ⳘⲀⲦⲐⲈⲞⲚ 23
Coptic New Testament (Bohairic)Translation
Coptic New Testament (Bohairic)
Judson Burmese Bible (1840)
1ⲦⲞⲦⲈ ⲒⲎⲤⲞⲨⲤ ⲀϤⲤⲀϪⲒ ⲚⲈⲘ ⲚⲒⲘⲎϢ ⲚⲈⲘ ⲚⲈϤⲘⲀⲐⲎⲦⲎⲤ.
1ထိုအခါ ယေရှု သည် တပည့် တော်တို့နှင့် လူ အပေါင်းတို့အား ဟောပြော တော်မူသည်ကား၊
2ⲈϤϪⲰ ⲘⲘⲞⲤ ϪⲈ ⲚⲒⲤⲀϦ ⲚⲈⲘ ⲚⲒⲪⲀⲢⲒⲤⲈⲞⲤ ⲀⲨϨⲈⲘⲤⲒ ϨⲒ ϮⲔⲀⲐⲈⲆⲢⲀ ⲚⲦⲈⲘⲰⲨⲤⲎⲤ.
2ကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့သည် မောရှေ ၏ထိုင်ရာ ပလ္လင်ပေါ်မှာ ထိုင် ကြ၏။
3ϨⲰⲂ ⲚⲒⲂⲈⲚ ⲈⲦⲞⲨⲚⲀϪⲞⲦⲞⲨ ⲚⲰⲦⲈⲚ ⲀⲢⲒⲦⲞⲨ ⲞⲨⲞϨ ⲀⲢⲈϨ ⲈⲢⲰⲞⲨ ⲘⲠⲈⲢⲒⲢⲒ ⲆⲈ ⲔⲀⲦⲀ ⲚⲞⲨϨⲂⲎⲞⲨⲒ ⲤⲈϪⲰ ⲄⲀⲢ ⲘⲘⲰⲞⲨ ⲞⲨⲞϨ ⲤⲈⲒⲢⲒ ⲘⲘⲰⲞⲨ ⲀⲚ.
3ထို့ကြောင့် သူတို့စီရင် ထုံးဖွဲ့သမျှ တို့ကို စောင့်ရှောက် ၍ ပြု ကြလော့။ သူ တို့၏ အကျင့် အတိုင်း မ ကျင့် ကြနှင့်။ အကြောင်းမူကား ၊ သူတို့သည် စီရင် ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မ ကျင့် ကြ။
4ⲤⲈⲘⲞⲨⲢ ⲆⲈ ⲚϨⲀⲚⲈⲦⲪⲰⲞⲨⲒ ⲈⲨϨⲞⲢϢ ⲞⲨⲞϨ ⲤⲈⲦⲀⲖⲞ ⲘⲘⲰⲞⲨ ⲈϪⲈⲚ ⲐⲚⲀϨⲂⲒ ⲚⲚⲒⲢⲰⲘⲒ ⲚⲐⲰⲞⲨ ⲆⲈ ⲤⲈⲞⲨⲰϢ ⲈⲔⲒⲘ ⲈⲢⲰⲞⲨ ⲀⲚ ⲘⲠⲞⲨⲦⲎⲂ.
4အလွန်လေး ၍ ထမ်း ခဲသောဝန် တို့ကို ပြင်ဆင် ၍ သူတစ်ပါး ပခုံး ပေါ်မှာ တင် တတ်ကြ၏။ မိမိ တို့မူကား လက်ဖျား နှင့်မျှ မရွှေ့ လို ကြ။
5ⲚⲞⲨϨⲂⲎⲞⲨⲒ ⲆⲈ ⲦⲎⲢⲞⲨ ⲤⲈⲒⲢⲒ ⲘⲘⲰⲞⲨ ⲈⲐⲢⲞⲨⲚⲀⲨ ⲈⲢⲰⲞⲨ ⲚϪⲈⲚⲒⲢⲰⲘⲒ ⲤⲈⲞⲨⲰϢⲤ ⲄⲀⲢ ⲚⲚⲞⲨⲪⲨⲖⲀⲔⲦⲎⲢⲒⲞⲚ ⲞⲨⲞϨ ⲤⲈⲐⲢⲞ ⲚⲚⲈⲚϢⲦⲀϮ ⲚⲚⲞⲨϨⲂⲰⲤ ⲈϢⲒⲀⲒ.
5သူတို့သည် ပြု သမျှ သောအကျင့် အမှုတို့ကို လူ များရှေ့မှာ ထင်ရှား စေခြင်းငှာပြုကြ၏။ ကျယ် သော လက်ဖွဲ့ တို့ကို၎င်း ၊ ကြီး သော ပန်းပွား တို့ကို၎င်း ဝတ်လေ့ရှိကြ၏။
6ⲤⲈⲘⲈⲒ ⲆⲈ ⲚⲚⲒϢⲞⲢⲠ ⲘⲘⲀⲚⲢⲰⲦⲈⲂ ϦⲈⲚⲚⲒⲆⲒⲠⲚⲞⲚ ⲚⲈⲘ ⲚⲒϢⲞⲢⲠ ⲘⲘⲀⲚϨⲈⲘⲤⲒ ϨⲒ ⲚⲒⲔⲀⲐⲈⲆⲢⲀ ϦⲈⲚⲚⲒⲤⲨⲚⲀⲄⲰⲄⲎ.
6ပွဲ သဘင်၊ တရားစရပ် တို့၌ မြင့်မြတ် သောနေရာ ထိုင်ရာကို၎င်း၊
7ⲚⲈⲘ ⲚⲒⲀⲤⲠⲀⲤⲘⲞⲤ ϦⲈⲚⲚⲒⲀⲄⲞⲢⲀ ⲈⲐⲢⲞⲨⲘⲞⲨϮ ⲈⲢⲰⲞⲨ ⲚϪⲈⲚⲒⲢⲰⲘⲒ ϪⲈ ⲢⲀⲂⲂⲒ.
7ဈေး ၌ ရိုသေစွာနှုတ်ဆက် ခြင်းကို၎င်း ၊ အရှင် ဘုရား အရှင်ဘုရားဟု လူ များခေါ်ဝေါ် ခြင်းကို၎င်း နှစ်သက် ကြ၏။
8ⲚⲐⲰⲦⲈⲚ ⲆⲈ ⲘⲠⲈⲚⲐⲢⲈⲘⲞⲨϮ ⲈⲢⲰⲦⲈⲚ ϪⲈ ⲢⲀⲂⲂⲒ ⲞⲨⲀⲒ ⲄⲀⲢ ⲠⲈ ⲠⲈⲦⲈⲚⲢⲈϤϮⲤⲂⲰ ⲚⲐⲰⲦⲈⲚ ⲆⲈ ⲦⲎⲢⲞⲨ ⲚⲐⲰⲦⲈⲚ ϨⲀⲚⲤⲚⲎⲞⲨ.
8သင် တို့မူကား အရှင် ဘုရားဟု ခေါ်ဝေါ် ခြင်းကိုမ ခံကြနှင့်။ ခရစ်တော်တည်းဟူသောသင် တို့ဥပဇ္ဈာယ် ဆရာတစ်ပါးတည်း ရှိ ၏။ သင် တို့အပေါင်း သည် ညီအစ်ကို ချင်းဖြစ် ကြ၏။
9ⲞⲨⲞϨ ⲘⲠⲈⲢⲘⲞⲨϮ ⲞⲨⲂⲈ ⲒⲰⲦ ⲚⲰⲦⲈⲚ ϨⲒϪⲈⲚ ⲠⲒⲔⲀϨⲒ ⲞⲨⲀⲒ ⲄⲀⲢ ⲠⲈ ⲠⲈⲦⲈⲚⲒⲰⲦ ⲈⲦϦⲈⲚ ⲚⲒⲪⲎⲞⲨⲒ.
9မြေကြီး ပေါ်မှာ အဘယ်သူကိုမျှအဘ ဟူ၍မ ခေါ်ဝေါ် ကြနှင့်။ ကောင်းကင် ဘုံ၌ သင် တို့အဘ တစ်ပါးတည်း ရှိ တော်မူ၏။
10ⲞⲨⲆⲈ ⲘⲠⲈⲢⲘⲞⲨϮ ⲈⲤⲀϦ ⲚⲰⲦⲈⲚ ⲞⲨⲀⲒ ⲄⲀⲢ ⲠⲈ ⲠⲈⲦⲈⲚⲤⲀϦ ⲠⲬⲢⲒⲤⲦⲞⲤ.
10ဥပဇ္ဈာယ် ဆရာဟု ခေါ်ဝေါ် ခြင်းကို မ ခံကြနှင့်။ ခရစ်တော် တည်းဟူသောသင် တို့ဥပဇ္ဈာယ် ဆရာတစ်ပါးတည်း ရှိ ၏။
11ⲠⲒⲚⲒϢϮ ⲆⲈ ⲈⲦϦⲈⲚ ⲐⲎⲚⲞⲨ ⲈϤⲈⲈⲢⲆⲒⲀⲔⲰⲚ ⲚⲰⲦⲈⲚ.
11သင် တို့တွင် အကြီး ဖြစ်သောသူ သည် သင် တို့အစေခံ ဖြစ် ရ၏။
12ⲪⲎ ⲆⲈ ⲈⲐⲚⲀϬⲀⲤϤ ⲤⲈⲚⲀⲐⲈⲂⲒⲞϤ ⲞⲨⲞϨ ⲪⲎ ⲈⲐⲚⲀⲐⲈⲂⲒⲞϤ ⲤⲈⲚⲀϬⲀⲤϤ.
12အကြင်သူသည် မိမိ ကိုချီးမြှောက် အံ့၊ ထိုသူသည် နှိမ့်ချ ခြင်းသို့ရောက်လတံ့။ အကြင်သူသည် မိမိ ကိုနှိမ့်ချ အံ့၊ ထိုသူသည်ချီးမြှောက် ခြင်းသို့ ရောက်လတံ့။
13ⲞⲨⲞⲒ ⲚⲰⲦⲈⲚ ⲚⲒⲤⲀϦ ⲚⲈⲘ ⲚⲒⲪⲀⲢⲒⲤⲈⲞⲤ ⲚⲒϢⲞⲂⲒ ϪⲈ ⲦⲈⲦⲈⲚⲞⲨⲰⲘ ⲠⲎⲒ ⲚⲚⲒⲬⲎⲢⲀ ϦⲈⲚⲈⲦⲒⲀ ⲚⲦⲈⲦⲈⲚⲠⲢⲞⲤⲈⲨⲬⲎ ⲈⲐⲘⲎⲚ ⲈⲐⲂⲈⲪⲀⲒ ⲦⲈⲦⲈⲚϬⲒ ⲚϨⲀⲚⲚⲒϢϮ ⲚϮϨⲀⲠ.
13လျှို့ဝှက် သောကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကောင်းကင် နိုင်ငံ တော်၏ တံခါးကိုလူတို့ ရှေ့ မှာပိတ် ထား၍ မိမိ တို့လည်းမ ဝင် ၊ ဝင် လိုသောသူ တို့ကိုလည်း ဆီးတား ကြ၏။
14ⲞⲨⲞⲒ ⲆⲈ ⲚⲰⲦⲈⲚ ⲚⲒⲤⲀϦ ⲚⲈⲘ ⲚⲒⲪⲀⲢⲒⲤⲈⲞⲤ ⲚⲒϢⲞⲂⲒ ϪⲈ ⲦⲈⲦⲈⲚϢⲐⲀⲘ ⲈϮⲘⲈⲦⲞⲨⲢⲞ ⲚⲦⲈⲚⲒⲪⲎⲞⲨⲒ ⲘⲠⲈⲘⲐⲞ ⲚⲚⲒⲢⲰⲘⲒ ⲚⲐⲰⲦⲈⲚ ⲄⲀⲢ ⲦⲈⲦⲈⲚⲚⲎⲞⲨ ⲈϦⲞⲨⲚ ⲀⲚ ⲞⲨⲆⲈ ⲚⲎ ⲈⲐⲚⲎⲞⲨ ⲦⲈⲦⲈⲚⲬⲰ ⲘⲘⲰⲞⲨ ⲀⲚ ⲈⲒ ⲈϦⲞⲨⲚ
14လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုတ်ဆိုးမအိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှာရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထို့ကြောင့်သာ၍ကြီးစွာသော ဒဏ်ကိုခံရကြလတံ့။
15ⲞⲨⲞⲒ ⲚⲰⲦⲈⲚ ⲚⲒⲤⲀϦ ⲚⲈⲘ ⲚⲒⲪⲀⲢⲒⲤⲈⲞⲤ ⲚⲒϢⲞⲂⲒ ϪⲈ ⲦⲈⲦⲈⲚⲔⲰϮ ⲈⲪⲒⲞⲘ ⲚⲈⲘ ⲠⲈⲦϢⲞⲨⲰⲞⲨ ⲈⲐⲢⲈⲦⲈⲚⲐⲀⲘⲒⲞ ⲚⲞⲨⲠⲢⲞⲤⲨⲖⲒⲦⲞⲚ ⲞⲨⲞϨ ⲈϢⲰⲠ ⲀϤϢⲀⲚϢⲰⲠⲒ ⲦⲈⲦⲈⲚⲒⲢⲒ ⲘⲘⲞϤ ⲚϢⲎⲢⲒ ⲚⲄⲈⲈⲚⲚⲀ ⲈϤⲔⲎⲂ ⲈⲢⲰⲦⲈⲚ.
15လျှို့ဝှက် သောကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ လူ တစ် ယောက်ကိုပင် ဘာသာ သွင်းခြင်းငှာကုန်းကြောင်း ရေကြောင်း ပတ်ပတ် လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း ၊ မိမိ တို့ထက် နှစ်ဆသောငရဲ သား ဖြစ် စေကြ၏။
16ⲞⲨⲞⲒ ⲚⲰⲦⲈⲚ ⲚⲒϬⲀⲨⲘⲰⲒⲦ ⲘⲂⲈⲖⲖⲈ ⲚⲎ ⲈⲦϪⲰ ⲘⲘⲞⲤ ϪⲈ ⲪⲎ ⲈⲐⲚⲀⲰⲢⲔ ⲘⲠⲒⲈⲢⲪⲈⲒ ϨⲖⲒ ⲠⲈ ⲪⲎ ⲆⲈ ⲈⲐⲚⲀⲰⲢⲔ ⲘⲠⲒⲚⲞⲨⲂ ⲚⲦⲈⲠⲒⲈⲢⲪⲈⲒ ⲞⲨⲞⲚ ⲈⲢⲞϤ.
16လမ်းပြ သောလူကန်း တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ ဗိမာန် တော်ကိုတိုင်တည် ၍ ကျိန်ဆို ခြင်းကို ပြုလျှင်မ တည် ။ ဗိမာန် တော်၏ ရွှေ ကိုတိုင်တည်၍ ကျိန်ဆို ခြင်းကိုပြုလျှင် တည်သည်ဟုသင်တို့ဆို ကြ၏။
17ⲚⲒⲤⲞϪ ⲞⲨⲞϨ ⲘⲂⲈⲖⲖⲈ ⲚⲒⲘ ⲄⲀⲢ ⲈⲦⲞⲒ ⲚⲚⲒϢϮ ⲠⲒⲚⲞⲨⲂ ϢⲀⲚ ⲠⲒⲈⲢⲪⲈⲒ ⲈⲦⲦⲞⲨⲂⲞ ⲘⲠⲒⲚⲞⲨⲂ.
17လူမိုက် လူကန်း တို့၊ အဘယ် အရာသည်သာ၍ မြတ်သနည်း။ ထိုရွှေ ကားမြတ်သလော။ ထိုရွှေ ကို သန့်ရှင်း စေသော ဗိမာန် တော်ကားမြတ်သလော။
18ⲞⲨⲞϨ ⲪⲎ ⲈⲐⲚⲀⲰⲢⲔ ⲘⲠⲒⲘⲀⲚⲈⲢϢⲰⲞⲨϢⲒ ϨⲖⲒ ⲠⲈ ⲪⲎ ⲆⲈ ⲈⲐⲚⲀⲰⲢⲔ ⲘⲠⲒⲦⲀⲒⲞ ⲈⲦⲬⲎ ϨⲒϪⲰϤ ⲞⲨⲞⲚ ⲈⲢⲞϤ.
18တနည်းကား၊ ယဇ်ပလ္လင် ကို တိုင်တည်၍ ကျိန်ဆို ခြင်းကိုပြုလျှင် မ တည် ။ ယဇ်ပလ္လင် ပေါ်မှာ ရှိသော ပူဇော် သက္ကာကို တိုင်တည် ၍ကျိန်ဆို ခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ၏။
19ⲚⲒⲤⲞϪ ⲞⲨⲞϨ ⲘⲂⲈⲖⲖⲈ ⲀϢ ⲄⲀⲢ ⲈⲦⲞⲒ ⲚⲚⲒϢϮ ⲠⲒⲦⲀⲒⲞ ϢⲀⲚ ⲠⲒⲘⲀⲚⲈⲢϢⲰⲞⲨϢⲒ ⲈⲦⲦⲞⲨⲂⲞ ⲘⲠⲒⲦⲀⲒⲞ.
19လူမိုက်လူကန်း တို့၊ အဘယ် အရာသည်သာ၍ မြတ်သနည်း။ ထိုပူဇော် သက္ကာကား မြတ်သလော ။ ထို ပူဇော် သက္ကာကို သန့်ရှင်း စေသော ယဇ်ပလ္လင် ကားမြတ်သလော။
20ⲪⲎ ⲞⲨⲚ ⲈⲦⲰⲢⲔ ⲘⲠⲒⲘⲀⲚⲈⲢϢⲰⲞⲨϢⲒ ⲀϤⲰⲢⲔ ⲘⲘⲞϤ ⲚⲈⲘ ϨⲰⲂ ⲚⲒⲂⲈⲚ ⲈⲦⲬⲎ ϨⲒϪⲰϤ
20ထို့ကြောင့် ယဇ်ပလ္လင် ကိုတိုင်တည် ၍ ကျိန်ဆိုလျှင်၊ ယဇ်ပလ္လင် မှစ၍ ယဇ်ပလ္လင် ပေါ်မှာ ရှိသမျှကို တိုင်တည် ၍ ကျိန်ဆိုသတည်း။
21ⲞⲨⲞϨ ⲪⲎ ⲈⲦⲰⲢⲔ ⲘⲠⲒⲈⲢⲪⲈⲒ ⲀϤⲰⲢⲔ ⲘⲘⲞϤ ⲚⲈⲘ ⲪⲎ ⲈⲦϢⲞⲠ ⲚϦⲎⲦϤ.
21ဗိမာန် တော်ကိုတိုင်တည် ၍ ကျိန်ဆို လျှင် ၊ ဗိမာန် တော်မှစ၍ ဗိမာန် တော်၌ ကျိန်းဝပ် တော်မူသောသူ ကို တိုင်တည် ၍ ကျိန်ဆိုသတည်း။
22ⲞⲨⲞϨ ⲪⲎ ⲈⲦⲰⲢⲔ ⲚⲦⲪⲈ ⲀϤⲰⲢⲔ ⲘⲠⲒⲐⲢⲞⲚⲞⲤ ⲚⲦⲈⲪⲚⲞⲨϮ ⲚⲈⲘ ⲪⲎ ⲈⲦϨⲈⲘⲤⲒ ϨⲒϪⲰϤ.
22ကောင်းကင် ဘုံကိုတိုင်တည် ၍ ကျိန်ဆိုလျှင်၊ ပလ္လင် တော်ကို၎င်း ၊ ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသော သူ ကို၎င်း တိုင်တည် ၍ကျိန်ဆိုသတည်း။
23ⲞⲨⲞⲒ ⲚⲰⲦⲈⲚ ⲚⲒⲤⲀϦ ⲚⲈⲘ ⲚⲒⲪⲀⲢⲒⲤⲈⲞⲤ ⲚⲒϢⲞⲂⲒ ϪⲈ ⲦⲈⲦⲈⲚϮ ⲘⲪⲢⲈⲘⲎⲦ ⲘⲠⲒⲀϬⲒⲚⲚⲤⲐⲞⲒ ⲚⲈⲘ ⲠⲒⲀⲘⲒⲤⲒ ⲚⲈⲘ ⲠⲒⲐⲀⲠⲈⲚ ⲞⲨⲞϨ ⲀⲦⲈⲦⲈⲚⲬⲰ ⲚⲚⲎ ⲈⲦϨⲞⲢϢ ⲚⲦⲈⲠⲒⲚⲞⲘⲞⲤ ⲚⲤⲀⲐⲎⲚⲞⲨ ⲠⲒϨⲀⲠ ⲚⲈⲘ ⲠⲒⲚⲀⲒ ⲚⲈⲘ ⲠⲒⲚⲀϨϮ ⲚⲀⲒ ⲚⲀⲤⲘⲠϢⲀ ⲚⲦⲈⲦⲈⲚⲀⲒⲦⲞⲨ ⲚⲒⲔⲈⲬⲰⲞⲨⲚⲒ ⲆⲈ ⲚⲦⲈⲦⲈⲚϢⲦⲈⲘⲬⲀⲨ ⲚⲤⲀⲐⲎⲚⲞⲨ.
23လျှို့ဝှက် သောကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပင်စိမ်း ၊ စမွှတ် ၊ ဇီယာ ၊ အသီးအရွက်တို့ကို ဆယ်ဘို့တစ်ဘို့ လှူကြသည်တွင် တရား သဖြင့်စီရင်ခြင်း၊ သူတစ်ပါးကို သနား ခြင်း၊ သစ္စာစောင့် ခြင်းတည်းဟူသောပညတ် တရားတွင် လေး သောအရာ တို့ကိုကား လှပ် ၍ထားကြ၏။ အရင် ဆိုသောအရာတို့ကို မ လှပ် မထား၊ နောက်ဆိုသောအရာ တို့ကို ကျင့် ရမည်။
24ⲚⲒϬⲀⲨⲘⲰⲒⲦ ⲘⲂⲈⲖⲖⲈ ⲚⲎ ⲈⲦⲤⲰϤ ⲚϮϢⲞⲖⲘⲈⲤ ⲞⲨⲞϨ ⲈⲦⲰⲘⲔ ⲘⲠⲒϬⲀⲘⲞⲨⲖ.
24လမ်းပြ သောလူကန်း တို့၊ သင်တို့သည် ခြင် တစ်ကောင်ကိုမျှ မပါစေခြင်းငှာရေကိုစစ် လျက်နှင့် ကုလားအုပ် ကို မျို ကြ၏။
25ⲞⲨⲞⲒ ⲚⲰⲦⲈⲚ ⲚⲒⲤⲀϦ ⲚⲈⲘ ⲚⲒⲪⲀⲢⲒⲤⲈⲞⲤ ⲚⲒϢⲞⲂⲒ ϪⲈ ⲦⲈⲦⲈⲚⲦⲞⲨⲂⲞ ⲤⲀⲂⲞⲖ ⲘⲠⲒⲀⲪⲞⲦ ⲚⲈⲘ ϮⲠⲀⲢⲞⲮⲒⲤ ⲤⲀϦⲞⲨⲚ ⲆⲈ ⲘⲘⲰⲞⲨ ⲘⲈϨ ⲚϨⲰⲖⲈⲘ ⲚⲈⲘ ϬⲰϦⲈⲘ.
25လျှို့ဝှက် သော ကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့ ၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ဖလား ၊ လင်ပန်း ကို အပြင် ၌ဆေးကြော ကြ၏။ အတွင်း ၌ကား လုယူ ခြင်း၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့် လျက်ရှိ၏။
26ⲠⲒⲂⲈⲖⲖⲈ ⲘⲪⲀⲢⲒⲤⲈⲞⲤ ⲘⲀⲦⲞⲨⲂⲞ ⲤⲀϦⲞⲨⲚ ⲘⲠⲒⲀⲪⲞⲦ ⲚϢⲞⲢⲠ ⲚⲈⲘ ϮⲠⲀⲢⲞⲮⲒⲤ ϨⲒⲚⲀ ⲚⲦⲈⲤⲀⲂⲞⲖ ⲘⲘⲰⲞⲨ ⲦⲞⲨⲂⲞ.
26မျက်စိ ကန်းသော ဖာရိရှဲ ၊ ဖလား၊ လင်ပန်းကို အတွင်း ၌ရှေးဦးစွာ ဆေးကြော လော့။ သို့ပြုလျှင် အပြင် ကား သန့်ရှင်း လိမ့်မည်။
27ⲞⲨⲞⲒ ⲚⲰⲦⲈⲚ ⲚⲒⲤⲀϦ ⲚⲈⲘ ⲚⲒⲪⲀⲢⲒⲤⲈⲞⲤ ⲚⲒϢⲞⲂⲒ ⲦⲈⲦⲈⲚⲞⲚⲒ ⲚϨⲀⲚⲘϨⲀⲨ ⲈⲨⲞϢϪ ⲚⲔⲞⲚⲒⲀ ⲤⲀⲂⲞⲖ ⲘⲈⲚ ⲘⲘⲰⲞⲨ ⲤⲈⲞⲨⲰⲚϨ ⲈⲂⲞⲖ ⲈⲚⲈⲤⲰⲞⲨ ⲤⲀϦⲞⲨⲚ ⲆⲈ ⲘⲘⲰⲞⲨ ⲘⲈϨ ⲚⲔⲀⲤ ⲚⲢⲈϤⲘⲰⲞⲨⲦ ⲚⲈⲘ ϬⲰϦⲈⲘ ⲚⲒⲂⲈⲚ.
27လျှို့ဝှက် သော ကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ အဖြူ သုတ်သောသင်္ချိုင်း တွင်းနှင့်တူ ကြ၏။ ထိုတွင်း သည် အပြင် ၌တင့်တယ် စွာတကား။ အတွင်း ၌ကား လူ သေအရိုး ၊ အညစ်အကြေး အမျိုးမျိုး နှင့် ပြည့် လျက်ရှိ၏။
28ⲠⲀⲒⲢⲎϮ ⲚⲐⲰⲦⲈⲚ ϨⲰⲦⲈⲚ ⲤⲀⲂⲞⲖ ⲘⲈⲚ ⲘⲘⲰⲦⲈⲚ ⲦⲈⲦⲈⲚⲞⲨⲰⲚϨ ⲈⲂⲞⲖ ⲘⲠⲈⲘⲐⲞ ⲚⲚⲒⲢⲰⲘⲒ ⲘⲪⲢⲎϮ ⲚϨⲀⲚⲐⲘⲎⲒ ⲤⲀϦⲞⲨⲚ ⲆⲈ ⲘⲘⲰⲦⲈⲚ ⲘⲈϨ ⲘⲘⲈⲦϢⲞⲂⲒ ⲚⲈⲘ ⲀⲚⲞⲘⲒⲀ ⲚⲒⲂⲈⲚ.
28ထိုအတူ သင် တို့သည်အပြင် ၌ လူတို့ ရှေ့မှာဖြောင့်မတ် ဟန် ရှိ၏။ အတွင်း ၌ကား လျှို့ဝှက် ခြင်း၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့် လျက်ရှိ ကြ၏။
29ⲞⲨⲞⲒ ⲚⲰⲦⲈⲚ ⲚⲒⲤⲀϦ ⲚⲈⲘ ⲚⲒⲪⲀⲢⲒⲤⲈⲞⲤ ⲚⲒϢⲞⲂⲒ ϪⲈ ⲦⲈⲦⲈⲚⲔⲰⲦ ⲚⲚⲒⲘϨⲀⲨ ⲚⲦⲈⲚⲒⲠⲢⲞⲪⲎ ⲦⲎⲤ ⲞⲨⲞϨ ⲦⲈⲦⲈⲚⲤⲞⲖⲤⲈⲖ ⲚⲚⲒⲂⲎⲂ ⲚⲦⲈⲚⲒⲐⲘⲎⲒ.
29လျှို့ဝှက် သော ကျမ်းပြု ဆရာ၊ ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပရောဖက် မှစ၍ ဖြောင့်မတ် သောသူ တို့၏ သင်္ချိုင်း တွင်းနှင့် အရိုးအိုးတို့ကို တည်လုပ် ၍ တန်ဆာ ဆင်သဖြင့် ၊
30ⲞⲨⲞϨ ⲦⲈⲦⲈⲚϪⲰ ⲘⲘⲞⲤ ϪⲈ ⲈⲚⲀⲚⲬⲎ ϦⲈⲚⲚⲒⲈϨⲞⲞⲨ ⲚⲦⲈⲚⲈⲚⲒⲞϮ ⲚⲀⲚⲚⲀϢⲰⲠⲒ ⲈⲚⲞⲒ ⲚϢⲪⲎⲢ ⲈⲢⲰⲞⲨ ⲀⲚ ⲠⲈ ϦⲈⲚⲠⲒⲤⲚⲞϤ ⲚⲦⲈⲚⲒⲠⲢⲞⲪⲎⲦⲎⲤ.
30ငါ တို့သည် ဘိုးဘေး တို့လက်ထက် ၌ ရှိ လျှင် ၊ ပရောဖက် တို့ကို သတ် သည်အမှုကိုလက် မ ခံပြီဟု ဆို ကြ၏။
31ϨⲰⲤⲦⲈ ⲦⲈⲦⲈⲚⲈⲢⲘⲈⲐⲢⲈ ϦⲀⲢⲰⲦⲈⲚ ϪⲈ ⲚⲐⲰⲦⲈⲚ ⲚⲈⲚϢⲎⲢⲒ ⲚⲚⲎ ⲈⲦⲀⲨϦⲰⲦⲈⲂ ⲚⲚⲒⲠⲢⲞⲪⲎ ⲦⲎⲤ.
31ထိုသို့ဆိုသော် ၊ သင်တို့သည် ပရောဖက် တို့ကိုသတ် သောသူ တို့၏ အမျိုးအနွယ် ဖြစ် သည်ကို ကိုယ် အဘို့ ကိုယ်သက်သေခံ ကြ၏။
32ⲞⲨⲞϨ ⲚⲐⲰⲦⲈⲚ ϨⲰⲦⲈⲚ ϪⲈⲔ ϢⲒ ⲚⲦⲈⲚⲈⲦⲈⲚⲒⲞϮ ⲈⲂⲞⲖ.
32သို့ဖြစ်၍ ဘိုးဘေး တို့၏အကျင့်ပမာဏ ကို မှီ အောင်ကျင့်ကြလော့။
33ⲚⲒϨⲞϤ ⲘⲘⲒⲤⲒ ⲚⲦⲈⲚⲒⲀϪⲰ ⲠⲰⲤ ⲦⲈⲦⲈⲚⲚⲀϢⲪⲰⲦ ⲈⲂⲞⲖ ϦⲈⲚϮⲔⲢⲒⲤⲒⲤ ⲚⲦⲈϮⲄⲈⲈⲚⲚⲀ.
33မြွေဆိုး အမျိုး တို့၊ သင်တို့သည် အပြစ် ငရဲ မှ အဘယ်သို့ လွတ် နိုင်ကြမည်နည်း။
34ⲈⲐⲂⲈⲪⲀⲒ ϨⲎⲠⲠⲈ ⲀⲚⲞⲔ ϮⲚⲀⲞⲨⲰⲢⲠ ϨⲀⲢⲰⲦⲈⲚ ⲚϨⲀⲚⲠⲢⲞⲪⲎⲦⲎⲤ ⲚⲈⲘ ϨⲀⲚⲤⲀⲂⲈⲨ ⲚⲤⲀϦ ⲞⲨⲞϨ ⲈⲢⲈⲦⲈⲚⲈϦⲰⲦⲈⲂ ⲈⲂⲞⲖ ⲚϦⲎⲦⲞⲨ ⲞⲨⲞϨ ⲈⲢⲈⲦⲈⲚⲈⲒϢⲒ ⲈⲢⲈⲦⲈⲚⲈⲢⲘⲀⲤⲦⲒⲄⲄⲞⲒⲚ ⲘⲘⲰⲞⲨ ϦⲈⲚⲚⲈⲦⲈⲚⲤⲨⲚⲀⲄⲰⲄⲎ ⲞⲨⲞϨ ⲈⲢⲈⲦⲈⲚⲈϬ ⲞϪⲒ ⲚⲤⲰⲞⲨ ⲒⲤϪⲈⲚ ⲂⲀⲔⲒ ⲈⲂⲀⲔⲒ.
34ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက် ပညာရှိ ကျမ်းပြု ဆရာတို့ကို သင် တို့ရှိရာ သို့ ငါ စေလွှတ် ၏။ ထိုသူ အချို့တို့ကိုကွပ်မျက် ၍ လက်ဝါးကပ်တိုင် ၌သတ်ကြလိမ့်မည်။ အချို့တို့ကို တရားစရပ် ၌ ရိုက် ၍ တစ် မြို့မှ တစ် မြို့သို့ ညှဉ်းဆဲ နှင်ထုတ်ကြလိမ့်မည်။
35ϨⲞⲠⲰⲤ ⲚⲦⲈϤⲒ ⲈϪⲈⲚ ⲐⲎⲚⲞⲨ ⲚϪⲈⲤⲚⲞϤ ⲚⲒⲂⲈⲚ ⲚⲐⲘⲎⲒ ⲈⲦⲀⲨⲪⲞⲚϤ ⲈⲂⲞⲖ ϨⲒϪⲈⲚ ⲠⲒⲔⲀϨⲒ ⲒⲤϪⲈⲚ ⲠⲤⲚⲞϤ ⲚⲦⲈⲀⲂⲎⲖ ⲠⲒⲐⲘⲎⲒ ϢⲀ ⲠⲤⲚⲞϤ ⲚⲌⲀⲬⲀⲢⲒⲀⲤ ⲠϢⲎⲢⲒ ⲚⲂⲀⲢⲀⲬⲒⲀⲤ ⲪⲎ ⲈⲦⲀⲢⲈⲦⲈⲚϦⲞⲐⲂⲈϤ ⲞⲨⲦⲈ ⲠⲒⲈⲢⲪⲈⲒ ⲚⲈⲘ ⲠⲘⲀⲚⲈⲢϢⲰⲞⲨϢⲒ.
35ထို့ကြောင့် ဖြောင့်မတ် သော အာဗေလ ၏အသွေး မှစ၍ ၊ အတွင်းဗိမာန် တော်နှင့် ယဇ်ပလ္လင် ၏ အကြား ၌ သင် တို့သတ် ကြသော ဗာရခိ သား ဇာခရိ ၏အသွေး တိုင်အောင် မြေကြီး အပေါ် ၌သွန်း ပြီးသမျှသော သူတော်ကောင်း တို့၏အသွေး သည် သင် တို့ ခေါင်းပေါ်သို့ ရောက် လိမ့်မည်။
36ⲀⲘⲎⲚ ϮϪⲰ ⲘⲘⲞⲤ ⲚⲰⲦⲈⲚ ϪⲈ ⲈⲢⲈ ⲚⲀⲒ ⲦⲎⲢⲞⲨ ⲒⲈϪⲈⲚ ⲦⲀⲒⲄⲈⲚⲈⲀ.
36ငါအမှန် ဆို သည်ကား၊ ဤ အရာများတို့သည် ယခု ဖြစ်သောလူများအပေါ်သို့ ရောက် ကြလိမ့်မည်။
37ⲒⲈⲢⲞⲤⲀⲖⲎⲘ ⲒⲈⲢⲞⲤⲀⲖⲎⲘ ⲐⲎ ⲈⲦϦⲰⲦⲈⲂ ⲚⲚⲒⲠⲢⲞⲪⲎ ⲦⲎⲤ ⲞⲨⲞϨ ⲈⲦϨⲒⲰⲚⲒ ⲈϪⲈⲚ ⲚⲎ ⲈⲦⲀⲨⲞⲨⲞⲢⲠⲞⲨ ϨⲀⲢⲞⲤ ⲞⲨⲘⲎϢ ⲚⲤⲞⲠ ⲀⲒⲞⲨⲰϢ ⲈⲐⲞⲨⲈⲦ ⲚⲈϢⲎⲢⲒ ⲘⲪⲢⲎϮ ⲚⲞⲨϨⲀⲖⲎⲦ ⲈϢⲀϤⲐⲰⲞⲨϮ ⲚⲚⲈϤⲘⲀⲤ ⲈϦⲞⲨⲚ ϦⲀ ⲚⲈϤⲦⲈⲚϨ ⲞⲨⲞϨ ⲘⲠⲈⲦⲈⲚⲞⲨⲰϢ.
37အိုယေရုရှလင် မြို့၊ ယေရုရှလင် မြို့၊ သင်သည်ပရောဖက် တို့ကိုသတ် မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ် သော သူ တို့ကိုလည်း ကျောက်ခဲ နှင့် ပစ်မြဲရှိ၏။ ကြက်မ သည် မိမိ သားငယ် တို့ကို အတောင် အောက် ၌ စုရုံး သကဲ့သို့ သင် ၏သား တို့ကို စုရုံး စေခြင်းငှာကြိမ်ဖန် များစွာငါအလိုရှိ ပြီ။ သင်မူကား အလို မ ရှိ။
38ϨⲎⲠⲠⲈ ϮⲚⲀⲬⲰ ⲘⲠⲈⲦⲈⲚⲎⲒ ⲚⲰⲦⲈⲚ.
38သင် တို့နေသောအိမ် သည် သင် တို့၌ လူဆိတ်ညံ လျက် ကျန်ရစ် ရ၏။
39ϮϪⲰ ⲄⲀⲢ ⲘⲘⲞⲤ ⲚⲰⲦⲈⲚ ⲚⲚⲈⲦⲈⲚⲚⲀⲨ ⲈⲢⲞⲒ ⲒⲤϪⲈⲚ ϮⲚⲞⲨ ϢⲀⲦⲈⲦⲈⲚϪⲞⲤ ϪⲈ ϤⲤⲘⲀⲢⲰⲞⲨⲦ ⲚϪⲈⲪⲎ ⲈⲐⲚⲎⲞⲨ ϦⲈⲚⲪⲢⲀⲚ ⲘⲠϬⲞⲒⲤ.
39ငါဆို သည်ကား၊ ထာဝရ ဘုရား၏အခွင့် နှင့် ကြွလာ သောသူ သည်မင်္ဂလာ ရှိစေသောဟုသင် တို့မ ပြောမှီ တိုင်အောင်ယခု မှစ၍ သင်တို့သည်ငါ့ မျက်နှာကို မ မြင် ရကြ ဟု မိန့်တော်မူ၏။
Tip: use the ← and → keys to turn chapters.