ⳘⲀⲦⲐⲈⲞⲚ 7
Coptic New Testament (Bohairic)Translation
Coptic New Testament (Bohairic)
Judson Burmese Bible (1840)
1ⲘⲠⲈⲢϮϨⲀⲠ ϨⲒⲚⲀ ⲚⲦⲞⲨϢⲦⲈⲘϮϨⲀⲠ ⲈⲢⲰⲦⲈⲚ.
1သင်တို့သည် စစ်ကြော ဆုံးဖြတ်ခြင်းနှင့် ကင်းလွတ် ရမည်အကြောင်း သူတစ်ပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မ ပြုကြနှင့်။
2ⲠⲒϨⲀⲠ ⲄⲀⲢ ⲈⲦⲈⲦⲈⲚⲚⲀⲦⲎⲒϤ ⲀⲨⲚⲀϮϨⲀⲠ ⲈⲢⲰⲦⲈⲚ ⲚϦⲎⲦϤ ⲞⲨⲞϨ ϦⲈⲚⲠⲒϢⲒ ⲈⲦⲈⲦⲈⲚⲚⲀϢⲒ ⲘⲘⲞϤ ⲀⲨⲚⲀϢⲒ ⲚⲰⲦⲈⲚ ⲘⲘⲞϤ.
2သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကိုစီရင် ကြ၏။ ထိုတရားအတိုင်းစီရင် ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏ နှင့် သူတစ်ပါးအား ပေး၏။ ထိုပမာဏ အတိုင်း ကိုယ်ခံရ ကြမည်။
3ⲈⲐⲂⲈⲞⲨ ⲬⲚⲀⲨ ⲈⲠⲒϪⲎⲒ ϦⲈⲚⲪⲂⲀⲖ ⲘⲠⲈⲔⲤⲞⲚ ⲠⲒⲤⲞⲒ ⲆⲈ ⲈⲦϦⲈⲚ ⲠⲈⲔⲂⲀⲖ ⲔϮⲚⲒⲀⲦⲔ ⲘⲘⲞϤ ⲀⲚ.
3ကိုယ် မျက်စိ ၌ ရှိသော တံကျင် ကို မ အောက်မေ့ ဘဲ ညီအစ်ကို မျက်စိ ၌ ရှိသော ငြောင့်ငယ် ကို အဘယ်ကြောင့် ကြည့်ရှု သနည်း။
4ⲒⲈ ⲠⲰⲤ ⲬⲚⲀϪⲞⲤ ⲘⲠⲈⲔⲤⲞⲚ ϪⲈ ⲬⲀⲦ ⲚⲦⲀϨⲒ ⲠⲒϪⲎⲒ ⲈⲂⲞⲖ ϦⲈⲚⲠⲈⲔⲂⲀⲖ ⲞⲨⲞϨ ϨⲎⲠⲠⲈ ⲒⲤ ⲠⲒⲤⲞⲒ ϤⲬⲎ ϦⲈⲚⲠⲈⲔⲂⲀⲖ.
4ကိုယ် မျက်စိ ၌ တံကျင် ရှိလျက်ပင်ညီအစ်ကို အားသင် ၏မျက်စိ ၌ ရှိသောငြောင့်ငယ် ကို ထုတ် ပါရစေ ဟု အဘယ်သို့ ဆို သနည်း။
5ⲠⲒϢⲞⲂⲒ ϨⲒ ⲠⲒⲤⲞⲒ ⲈⲂⲞⲖ ϦⲈⲚⲠⲈⲔⲂⲀⲖ ⲚϢⲞⲢⲠ ⲞⲨⲞϨ ⲦⲞⲦⲈ ⲈⲔⲈⲚⲀⲨ ⲘⲂⲞⲖ ⲈϨⲒ ⲠⲒϪⲎⲒ ⲈⲂⲞⲖ ϦⲈⲚⲪⲂⲀⲖ ⲘⲠⲈⲔⲤⲞⲚ.
5လျှို့ဝှက် သောသူ၊ ကိုယ် မျက်စိ ၌ ရှိသောတံကျင် ကိုရှေးဦးစွာ ထုတ်ပစ် လော့။ နောက်မှ ညီအစ်ကို မျက်စိ ၌ ရှိသော ငြောင့်ငယ် ကို ထုတ်ပစ် ခြင်းငှာရှင်းလင်း စွာမြင်လိမ့်မည်။
6ⲘⲠⲈⲢϮ ⲘⲠⲈⲐⲞⲨⲀⲂ ⲚⲚⲒⲞⲨϨⲰⲢ ⲞⲨⲆⲈ ⲘⲠⲈⲢϨⲒⲞⲨⲒ ⲚⲚⲈⲦⲈⲚⲀⲚⲀⲘⲎⲒ ⲘⲠⲈⲘⲐⲞ ⲚⲚⲒⲈϢⲀⲨ ⲘⲎⲠⲞⲦⲈ ⲚⲤⲈϨⲰⲘⲒ ⲈϪⲰⲞⲨ ⲚⲚⲞⲨϬⲀⲖⲀⲨϪ ⲞⲨⲞϨ ⲚⲤⲈⲔⲞⲦⲞⲨ ⲚⲤⲈⲪⲈϦ ⲐⲎⲚⲞⲨ.
6ဖြူစင် သောအရာ ကို ခွေး တို့အား မ ပေး ကြနှင့်။ ပုလဲ ရတနာတို့ကို ဝက် တို့ရှေ့ မှာမ ချ မထားကြနှင့်။ သို့ပြုလျှင်ထိုအရာတို့ကို ကျော်နင်း ၍ သင် တို့ကိုလှည့် လျက် ကိုက်ဖြတ် ကြလိမ့်မည်။
7ⲀⲢⲒⲈⲦⲒⲚ ⲞⲨⲞϨ ⲈⲨⲈϮ ⲚⲰⲦⲈⲚ ⲔⲰϮ ⲞⲨⲞϨ ⲈⲢⲈⲦⲈⲚⲈϪⲒⲘⲒ ⲔⲰⲖϨ ⲞⲨⲞϨ ⲈⲨⲈⲀⲞⲨⲰⲚ ⲚⲰⲦⲈⲚ.
7တောင်း ကြလော့။ တောင်းလျှင် ရ မည်။ ရှာ ကြလော့။ ရှာလျှင် တွေ့ မည်။ တံခါးကိုခေါက် ကြလော့။ ခေါက်လျှင် ဖွင့် မည်။
8ⲞⲨⲞⲚ ⲄⲀⲢ ⲚⲒⲂⲈⲚ ⲈⲦⲈⲢⲈⲦⲒⲚ ϢⲀϤϬⲒ ⲞⲨⲞϨ ⲪⲎ ⲈⲦⲔⲰϮ ϢⲀϤϪⲒⲘⲒ ⲞⲨⲞϨ ⲪⲎ ⲈⲦⲔⲰⲖϨ ϢⲀⲨⲞⲨⲰⲚ ⲚⲀϤ.
8တောင်း သောသူ မည်သည်ကား ရ ၏။ ရှာ သောသူ လည်း တွေ့ ၏။ ခေါက် သောသူ အားလည်း တံခါးကို ဖွင့် ၏။
9ⲒⲈ ⲚⲒⲘ ⲚⲢⲰⲘⲒ ⲈⲦϦⲈⲚ ⲐⲎⲚⲞⲨ ⲈⲦⲈ ⲠⲈϤϢⲎⲢⲒ ⲚⲀⲈⲢⲈⲦⲒⲚ ⲘⲘⲞϤ ⲚⲞⲨⲰⲒⲔ ⲘⲎ ϤⲚⲀϮ ⲚⲀϤ ⲚⲞⲨⲰⲚⲒ.
9သားသည် မုန့် ကိုတောင်း လျှင် မိမိ သား အား ကျောက် ကိုပေး မည်သူ၊
10ⲒⲈ ⲚⲦⲈϤⲈⲢⲈⲦⲒⲚ ⲘⲘⲞϤ ⲚⲞⲨⲦⲈⲂⲦ ⲘⲎ ϤⲚⲀϮ ⲚⲀϤ ⲚⲞⲨϨⲞϤ.
10ငါး ကို တောင်း လျှင် မြွေ ကို ပေး မည်သူ တစ်စုံတစ်ယောက် မျှသင် တို့တွင် ရှိ သလော။
11ⲒⲤϪⲈ ⲞⲨⲚ ⲚⲐⲰⲦⲈⲚ ⲚⲐⲰⲦⲈⲚ ϨⲀⲚⲤⲀⲘⲠⲈⲦϨⲰⲞⲨ ⲦⲈⲦⲈⲚⲤⲰⲞⲨⲚ ⲈϮ ⲚⲚⲒⲦⲀⲒⲞ ⲈⲐⲚⲀⲚⲈⲨ ⲚⲚⲈⲦⲈⲚϢⲎⲢⲒ ⲒⲈ ⲀⲨⲎⲢ ⲘⲀⲖⲖⲞⲚ ⲠⲈⲦⲈⲚⲒⲰⲦ ⲈⲦϦⲈⲚ ⲚⲒⲪⲎⲞⲨⲒ ⲈϤⲈϮ ⲚⲚⲒⲀⲄⲀⲐⲞⲚ ⲚⲚⲎ ⲈⲐⲚⲀⲈⲢⲈⲦⲒⲚ ⲘⲘⲞϤ.
11သင် တို့သည် အဆိုး ဖြစ် လျက်ပင် ကိုယ် သား တို့အား ကောင်း သောအရာ ကို ပေး တတ်လျှင် ၊ ထိုမျှမက ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ သည် ဆုတောင်း သောသူ တို့အား ကောင်း သော အရာ ကို သာ၍ ပေး တော်မူမည် မဟုတ်လော။
12ϨⲰⲂ ⲆⲈ ⲚⲒⲂⲈⲚ ⲈⲦⲈⲦⲈⲚⲞⲨⲰϢ ϨⲒⲚⲀ ⲚⲦⲈⲚⲒⲢⲰⲘⲒ ⲀⲒⲦⲞⲨ ⲚⲰⲦⲈⲚ ⲀⲢⲒⲞⲨⲒ ⲚⲰⲞⲨ ϨⲰⲦⲈⲚ ⲘⲠⲀⲒⲢⲎϮ ⲪⲀⲒ ⲄⲀⲢ ⲠⲈ ⲠⲒⲚⲞⲘⲞⲤ ⲚⲈⲘ ⲚⲒⲠⲢⲞⲪⲎⲦⲎⲤ.
12သင် တို့သည် ကိုယ် ၌သူတစ်ပါး ပြု စေ လိုသမျှ အတိုင်းသူတစ်ပါး ၌ပြု ကြလော့။ ဤ ပညတ်ကား ပညတ္တိ ကျမ်း နှင့် အနာဂတ္တိ ကျမ်းတို့၏ အချုပ်အခြာပင် ဖြစ် သတည်း။
13ⲀⲘⲰⲒⲚⲒ ⲈϦⲞⲨⲚ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ϮⲠⲨⲖⲎ ⲈⲦϪⲎⲞⲨ ϪⲈ ⲤⲞⲨⲞϢⲤ ⲚϪⲈϮⲠⲨⲖⲎ ⲞⲨⲞϨ ϤⲞⲨⲈⲤⲐⲰⲚ ⲚϪⲈⲠⲒⲘⲰⲒⲦ ⲈⲦϬⲒ ⲈⲠⲦⲀⲔⲞ ⲞⲨⲞϨ ⲤⲈⲞϢ ⲚϪⲈⲚⲎ ⲈⲐⲚⲀϢⲈ ⲚⲰⲞⲨ ⲈϦⲞⲨⲚ ⲈⲂⲞⲖ ϨⲒⲦⲞⲦϤ.
13ကျဉ်း သောတံခါး ကိုဝင် ကြလော့။ ပျက်စီး ခြင်းသို့ ရောက် သောလမ်း နှင့် တံခါး သည် ကျယ်ဝန်း သည် ဖြစ်၍ဝင် သောသူ တို့သည်များ ကြ၏။
14ϪⲈ ⲤϪⲎⲞⲨ ⲚϪⲈϮⲠⲨⲖⲎ ⲞⲨⲞϨ ϤϨⲈϪϨⲰϪ ⲚϪⲈⲠⲒⲘⲰⲒⲦ ⲈⲦϬⲒ ⲈⲠⲰⲚϦ ⲞⲨⲞϨ ϨⲀⲚⲔⲞⲨϪⲒ ⲠⲈⲐⲚⲀϪⲈⲘϤ.
14အသက် ရှင်ခြင်းသို့ ရောက် သောလမ်း နှင့် တံခါး သည် အလွန်ကျဉ်းမြောင်း သည်ဖြစ်၍၊ တွေ့ ဝင်သော သူ တို့သည် နည်း ကြ၏။
15ⲀⲢⲈϨ ⲆⲈ ⲈⲢⲰⲦⲈⲚ ⲈⲂⲞⲖ ϨⲀ ⲚⲒⲠⲢⲞⲪⲎ ⲦⲎⲤ ⲚⲚⲞⲨϪ ⲚⲎ ⲈⲐⲚⲎⲞⲨ ϨⲀⲢⲰⲦⲈⲚ ϦⲈⲚϨⲀⲚϨⲈⲂⲤⲰ ⲚⲈⲤⲰⲞⲨ ⲤⲀϦⲞⲨⲚ ⲆⲈ ⲘⲘⲰⲞⲨ ϨⲀⲚⲞⲨⲰⲚϢ ⲚⲢⲈϤϨⲰⲖⲈⲘ ⲚⲈ.
15အတွင်း ၌ကြမ်းတမ်း သော တောခွေး ဖြစ် လျက် သိုး ရေ ကိုခြုံ၍ သင် တို့ရှိရာ သို့လာ သော မိစ္ဆာ ပရောဖက် တို့ကို သတိ နှင့် ရှောင်ကြလော့။
16ⲈⲂⲞⲖ ϦⲈⲚⲚⲞⲨⲞⲨⲦⲀϨ ⲈⲢⲈⲦⲈⲚⲈⲤⲞⲨⲰⲚⲞⲨ ⲘⲎⲦⲒ ϢⲀⲨⲤⲈⲔ ⲀⲖⲞⲖⲒ ⲈⲂⲞⲖ ϨⲒ ϨⲀⲚϢⲞⲚϮ ⲒⲈ ϢⲀⲨⲤⲈⲔ ⲔⲈⲚⲦⲈ ⲈⲂⲞⲖ ϨⲒ ⲚⲒⲤⲈⲢⲞϪⲒ.
16ထိုသူ တို့၏အကျင့် ကိုထောက် ၍ သူ တို့၏သဘောကို သိ ကြလိမ့်မည်။ ဆူးပင် ၌ စပျစ်သီး ကို ဆွတ် တတ် သလော ။ ဆူးလေ ပင်၌ သင်္ဘောသဖန်း သီးကို ဆွတ် တတ် သလော။
17ⲠⲀⲒⲢⲎϮ ϢϢⲎⲚ ⲚⲒⲂⲈⲚ ⲈⲐⲚⲀⲚⲈϤ ϢⲀϤⲈⲚ ⲞⲨⲦⲀϨ ⲈⲚⲀⲚⲈϤ ⲈⲂⲞⲖ ⲠⲒϢϢⲎⲚ ⲆⲈ ⲈⲦϨⲰⲞⲨ ϢⲀϤⲈⲚ ⲞⲨⲦⲀϨ ⲈϤϨⲰⲞⲨ ⲈⲂⲞⲖ.
17ကောင်း သောအပင် သည် ကောင်း သောအသီး ၊ မကောင်း သောအပင် သည် မကောင်း သောအသီး ကို သီး တတ်၏။
18ⲘⲘⲞⲚ ϢϪⲞⲘ ⲚⲞⲨϢϢⲎⲚ ⲈⲚⲀⲚⲈϤ ⲈⲈⲢⲞⲨⲦⲀϨ ⲈϤϨⲰⲞⲨ ⲞⲨⲆⲈ ⲞⲨϢϢⲎⲚ ⲈϤϨⲰⲞⲨ ⲈⲈⲢⲞⲨⲦⲀϨ ⲈⲚⲀⲚⲈϤ.
18ကောင်း သောအပင် သည် မကောင်း သောအသီး ၊ မကောင်း သောအပင် သည် ကောင်း သောအသီး ကို မ သီး နိုင် ။
19ϢϢⲎⲚ ⲚⲒⲂⲈⲚ ⲈⲦⲈϤⲚⲀⲒⲢⲒ ⲀⲚ ⲚⲞⲨⲞⲨⲦⲀϨ ⲈⲚⲀⲚⲈϤ ⲤⲈⲚⲀⲔⲞⲢϪϤ ⲚⲤⲈϨⲒⲦϤ ⲈⲠⲒⲬⲢⲰⲘ.
19ကောင်း သောအသီး မ သီး သောအပင် ရှိသမျှ တို့ကိုခုတ်လှဲ ၍ မီး ထဲသို့ ချ လိုက်တတ်၏။
20ϨⲀⲢⲀ ⲈⲂⲞⲖ ϦⲈⲚⲚⲞⲨⲞⲨⲦⲀϨ ⲈⲢⲈⲦⲈⲚⲈⲤⲞⲨⲰⲚⲞⲨ.
20သို့ဖြစ်လျှင် ထိုပရောဖက် တို့၏အကျင့် ကိုထောက် သော် သူ တို့၏သဘောကို သိ ရကြလိမ့်မည်။
21ⲞⲨⲞⲚ ⲚⲒⲂⲈⲚ ⲀⲚ ⲈⲦϪⲰ ⲘⲘⲞⲤ ⲚⲎⲒ ϪⲈ ⲠϬⲞⲒⲤ ⲠϬⲞⲒⲤ ⲈⲐⲚⲀⲒ ⲈϦⲞⲨⲚ ⲈϮⲘⲈⲦⲞⲨⲢⲞ ⲚⲦⲈⲚⲒⲪⲎⲞⲨⲒ ⲀⲖⲖⲀ ⲠⲈⲦⲒⲢⲒ ⲘⲠⲈⲦⲈϨⲚⲈ ⲠⲀⲒⲰⲦ ⲈⲦϦⲈⲚ ⲚⲒⲪⲎⲞⲨⲒ.
21သခင် ၊ သခင် ဟု ငါ့ ကိုလျှောက် သောသူ တိုင်း ကောင်းကင် နိုင်ငံ တော်သို့ ဝင် ရလိမ့်မည်မ ဟုတ်။ ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ ခမည်းတော် ၏အလို ကိုဆောင် သောသူ သာလျှင် ဝင်ရလိမ့်မည်။
22ⲞⲨⲞⲚ ⲞⲨⲘⲎϢ ⲄⲀⲢ ⲈⲨⲚⲀϪⲞⲤ ⲚⲎⲒ ϦⲈⲚⲠⲒⲈϨⲞⲞⲨ ⲈⲦⲈⲘⲘⲀⲨ ϪⲈ ⲠϬⲞⲒⲤ ⲠϬⲞⲒⲤ ⲘⲎ ϦⲈⲚⲠⲈⲔⲢⲀⲚ ⲀⲚ ⲀⲚⲈⲢⲠⲢⲞⲪⲎⲦⲈⲨⲒⲚ ⲞⲨⲞϨ ϦⲈⲚⲠⲈⲔⲢⲀⲚ ⲀⲚϨⲒ ⲆⲈⲘⲰⲚ ⲈⲂⲞⲖ ⲞⲨⲞϨ ϦⲈⲚⲠⲈⲔⲢⲀⲚ ⲀⲚⲒⲢⲒ ⲚⲞⲨⲘⲎϢ ⲚϪⲞⲘ.
22ထို နေ့ ၌ ကား၊ သခင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ကိုယ်တော် အခွင့် နှင့် ဆုံးမ ဩဝါဒပေးပါပြီမ ဟုတ်လော။ ကိုယ်တော် အခွင့် နှင့် နတ်ဆိုး တို့ကို နှင်ထုတ် ပါပြီ မဟုတ် လော။ ကိုယ်တော် အခွင့် နှင့် များစွာ သော တန်ခိုး တို့ကို ပြ ပါပြီ မဟုတ် လောဟု အများ သောသူ တ ို့သည် လျှောက် ကြလိမ့်မည်။
23ⲞⲨⲞϨ ⲦⲞⲦⲈ ⲈⲒⲈⲞⲨⲰⲚϨ ⲚⲰⲞⲨ ⲈⲂⲞⲖ ϪⲈ ⲘⲠⲒⲤⲞⲨⲈⲚ ⲐⲎⲚⲞⲨ ⲈⲚⲈϨ ⲘⲀϢⲈ ⲚⲰⲦⲈⲚ ⲈⲂⲞⲖ ϨⲀⲢⲞⲒ ⲚⲒⲈⲢⲄⲀⲦⲎⲤ ⲚⲦⲈϮⲀⲚⲞⲘⲒⲀ.
23ထိုသို့ လျှောက်ကြသောအခါ သင် တို့ကို ငါအလျင်း မသိ ၊ အဓမ္မ အမှုကို ပြု သောသူ တို့၊ ငါ့ ထံမှ ဖယ် ကြဟု ထိုသူ တို့အား အတည့်အလင်း ငါပြောမည်။
24ⲞⲨⲞⲚ ⲚⲒⲂⲈⲚ ⲞⲨⲚ ⲈⲦⲤⲰⲦⲈⲘ ⲈⲚⲀⲤⲀϪⲒ ⲚⲀⲒ ⲞⲨⲞϨ ⲈϤⲒⲢⲒ ⲘⲘⲰⲞⲨ ⲈⲒⲈⲦⲈⲚⲐⲰⲚϤ ⲈⲞⲨⲢⲰⲘⲒ ⲚⲤⲀⲂⲈ ⲪⲎ ⲈⲦⲀϤⲔⲰⲦ ⲘⲠⲈϤⲎⲒ ϨⲒϪⲈⲚ ϮⲠⲈⲦⲢⲀ.
24အကြင်သူ သည်ငါ ဟောပြောသော ဤ စကား ကို ကြား၍နားထောင် ၏။ ထိုသူ သည် ကျောက် ပေါ်မှာ အိမ် ဆောက် သော ပညာရှိ နှင့် တူကြောင်းကို ငါပုံပြ မည်။
25ⲞⲨⲞϨ ⲀϤⲒ ⲈⲠⲈⲤⲎⲦ ⲚϪⲈⲠⲒⲘⲞⲨⲚϨⲰⲞⲨ ⲀⲨⲒ ⲚϪⲈⲚⲒⲒⲀⲢⲰⲞⲨ ⲞⲨⲞϨ ⲀⲨⲔⲰⲖϨ ⲘⲠⲒⲎⲒ ⲈⲦⲈⲘⲘⲀⲨ ⲞⲨⲞϨ ⲘⲠⲈϤϨⲈⲒ ⲚⲀⲢⲈ ⲦⲈϤⲤⲈⲚϮ ⲄⲀⲢ ⲦⲀϪⲢⲎⲞⲨⲦ ⲠⲈ ϨⲒϪⲈⲚ ϮⲠⲈⲦⲢⲀ.
25မိုး ရွာ ၍ ရေစီး သည်နှင့် လေ လာ ၍ ထို အိမ် ကိုတိုက် သည်ရှိသော်၊ ကျောက် ပေါ်မှာ တည် သောကြောင့် မ ပြို မလဲနေ၏။
26ⲞⲨⲞϨ ⲞⲨⲞⲚ ⲚⲒⲂⲈⲚ ⲈⲦⲤⲰⲦⲈⲘ ⲈⲚⲀⲤⲀϪⲒ ⲚⲀⲒ ⲞⲨⲞϨ ⲈϤⲒⲢⲒ ⲘⲘⲰⲞⲨ ⲀⲚ ⲈⲒⲈⲦⲈⲚⲐⲰⲚϤ ⲈⲞⲨⲢⲰⲘⲒ ⲚⲤⲞϪ ⲪⲀⲒ ⲈⲦⲀϤⲔⲰⲦ ⲘⲠⲈϤⲎⲒ ϨⲒϪⲈⲚ ⲠⲒϢⲰ.
26အကြင်သူသည်ငါ ဟောပြောသော ဤ စကား ကိုကြား ၍ နား မ ထောင်ဘဲနေ၏။ ထိုသူ သည် သဲ ပေါ်မှာ အိမ် ဆောက် သော လူ မိုက် နှင့် တူ ကြောင်း ကို ငါပုံပြ မည်။
27ⲞⲨⲞϨ ⲀϤⲒ ⲈⲠⲈⲤⲎⲦ ⲚϪⲈⲠⲒⲘⲞⲨⲚϨⲰⲞⲨ ⲀⲨⲒ ⲚϪⲈⲚⲒⲒⲀⲢⲰⲞⲨ ⲀⲨⲚⲒϤⲒ ⲚϪⲈⲚⲒⲐⲎⲞⲨ ⲀⲨⲔⲰⲖϨ ⲘⲠⲒⲎⲒ ⲈⲦⲈⲘⲘⲀⲨ ⲞⲨⲞϨ ⲀϤϨⲈⲒ ⲞⲨⲞϨ ⲠⲈϤϨⲈⲒ ⲚⲈⲞⲨⲚⲒϢϮ ⲠⲈ.
27မိုဃ်း ရွာ ၍ ရေစီး သည်နှင့် လေ လာ ၍ ထို အိမ် ကို တိုက် သောအခါ ၊ ကြီးစွာ သောပြိုလဲ ခြင်းသို့ ရောက် လေသည် ဟု ဟော တော်မူ ၏။
28ⲀⲤϢⲰⲠⲒ ⲆⲈ ⲈⲦⲀ ⲒⲎⲤⲞⲨⲤ ϪⲈⲔ ⲚⲀⲒⲤⲀϪⲒ ⲈⲂⲞⲖ ⲚⲀⲨⲈⲢϢⲪⲎⲢⲒ ⲠⲈ ⲚϪⲈⲚⲒⲘⲎϢ ⲈϪⲈⲚ ⲦⲈϤⲤⲂⲰ.
28ထို ဒေသနာ တော်ကို ယေရှု ဟောတော်မူသည်အဆုံး ၌ ပရိသတ် အပေါင်းတို့သည် ဆုံးမ ဩဝါဒ ပေး တော်မူခြင်းကို အလွန်အံ့ဩ ကြ၏။
29ⲚⲀϤϮⲤⲂⲰ ⲄⲀⲢ ⲚⲰⲞⲨ ⲠⲈ ϨⲰⲤ ⲈⲞⲨⲞⲚⲦⲈϤ ⲈⲢϢⲒϢⲒ ⲞⲨⲞϨ ⲘⲪⲢⲎϮ ⲀⲚ ⲚⲚⲞⲨⲤⲀϦ.
29အကြောင်းမူကား ၊ ကျမ်းပြု ဆရာနည်းတူ မ ဟုတ်၊ အစိုးရ သော သူနည်းတူ ဆုံးမ ဩဝါဒ ပေး တော်မူ၏။
Tip: use the ← and → keys to turn chapters.