ⳘⲀⲦⲐⲈⲞⲚ 5
Coptic New Testament (Bohairic)Translation
Coptic New Testament (Bohairic)
Judson Burmese Bible (1840)
1ⲈⲦⲀϤⲚⲀⲨ ⲆⲈ ⲈⲚⲒⲘⲎϢ ⲀϤϢⲈ ⲚⲀϤ ⲈⲠϢⲰⲒ ⲈϪⲈⲚ ⲠⲒⲦⲰⲞⲨ ⲞⲨⲞϨ ⲈⲦⲀϤϨⲈⲘⲤⲒ ⲀⲨⲒ ϨⲀⲢⲞϤ ⲚϪⲈⲚⲈϤⲘⲀⲐⲎⲦⲎⲤ.
1ထိုလူ အပေါင်းတို့ကို မြင် လျှင် ၊ ကိုယ်တော်သည် တောင် ပေါ်သို့ တက် ၍ ထိုင် တော်မူသောအခါ ၊ တပည့် တော်တို့သည် ကိုယ်တော် ရင်းသို့ ချဉ်းကပ် ကြ၏။
2ⲞⲨⲞϨ ⲈⲦⲀϤⲞⲨⲰⲚ ⲚⲢⲰϤ ⲚⲀϤϮⲤⲂⲰ ⲚⲰⲞⲨ ⲈϤϪⲰ ⲘⲘⲞⲤ
2ထိုအခါ နှုတ် တော်ကိုဖွင့် ၍ တပည့် တော်တို့အား ဆုံးမ ဩဝါဒပေးတော်မူသည်မှာ၊
3ⲰⲞⲨⲚⲒⲀⲦⲞⲨ ⲚⲚⲒϨⲎⲔⲒ ⲘⲠⲒⲠⲚⲈⲨⲘⲀϪⲈ ⲐⲰⲞⲨ ⲦⲈ ϮⲘⲈⲦⲞⲨⲢⲞ ⲚⲦⲈⲚⲒⲪⲎⲞⲨⲒ.
3စိတ် နှလုံးနှိမ့်ချ သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ကောင်းကင် နိုင်ငံ တော်သည် ထိုသူ တို့၏နိုင်ငံဖြစ် ၏။
4ⲰⲞⲨⲚⲒⲀⲦⲞⲨ ⲚⲚⲎ ⲈⲦⲈⲢϨⲎⲂⲒ ϮⲚⲞⲨ ϪⲈ ⲚⲐⲰⲞⲨ ⲠⲈⲦⲞⲨⲚⲀϮϨⲞ ⲈⲢⲰⲞⲨ.
4စိတ်မသာ ညည်းတွားသောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ထိုသူ တို့သည် သက်သာ ခြင်းသို့ရောက်ကြလတံ့။
5ⲰⲞⲨⲚⲒⲀⲦⲞⲨ ⲚⲚⲒⲢⲈⲘⲢⲀⲨϢ ϪⲈ ⲚⲐⲰⲞⲨ ⲠⲈⲐⲚⲀⲈⲢⲔⲖⲎⲢⲞⲚⲞⲘⲒⲚ ⲘⲠⲒⲔⲀϨⲒ.
5စိတ် နူးညံ့သိမ်မွေ့သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည် ပြည် တော်ကို အမွေ ခံရကြလတံ့။
6ⲰⲞⲨⲚⲒⲀⲦⲞⲨ ⲚⲚⲎ ⲈⲦϨⲞⲔⲈⲢ ⲚⲈⲘ ⲚⲎ ⲈⲦⲞⲂⲒ ⲚϮⲘⲈⲐⲘⲎⲒ ϪⲈ ⲚⲐⲰⲞⲨ ⲠⲈⲐⲚⲀⲤⲒ.
6ဖြောင့်မတ် ခြင်းပါရမီကို ဆာငတ် ခင်မွတ် သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည်ဝပြော ခြင်းသို့ရောက်ကြလတံ့။
7ⲰⲞⲨⲚⲒⲀⲦⲞⲨ ⲚⲚⲒⲚⲀⲎⲦ ϪⲈ ⲚⲐⲰⲞⲨ ⲠⲈⲦⲞⲨⲚⲀⲚⲀⲒ ⲚⲰⲞⲨ.
7သနားစုံမက် တတ်သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည် သနားစုံမက် ခြင်းကို ခံရကြလတံ့။
8ⲰⲞⲨⲚⲒⲀⲦⲞⲨ ⲚⲚⲎ ⲈⲐⲞⲨⲀⲂ ϦⲈⲚⲠⲞⲨϨⲎⲦ ϪⲈ ⲚⲐⲰⲞⲨ ⲠⲈⲐⲚⲀⲚⲀⲨ ⲈⲪⲚⲞⲨϮ.
8စိတ် နှလုံးဖြူစင် သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည် ဘုရားသခင် ကို မြင် ရကြလတံ့။
9ⲰⲞⲨⲚⲒⲀⲦⲞⲨ ⲚⲚⲒⲢⲈϤⲈⲢϨⲒⲢⲎⲚⲎ ϪⲈ ⲚⲐⲰⲞⲨ ⲠⲈⲦⲞⲨⲚⲀⲘⲞⲨϮ ⲈⲢⲰⲞⲨ ϪⲈ ⲚⲒϢⲎⲢⲒ ⲚⲦⲈⲪⲚⲞⲨϮ.
9သူတစ်ပါးချင်းခိုက်ရန် ပြုခြင်းကို ငြိမ်းစေတတ်သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ထိုသူ တို့သည် ဘုရားသခင် ၏သား တော်ဟု ခေါ်ဝေါ် ခြင်းကိုခံရကြလတံ့။
10ⲰⲞⲨⲚⲒⲀⲦⲞⲨ ⲚⲚⲎ ⲈⲦⲀⲨϬⲞϪⲒ ⲚⲤⲰⲞⲨ ⲈⲐⲂⲈ ϮⲘⲈⲐⲘⲎⲒ ϪⲈ ⲐⲰⲞⲨ ⲦⲈ ϮⲘⲈⲦⲞⲨⲢⲞ ⲚⲦⲈⲚⲒⲪⲎⲞⲨⲒ.
10ဖြောင့်မတ် ခြင်းတရားကြောင့် နှောင့်ရှက် ညှဉ်းဆဲခြင်းကို ခံရသောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကောင်းကင် နိုင်ငံ တော်သည် ထိုသူ တို့၏နိုင်ငံဖြစ် ၏။
11ⲰⲞⲨⲚⲒⲀⲦⲈⲚ ⲐⲎⲚⲞⲨ ⲈϢⲰⲠ ⲀⲨϢⲀⲚϬⲞϪⲒ ⲚⲤⲀⲐⲎⲚⲞⲨ ⲞⲨⲞϨ ⲚⲤⲈϢⲈϢ ⲐⲎⲚⲞⲨ ⲞⲨⲞϨ ⲚⲤⲈϪⲈ ⲠⲈⲦϨⲰⲞⲨ ⲚⲒⲂⲈⲚ ⲚⲤⲀⲐⲎⲚⲞⲨ ⲈⲨϪⲈ ⲘⲈⲐⲚⲞⲨϪ ⲈⲢⲰⲦⲈⲚ ⲈⲐⲂⲎⲦ.
11ငါ့ ကြောင့် သင် တို့ကို ကဲ့ရဲ့ ညှဉ်းဆဲ၍ မမှန် ဘဲလျက် အပြစ် တကာ တင်ကြသောအခါ ၊ သင်တို့သည် မင်္ဂလာ ရှိ ကြ၏။
12ⲢⲀϢⲒ ⲞⲨⲞϨ ⲐⲈⲖⲎⲖ ϪⲈ ⲠⲈⲦⲈⲚⲂⲈⲬⲈ ⲞⲨⲚⲒϢϮ ⲠⲈ ϦⲈⲚⲚⲒⲪⲎⲞⲨⲒ ⲠⲀⲒⲢⲎϮ ⲄⲀⲢ ⲀⲨϬⲞϪⲒ ⲚⲤⲀⲚⲒⲠⲢⲞⲪⲎⲦⲎⲤ ⲈⲚⲀⲨϦⲀϪⲰⲦⲈⲚ.
12ဝမ်းမြောက် ရွှင်မြူး ခြင်းရှိကြလော့။ အကြောင်းမူကား ၊ ကောင်းကင် ဘုံ၌ သင် တို့၏အကျိုး သည် ကြီးလှ ပေ၏။ သင် တို့ရှေ့ ကပေါ်ထွန်းသော ပရောဖက် တို့ကို ထိုနည်းတူ ညှဉ်းဆဲ ကြပြီ။
13ⲚⲐⲰⲦⲈⲚ ⲆⲈ ⲠϨⲘⲞⲨ ⲘⲠⲒⲔⲀϨⲒ ⲈϢⲰⲠ ⲆⲈ ⲚⲦⲈⲠⲒϨⲘⲞⲨ ⲖⲰϤ ⲀⲨⲚⲀⲘⲞⲖϨϤ ⲚⲞⲨ ⲘⲠⲀϤϢϪⲈⲘϪⲞⲘ ϪⲈ ⲈϨⲖⲒ ⲈⲂⲎⲖ ⲚⲤⲈϨⲒⲦϤ ⲈⲂⲞⲖ ⲚⲤⲈϨⲰⲘⲒ ⲈϪⲰϤ ⲚϪⲈⲚⲒⲢⲰⲘⲒ.
13သင် တို့သည် ဤလောက ၏ဆား ဖြစ် ကြ၏။ ဆား မူကား ၊ အငန် ကင်းပျောက်လျှင် ငန် သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင် သို့ပစ် လိုက်၍ ကျော်နင်း ခြင်းမှတစ်ပါး အဘယ် အသုံး မျှမ ဝင်။
14ⲚⲐⲰⲦⲈⲚ ⲠⲈ ⲪⲞⲨⲰⲒⲚⲒ ⲘⲠⲒⲔⲞⲤⲘⲞⲤ ⲘⲘⲞⲚ ϢϪⲞⲘ ⲚⲦⲈⲞⲨⲂⲀⲔⲒ ⲬⲰⲠ ⲈⲤⲬⲎ ϨⲒϪⲈⲚ ⲞⲨⲦⲰⲞⲨ.
14သင် တို့သည် ဤလောက ၏ အလင်း ဖြစ် ကြ၏။ တောင် ထိပ်၌တည် သောမြို့ ကို မ ကွယ် နိုင် ။
15ⲞⲨⲆⲈ ⲘⲠⲀⲨϬⲈⲢⲈ ⲞⲨϦⲎⲂⲤ ⲚⲤⲈⲬⲀϤ ϦⲀ ⲞⲨⲘⲈⲚⲦ ⲀⲖⲖⲀ ⲈϢⲀⲨⲬⲀϤ ϨⲒϪⲈⲚ ϮⲖⲨⲬⲚⲒⲀ ⲞⲨⲞϨ ϢⲀϤⲈⲢⲞⲨⲰⲒⲚⲒ ⲈⲞⲨⲞⲚ ⲚⲒⲂⲈⲚ ⲈⲦϢⲞⲠ ϦⲈⲚⲠⲒⲎⲒ.
15ဆီမီး ထွန်း ၍ တောင်း ဇလားအောက် ၌ ဖုံးထားလေ့မ ရှိ။ အိမ်သူ အိမ်သားအပေါင်း တို့သည် အလင်း ကို ရစေခြင်းငှာ ဆီမီးခုံ ပေါ်မှာ တင်ထားလေ့ရှိ၏။
16ⲠⲀⲒⲢⲎϮ ⲘⲀⲢⲈ ⲠⲈⲦⲈⲚⲞⲨⲰⲒⲚⲒ ⲈⲢⲞⲨⲰⲒⲚⲒ ⲘⲠⲈⲘⲐⲞ ⲚⲚⲒⲢⲰⲘⲒ ϨⲞⲠⲰⲤ ⲚⲤⲈⲚⲀⲨ ⲈⲚⲈⲦⲈⲚϨⲂⲎ ⲞⲨⲒ ⲈⲐⲚⲀⲚⲈⲨ ⲚⲤⲈϮⲰⲞⲨ ⲘⲠⲈⲦⲈⲚⲒⲰⲦ ⲈⲦϦⲈⲚ ⲚⲒⲪⲎⲞⲨⲒ.
16ထိုနည်းတူ ၊ သူတစ်ပါးတို့သည် သင် တို့၏ကောင်း သောအကျင့် ကိုမြင် ၍၊ ကောင်းကင် ဘုံ၌ ရှိတော်မူသောသင် တို့အဘ ၏ဂုဏ် တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါး ရှေ့ ၌ သင် တို့အလင်း ကို လင်း စေကြလော့။
17ⲘⲠⲈⲢⲘⲈⲨⲒ ϪⲈ ⲈⲦⲀⲒⲒ ⲈⲂⲈⲖ ⲠⲒⲚⲞⲘⲞⲤ ⲈⲂⲞⲖ ⲒⲈ ⲚⲒⲠⲢⲞⲪⲎⲦⲎⲤ ⲚⲈⲦⲀⲒⲒ ⲈⲂⲞⲖⲞⲨ ⲀⲚ ⲀⲖⲖⲀ ⲈϪⲞⲔⲞⲨ.
17ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းများကို ဖျက်ပယ် ခြင်းငှာငါလာ သည်ဟု မ ထင် ကြနှင့်။ ဖျက်ပယ် ခြင်းငှာငါလာ သည်မ ဟုတ်။ ပြည့်စုံ စေခြင်းငှာငါလာသတည်း။
18ⲀⲘⲎⲚ ⲄⲀⲢ ϮϪⲰ ⲘⲘⲞⲤ ⲚⲰⲦⲈⲚ ϪⲈ ϢⲀⲦⲈ ⲦⲪⲈ ⲚⲈⲘ ⲠⲔⲀϨⲒ ⲤⲒⲚⲒ ⲞⲨⲒⲰⲦⲀ ⲒⲈ ⲞⲨϢⲰⲖϨ ⲚⲚⲈϤⲤⲒⲚⲒ ⲈⲂⲞⲖ ϦⲈⲚⲠⲒⲚⲞⲘⲞⲤ ϢⲀⲦⲈ ⲚⲀⲒ ⲦⲎⲢⲞⲨ ϢⲰⲠⲒ.
18ငါအမှန် ဆို သည်ကား၊ ကောင်းကင် နှင့် မြေကြီး မ ပျက်စီး မှီတိုင်အောင်၊ ပညတ္တိ ကျမ်း၌ အငယ်ဆုံး သော စာလုံး ဗိန္ဓု တစ်လုံးမျှ ပြည့်စုံ ခြင်းသို့ မ ရောက်မှီ မ ပျက်စီး ရ။
19ⲪⲎ ⲞⲨⲚ ⲈⲐⲚⲀⲂⲈⲖ ⲞⲨⲒ ⲚⲚⲀⲒⲔⲞⲨϪⲒ ⲚⲈⲚⲦⲞⲖⲎ ⲈⲂⲞⲖ ⲞⲨⲞϨ ⲚⲦⲈϤϮⲤⲂⲰ ⲚⲚⲒⲢⲰⲘⲒ ⲘⲠⲀⲒⲢⲎϮ ⲈⲨⲈⲘⲞⲨϮ ⲈⲢⲞϤ ϪⲈ ⲠⲒⲔⲞⲨϪⲒ ϦⲈⲚϮⲘⲈⲦⲞⲨⲢⲞ ⲚⲦⲈⲚⲒⲪⲎⲞⲨⲒ ⲪⲎ ⲆⲈ ⲈⲐⲚⲀⲒⲢⲒ ⲞⲨⲞϨ ⲚⲦⲈϤϮⲤⲂⲰ ⲪⲀⲒ ⲈⲨⲈⲘⲞⲨϮ ⲈⲢⲞϤ ϪⲈ ⲞⲨⲚⲒϢϮ ϦⲈⲚϮⲘⲈⲦⲞⲨⲢⲞ ⲚⲦⲈⲚⲒⲪⲎⲞⲨⲒ.
19ထိုကြောင့် အကြင်သူ သည်၊ အငယ်ဆုံး သောပညတ် တစ်ခု ကို ကိုယ်တိုင်လွန်ကျူး ၍ သူတစ်ပါး တို့အားလည်း ထိုအတူ သွန်သင် ၏။ ထိုသူသည် ကောင်းကင် နိုင်ငံ တော်၌ အငယ်ဆုံး သောသူဖြစ် လိမ့်မည်။ အကြင်သူ သည် ကိုယ်တိုင်ကျင့် ၍ သူတစ်ပါး တို့အားလည်း သွန်သင် ၏။
20ϮϪⲰ ⲄⲀⲢ ⲘⲘⲞⲤ ⲚⲰⲦⲈⲚ ϪⲈ ⲀⲢⲈϢⲦⲈⲘ ⲦⲈⲦⲈⲚⲘⲈⲐⲘⲎⲒ ⲈⲢϨⲞⲨⲞ ⲈⲐⲀ ⲚⲒⲤⲀϦ ⲚⲈⲘ ⲚⲒⲪⲀⲢⲒⲤⲈⲞⲤ ⲚⲚⲈⲦⲈⲚⲒ ⲈϦⲞⲨⲚ ⲈϮⲘⲈⲦⲞⲨⲢⲞ ⲚⲦⲈⲚⲒⲪⲎⲞⲨⲒ.
20ထိုသူ သည် ကောင်းကင် နိုင်ငံ တော်၌ ကြီး သောသူဖြစ် လိမ့်မည်။ သင် တို့ကျင့်သောအကျင့်သည် ဖာရိရှဲ တို့နှင့် ကျမ်းပြု ဆရာတို့ကျင့်သောအကျင့်ထက် မ လွန်မသာလျှင်၊ သင်တို့သည် ကောင်းကင် နိုင်ငံ တော်သို့ မ ဝင် ရကြဟုငါအမှန်ဆို ၏။
21ⲀⲢⲈⲦⲈⲚⲤⲰⲦⲈⲘ ϪⲈ ⲀⲨϪⲞⲤ ⲚⲚⲒⲀⲢⲬⲈⲞⲤ ϪⲈ ⲚⲚⲈⲔϦⲰⲦⲈⲂ ⲪⲎ ⲆⲈ ⲈⲐⲚⲀϦⲰⲦⲈⲂ ⲈϤⲈϢⲰⲠⲒ ⲈϤⲞⲒ ⲚⲈⲚⲞⲬⲞⲤ ⲈϮⲔⲢⲒⲤⲒⲤ.
21လူ အသက်ကို မ သတ်ရ။ သတ် သောသူ သည် ရုံး၌အပြစ် စီရင်ခြင်းကို ခံထိုက် ပေ၏ဟူသော ရှေး ပညတ် စကားကို သင်တို့ကြား ရပြီ။
22ⲀⲚⲞⲔ ⲆⲈ ϮϪⲰ ⲘⲘⲞⲤ ⲚⲰⲦⲈⲚ ϪⲈ ⲞⲨⲞⲚ ⲚⲒⲂⲈⲚ ⲈⲐⲚⲀϪⲰⲚⲦ ⲈⲠⲈϤⲤⲞⲚ ϨⲒⲔⲎ ⲈϤⲈϢⲰⲠⲒ ⲈϤⲞⲒ ⲚⲈⲚⲞⲬⲞⲤ ⲈϮⲔⲢⲒⲤⲒⲤ ⲪⲎ ⲈⲐⲚⲀϪⲞⲤ ⲘⲠⲈϤⲤⲞⲚ ϪⲈ ⲢⲀⲔⲀ ⲈϤⲈϢⲰⲠⲒ ⲈϤⲞⲒ ⲚⲈⲚⲞⲬⲞⲤ ⲈⲠⲒⲘⲀⲚϮϨⲀⲠ ⲪⲎ ⲆⲈ ⲈⲐⲚⲀϪⲞⲤ ⲘⲠⲈϤⲤⲞⲚ ϪⲈ ⲠⲒⲤⲞϪ ⲈϤⲈϢⲰⲠⲒ ⲈϤⲞⲒ ⲚⲈⲚⲞⲬⲞⲤ ⲈϮⲄⲈⲈⲚⲚⲀ ⲚⲦⲈⲠⲒⲬⲢⲰⲘ.
22ငါ ပညတ် သည်ကား ၊ ညီအစ်ကို ကို အထောက်မတန်အမျက်ထွက် သောသူ သည် ရုံး၌အပြစ် စီရင်ခြင်းကို ခံထိုက် ပေ၏။ ညီအစ်ကို ကိုကဲ့ရဲ့ သောသူ သည် လွှတ်တော် ၌ အပြစ်စီရင်ခြင်းကို ခံထိုက် ပေ၏။ ညီအစ်ကိုကိုကျိန်ဆဲ သောသူ သည် ဂေဟင်္နာ အရပ်၌ မီးရှို့ ခြင်းကို ခံထိုက် ပေ၏။
23ⲈϢⲰⲠ ⲞⲨⲚ ⲈⲔⲚⲀⲒⲚⲒ ⲘⲠⲈⲔⲆⲰⲢⲞⲚ ⲈϨⲢⲎⲒ ⲈϪⲈⲚ ⲠⲒⲘⲀⲚⲈⲢϢⲰⲞⲨϢⲒ ⲞⲨⲞϨ ⲚⲦⲈⲔⲈⲢⲪⲘⲈⲨⲒ ⲘⲘⲀⲨ ϪⲈ ⲞⲨⲞⲚ ⲞⲨⲀⲢⲒⲔⲒ ⲞⲨⲦⲰⲔ ⲚⲈⲘ ⲠⲈⲔⲤⲞⲚ.
23ထိုကြောင့် သင် သည်ပူဇော် သက္ကာကို ယဇ်ပလ္လင် သို့ ဆောင်ယူ ခဲ့လျက် သင် ၏ညီအစ်ကို သည် သင် ၌ အပြစ်တင် ခွင့်တစ်စုံတစ်ခု ရှိ သည်ဟု အောက်မေ့ သတိရလျှင် ၊ ယဇ်ပလ္လင် ရှေ့ မှာ ပူဇော် သက္ကာကိုထား၍သွား လော့။
24ⲬⲰ ⲘⲠⲈⲔⲆⲰⲢⲞⲚ ⲘⲘⲀⲨ ⲘⲠⲈⲘⲐⲞ ⲘⲠⲒⲘⲀⲚⲈⲢϢⲰⲞⲨϢⲒ ⲞⲨⲞϨ ⲘⲀϢⲈ ⲚⲀⲔ ⲚϢⲞⲢⲠ ϨⲰⲦⲠ ⲈⲠⲈⲔⲤⲞⲚ ⲞⲨⲞϨ ⲦⲞⲦⲈ ⲀⲘⲞⲨ ⲀⲚⲒⲞⲨⲒ ⲘⲠⲈⲔⲆⲰⲢⲞⲚ ⲈϦⲞⲨⲚ.
24ညီအစ်ကို နှင့် သင့်တင့် ပြီးမှ ပြန် ၍ ပူဇော် သက္ကာကို တင် လော့။
25ϢⲰⲠⲒ ⲈⲔⲔⲀϮ ⲈⲠⲈⲔⲀⲚⲦⲒⲆⲒⲔⲞⲤ ⲚⲬⲰⲖⲈⲘ ϨⲰⲤ ⲈϤⲬⲎ ⲚⲈⲘⲀⲔ ϨⲒ ⲠⲒⲘⲰⲒⲦ ⲘⲎⲠⲞⲦⲈ ⲚⲦⲈⲠⲒⲀⲚⲦⲒⲆⲒⲔⲞⲤ ⲦⲎⲒⲔ ⲈⲠⲒⲔⲢⲒⲦⲎⲤ ⲞⲨⲞϨ ⲚⲦⲈⲠⲒⲔⲢⲒⲦⲎⲤ ⲦⲎⲒⲔ ⲈⲠⲒϨⲨⲠⲎⲢⲈⲦⲎⲤ ⲞⲨⲞϨ ⲚⲤⲈϨⲒⲦⲔ ⲈⲠⲒϢⲦⲈⲔⲞ
25တရားတွေ့ဘက် နှင့်အတူ လမ်း ၌ သွားစဉ် တွင်ပင်၊ သူ ၏စိတ် ကို ပြေစေခြင်းငှာ အလျင်အမြန် ပြုလော့။ သို့မဟုတ် တရားတွေ့ဘက် သည် တရားသူကြီး ၌ အပ် မည်။ တရားသူကြီး သည်လည်း လုလင် ခေါင်း၌ အပ်၍ ထောင် ထဲ၌ လှောင် ထားမည်။
26ⲀⲘⲎⲚ ϮϪⲰ ⲘⲘⲞⲤ ⲚⲀⲔ ϪⲈ ⲚⲚⲈⲔⲒ ⲈⲂⲞⲖ ⲘⲘⲀⲨ ϢⲀⲦⲈⲔϮ ⲚⲦϦⲀⲎ ⲚⲦⲈⲂⲒ.
26လျော်ပြစ်ငွေ ရှိသမျှ ကို မ လျော် မှီတိုင်အောင် ထောင်ထဲကမ ထွက် ရဟု ငါအမှန် ဆို ၏။
27ⲀⲦⲈⲦⲈⲚⲤⲰⲦⲈⲘ ϪⲈ ⲀⲨϪⲞⲤ ϪⲈ ⲚⲚⲈⲔⲈⲢⲚⲰⲒⲔ.
27သူ့ မယားကို မ ပြစ်မှားရဟူသော ရှေး ပညတ်စကားကို သင်တို့ကြား ရပြီ။
28ⲀⲚⲞⲔ ⲆⲈ ϮϪⲰ ⲘⲘⲞⲤ ⲚⲰⲦⲈⲚ ϪⲈ ⲞⲨⲞⲚ ⲚⲒⲂⲈⲚ ⲈⲐⲚⲀϪⲞⲨϢⲦ ⲚⲤⲀⲞⲨⲤϨⲒⲘⲒ ⲈⲠϪⲒⲚⲈⲢⲈⲠⲒⲐⲨⲘⲒⲚ ⲈⲢⲞⲤ ⲀϤⲔⲎⲚ ⲈϤⲞⲒ ⲚⲚⲰⲒⲔ ⲈⲢⲞⲤ ϦⲈⲚⲠⲈϤϨⲎⲦ.
28ငါ ပညတ် သည်ကား ကိလေသာ စိတ်နှင့် သူ့မယား ကိုကြည့်ရှု သောသူ သည် စိတ် နှလုံးထဲ၌ ထိုမိန်းမ နှင့်ပြစ်မှား ပြီ ။
29ⲒⲤϪⲈ ⲠⲈⲔⲂⲀⲖ ⲚⲞⲨⲒⲚⲀⲘ ⲈⲢⲤⲔⲀⲚⲆⲀⲖⲒⲌⲈⲤⲐⲈ ⲘⲘⲞⲔ ⲪⲞⲢⲔϤ ϨⲒⲦϤ ⲈⲂⲞⲖ ϨⲀⲢⲞⲔ ⲤⲈⲢⲚⲞϤⲢⲒ ⲄⲀⲢ ⲚⲀⲔ ⲚⲦⲈⲞⲨⲀⲒ ⲚⲚⲈⲔⲘⲈⲖⲞⲤ ⲦⲀⲔⲞ ⲞⲨⲞϨ ⲚⲦⲈϢⲦⲈⲘ ⲠⲈⲔⲤⲰⲘⲀ ⲦⲎⲢϤ ϢⲈ ⲚⲀϤ ⲈϮⲄⲈⲈⲚⲚⲀ.
29ထိုကြောင့် လက်ျာ မျက်စိ ဖြစ်သော်လည်း သင့် ကိုမှားယွင်း စေလျှင် ထိုမျက်စိ ကိုထုတ်ပစ် လော့။ တစ်ကိုယ်လုံး ငရဲ သို့ ချ ခြင်းကိုခံရသည်ထက် အင်္ဂါ တစ်ခုပျက် သော် သာ၍ကောင်း ၏။
30ⲞⲨⲞϨ ⲒⲤϪⲈ ⲦⲈⲔϪⲒϪ ⲚⲞⲨⲒⲚⲀⲘ ⲈⲢⲤⲔⲀⲚⲆⲀⲖⲒⲌⲈⲤⲐⲈ ⲘⲘⲞⲔ ϪⲞϪⲤ ϨⲒⲦⲤ ⲈⲂⲞⲖ ϨⲀⲢⲞⲔ ⲤⲈⲢⲚⲞϤⲢⲒ ⲄⲀⲢ ⲚⲀⲔ ⲚⲦⲈⲞⲨⲀⲒ ⲚⲚⲈⲔⲘⲈⲖⲞⲤ ⲦⲀⲔⲞ ⲞⲨⲞϨ ⲚⲦⲈϢⲦⲈⲘ ⲠⲈⲔⲤⲰⲘⲀ ⲦⲎⲢϤ ϢⲈ ⲚⲀϤ ⲈϮⲄⲈⲈⲚⲚⲀ.
30ထိုနည်းတူ လက်ျာ လက် ဖြစ်သော်လည်း သင့် ကိုမှားယွင်း စေလျှင် ထိုလက် ကိုဖြတ်ပစ် လော့။ တစ်ကိုယ်လုံး ငရဲ သို့ ချ ခြင်းကို ခံရသည်ထက် အင်္ဂါ တစ်ခု သာပျက် သော်သာ၍ကောင်း ၏။
31ⲀⲨϪⲞⲤ ϪⲈ ⲪⲎ ⲈⲐⲚⲀϨⲒ ⲦⲈϤⲤϨⲒⲘⲒ ⲈⲂⲞⲖ ⲘⲀⲢⲈϤϮ ⲚⲞⲨⲤϦⲒ ⲚⲞⲨⲈⲒ ⲚⲀⲤ.
31တစ်ဖန်တုံ ၊ မယား နှင့်ကွာ လိုလျှင် ဖြတ်စာ ကို အပ်ပေး စေဟူသော ပညတ် စကားရှိပြီ။
32ⲀⲚⲞⲔ ⲆⲈ ϮϪⲰ ⲘⲘⲞⲤ ⲚⲰⲦⲈⲚ ϪⲈ ⲪⲎ ⲈⲐⲚⲀϨⲒ ⲦⲈϤⲤϨⲒⲘⲒ ⲈⲂⲞⲖ ⲚⲞⲨⲈϢⲈ ⲚⲤⲀϪⲒ ⲘⲠⲞⲢⲚⲒⲀ ⲀϤⲐⲢⲞ ⲘⲘⲞⲤ ⲈϪⲪⲈ ⲚⲰⲒⲔ ⲞⲨⲞϨ ⲪⲎ ⲈⲐⲚⲀϬⲒ ⲚⲐⲎ ⲈⲦϨⲰⲞⲨⲒ ⲈⲂⲞⲖ ϤⲞⲒ ⲚⲚⲰⲒⲔ.
32ငါ ပညတ် သည်ကား၊ မှားယွင်း ခြင်းအကြောင်း မှတပါး အခြားသောအကြောင်းဖြင့် မိမိ မယား နှင့်ကွာ သောသူ သည် မိမိမယား ကိုမှားယွင်း စေ၏။ ကွာ သောမိန်းမနှင့်စုံဘက် ခြင်းကိုပြုသောသူ သည်လည်း သူ့ မယားကိုပြစ်မှား၏။
33ⲠⲀⲖⲒⲚ ⲀⲢⲈⲦⲈⲚⲤⲰⲦⲈⲘ ϪⲈ ⲀⲨϪⲞⲤ ⲚⲚⲒⲀⲢⲬⲈⲞⲤ ϪⲈ ⲚⲚⲈⲔⲰⲢⲔ ⲚⲚⲞⲨϪ ⲈⲔⲈϮ ⲆⲈ ⲚⲚⲈⲔⲀⲚⲀⲨϢ ⲘⲠϬⲞⲒⲤ.
33တစ်ဖန်တုံ ၊ မဟုတ်မမှန်ဘဲလျက် ကျိန်ဆို ခြင်းကိုမ ပြုရ။ ကျိန်ဆို ခြင်းကို ပြုသည်အတိုင်းထာဝရ ဘုရား ရှေ့တော်၌ တည်စေလော့ဟူသော ရှေး ပညတ် စကားကို သင်တို့ကြား ရပြီ။
34ⲀⲚⲞⲔ ⲆⲈ ϮϪⲰ ⲘⲘⲞⲤ ⲚⲰⲦⲈⲚ ϪⲈ ⲘⲠⲈⲢⲰⲢⲔ ϨⲞⲖⲰⲤ ⲘⲠⲈⲢⲰⲢⲔ ⲚⲦⲪⲈ ϪⲈ ⲠⲐⲢⲞⲚⲞⲤ ⲘⲪⲚⲞⲨϮ ⲠⲈ.
34ငါ ပညတ် သည်ကား ၊ ကျိန်ဆို ခြင်းကို အလျင်း မ ပြုရ။ ကောင်းကင် ဘုံကို တိုင်တည်၍မ ကျိန်ရ။ ကောင်းကင်ဘုံကား ဘုရားသခင် ၏ ပလ္လင် တော်ဖြစ် သတည်း။
35ⲞⲨⲆⲈ ⲠⲔⲀϨⲒ ϪⲈ ⲪⲘⲀⲚⲤⲈⲘⲚⲒ ⲚⲦⲈⲚⲈϤϬⲀⲖⲀⲨϪ ⲠⲈ ⲞⲨⲆⲈ ⲒⲈⲢⲞⲤⲀⲖⲎⲘ ϪⲈ ⲐⲂⲀⲔⲒ ⲘⲠⲒⲚⲒϢϮ ⲚⲞⲨⲢⲞ ⲦⲈ.
35မြေကြီး ကို တိုင်တည်၍မ ကျိန်ရ။ မြေကြီးကား ဘုရားသခင် ၏ခြေ တော်တင် ရာခုံဖြစ် သတည်း။ ယေရုရှလင် မြို့ကို တိုင်တည်၍မ ကျိန်ရ။ မဟာ မင်းကြီး ၏မြို့ တော် ဖြစ် သတည်း။
36ⲞⲨⲆⲈ ⲘⲠⲈⲢⲰⲢⲔ ⲚⲦⲈⲔⲀⲪⲈ ϪⲈ ⲘⲘⲞⲚ ϢϪⲞⲘ ⲘⲘⲞⲔ ⲈⲈⲢ ⲞⲨⲔⲀⲠ ⲘϤⲰⲒ ⲚⲞⲨⲰⲂϢ ⲒⲈ ⲞⲨⲀⲒ ⲚⲬⲀⲘⲈ.
36ဆံခြည် တစ် ပင်ကိုမျှ ဖြူ စေခြင်း၊ မည်း စေခြင်းငှာ မ တတ်နိုင် သော်၊ ကိုယ် ဦးခေါင်း ကိုတိုင်တည်၍ မ ကျိန် ရ။
37ⲘⲀⲢⲈ ⲠⲈⲦⲈⲚⲤⲀϪⲒ ⲆⲈ ⲈⲢ ⲞⲨⲀϨⲀ ⲀϨⲀ ⲘⲘⲞⲚ ⲘⲘⲞⲚ ⲠϨⲞⲨⲞ ⲆⲈ ⲚⲚⲀⲒ ⲈⲂⲞⲖ ϦⲈⲚⲠⲒⲠⲈⲦϨⲰⲞⲨ ⲚⲈ.
37သင် ၏စကား မှာ ဟုတ် သည်ကိုအဟုတ် ၊ မ ဟုတ်သည်ကို မ ဟုတ်ဖြစ် စေလော့။ ဤ ထက်လွန် သော စကားသည် မကောင်း သောအရာနှင့်စပ်ဆိုင်ပေ ၏။
38ⲀⲢⲈⲦⲈⲚⲤⲰⲦⲈⲘ ϪⲈ ⲀⲨϪⲞⲤ ϪⲈ ⲞⲨⲂⲀⲖ ϦⲀ ⲞⲨⲂⲀⲖ ⲞⲨⲞϨ ⲞⲨⲚⲀϪϨⲒ ϦⲀ ⲞⲨⲚⲀϪϨⲒ.
38သူ့မျက်စိ ကိုဖျက်လျှင် ကိုယ်မျက်စိ ဖျက်ခြင်းကိုခံစေ။ သူ့သွား ကိုချိုးလျှင် ကိုယ်သွား ချိုးခြင်းကို ခံစေ ဟူသော ပညတ် စကားကို သင်တို့ကြား ရပြီ။
39ⲀⲚⲞⲔ ⲆⲈ ϮϪⲰ ⲘⲘⲞⲤ ⲚⲰⲦⲈⲚ ϪⲈ ⲘⲠⲈⲢϮ ⲈϦⲞⲨⲚ ⲈϨⲢⲈⲚ ⲠⲒⲠⲈⲦϨⲰⲞⲨ ⲀⲖⲖⲀ ⲪⲎ ⲈⲐⲚⲀϮ ⲚⲞⲨⲔⲞⲨⲢ ⲚⲀⲔ ϦⲈⲚⲦⲈⲔⲞⲨⲞϪⲒ ⲚⲞⲨⲒⲚⲀⲘ ⲪⲈⲚϨ ϮⲬⲈϮ ⲈⲢⲞϤ.
39ငါ ပညတ် သည်ကား ၊ နှောင့်ရှက် သောသူ ကို မ ဆီး မတားနှင့်။ သင် ၏ပါး တစ်ဘက်ကို သူတစ်ပါး ပုတ် လျှင် ပါးတစ်ဘက် ကို လှည့် ၍ပေးဦးလော့။
40ⲞⲨⲞϨ ⲪⲎ ⲈⲐⲚⲀⲞⲨⲰϢ ⲈϬⲒϨⲀⲠ ⲚⲈⲘⲀⲔ ⲈⲈⲖ ⲦⲈⲔϢⲐⲎⲚ ⲬⲀ ⲠⲈⲔⲈⲢϢⲰⲚ ⲈⲂⲞⲖ ⲘⲪⲀⲒ.
40သင့် အင်္ကျီ ကိုယူလို ၍ တရား တွေ့သောသူ အား သင့် ဝတ်လုံ ကိုလည်း ယူ စေခြင်းငှာအခွင့် ပေးဦးလော့။
41ⲞⲨⲞϨ ⲪⲎ ⲈⲐⲚⲀϬⲒⲦⲔ ⲚⲬⲂⲀ ⲚⲞⲨⲘⲒⲖⲒⲞⲚ ⲘⲞϢⲒ ⲚⲈⲘⲀϤ ⲚⲂ.
41အကြင်သူ သည် သင့် ကိုအနိုင်ပြု ၍ ခရီးတစ် တိုင် သွားစေ၏။ ထိုသူ နှင့်တကွ နှစ် တိုင်သွား ဦးလော့။
42ⲪⲎ ⲈⲦⲈⲢⲈⲦⲒⲚ ⲘⲘⲞⲔ ⲘⲞⲒ ⲚⲀϤ ⲞⲨⲞϨ ⲪⲎ ⲈⲐⲞⲨⲰϢ ⲈϬⲒ ⲚⲦⲞⲦⲔ ⲘⲠⲈⲢⲦⲀⲤⲐⲞϤ ⲈⲂⲞⲖ.
42တောင်း သောသူ အားပေး လော့။ ချေးငှား လို သောသူ ကိုလည်း မ ငြင်း မပယ်နှင့်။
43ⲀⲢⲈⲦⲈⲚⲤⲰⲦⲈⲘ ϪⲈ ⲀⲨϪⲞⲤ ϪⲈ ⲈⲔⲈⲘⲈⲚⲢⲈ ⲠⲈⲔϢⲪⲎⲢ ⲞⲨⲞϨ ⲈⲔⲈⲘⲈⲤⲦⲈ ⲠⲈⲔϪⲀϪⲒ.
43ကိုယ် နှင့်စပ်ဆိုင် သောသူ ကို ချစ် လော့။ ရန်သူ ကိုမုန်း လော့ဟူသောပညတ် စကားကို သင်တို့ ကြား ရပြီ။
44ⲀⲚⲞⲔ ϮϪⲰ ⲘⲘⲞⲤ ⲚⲰⲦⲈⲚ ϪⲈ ⲘⲈⲚⲢⲈ ⲚⲈⲦⲈⲚϪⲀϪⲒ ⲞⲨⲞϨ ⲦⲰⲂϨ ⲈϪⲈⲚ ⲚⲎ ⲈⲦϬⲞϪⲒ ⲚⲤⲀⲐⲎⲚⲞⲨ.
44ငါ ပညတ် သည်ကား ၊ သင်တို့သည် ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ ၏ သား ဖြစ် လိုသောငှာ ။ သင် တို့၏ရန်သူ တို့ကို ချစ် ကြလော့။ သင် တို့ကိုကျိန်ဆဲ သောသူ တို့အား မေတ္တာပို့ ကြလော့။ သင်တို့ကို မုန်း သော သူ တို့အား ကျေးဇူးပြု ကြလော့။ သင်တို့ကို နှောင့်ရှက် ညှဉ်းဆဲ သောသူ တို့ အဘို့ ဘုရားသခင် ကို ဆုတောင်း ကြလော့။
45ϨⲒⲚⲀ ⲚⲦⲈⲦⲈⲚⲈⲢϢⲎⲢⲒ ⲘⲠⲈⲦⲈⲚⲒⲰⲦ ⲈⲦϦⲈⲚ ⲚⲒⲪⲎⲞⲨⲒ ϪⲈ ⲈϤⲐⲢⲞ ⲘⲠⲈϤⲢⲎ ϢⲀⲒ ⲈϪⲈⲚ ⲚⲒⲤⲀⲘⲠⲈⲦϨⲰⲞⲨ ⲚⲈⲘ ⲚⲒⲤⲀⲘⲠⲈⲐⲚⲀⲚⲈⲨ ⲞⲨⲞϨ ⲈϤϨⲰⲞⲨ ⲈϪⲈⲚ ⲚⲒⲐⲘⲎⲒ ⲚⲈⲘ ⲚⲒⲞϪⲒ.
45အကြောင်းမူကား ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်း သောသူမကောင်း သောသူတို့အပေါ် ၌ ကိုယ်တော် ၏နေ ကို ထွက် စေတော်မူ၏။ ဖြောင့်မတ် သောသူ မ ဖြောင့်မတ်သောသူတို့ အပေါ် ၌မိုဃ်း ကို ရွာစေတော်မူ၏။
46ⲈϢⲰⲠ ⲄⲀⲢ ⲚⲦⲈⲦⲈⲚⲘⲈⲚⲢⲈ ⲚⲎ ⲈⲐⲘⲈⲒ ⲘⲘⲰⲦⲈⲚ ⲀϢ ⲠⲈ ⲠⲈⲦⲈⲚⲂⲈⲬⲈ ⲚⲒⲔⲈⲦⲈⲖⲰⲚⲎⲤ ϨⲰⲞⲨ ϢⲀⲨⲒⲢⲒ ⲘⲠⲀⲒⲢⲎϮ.
46သင် တို့ကို ချစ် သောသူ တို့အားသာချစ်တုံ့ပြု လျှင် အဘယ် ကျေးဇူး တင် သနည်း။ အခွန်ခံ သူတို့ပင် ဤမျှလောက်ပြု ကြသည် မ ဟုတ်လော။
47ⲞⲨⲞϨ ⲈϢⲰⲠ ⲚⲦⲈⲦⲈⲚϢⲈⲠ ⲦⲞⲦⲞⲨ ⲚⲚⲈⲦⲈⲚⲤⲚⲎ ⲞⲨ ⲘⲘⲀⲨⲀⲦⲞⲨ ⲞⲨ ⲘⲘⲈⲦϨⲞⲨⲞ ⲈⲦⲈⲦⲈⲚⲒⲢⲒ ⲘⲘⲞϤ ⲚⲒⲔⲈⲈⲐⲚⲒⲔⲞⲤ ϨⲰⲞⲨ ϢⲀⲨⲒⲢⲒ ⲘⲠⲀⲒⲢⲎϮ.
47အဆွေအမျိုး တို့အားသာ လောကဝတ် ပြုလျှင် အဘယ်သို့ ထူးမြတ် သနည်း။ သာသနာပ လူတို့ပင် ထိုအတူ ပြု ကြသည်မ ဟုတ်လော။
48ϢⲰⲠⲒ ⲞⲨⲚ ⲚⲐⲰⲦⲈⲚ ⲈⲢⲈⲦⲈⲚϪⲎⲔ ⲈⲂⲞⲖ ⲘⲪⲢⲎϮ ⲘⲠⲈⲦⲈⲚⲒⲰⲦ ⲈⲦϦⲈⲚ ⲚⲒⲪⲎⲞⲨⲒ ⲈⲦϪⲎⲔ ⲈⲂⲞⲖ.
48ထို့ကြောင့် ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ သည် စုံလင် တော်မူသည်နည်းတူ သင် တို့သည်လည်း စုံလင် ခြင်းရှိ ကြလော့။
Tip: use the ← and → keys to turn chapters.