ⳘⲀⲦⲐⲈⲞⲚ 19
Coptic New Testament (Bohairic)Translation
Coptic New Testament (Bohairic)
Judson Burmese Bible (1840)
1ⲞⲨⲞϨ ⲀⲤϢⲰⲠⲒ ⲈⲦⲀ ⲒⲎⲤⲞⲨⲤ ϪⲈⲔ ⲚⲀⲒⲤⲀϪⲒ ⲈⲂⲞⲖ ⲀϤⲞⲨⲰⲦⲈⲂ ⲈⲂⲞⲖ ϦⲈⲚϮⲄⲀⲖⲒⲖⲈⲀ ⲀϤⲒ ⲈⲚⲒϬⲒⲎ ⲚⲦⲈϮⲒⲞⲨⲆⲈⲀ ϨⲒⲘⲎⲢ ⲘⲠⲒⲒⲞⲢⲆⲀⲚⲎ Ⲥ.
1ထို ဒေသနာ တော်ကို ယေရှု သည်အကုန်အစင် ဟောတော်မူပြီးလျှင် ၊ ဂါလိလဲ ပြည်မှ ပြောင်း၍ ယုဒ ပြည် စွန်း ၊ ယော်ဒန် မြစ်တစ်ဘက် သို့ ကြွ တော်မူ၏။
2ⲞⲨⲞϨ ⲀⲨⲞⲨⲀϨⲞⲨ ⲚⲤⲰϤ ⲚϪⲈϨⲀⲚⲚⲒϢϮ ⲘⲘⲎϢ ⲞⲨⲞϨ ⲀϤⲈⲢⲪⲀϦⲢⲒ ⲈⲢⲰⲞⲨ ⲘⲘⲀⲨ.
2လူ များအပေါင်း တို့သည် နောက် တော်သို့လိုက်ကြသည်ဖြစ်၍ ၊ ထို အရပ်၌ အနာ ရောဂါများကို ငြိမ်း စေ တော်မူ၏။
3ⲞⲨⲞϨ ⲀⲨⲒ ϨⲀⲢⲞϤ ⲚϪⲈϨⲀⲚⲪⲀⲢⲒⲤⲈⲞⲤ ⲈⲨⲈⲢⲠⲒⲢⲀⲌⲒⲚ ⲘⲘⲞϤ ⲈⲨϪⲰ ⲘⲘⲞⲤ ϪⲈ ⲀⲚ ⲤϢⲈ ⲚⲦⲈⲠⲒⲢⲰⲘⲒ ϨⲒ ⲦⲈϤⲤϨⲒⲘⲒ ⲈⲂⲞⲖ ϦⲈⲚⲚⲞⲂⲒ ⲚⲒⲂⲈⲚ.
3ဖာရိရှဲ တို့သည် အထံ တော်သို့လာ ၍ လူ သည် ခပ်သိမ်း သောအပြစ် ကြောင့် မိမိ မယား နှင့် ကွာ အပ်သလောဟု စုံစမ်း နှောင့်ရှက်ခြင်းငှာမေးလျှောက် ကြသော်၊
4ⲚⲐⲞϤ ⲆⲈ ⲠⲈϪⲀϤ ϪⲈ ⲘⲠⲈⲦⲈⲚⲰϢ ⲒⲤϪⲈⲚ ϨⲎ ⲞⲨϨⲰⲞⲨⲦ ⲚⲈⲘ ⲤϨⲒⲘⲒ ⲠⲈⲦⲀϤⲤⲞⲚⲦⲞⲨ.
4ကိုယ်တော် က၊ အစအဦး ၌ ဖန်ဆင်း တော်မူသောသူ သည် ယောက်ျား နှင့် မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်း တော်မူ၏။
5ⲞⲨⲞϨ ⲠⲈϪⲀϤ ϪⲈ ⲈⲐⲂⲈⲪⲀⲒ ⲈⲢⲈ ⲠⲒⲢⲰⲘⲒ ⲬⲀ ⲠⲈϤⲒⲰⲦ ⲚⲈⲘ ⲦⲈϤⲘⲀⲨ ⲚⲤⲰϤ ⲞⲨⲞϨ ⲈϤⲈⲦⲞⲘϤ ⲈⲦⲈϤⲤϨⲒⲘⲒ ⲞⲨⲞϨ ⲈⲨⲈϢⲰⲠⲒ ⲘⲠⲂ ⲈⲨⲤⲀⲢⲜ ⲚⲞⲨⲰⲦ.
5ထို အကြောင်း ကြောင့် ယောက်ျား သည် ကိုယ် မိဘ ကိုစွန့် ၍ ကိုယ် ခင်ပွန်း ၌မှီဝဲ သဖြင့် ၊ ထိုသူနှစ် ယောက်တို့သည် တစ်သား တစ်ကိုယ်တည်းဖြစ် ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မဘတ်ဘူးသလော။
6ϨⲰⲤⲦⲈ ⲂⲀⲚ ϪⲈ ⲚⲈⲀⲖⲖⲀ ⲞⲨⲤⲀⲢⲜ ⲚⲞⲨⲰⲦ ⲦⲈ ⲪⲎ ⲞⲨⲚ ⲈⲦⲀ ⲪⲚⲞⲨϮ ⲦⲞⲘϤ ⲘⲠⲈⲚⲐⲢⲈ ⲪⲢⲰⲘⲒ ⲪⲞⲢϪϤ.
6ထို့ကြောင့် လင်မယားတို့သည် နှစ် ဦးမ ဟုတ်တစ်ဦးတည်း ဖြစ် ၏။ ဘုရားသခင် ဘက်စပ် ၍ ထမ်းဘိုးတင် တော်မူသောအရာ ကို လူ မ ခွဲ မခွာစေနှင့် ဟု မိန့် တော်မူ၏။
7ⲠⲈϪⲰⲞⲨ ⲚⲀϤ ϪⲈ ⲈⲐⲂⲈⲞⲨ ⲞⲨⲚ Ⲁ- ⲘⲰⲨⲤⲎⲤ ϨⲞⲚϨⲈⲚ ⲈϮⲤϦⲒ ⲚⲞⲨⲈⲒ ⲞⲨⲞϨ ⲈϨⲒⲦⲞⲨ ⲈⲂⲞⲖ.
7ဖာရိရှဲတို့ကလည်း၊ ထိုသို့ မှန်လျှင်ဖြတ်စာ ကိုပေး ၍ မယား နှင့် ကွာ စေခြင်းငှာမောရှေ သည် အဘယ်ကြောင့် စီရင် သနည်းဟု လျှောက် ကြသော်၊
8ⲠⲈϪⲀϤ ⲚⲰⲞⲨ ϪⲈ ⲈⲐⲂⲈ ⲦⲈⲦⲈⲚⲘⲈⲦⲚⲀϢⲦϨⲎ ⲦⲀ ⲘⲰⲨⲤⲎⲤ ⲞⲨⲀϨⲤⲀϨⲚⲒ ⲚⲰⲦⲈⲚ ⲈϨⲒ ⲚⲈⲦⲈⲚϨⲒⲞⲘⲒ ⲈⲂⲞⲖ ⲒⲤϪⲈⲚ ϨⲎ ⲆⲈ ⲘⲠⲈⲤϢⲰⲠⲒ ⲘⲠⲀⲒⲢⲎϮ.
8ကိုယ်တော်က၊ သင် တို့စိတ် နှလုံးခိုင်မာသောကြောင့် မယား နှင့်ကွာ ရသောအခွင့် ကို မောရှေ သည် စီရင် ၏။အစအဦး ၌ ထိုသို့ မ ဟုတ်။
9ϮϪⲰ ⲆⲈ ⲘⲘⲞⲤ ⲚⲰⲦⲈⲚ ϪⲈ ⲪⲎ ⲈⲐⲚⲀϨⲒ ⲦⲈϤⲤϨⲒⲘⲒ ⲈⲂⲞⲖ ⲚⲞⲨⲈϢⲈ ⲚⲤⲀϪⲒ ⲘⲠⲞⲢⲚⲒⲀ ⲀϤⲐⲢⲞ ⲘⲘⲞⲤ ⲈϪⲪⲈ ⲚⲰⲒⲔ ⲞⲨⲞϨ ⲪⲎ ⲈⲐⲚⲀϬⲒ ⲚⲐⲎ ⲈⲦϨⲰⲞⲨⲒ ⲈⲂⲞⲖ ϤⲞⲒ ⲚⲚⲰⲒⲔ.
9ငါပညတ် သည်ကား၊ မှားယွင်း ခြင်းအကြောင်းမှတပါး အခြား သောအကြောင်းဖြင့် မိမိ မယား နှင့်ကွာ ၍ အခြားသောမိန်းမနှင့်စုံဘက် သောသူ သည် မိမိမယားကိုပြစ်မှား ၏။ ကွာသောမိန်းမနှင့်စုံဘက်သောသူသည် လည်း သူ့ မယား ကို ပြစ်မှားသည် ဟုမိန့်တော်မူ၏။
10ⲠⲈϪⲈ ⲚⲈϤⲘⲀⲐⲎⲦⲎⲤ ⲚⲀϤ ϪⲈ ⲒⲤϪⲈ ⲠⲀⲒⲢⲎϮ ⲠⲈ ⲦⲈⲦⲒⲀ ⲘⲠⲒⲢⲰⲘⲒ ⲚⲈⲘ ϮⲤϨⲒⲘⲒ ⲤⲈⲢⲚⲞϤⲢⲒ ⲀⲚ ⲈϬⲒ.
10တပည့် တော်တို့ကလည်း၊ လင် မယား အမှု သည် ဤသို့ ဖြစ် လျှင် စုံဘက် ခြင်းကိုမ ပြုကောင်း ပါဟု လျှောက် ကြ၏။
11ⲚⲐⲞϤ ⲆⲈ ⲠⲈϪⲀϤ ⲚⲰⲞⲨ ϪⲈ ⲘⲘⲞⲚ ⲞⲨⲞⲚ ⲚⲒⲂⲈⲚ ϢⲰⲠ ⲘⲠⲀⲒⲤⲀϪⲒ ⲈⲢⲰⲞⲨ ⲈⲂⲎⲖ ⲈⲚⲎ ⲈⲦⲈⲤⲦⲞⲒ ⲚⲰⲞⲨ.
11ကိုယ်တော် ကလည်း ၊ ထို စကား ကို လူ တိုင်းမ ခံ မယူနိုင်။ အခွင့်ရ သောသူ တို့သာ ခံယူနိုင်ကြ၏။
12ⲞⲨⲞⲚ ϨⲀⲚⲤⲒⲞⲨⲢ ⲄⲀⲢ ⲈⲀⲨⲘⲀⲤⲞⲨ ⲈⲂⲞⲖ ϦⲈⲚⲐⲚⲈϪⲒ ⲚⲦⲈⲦⲞⲨⲘⲀⲨ ⲞⲨⲞⲚ ϨⲀⲚⲔⲈⲤⲒⲞⲨⲢ ⲈⲀⲨⲀⲒⲦⲞⲨ ⲚⲤⲒⲞⲨⲢ ⲚϪⲈⲚⲒⲢⲰⲘⲒ ⲞⲨⲞϨ ⲞⲨⲞⲚ ϨⲀⲚⲔⲈⲤⲒⲞⲨⲢ ⲈⲀⲨⲀⲒⲦⲞⲨ ⲚⲤⲒⲞⲨⲢ ⲘⲘⲒⲚ ⲘⲘⲰⲞⲨ ⲈⲐⲂⲈ ϮⲘⲈⲦⲞⲨⲢⲞ ⲚⲦⲈⲚⲒⲪⲎ ⲞⲨⲒ ⲪⲎ ⲈⲦⲈ ⲞⲨⲞⲚ ϢϪⲞⲘ ⲘⲘⲞϤ ⲈϢⲰⲠ ⲈⲢⲞϤ ⲘⲀⲢⲈϤϢⲰⲠ.
12လူအချို့တို့သည် အမိ ဝမ်း တွင်းကပင် မိန်းမလျှာ ဖြစ် ကြ၏။ အချို့တို့သည် သူတစ်ပါး ဆုံးမ ၍ မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် ကောင်းကင် နိုင်ငံ တော်အဘို့ အလို့ငှာမိမိ ကိုယ်ကိုဆုံးမ ၍ မိန်းမလျှာဖြစ်ကြ၏။ ထို စကားကို ခံယူ နိုင် သောသူ သည် ခံယူ စေ ဟုမိန့် တော်မူ၏။
13ⲦⲞⲦⲈ ⲀⲨⲒⲚⲒ ⲚⲀϤ ⲚϨⲀⲚⲀⲖⲰⲞⲨⲒ ϨⲒⲚⲀ ⲚⲦⲈϤⲬⲀ ϪⲒϪ ⲈϪⲰⲞⲨ ⲞⲨⲞϨ ⲚⲦⲈϤⲦⲰⲂϨ ⲈϪⲰⲞⲨ ⲚⲒⲘⲀⲐⲎⲦⲎⲤ ⲆⲈ ⲀⲨⲈⲢⲈⲠⲒⲦⲒⲘⲀⲚ ⲚⲰⲞⲨ.
13ထိုအခါ သူငယ် တို့အပေါ်မှာလက် တော်ကိုတင် ၍ မေတ္တာပို့ တော်မူစေခြင်းငှာအထံ တော်သို့ဆောင်ခဲ့ သည်ဖြစ်၍တပည့် တော်တို့သည် အပြစ်တင် ကြ၏။
14ⲒⲎⲤⲞⲨⲤ ⲆⲈ ⲠⲈϪⲀϤ ⲚⲰⲞⲨ ϪⲈ ⲬⲀ ⲚⲒⲀⲖⲰⲞⲨⲒ ⲘⲠⲈⲢⲦⲀϨⲚⲞ ⲘⲘⲰⲞⲨ ⲈⲒ ϨⲀⲢⲞⲒ ⲚⲒⲞⲨⲞⲚ ⲄⲀⲢ ⲘⲠⲀⲒⲢⲎϮ ⲐⲰⲞⲨ ⲦⲈ ϮⲘⲈⲦⲞⲨⲢⲞ ⲚⲦⲈⲚⲒⲪⲎⲞⲨⲒ.
14ယေရှု ကလည်း ၊ ထိုသူငယ် တို့ကို ရှိစေတော့။ ငါ့ ထံသို့ လာ သည်ကို မ ဆီးတား ကြနှင့်။ ကောင်းကင် နိုင်ငံ တော်သည် ထိုသို့သော သူတို့၏နိုင်ငံဖြစ် သည် ဟု မိန့် တော်မူ၍၊
15ⲞⲨⲞϨ ⲈⲦⲀϤⲬⲀ ϪⲒϪ ⲈϪⲰⲞⲨ ⲀϤϢⲈ ⲚⲀϤ ⲈⲂⲞⲖ ⲘⲘⲀⲨ.
15သူငယ် တို့အပေါ်မှာလက် တော်ကိုတင် ပြီးလျှင် ၊ ထို အရပ်မှ ကြွသွား တော်မူ၏။
16ⲞⲨⲞϨ ⲒⲤ ⲞⲨⲀⲒ ⲀϤⲒ ϨⲀⲢⲞϤ ⲠⲈϪⲀϤ ⲚⲀϤ ϪⲈ ⲪⲢⲈϤϮⲤⲂⲰ ⲞⲨ ⲚⲀⲄⲀⲐⲞⲚ ⲈϮⲚⲀⲀⲒϤ ϨⲒⲚⲀ ⲚⲦⲀⲈⲢⲔⲖⲎⲢⲞⲚⲞⲘⲒⲚ ⲚⲞⲨⲰⲚϦ ⲚⲈⲚⲈϨ.
16ထိုနောက် လူတစ် ယောက်သည် ချဉ်းကပ် ၍၊ ကောင်းမြတ်သောဆရာ ၊ ထာဝရ အသက် ကို ရ အံ့သောငှာ အကျွန်ုပ်သည် အဘယ် ကောင်းမှု ကို ပြု ရပါမည်နည်းဟု မေးလျှောက် သော်၊
17ⲚⲐⲞϤ ⲆⲈ ⲠⲈϪⲀϤ ⲚⲀϤ ϪⲈ ⲈⲐⲂⲈⲞⲨ ⲔϢⲒⲚⲒ ⲘⲘⲞⲒ ⲈⲐⲂⲈ ⲠⲒⲀⲄⲀⲐⲞⲚ ⲞⲨⲀⲒ ⲠⲈ ⲠⲒⲀⲄⲀⲐⲞⲤ ⲪⲚⲞⲨϮ ⲒⲤϪⲈ ⲆⲈ ⲬⲞⲨⲰϢ ⲈⲒ ⲈϦⲞⲨⲚ ⲈⲠⲒⲰⲚϦ ⲀⲢⲈϨ ⲈⲚⲒⲈⲚⲦⲞⲖⲎ.
17ငါ့ ကိုကောင်းမြတ် သည်ဟု အဘယ်ကြောင့် ခေါ် သနည်း။ ဘုရားသခင်တစ်ပါးတည်း သာကောင်းမြတ် တော်မူ၏။ အသက် ရှင်ခြင်းသို့ ဝင်စား လို လျှင် ပညတ် တော်တို့ကို စောင့်ရှောက် လော့ ဟု မိန့် တော်မူ၏။
18ⲠⲈϪⲀϤ ⲚⲀϤ ϪⲈ ⲀϢ ⲚⲈⲒⲎⲤⲞⲨⲤ ⲆⲈ ⲠⲈϪⲀϤ ⲚⲀϤ ϪⲈ ⲚⲚⲈⲔϦⲰⲦⲈⲂ ⲚⲚⲈⲔⲈⲢⲚⲰⲒⲔ ⲚⲚⲈⲔϬⲒⲞⲨⲒ ⲚⲚⲈⲔⲈⲢⲘⲈⲐⲢⲈ ⲚⲚⲞⲨϪ.
18အဘယ် ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက် ပြန်သော် ၊ လူအသက်ကိုမ သတ် နှင့်။ သူ့ မယားကို မ ပြစ်မှားနှင့်။ သူ့ဥစ္စာကို မ ခိုး နှင့်။ မမှန် သောသက်သေကို မ ခံနှင့်။
19ⲘⲀⲦⲀⲒⲈ ⲠⲈⲔⲒⲰⲦ ⲚⲈⲘ ⲦⲈⲔⲘⲀⲨ ⲞⲨⲞϨ ⲈⲔⲈⲘⲈⲚⲢⲈ ⲠⲈⲔϢⲪⲎⲢ ⲘⲠⲈⲔⲢⲎϮ.
19မိဘ ကိုရိုသေ စွာပြုလော့။ ကိုယ် နှင့်စပ်ဆိုင် သောသူ ကို ကိုယ် နှင့်အမျှ ချစ် လော့ ဟု မိန့် တော်မူ၏။
20ⲠⲈϪⲈ ⲠⲒϦⲈⲖϢⲒⲢⲒ ⲚⲀϤ ϪⲈ ⲚⲀⲒ ⲦⲎⲢⲞⲨ ⲀⲒⲀⲢⲈϨ ⲈⲢⲰⲞⲨ ⲒⲤϪⲈⲚ ⲦⲀⲘⲈⲦⲀⲖⲞⲨ ⲞⲨ ⲞⲚ ⲠⲈϮϢⲀⲦ ⲘⲘⲞϤ.
20ထိုလုလင် ကလည်း၊ ထို ပညတ်ရှိသမျှ တို့ကို အကျွန်ုပ်သည်ငယ် သောအရွယ်မှစ၍စောင့်ရှောက် ပါပြီ။ အဘယ် အကျင့်လို သေး သနည်းဟု လျှောက် ပြန်လေ၏။
21ⲀϤⲈⲢⲞⲨⲰ ⲚⲀϤ ⲚϪⲈⲒⲎⲤⲞⲨⲤ ϪⲈ ⲒⲤϪⲈ ⲬⲞⲨⲰϢ ⲈⲈⲢⲞⲨⲦⲈⲖⲒⲞⲤ ⲘⲀϢⲈ ⲚⲀⲔ ⲘⲀ ⲪⲎ ⲈⲦⲈⲚⲦⲀⲔ ⲈⲂⲞⲖ ⲘⲎⲒⲦⲞⲨ ⲚⲚⲒϨⲎⲔⲒ ⲞⲨⲞϨ ⲀⲔϪⲪⲞ ⲚⲀⲔ ⲚⲞⲨⲀϨⲞ ⲚϨⲢⲎⲒ ϦⲈⲚⲦⲪⲈ ⲞⲨⲞϨ ⲀⲘⲞⲨ ⲞⲨⲀϨⲔ ⲚⲤⲰⲒ.
21ယေရှု က လည်း၊ သင်သည်စုံလင် ခြင်းသို့ ရောက် လို လျှင် သွား လော့။ ကိုယ် ဥစ္စာ များကိုရောင်း ၍ ဆင်းရဲ သောသူ တို့အား ပေး လော့။ ထိုသို့ပြုလျှင်ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကိုရ လိမ့်မည်။ သို့ပြီးမှ ငါ့ နောက် သို့ လိုက် လော့ ဟု မိန့် တော်မူ၏။
22ⲈⲦⲀϤⲤⲰⲦⲈⲘ ⲆⲈ ⲚϪⲈⲠⲒϦⲈⲖϢⲒⲢⲒ ⲈⲠⲒⲤⲀϪⲒ ⲀϤϢⲈ ⲚⲀϤ ⲈⲢⲈ ⲠⲈϤϨⲎⲦ ⲘⲞⲔϨ ⲚⲈⲞⲨⲞⲚⲦⲈϤ ⲞⲨⲘⲎϢ ⲄⲀⲢ ⲚϨⲨⲠⲀⲢⲬⲞⲚⲦⲀ ⲘⲘⲀⲨ.
22ထိုလုလင် သည် များစွာ သောဥစ္စာ ကို ရ တတ်သောသူဖြစ် ၍၊ ထိုစကား ကိုကြား လျှင် စိတ်မသာ သည်နှင့် သွား လေ၏။
23ⲒⲎⲤⲞⲨⲤ ⲆⲈ ⲠⲈϪⲀϤ ⲚⲚⲈϤⲘⲀⲐⲎⲦⲎⲤ ϪⲈ ⲀⲘⲎⲚ ϮϪⲰ ⲘⲘⲞⲤ ⲚⲰⲦⲈⲚ ϪⲈ ⲤⲘⲞⲔϨ ⲚⲦⲈⲞⲨⲢⲀⲘⲀⲞ ⲒⲈϦⲞⲨⲚ ⲈϮⲘⲈⲦⲞⲨⲢⲞ ⲚⲦⲈⲚⲒⲪⲎ ⲞⲨⲒ.
23ယေရှု ကလည်း ၊ ငါအမှန် ဆို သည်ကား၊ ငွေရတတ် သောသူသည် ကောင်းကင် နိုင်ငံ တော်သို့ ဝင် ခဲ လှ ၏။
24ⲠⲀⲖⲒⲚ ϮϪⲰ ⲘⲘⲞⲤ ⲚⲰⲦⲈⲚ ϪⲈ ⲤⲘⲞⲦⲈⲚ ⲚⲦⲈⲞⲨϬⲀⲘⲞⲨⲖ ⲒⲈϦⲞⲨⲚ ϦⲈⲚⲐⲞⲨⲀⲐⲚⲒ ⲚⲞⲨⲘⲀⲚⲐⲰⲢⲠ ⲒⲈ ⲞⲨⲢⲀⲘⲀⲞ ⲚⲦⲈϤⲒ ⲈϦⲞⲨⲚ ⲈϮⲘⲈⲦⲞⲨⲢⲞ ⲚⲦⲈⲪⲚⲞⲨϮ.
24တစ်ဖန် ငါဆို သည်ကား၊ ကုလားအုပ် သည် အပ် နဖားကိုလျှို လွယ် ၏။ ငွေရတတ် သောသူသည် ဘုရားသခင် ၏နိုင်ငံ တော်သို့ ဝင် ခဲသည် ဟု တပည့် တော်တို့အားမိန့် တော်မူ၏။
25ⲈⲦⲀⲨⲤⲰⲦⲈⲘ ⲆⲈ ⲚϪⲈⲚⲒⲘⲀⲐⲎⲦⲎⲤ ⲀⲨⲈⲢϢⲪⲎⲢⲒ ⲈⲘⲀϢⲰ ⲈⲨϪⲰ ⲘⲘⲞⲤ ϪⲈ ⲚⲒⲘ ϨⲀⲢⲀ ⲈⲦⲈ ⲞⲨⲞⲚ ϢϪⲞⲘ ⲘⲘⲞϤ ⲈⲚⲞϨⲈⲘ.
25ထိုသူတို့သည်ကြား လျှင် အလွန် မိန်းမော တွေဝေခြင်းရှိ၍ ၊ သို့ဖြစ်လျှင် အဘယ်သူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင် မည်နည်းဟု ပြောဆို ကြ၏။
26ⲈⲦⲀϤϪⲞⲨϢⲦ ⲆⲈ ⲚϪⲈⲒⲎⲤⲞⲨⲤ ⲠⲈϪⲀϤ ⲚⲰⲞⲨ ϪⲈ ⲚⲦⲈⲚ ⲚⲒⲢⲰⲘⲒ ⲞⲨⲘⲈⲦⲀⲦϪⲞⲘ ⲠⲈ ⲪⲀⲒ ⲚⲦⲈⲚ ⲪⲚⲞⲨϮ ⲆⲈ ⲞⲨⲞⲚ ϢϪⲞⲘ ⲘⲘⲞϤ ⲈϨⲰⲂ ⲚⲒⲂⲈⲚ.
26ယေရှု သည်လည်း သူ တို့ကိုကြည့်ရှု ၍ ဤအမှု ကိုလူ မ တတ်နိုင်။ သို့သော်လည်း ဘုရားသခင် သည် ခပ်သိမ်း သော အမှုတို့ကို တတ်နိုင် တော်မူသည် ဟု မိန့် တော်မူ၏။
27ⲦⲞⲦⲈ ⲀϤⲈⲢⲞⲨⲰ ⲚϪⲈⲠⲈⲦⲢⲞⲤ ⲠⲈϪⲀϤ ⲚⲀϤ ϪⲈ ϨⲎⲠⲠⲈ ⲀⲚⲞⲚ ⲀⲚⲬⲀ ϨⲰⲂ ⲚⲒⲂⲈⲚ ⲚⲤⲰⲚ ⲞⲨⲞϨ ⲀⲚⲞⲨⲀϨⲦⲈⲚ ⲚⲤⲰⲔ ⲞⲨ ϨⲀⲢⲀ ⲠⲈⲐⲚⲀϢⲰⲠⲒ ⲘⲘⲞⲚ.
27ထိုအခါ ပေတရု က၊ အကျွန်ုပ် တို့သည် ရှိသမျှကို စွန့်ပစ် ၍ ကိုယ်တော် နောက် သို့လိုက်ကြပါပြီ။ အဘယ် အကျိုးကို ရ ကြပါမည်နည်းဟု လျှောက် လေသော်၊
28ⲒⲎⲤⲞⲨⲤ ⲆⲈ ⲠⲈϪⲀϤ ⲚⲰⲞⲨ ϪⲈ ⲀⲘⲎⲚ ϮϪⲰ ⲘⲘⲞⲤ ⲚⲰⲦⲈⲚ ϪⲈ ⲚⲐⲰⲦⲈⲚ ϦⲀ ⲚⲎ ⲈⲦⲀⲨⲘⲞϢⲒ ⲚⲤⲰⲒ ϦⲈⲚⲠⲒⲞⲨⲀϨⲈⲘ ⲤⲰⲚⲦ ⲈϢⲰⲠ ⲀⲢⲈϢⲀⲚ ⲠϢⲎⲢⲒ ⲘⲪⲢⲰⲘⲒ ϨⲈⲘⲤⲒ ϨⲒ ⲠⲐⲢⲞⲚⲞⲤ ⲚⲦⲈⲠⲈϤⲰⲞⲨ ⲈⲨⲈⲦϨⲈⲘⲤⲈ ⲐⲎⲚⲞⲨ ϨⲰⲦⲈⲚ ϨⲒ ⲒⲂ ⲚⲐⲢⲞⲚⲞⲤ ⲈⲢⲈⲦⲈⲚϮϨⲀⲠ ⲈϮⲒⲂ ⲚⲪⲨⲖⲎ ⲚⲦⲈⲠⲒⲤⲖ.
28ယေရှု က၊ ငါအမှန် ဆို သည်ကား၊ အလုံးစုံသောအရာတို့ကို အသစ် ပြုပြင်သောကာလ၌ လူ သား သည် ဘုန်း ရှိသော ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသောအခါ ၊ ငါ့ နောက်သို့လိုက် ကြသောသင် တို့သည် တစ်ဆယ့်နှစ် ခု သော ပလ္လင် ပေါ်မှာ ထိုင် လျက်၊ ဣသရေလ လူတစ်ဆယ့်နှစ် မျိုး ကို စစ်ကြော စီရင်ရကြလတံ့။
29ⲞⲨⲞϨ ⲞⲨⲞⲚ ⲚⲒⲂⲈⲚ ⲈⲦⲀϤⲬⲀ ⲤⲞⲚ ⲚⲤⲰϤ ⲒⲈ ⲤⲰⲚⲒ ⲒⲈ ⲒⲰⲦ ⲒⲈ ⲘⲀⲨ ⲒⲈ ⲤϨⲒⲘⲒ ⲒⲈ ϢⲎⲢⲒ ⲒⲈ ⲒⲞϨⲒ ⲒⲈ ⲎⲒ ⲈⲐⲂⲈ ⲠⲀⲢⲀⲚ ⲈϤⲈϬⲒⲦⲞⲨ ⲚⲢ ⲚⲔⲰⲂ ⲚⲤⲞⲠ ⲞⲨⲞϨ ⲠⲒⲰⲚϦ ⲚⲈⲚⲈϨ ⲈϤⲈⲈⲢⲔⲖⲎⲢⲞⲚⲞⲘⲒⲚ ⲘⲘⲞϤ.
29အကြင်သူ သည် ငါ ၏နာမ ကြောင့် အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ မိဘ ၊ သား မယားတည်းဟူသောတပါးပါး ကိုစွန့် ၏။ ထိုသူသည် အဆတရာ သောအကျိုးကိုရ ၍ ထာဝရ အသက် ကို အမွေ ခံရလတံ့။
30ⲞⲨⲞⲚ ⲞⲨⲘⲎϢ ⲄⲀⲢ ⲚϢⲞⲢⲠ ⲈⲨⲚⲀⲈⲢϦⲀⲈ ⲞⲨⲞϨ ϨⲀⲚϦⲀⲈⲨ ⲈⲨⲚⲀⲈⲢϢⲞⲢⲠ.
30နောက်ကျ သောသူအများ တို့သည် အရင် ကျကြလိမ့်မည် ။ အရင် ကျသောသူအများတို့သည် နောက်ကျ ကြလိမ့်မည်။
Tip: use the ← and → keys to turn chapters.