John 16
Douay-Rheims Bible, American Edition (1899)Translation
Douay-Rheims Bible, American Edition (1899)
Judson Burmese Bible (1840)
1These things have I spoken to you, that you may not be scandalized.
1သင် တို့သည် စိတ် မ ပျက်စေခြင်းငှာ ဤ စကားကို ငါဟောပြော ၏။
2They will put you out of the synagogues: yea, the hour cometh, that whosoever killeth you, will think that he doth a service to God.
2လောကီသားတို့သည် သင် တို့ကိုတရားစရပ် မှ နှင်ထုတ်လိမ့်မည်။ သင် တို့ကိုသတ် သောသူ မည်သည်ကား ၊ ဘုရား ဝတ် ကို ငါပြု ပြီဟု မိမိထင်မှတ်သောအချိန် ကာလရောက် လိမ့်မည်။
3And these things will they do to you; because they have not known the Father, nor me.
3ခမည်းတော် ကိုမ သိ ၊ ငါ့ ကိုလည်း မ သိသောကြောင့် ထိုသို့ ပြု ကြလိမ့်မည်။
4But these things I have told you, that when the hour shall come, you may remember that I told you of them.
4ထိုအချိန် ကာလရောက် သောအခါ ၊ ငါသည်အထက်က ဤသို့ ပြော ပြီးသည်ကို သင်တို့အောက်မေ့ စေခြင်းငှာ ယခုပင်ငါ ဟောပြော ၏။အစဦး ၌ သင် တို့နှင့်အတူ ငါရှိ သောကြောင့် ဤသို့ မ ပြော ဘူးသေး။
5But I told you not these things from the beginning, because I was with you. And now I go to him that sent me, and none of you asketh me: Whither goest thou?
5ငါ့ ကို စေလွှတ် တော်မူသောသူ ထံသို့ ယခု ငါသွား ရမည်ဖြစ်၍၊ အဘယ် အရပ်သို့ သွား မည်နည်းဟု သင် တို့မ မေး ကြ။
6But because I have spoken these things to you, sorrow hath filled your heart.
6ဤ အကြောင်းအရာတို့ကို ငါဟောပြော သောကြောင့် သင် တို့သည်အလွန်ဝမ်းနည်း ခြင်းသို့ ရောက် ကြ၏။
7But I tell you the truth: it is expedient to you that I go: for if I go not, the Paraclete will not come to you; but if I go, I will send him to you.
7ငါ အမှန်အကန် ဆို သည်ကား၊ ငါ သွား လျှင် သင် တို့အကျိုး ရှိလိမ့်မည်။ အကြောင်းမူကား ၊ ငါမ သွား လျှင် ဥပဇ္ဈာယ် ဆရာသည် သင် တို့ဆီသို့ မ လာ ။ ငါသွား လျှင် ထိုသူ ကို သင် တို့ဆီသို့ ငါစေလွှတ် မည်။
8And when he is come, he will convince the world of sin, and of justice, and of judgment.
8ဥပဇ္ဈာယ် ဆရာသည် ရောက်လာ လျှင်၊ ဒုစရိုက် အပြစ်ကို၎င်း ၊ အပြစ် ကင်းခြင်းကို၎င်း ၊ အပြစ် စီရင်ခြင်းကို၎င်း၊ လောကီသား တို့အား ထင်ရှားစွာဘော်ပြ မည်။
9Of sin: because they believed not in me.
9ငါ့ ကို မ ယုံကြည် ကြသောကြောင့် ဒုစရိုက် အပြစ်ကို ဘော်ပြ မည်။
10And of justice: because I go to the Father; and you shall see me no longer.
10ငါသည် ခမည်းတော် ထံသို့ သွား မည်ဖြစ်၍ ၊ သင်တို့သည် နောက်တဖန်ငါ့ ကိုမ တွေ့ မမြင်ရသောကြောင့် ၊ အပြစ် ကင်းခြင်းကို ဖော်ပြမည်။
11And of judgment: because the prince of this world is already judged.
11ဤ လောက ကို အစိုးရ သောမင်းသည် အပြစ်စီရင် ခြင်းကိုခံရသောကြောင့် အပြစ် စီရင်ခြင်းကို ဖော်ပြ မည်။
12I have yet many things to say to you: but you cannot bear them now.
12သင် တို့အား ငါ ပြော စရာစကားအများ ရှိသော်လည်း ၊ သင်တို့သည် ယခု မ ခံ နိုင် ကြ။
13But when he, the Spirit of truth, is come, he will teach you all truth. For he shall not speak of himself; but what things soever he shall hear, he shall speak; and the things that are to come, he shall shew you.
13သမ္မာတရား နှင့်ပြည့်စုံသော ထို ဝိညာဉ် တော်သည် ရောက်လာ သောအခါ ၊ သမ္မာတရား ကို သင် တို့အား အကြွင်းမဲ့ သွန်သင် ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြော မည်မ ဟုတ်။ ကြား သမျှ တို့ကို ဟောပြော လိမ့်မည်။ နောင်လာ လတံ့သောအရာ တို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။
14He shall glorify me; because he shall receive of mine, and shall shew it to you.
14ထိုသူ သည် ငါ့ ဘုန်း ကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား ၊ ငါ နှင့်စပ်ဆိုင် သောအရာကိုယူ ၍ သင် တို့အား ဖော်ပြ လိမ့်မည်။
15All things whatsoever the Father hath, are mine. Therefore I said, that he shall receive of mine, and shew it to you.
15ခမည်းတော် နှင့်စပ်ဆိုင် သမျှ သည် ငါ နှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါ နှင့်စပ်ဆိုင် သောအရာကိုယူ ၍ သင်တို့အားဖော်ပြ လိမ့်မည်ဟု ငါပြော ၏။
16A little while, and now you shall not see me; and again a little while, and you shall see me: because I go to the Father.
16ခဏ ကြာပြီးမှသင်တို့သည်ငါ့ ကိုမ မြင် ရကြ။ တစ်ဖန် ခဏ ကြာပြီးမှ ငါ့ ကိုမြင် ပြန်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံသို့သွားမည် ဟု မိန့်တော်မူ၏။
17Then some of the disciples said one to another: What is this that he saith to us: A little while, and you shall not see me; and again a little while, and you shall see me, and, because I go to the Father?
17တပည့် တော်အချို့ ကလည်း ၊ ခဏ ကြာပြီးမှ သင်တို့သည်ငါ့ ကို မ မြင် ရကြ။ တစ်ဖန် ခဏ ကြာပြီးမှ ငါ့ ကို မြင် ပြန်ကြလိမ့်မည်ဟူ၍၎င်း ၊ အကြောင်းမူကား ၊ ငါသည် ခမည်းတော် ထံသို့ သွား မည် ဟူ၍၎င်း၊ မိန့်တော်မူသောစကား သည် အဘယ်သို့ နည်း။
18They said therefore: What is this that he saith, A little while? we know not what he speaketh.
18ခဏ ဟူ၍မိန့်တော်မူသော် အဘယ်သို့ ဆိုလိုသနည်း မိန့် တော်မူသောစကားကို အကျွန်ုပ်တို့သည် နား မ လည်ဟု အချင်းချင်းပြောဆို ကြ၏။
19And Jesus knew that they had a mind to ask him; and he said to them: Of this do you inquire among yourselves, because I said: A little while, and you shall not see me; and again a little while, and you shall see me?
19တပည့်တော်တို့သည်မေးလျှောက် လို သည်ကို ယေရှု သိမြင် တော်မူလျှင်၊ ခဏ ကြာပြီးမှ သင်တို့သည် ငါ့ ကိုမ မြင် ရကြ။ တစ်ဖန် ခဏ ကြာပြီးမှ ငါ့ ကိုမြင် ပြန်ကြလိမ့်မည်ဟု ငါပြော သောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင် ကြသလော။
20Amen, amen I say to you, that you shall lament and weep, but the world shall rejoice; and you shall be made sorrowful, but your sorrow shall be turned into joy.
20ငါအမှန်အကန် ဆို သည်ကား၊ သင် တို့သည် ငိုကြွေး မြည်တမ်း ခြင်းရှိကြလိမ့်မည်။ လောကီသား တို့သည် ဝမ်းမြောက် ခြင်းရှိကြလိမ့်မည်။ သင် တို့မူကား ဝမ်းနည်း ခြင်းရှိသော်လည်း ထိုဝမ်းနည်း ခြင်းသည် တဖန် ဝမ်းမြောက် ခြင်းဖြစ် လိမ့်မည်။
21A woman, when she is in labour, hath sorrow, because her hour is come; but when she hath brought forth the child, she remembereth no more the anguish, for joy that a man is born into the world.
21မိန်းမ သည်သားကို ဘွား စဉ်အခါ ဘွားရသောအချိန် စေ့ သောကြောင့် ဝမ်းနည်း ခြင်းရှိ ၏။ ဘွားမြင် ပြီးမှဤလောက ၌ လူ တစ်ယောက်ကိုဘွားမြင် သောကြောင့် ဝမ်းမြောက် ခြင်းရှိ၍၊ အထက်ခံရသောဝေဒနာ ကို မေ့လျော့ တတ်၏။
22So also you now indeed have sorrow; but I will see you again, and your heart shall rejoice; and your joy no man shall take from you.
22ထိုနည်းတူ၊ ယခု တွင် သင် တို့သည် ဝမ်းနည်း ခြင်းရှိ ကြသော်လည်း ၊ နောက် တဖန်သင် တို့ကို ငါတွေ့မြင် သဖြင့် သင် တို့သည်စိတ် နှလုံးဝမ်းမြောက် ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက် ခြင်းကို အဘယ်သူ မျှလုယူဖျက်ဆီးခြင်းငှာမတတ်နိုင်။
23And in that day you shall not ask me any thing. Amen, amen I say to you: if you ask the Father any thing in my name, he will give it you.
23ထို နေ့ ၌ သင်တို့သည် ငါ့ ကိုအလျှင်း မ မေးမြန်း ရကြ။ ငါအမှန်အကန် ဆို သည်ကား၊ သင် တို့သည်ငါ ၏ နာမ ကိုအမှီပြု ၍ ခမည်းတော် မှာ ဆုတောင်း သမျှ တို့ကို ခမည်းတော်သည် ပေး တော်မူမည်။
24Hitherto you have not asked any thing in my name. Ask, and you shall receive; that your joy may be full.
24ယခု တိုင်အောင် ငါ ၏နာမ ကိုအမှီပြု ၍ သင်တို့သည် အဘယ် ဆုကိုမျှမ တောင်း ကြသေး။ သင် တို့သည် ဝမ်းမြောက် စရာအကြောင်း စုံလင် စေခြင်းငှာတောင်း ကြလော့။ ထိုသို့တောင်းလျှင် ရ ကြလိမ့်မည်။
25These things I have spoken to you in proverbs. The hour cometh, when I will no more speak to you in proverbs, but will shew you plainly of the Father.
25ဤ အရာတို့ကို ပုံ ဥပမာအားဖြင့် ငါဟောပြော ၏။ ပုံ ဥပမာအားဖြင့် မ ဟော မပြောဘဲ၊ ခမည်းတော် နှင့် စပ်ဆိုင် သောအရာတို့ကို သင်တို့အားအတည့်အလင်း ဖော်ပြ သောအချိန် ကာလ ရောက် လိမ့်မည်။
26In that day you shall ask in my name; and I say not to you, that I will ask the Father for you:
26ထို ကာလ ၌ သင်တို့သည် ငါ ၏နာမ ကိုအမှီပြု ၍ ဆုတောင်း ကြလိမ့်မည်။ သင် တို့အဘို့ အလိုငှာ ငါ သည် ခမည်းတော် ကို တောင်း မည်ဟုမ ဆို ။
27For the Father himself loveth you, because you have loved me, and have believed that I came out from God.
27အကြောင်းမူကား ၊ သင် တို့သည်ငါ့ ကိုချစ် ကြ၍ ၊ ငါ သည်ဘုရားသခင် အထံ တော်မှ ကြွလာ သည်ကို ယုံကြည် သောကြောင့် ခမည်းတော် သည် ကိုယ်တော် တိုင် သင် တို့ကိုချစ် တော်မူ၏။
28I came forth from the Father, and am come into the world: again I leave the world, and I go to the Father.
28ငါသည် ခမည်းတော် ထံမှ ထွက် ၍ ဤလောက သို့ ကြွလာ ပြီ။ တစ်ဖန် ဤလောက မှထွက် ၍ ခမည်းတော် ထံသို့ သွား ဦးမည် ဟု မိန့် တော်မူ၏။
29His disciples say to him: Behold, now thou speakest plainly, and speakest no proverb.
29တပည့် တော်တို့ကလည်း၊ ကိုယ်တော်သည် ယခု တွင်ပုံ ဥပမာကိုမ ဆောင်ဘဲ အတည့်အလင်း ဟောပြော တော်မူ၏။
30Now we know that thou knowest all things, and thou needest not that any man should ask thee. By this we believe that thou camest forth from God.
30အလုံးစုံ တို့ကို သိ တော်မူသည်ကို၎င်း ၊ အဘယ်သူ မျှကိုယ်တော် ကို မေးမြန်း စေခြင်းငှာ အလို တော်မ ရှိ သည်ကို၎င်း၊ ယခု တွင် အကျွန်ုပ်တို့သိ ကြပါ၏။ အကျွန်ုပ်တို့သည် ဤ အကြောင်းကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင် အထံတော်မှ ကြွ တော်မူသည်ကို ယုံ ပါသည်ဟု လျှောက် ကြ၏။
31Jesus answered them: Do you now believe?
31ယေရှု ကလည်း၊ ယခု တွင်ယုံ ကြပြီလော။
32Behold, the hour cometh, and it is now come, that you shall be scattered every man to his own, and shall leave me alone; and yet I am not alone, because the Father is with me.
32သင်တို့သည် ကွဲပြား ၍ ငါ့ ကိုတကိုယ်တည်း နေစေခြင်းငှာ စွန့်ပစ် လျက်၊ အသီးသီး မိမိ တို့နေရာ သို့ ပြေးသွားမည့်အချိန် ကာလသည် လာ ၍ ယခုပင်ရောက် ပေ၏။ သို့သော်လည်း ငါသည်တကိုယ်တည်း နေ သည် မ ဟုတ်။ ခမည်းတော် သည်ငါ နှင့်အတူ ရှိ တော်မူ၏။
33These things I have spoken to you, that in me you may have peace. In the world you shall have distress: but have confidence, I have overcome the world.
33သင် တို့သည် ငါ့ ကိုအမှီပြု ၍ ငြိမ်သက် ခြင်းရှိ စေခြင်းငှာ ဤ စကားကိုငါဟောပြော ပြီ။ သင်တို့သည် လောက ၌ ဆင်းရဲ ဒုက္ခကိုခံ ကြရလိမ့်မည်။ သို့သော်လည်း မ စိုးရိမ်ကြနှင့်။ ငါ သည်လောက ကိုအောင် ပြီ ဟု မိန့် တော်မူ၏။
Tip: use the ← and → keys to turn chapters.