ΚΑΤΑ ΜΑΤΘΑΙΟΝ 19
Greek New Testament: Byzantine Text (Robinson–Pierpont 2018)Original language
Greek New Testament: Byzantine Text (Robinson–Pierpont 2018)
Judson Burmese Bible (1840)
1και εγενετο οτε ετελεσεν ο ιησουσ τουσ λογουσ τουτουσ μετηρεν απο τησ γαλιλαιασ και ηλθεν εισ τα ορια τησ ιουδαιασ περαν του ιορδανου
1ထို ဒေသနာ တော်ကို ယေရှု သည်အကုန်အစင် ဟောတော်မူပြီးလျှင် ၊ ဂါလိလဲ ပြည်မှ ပြောင်း၍ ယုဒ ပြည် စွန်း ၊ ယော်ဒန် မြစ်တစ်ဘက် သို့ ကြွ တော်မူ၏။
2και ηκολουθησαν αυτω οχλοι πολλοι και εθεραπευσεν αυτουσ εκει
2လူ များအပေါင်း တို့သည် နောက် တော်သို့လိုက်ကြသည်ဖြစ်၍ ၊ ထို အရပ်၌ အနာ ရောဂါများကို ငြိမ်း စေ တော်မူ၏။
3και προσηλθον αυτω οι φαρισαιοι πειραζοντεσ αυτον και λεγοντεσ αυτω ει εξεστιν ανθρωπω απολυσαι την γυναικα αυτου κατα πασαν αιτιαν
3ဖာရိရှဲ တို့သည် အထံ တော်သို့လာ ၍ လူ သည် ခပ်သိမ်း သောအပြစ် ကြောင့် မိမိ မယား နှင့် ကွာ အပ်သလောဟု စုံစမ်း နှောင့်ရှက်ခြင်းငှာမေးလျှောက် ကြသော်၊
4ο δε αποκριθεισ ειπεν αυτοισ ουκ ανεγνωτε οτι ο ποιησασ απ αρχησ αρσεν και θηλυ εποιησεν αυτουσ
4ကိုယ်တော် က၊ အစအဦး ၌ ဖန်ဆင်း တော်မူသောသူ သည် ယောက်ျား နှင့် မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်း တော်မူ၏။
5και ειπεν ενεκεν τουτου καταλειψει ανθρωποσ τον πατερα και την μητερα και προσκολληθησεται τη γυναικι αυτου και εσονται οι δυο εισ σαρκα μιαν
5ထို အကြောင်း ကြောင့် ယောက်ျား သည် ကိုယ် မိဘ ကိုစွန့် ၍ ကိုယ် ခင်ပွန်း ၌မှီဝဲ သဖြင့် ၊ ထိုသူနှစ် ယောက်တို့သည် တစ်သား တစ်ကိုယ်တည်းဖြစ် ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မဘတ်ဘူးသလော။
6ωστε ουκετι εισιν δυο αλλα σαρξ μια ο ουν ο θεοσ συνεζευξεν ανθρωποσ μη χωριζετω
6ထို့ကြောင့် လင်မယားတို့သည် နှစ် ဦးမ ဟုတ်တစ်ဦးတည်း ဖြစ် ၏။ ဘုရားသခင် ဘက်စပ် ၍ ထမ်းဘိုးတင် တော်မူသောအရာ ကို လူ မ ခွဲ မခွာစေနှင့် ဟု မိန့် တော်မူ၏။
7λεγουσιν αυτω τι ουν μωσησ ενετειλατο δουναι βιβλιον αποστασιου και απολυσαι αυτην
7ဖာရိရှဲတို့ကလည်း၊ ထိုသို့ မှန်လျှင်ဖြတ်စာ ကိုပေး ၍ မယား နှင့် ကွာ စေခြင်းငှာမောရှေ သည် အဘယ်ကြောင့် စီရင် သနည်းဟု လျှောက် ကြသော်၊
8λεγει αυτοισ οτι μωσησ προσ την σκληροκαρδιαν υμων επετρεψεν υμιν απολυσαι τασ γυναικασ υμων απ αρχησ δε ου γεγονεν ουτωσ
8ကိုယ်တော်က၊ သင် တို့စိတ် နှလုံးခိုင်မာသောကြောင့် မယား နှင့်ကွာ ရသောအခွင့် ကို မောရှေ သည် စီရင် ၏။အစအဦး ၌ ထိုသို့ မ ဟုတ်။
9λεγω δε υμιν οτι οσ αν απολυση την γυναικα αυτου μη επι πορνεια και γαμηση αλλην μοιχαται και ο απολελυμενην γαμησασ μοιχαται
9ငါပညတ် သည်ကား၊ မှားယွင်း ခြင်းအကြောင်းမှတပါး အခြား သောအကြောင်းဖြင့် မိမိ မယား နှင့်ကွာ ၍ အခြားသောမိန်းမနှင့်စုံဘက် သောသူ သည် မိမိမယားကိုပြစ်မှား ၏။ ကွာသောမိန်းမနှင့်စုံဘက်သောသူသည် လည်း သူ့ မယား ကို ပြစ်မှားသည် ဟုမိန့်တော်မူ၏။
10λεγουσιν αυτω οι μαθηται αυτου ει ουτωσ εστιν η αιτια του ανθρωπου μετα τησ γυναικοσ ου συμφερει γαμησαι
10တပည့် တော်တို့ကလည်း၊ လင် မယား အမှု သည် ဤသို့ ဖြစ် လျှင် စုံဘက် ခြင်းကိုမ ပြုကောင်း ပါဟု လျှောက် ကြ၏။
11ο δε ειπεν αυτοισ ου παντεσ χωρουσιν τον λογον τουτον αλλ οισ δεδοται
11ကိုယ်တော် ကလည်း ၊ ထို စကား ကို လူ တိုင်းမ ခံ မယူနိုင်။ အခွင့်ရ သောသူ တို့သာ ခံယူနိုင်ကြ၏။
12εισιν γαρ ευνουχοι οιτινεσ εκ κοιλιασ μητροσ εγεννηθησαν ουτωσ και εισιν ευνουχοι οιτινεσ ευνουχισθησαν υπο των ανθρωπων και εισιν ευνουχοι οιτινεσ ευνουχισαν εαυτουσ δια την βασιλειαν των ουρανων ο δυναμενοσ χωρειν χωρειτω
12လူအချို့တို့သည် အမိ ဝမ်း တွင်းကပင် မိန်းမလျှာ ဖြစ် ကြ၏။ အချို့တို့သည် သူတစ်ပါး ဆုံးမ ၍ မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် ကောင်းကင် နိုင်ငံ တော်အဘို့ အလို့ငှာမိမိ ကိုယ်ကိုဆုံးမ ၍ မိန်းမလျှာဖြစ်ကြ၏။ ထို စကားကို ခံယူ နိုင် သောသူ သည် ခံယူ စေ ဟုမိန့် တော်မူ၏။
13τοτε προσηνεχθη αυτω παιδια ινα τασ χειρασ επιθη αυτοισ και προσευξηται οι δε μαθηται επετιμησαν αυτοισ
13ထိုအခါ သူငယ် တို့အပေါ်မှာလက် တော်ကိုတင် ၍ မေတ္တာပို့ တော်မူစေခြင်းငှာအထံ တော်သို့ဆောင်ခဲ့ သည်ဖြစ်၍တပည့် တော်တို့သည် အပြစ်တင် ကြ၏။
14ο δε ιησουσ ειπεν αφετε τα παιδια και μη κωλυετε αυτα ελθειν προσ με των γαρ τοιουτων εστιν η βασιλεια των ουρανων
14ယေရှု ကလည်း ၊ ထိုသူငယ် တို့ကို ရှိစေတော့။ ငါ့ ထံသို့ လာ သည်ကို မ ဆီးတား ကြနှင့်။ ကောင်းကင် နိုင်ငံ တော်သည် ထိုသို့သော သူတို့၏နိုင်ငံဖြစ် သည် ဟု မိန့် တော်မူ၍၊
15και επιθεισ αυτοισ τασ χειρασ επορευθη εκειθεν
15သူငယ် တို့အပေါ်မှာလက် တော်ကိုတင် ပြီးလျှင် ၊ ထို အရပ်မှ ကြွသွား တော်မူ၏။
16και ιδου εισ προσελθων ειπεν αυτω διδασκαλε αγαθε τι αγαθον ποιησω ινα εχω ζωην αιωνιον
16ထိုနောက် လူတစ် ယောက်သည် ချဉ်းကပ် ၍၊ ကောင်းမြတ်သောဆရာ ၊ ထာဝရ အသက် ကို ရ အံ့သောငှာ အကျွန်ုပ်သည် အဘယ် ကောင်းမှု ကို ပြု ရပါမည်နည်းဟု မေးလျှောက် သော်၊
17ο δε ειπεν αυτω τι με λεγεισ αγαθον ουδεισ αγαθοσ ει μη εισ ο θεοσ ει δε θελεισ εισελθειν εισ την ζωην τηρησον τασ εντολασ
17ငါ့ ကိုကောင်းမြတ် သည်ဟု အဘယ်ကြောင့် ခေါ် သနည်း။ ဘုရားသခင်တစ်ပါးတည်း သာကောင်းမြတ် တော်မူ၏။ အသက် ရှင်ခြင်းသို့ ဝင်စား လို လျှင် ပညတ် တော်တို့ကို စောင့်ရှောက် လော့ ဟု မိန့် တော်မူ၏။
18λεγει αυτω ποιασ ο δε ιησουσ ειπεν το ου φονευσεισ ου μοιχευσεισ ου κλεψεισ ου ψευδομαρτυρησεισ
18အဘယ် ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက် ပြန်သော် ၊ လူအသက်ကိုမ သတ် နှင့်။ သူ့ မယားကို မ ပြစ်မှားနှင့်။ သူ့ဥစ္စာကို မ ခိုး နှင့်။ မမှန် သောသက်သေကို မ ခံနှင့်။
19τιμα τον πατερα και την μητερα και αγαπησεισ τον πλησιον σου ωσ σεαυτον
19မိဘ ကိုရိုသေ စွာပြုလော့။ ကိုယ် နှင့်စပ်ဆိုင် သောသူ ကို ကိုယ် နှင့်အမျှ ချစ် လော့ ဟု မိန့် တော်မူ၏။
20λεγει αυτω ο νεανισκοσ παντα ταυτα εφυλαξαμην εκ νεοτητοσ μου τι ετι υστερω
20ထိုလုလင် ကလည်း၊ ထို ပညတ်ရှိသမျှ တို့ကို အကျွန်ုပ်သည်ငယ် သောအရွယ်မှစ၍စောင့်ရှောက် ပါပြီ။ အဘယ် အကျင့်လို သေး သနည်းဟု လျှောက် ပြန်လေ၏။
21εφη αυτω ο ιησουσ ει θελεισ τελειοσ ειναι υπαγε πωλησον σου τα υπαρχοντα και δοσ πτωχοισ και εξεισ θησαυρον εν ουρανω και δευρο ακολουθει μοι
21ယေရှု က လည်း၊ သင်သည်စုံလင် ခြင်းသို့ ရောက် လို လျှင် သွား လော့။ ကိုယ် ဥစ္စာ များကိုရောင်း ၍ ဆင်းရဲ သောသူ တို့အား ပေး လော့။ ထိုသို့ပြုလျှင်ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကိုရ လိမ့်မည်။ သို့ပြီးမှ ငါ့ နောက် သို့ လိုက် လော့ ဟု မိန့် တော်မူ၏။
22ακουσασ δε ο νεανισκοσ τον λογον απηλθεν λυπουμενοσ ην γαρ εχων κτηματα πολλα
22ထိုလုလင် သည် များစွာ သောဥစ္စာ ကို ရ တတ်သောသူဖြစ် ၍၊ ထိုစကား ကိုကြား လျှင် စိတ်မသာ သည်နှင့် သွား လေ၏။
23ο δε ιησουσ ειπεν τοισ μαθηταισ αυτου αμην λεγω υμιν οτι δυσκολωσ πλουσιοσ εισελευσεται εισ την βασιλειαν των ουρανων
23ယေရှု ကလည်း ၊ ငါအမှန် ဆို သည်ကား၊ ငွေရတတ် သောသူသည် ကောင်းကင် နိုင်ငံ တော်သို့ ဝင် ခဲ လှ ၏။
24παλιν δε λεγω υμιν ευκοπωτερον εστιν καμηλον δια τρυπηματοσ ραφιδοσ διελθειν η πλουσιον εισ την βασιλειαν του θεου εισελθειν
24တစ်ဖန် ငါဆို သည်ကား၊ ကုလားအုပ် သည် အပ် နဖားကိုလျှို လွယ် ၏။ ငွေရတတ် သောသူသည် ဘုရားသခင် ၏နိုင်ငံ တော်သို့ ဝင် ခဲသည် ဟု တပည့် တော်တို့အားမိန့် တော်မူ၏။
25ακουσαντεσ δε οι μαθηται αυτου εξεπλησσοντο σφοδρα λεγοντεσ τισ αρα δυναται σωθηναι
25ထိုသူတို့သည်ကြား လျှင် အလွန် မိန်းမော တွေဝေခြင်းရှိ၍ ၊ သို့ဖြစ်လျှင် အဘယ်သူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင် မည်နည်းဟု ပြောဆို ကြ၏။
26εμβλεψασ δε ο ιησουσ ειπεν αυτοισ παρα ανθρωποισ τουτο αδυνατον εστιν παρα δε θεω παντα δυνατα
26ယေရှု သည်လည်း သူ တို့ကိုကြည့်ရှု ၍ ဤအမှု ကိုလူ မ တတ်နိုင်။ သို့သော်လည်း ဘုရားသခင် သည် ခပ်သိမ်း သော အမှုတို့ကို တတ်နိုင် တော်မူသည် ဟု မိန့် တော်မူ၏။
27τοτε αποκριθεισ ο πετροσ ειπεν αυτω ιδου ημεισ αφηκαμεν παντα και ηκολουθησαμεν σοι τι αρα εσται ημιν
27ထိုအခါ ပေတရု က၊ အကျွန်ုပ် တို့သည် ရှိသမျှကို စွန့်ပစ် ၍ ကိုယ်တော် နောက် သို့လိုက်ကြပါပြီ။ အဘယ် အကျိုးကို ရ ကြပါမည်နည်းဟု လျှောက် လေသော်၊
28ο δε ιησουσ ειπεν αυτοισ αμην λεγω υμιν οτι υμεισ οι ακολουθησαντεσ μοι εν τη παλιγγενεσια οταν καθιση ο υιοσ του ανθρωπου επι θρονου δοξησ αυτου καθισεσθε και υμεισ επι δωδεκα θρονουσ κρινοντεσ τασ δωδεκα φυλασ του ισραηλ
28ယေရှု က၊ ငါအမှန် ဆို သည်ကား၊ အလုံးစုံသောအရာတို့ကို အသစ် ပြုပြင်သောကာလ၌ လူ သား သည် ဘုန်း ရှိသော ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသောအခါ ၊ ငါ့ နောက်သို့လိုက် ကြသောသင် တို့သည် တစ်ဆယ့်နှစ် ခု သော ပလ္လင် ပေါ်မှာ ထိုင် လျက်၊ ဣသရေလ လူတစ်ဆယ့်နှစ် မျိုး ကို စစ်ကြော စီရင်ရကြလတံ့။
29και πασ οσ αφηκεν οικιασ η αδελφουσ η αδελφασ η πατερα η μητερα η γυναικα η τεκνα η αγρουσ ενεκεν του ονοματοσ μου εκατονταπλασιονα ληψεται και ζωην αιωνιον κληρονομησει
29အကြင်သူ သည် ငါ ၏နာမ ကြောင့် အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ မိဘ ၊ သား မယားတည်းဟူသောတပါးပါး ကိုစွန့် ၏။ ထိုသူသည် အဆတရာ သောအကျိုးကိုရ ၍ ထာဝရ အသက် ကို အမွေ ခံရလတံ့။
30πολλοι δε εσονται πρωτοι εσχατοι και εσχατοι πρωτοι
30နောက်ကျ သောသူအများ တို့သည် အရင် ကျကြလိမ့်မည် ။ အရင် ကျသောသူအများတို့သည် နောက်ကျ ကြလိမ့်မည်။
Tip: use the ← and → keys to turn chapters.