် ရုဗင် အမျိုး တို့က၊ ကိုယ်တော် ကျွန် တို့သည် သခင် မိန့် တော်မူသည်အတိုင်း ပြု ပါမည်။
26We will leave our children, and our wives and sheep and cattle, in the cities of Galaad:
26ကျွန်တော် တို့ မယား သားသူငယ် များနှင့် သိုး နွား အလုံးစုံ တို့သည် ဤ အရပ်၊ ဂိလဒ် မြို့ တို့၌ နေရစ် ရပါမည်။
27And we thy servants all well appointed will march on to the war, as thou, my lord, speakest.
27ကိုယ်တော် ကျွန် အပေါင်းတို့မူကား ၊ သခင် မိန့် တော်မူသည်အတိုင်း ၊ လက်နက် ကိုင်လျက် ထာဝရဘုရား ရှေ့ တော်၌ စစ်တိုက် ခြင်းငှါကူး သွားပါမည်ဟု လျှောက်ထား ကြ၏။
28Moses therefore commanded Eleazar the priest, and Josue the son of Nun, and the princes of the families of all the tribes of Israel, and said to them:
28ထိုအမှုကြောင့်၊ မောရှေ သည် ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏သား ယောရှု အစရှိသော ဣသရေလ အမျိုးသား အဆွေအမျိုး သူကြီး များတို့ကို ခေါ် ၍ ၊
29If the children of Gad, and the children of Ruben pass with you over the Jordan, all armed for war before the Lord, and the land be made subject to you: give them Galaad in possession.
29ဂဒ် အမျိုးသား နှင့် ရုဗင် အမျိုးသား တို့သည် စစ်တိုက်ခြင်းငှါအသီးအသီးလက်နက် ကိုင်လျက် ထာဝရဘုရား ရှေ့ တော်၌ သင် တို့နှင့်အတူ ယော်ဒန် မြစ်တဘက် သို့ ကူး သွား၍၊ သင်တို့သည် ထိုပြည် ကို အောင် ပြီးလျှင် ၊ ထိုအမျိုးသား တို့အား ဂိလဒ် ပြည် ကို အပိုင် ပေး ရကြမည်။
30But if they will not pass armed with you into the land of Chanaan, let them receive places to dwell in among you.
30သို့မဟုတ် သူတို့သည်လက်နက် ကိုင်လျက် သင် တို့နှင့်အတူ မ ကူး မသွားလျှင် ၊ ခါနာန် ပြည် ၌ သင် တို့တွင် ကိုယ်ပိုင်ရာမြေကို ခံယူ ရကြမည်ဟု မှာထား လေ၏။
31And the children of Gad, and the children of Ruben answered: As the Lord hath spoken to his servants, so will we do:
31ဂဒ် အမျိုးသား နှင့် ရုဗင် အမျိုးသား တို့ကလည်း၊ ထာဝရဘုရား သည် ကိုယ်တော် ကျွန် တို့အား မိန့် တော်မူသည် အတိုင်း ၊ ကျွန်တော်တို့သည် ပြု ကြပါမည်။
32We will go armed before the Lord into the land of Chanaan, and we confess that we have already received our possession beyond the Jordan.
32ယော်ဒန် မြစ်အရှေ့ ဘက်၌ အမွေ ခံရပါမည်အကြောင်း၊ ကျွန်တော် တို့သည် လက်နက် ကိုင်လျက် ထာဝရဘုရား ရှေ့ တော်၌ ခါနာန် ပြည် သို့ ကူး သွားပါမည် ဟု ပြန်လျှောက် ကြ၏။
33Moses therefore gave to the children of Cad and of Ruben, and to the half tribe of Manasses the son of Joseph, the kingdom of Sehon king of the Amorrhites, and the kingdom of Og king of Basan, and their land and the cities thereof round about.
33ထိုအခါ မောရှေ သည် အာမောရိ ရှင်ဘုရင် ရှိဟုန် ၏ နိုင်ငံ ဆိုင်သမျှ၊ ဗာရှန် ရှင်ဘုရင် ဩဃ ၏ နိုင်ငံ ဆိုင်သမျှသောနယ်မြေ မြို့ ရွာတို့ကို ဂဒ် အမျိုးသား ၊ ရုဗင် အမျိုးသား ၊ ယောသပ် ၏သား မနာရှေမှ ဆင်းသက်သော မနာရှေ အမျိုးသား တဝက် ၌ အပ် ပေးလေ၏။
34And the sons of Cad built Dibon, and Ataroth, and Aroer,
34ဂဒ် အမျိုးသား တို့သည် ဒိဗုန် ၊ အတရုတ် ၊ အာရော် ၊
35And Etroth, and Sophan, and Jazer, and Jegbaa,
35အာတရုတ် ၊ ရှောဖန်၊ ယာဇာ ၊ ယုမ္ဘေဟ ၊
36And Bethnemra, and Betharan, fenced cities, and folds for their cattle.
36ဗက်နိမရာ ၊ ဗေသာရန် မြို့ များကို၎င်း ၊ သိုး ခြံများ ကို၎င်းတည် လုပ်ကြ၏။
37But the children of Ruben built Hesebon, and Eleale, and Cariathaim,
37ရုဗင် အမျိုးသား တို့သည် ဟေရှဘုန် ၊ ဧလာလေ ၊ ကိရယသိမ် ၊
38And Nabo, and Baalmeon (their names being changed) and Sabama: giving names to the cities which they had built.
38နေဗော ၊ ဗာလမောန ၊ ရှိဗမ မြို့ များကို အသစ် သောအမည် ဖြင့် သမုတ် ၍ တည် ကြ၏။
39Moreover the children of Machir, the son of Manasses, went into Galaad, and wasted it, cutting off the Amorrhites, the inhabitants thereof.
39မနာရှေ မှ ဆင်းသက်သော မာခိရ အမျိုးသား တို့သည်၊ ဂိလဒ် မြို့သို့ သွား ၍ သိမ်းယူ ပြီးလျှင် ၊ အရင် မြို့သား အာမောရိ လူတို့ကို နှင်ထုတ် ကြ၏။
40And Moses gave the land of Galaad to Machir the son of Manasses, and he dwelt in it.
40မောရှေ သည် ဂိလဒ် မြို့ကို မနာရှေ ၏သား မာခိရ အမျိုးသားတို့အား ပေး ၍ သူတို့သည် နေ ကြ၏။
41And Jair the son of Manasses went, and took the villages thereof, and he called them Havoth Jair, that is to say, the villages of Jair.
41မနာရှေ အမျိုးသား ယာဣရ သည်လည်း သွား ၍ ဂိလဒ်ရွာ များကို သိမ်းယူ ပြီးမှ ၊ ဟာဝုတ် ယာဣရ အမည် ဖြင့် သမုတ် လေ၏။
42Nobe also went, and took Canath with the villages thereof: and he called it by his own name, Nobe.
42နောဗာ သည်လည်း သွား ၍ ကေနတ် မြို့ ရွာတို့ကို သိမ်းယူ ပြီးမှ ၊ မိမိ အမည် ဖြင့် နောဗာ မြို့ဟု သမုတ် လေ၏။

Tip: use the ← and → keys to turn chapters.