Proverbs
Chapter 23
World English Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Proverbs 23

World English Bible
Judson Burmese Bible (1840)
1When you sit to eat with a ruler, consider diligently what is before you;
1မင်း နှင့်အတူ ထိုင် ၍ စားသောက် သောအခါ သင့် ရှေ့ မှာ အဘယ် သူရှိသည်ကို စေ့စေ့ဆင်ခြင် လော့။
2put a knife to your throat if you are a man given to appetite.
2သင် သည် စားကြူး တတ်သောသူ ဖြစ်လျှင် ၊ သင် ၏လည်ချောင်း ကို ထား နှင့် ရွယ် လော့။
3Don’t be desirous of his dainties, since they are deceitful food.
3ထိုမင်း ၏ခဲဘွယ် စားဘွယ်တို့ကို အလို မ ရှိနှင့်။ လှည့်စား တတ်သော အစာ ဖြစ်၏။
4Don’t weary yourself to be rich. In your wisdom, show restraint.
4ငွေ ရတတ် ခြင်းငှါ မ ကြိုးစား နှင့်။ ကိုယ် ဉာဏ် ကို အမှီ မပြုနှင့်။
5Why do you set your eyes on that which is not? For it certainly sprouts wings like an eagle and flies in the sky.
5ပျောက် တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ် စင်စစ်ရွှေလင်းတ သည် မိုဃ်း ကောင်းကင်သို့ ပျံတတ်သကဲ့သို့ ၊ ထို အရာသည် အတောင် တို့ကို လုပ် ၍ ပျံ သွားတတ်၏။
6Don’t eat the food of him who has a stingy eye, and don’t crave his delicacies,
6မနာလို သောသူ၏ အစာ ကိုမ စား နှင့်။ သူ ၏ ခဲဘွယ် စားဘွယ်ကို အလို မ ရှိနှင့်။
7for as he thinks about the cost, so he is. “Eat and drink!” he says to you, but his heart is not with you.
7သူ သည် စိတ် ထင် သည်အတိုင်း ဖြစ်၏။ စား သောက် တော့ဟု ဆို သော်လည်း စေတနာစိတ် မ ရှိ။
8You will vomit up the morsel which you have eaten and waste your pleasant words.
8သင် သည် စား သောအစာ ကို တဖန်အန် ရ လိမ့်မည်။ သင် ချို သော စကား လည်း ယိုယွင်း လိမ့်မည်။
9Don’t speak in the ears of a fool, for he will despise the wisdom of your words.
9မိုက် သောသူကြား အောင် စကားမ ပြော နှင့်။ သင် ၏စကား ၌ ပါသောပညာ ကို မထီမဲ့မြင် ပြုလိမ့်မည်။
10Don’t move the ancient boundary stone. Don’t encroach on the fields of the fatherless,
10အရင် စိုက်သော မြေ မှတ်တိုင်ကိုမ ရွှေ့ နှင့်။ မိဘ မရှိသောသူတို့ ၏ လယ် ကို မ သိမ်း နှင့်။
11for their Defender is strong. He will plead their case against you.
11အကြောင်း မူကား၊ ထိုသူ တို့ကို ရွေး တော်မူသောသူသည် တန်ခိုး ကြီး၍၊ သင့် တဘက် ၌ သူ တို့အမှု ကို စောင့် တော်မူလိမ့်မည်။
12Apply your heart to instruction, and your ears to the words of knowledge.
12ဆုံးမ ဩဝါဒ၌ စိတ် နှလုံးစွဲလမ်း ၍ ၊ ပညာ အတတ် စကား ကို နားခံ လော့။
13Don’t withhold correction from a child. If you punish him with the rod, he will not die.
13သူငယ် ကို မ ဆုံးမဘဲမ နေနှင့်။ ကြိမ်လုံး နှင့် ရိုက် သော်လည်း သူသည် မ သေ။
14Punish him with the rod, and save his soul from Sheol.
14ကြိမ်လုံး နှင့် ရိုက် ၍ သူ ၏အသက် ဝိညာဉ်ကို မရဏာ နိုင်ငံမှ ကယ်နှုတ် ရမည်။
15My son, if your heart is wise, then my heart will be glad, even mine.
15ငါ့ သား ၊ သင့် နှလုံး ၌ပညာ ရှိလျှင် ငါ့ နှလုံး နှင့် ငါ့ကိုယ်တိုင်သည် ဝမ်းမြောက် လိမ့်မည်။
16Yes, my heart will rejoice when your lips speak what is right.
16သင့် နှုတ် သည် မှန် သောစကားကို ပြော သောအခါ ၊ ငါ့ ကျောက်ကပ် ရွှင်လန်း လိမ့်မည်။
17Don’t let your heart envy sinners, but rather fear the LORD all day long.
17အပြစ် ထင်ရှားသောသူတို့ ကို ငြူစူ သောစိတ် မ ရှိစေနှင့်။ တနေ့လုံး ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘော ရှိစေလော့။
18Indeed surely there is a future hope, and your hope will not be cut off.
18အကယ် စင်စစ်အမှု ဆုံးဖြတ်ချိန်သည် ရောက် လိမ့်မည်။ သင့် မြော်လင့် ခြင်းအကြောင်းမ ပျက် ရာ။
19Listen, my son, and be wise, and keep your heart on the right path!
19ငါ့ သား ၊ ငါ့စကားကို နားထောင် ၍ ပညာ ရှိသဖြင့် ၊ ကိုယ် စိတ် နှလုံးကို လမ်းမ ၌ ပဲ့ပြင် လော့။
20Don’t be among ones drinking too much wine, or those who gorge themselves on meat;
20စပျစ်ရည် သောက်ကြူး သောသူ၊ အမဲသား စားကြူး သောသူတို့ ကို အပေါင်းအဘော်မ လုပ် နှင့်။
21for the drunkard and the glutton shall become poor; and drowsiness clothes them in rags.
21သောက်ကြူး သောသူနှင့် စားကြူး သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူး သော သဘောသည် လူကိုအဝတ် စုတ်နှင့် ခြုံတတ်၏။
22Listen to your father who gave you life, and don’t despise your mother when she is old.
22သင့် ကိုဖြစ်ဘွား စေသောအဘ ၏ စကားကို နားထောင် လော့။ အသက်ကြီး သော အမိ ကို မထီမဲ့မြင် မ ပြုနှင့်။
23Buy the truth, and don’t sell it. Get wisdom, discipline, and understanding.
23သမ္မာ တရားကို ဝယ် လော့။ မ ရောင်း နှင့်။ ပညာ ကို၎င်း ၊ ဆုံးမ ဩဝါဒကို၎င်း ၊ ဉာဏ် သတ္တိကို၎င်း ထိုအတူ ပြုလော့။
24The father of the righteous has great joy. Whoever fathers a wise child delights in him.
24ဖြောင့်မတ် သောသူ၏အဘ သည် အလွန်ဝမ်းမြောက် လိမ့်မည်။ ပညာ ရှိသော သားကို ဖြစ်ဘွား စေသောသူသည် ထို သား၌ အားရဝမ်းမြောက် လိမ့်မည်။
25Let your father and your mother be glad! Let her who bore you rejoice!
25သင်၏မိဘ တို့သည်ဝမ်းမြောက် ၍ ၊ သင့် ကို မွေးဘွား သောသူသည် ရွှင်လန်း လိမ့်မည်။
26My son, give me your heart; and let your eyes keep in my ways.
26ငါ့ သား ၊ သင့် နှလုံး ကို ငါ့ အား ပေး လော့။ သင့် မျက်စိ တို့သည် ငါ သွားသောလမ်း ကို ကြည့်မှတ် ပါစေ။
27For a prostitute is a deep pit; and a wayward wife is a narrow well.
27ပြည်တန်ဆာမ သည် နက် သောကျုံး ကဲ့သို့၎င်း၊ အမျိုး ပျက်သော မိန်းမသည် ကျဉ်း သော မြေတွင်း ကဲ့သို့၎င်း ဖြစ်၏။
28Yes, she lies in wait like a robber, and increases the unfaithful among men.
28သူ သည် ထားပြ ကဲ့သို့ ချောင်း ကြည့်တတ်၏။ လွန်ကျူး သော ယောက်ျား များပြား စေခြင်းငှါ ပြုတတ်၏။
29Who has woe? Who has sorrow? Who has strife? Who has complaints? Who has needless bruises? Who has bloodshot eyes?
29အဘယ်သူ သည် ဝမ်းနည်း ခြင်းရှိသနည်း။ အဘယ်သူ သည် ညည်းတွား ခြင်းရှိသနည်း။ အဘယ်သူ သည် ရန်တွေ့ ခြင်းရှိသနည်း။ အဘယ်သူ သည် မြည်တမ်း ခြင်းရှိသနည်း။ အဘယ်သူ သည် အကျိုး အကြောင်းမရှိ၊ ထိခိုက် ၍ နာခြင်းရှိသနည်း။ အဘယ်သူ သည် မျက်စိ နီ ခြင်းရှိသနည်း ဟူမူကား၊
30Those who stay long at the wine; those who go to seek out mixed wine.
30စပျစ်ရည် ကို ကြာမြင့် စွာ သောက်လျက်နေ သောသူ၊ ဆေး နှင့်ရောသော စပျစ်ရည်ကို ရှာ တတ်သောသူတို့ သည် ထိုသို့သော လက္ခဏာ ရှိကြ၏။
31Don’t look at the wine when it is red, when it sparkles in the cup, when it goes down smoothly.
31ဖလား ၌ နီ လျက် ၊ အရောင် တောက်လျက် ၊ အချို အမြိန်ဝင် လျက်ရှိသောစပျစ်ရည် ကို မ ကြည့် မရှုနှင့်။
32In the end, it bites like a snake, and poisons like a viper.
32နောက်ဆုံး ၌ မြွေ ကဲ့သို့ ကိုက် တတ်၏။ မြွေဆိုး ကဲ့သို့ နာ စေတတ်၏။
33Your eyes will see strange things, and your mind will imagine confusing things.
33သင့် မျက်စိ တို့သည် အမျိုး ပျက်သောမိန်းမတို့ကို ကြည့်ရှု ၍ ၊ သင့် နှလုံး သည်လည်း ကောက် သော စကားကို မြွက်ဆို လိမ့်မည်။
34Yes, you will be as he who lies down in the middle of the sea, or as he who lies on top of the rigging:
34အကယ် စင်စစ်သင်သည် ပင်လယ် အလယ် ၌ အိပ် သောသူ၊ သင်္ဘော ရွက်တိုင်ဖျား ပေါ် မှာ အိပ် သော သူကဲ့သို့ ဖြစ် လိမ့်မည်။
35“They hit me, and I was not hurt! They beat me, and I don’t feel it! When will I wake up? I can do it again. I will look for more.”
35သူတို့သည် ငါ့ ကိုရိုက် ကြပြီ။ သို့သော်လည်းငါမ နာ။ ငါ့ ကိုထိုး ကြသော်လည်းငါမ သိ။ အဘယ် အချိန် မှ ငါနိုး ရမည်နည်း။ တဖန် ငါရှာ ဦးမည်ဟု သင်ဆိုလိမ့် သတည်း။

Tip: use the ← and → keys to turn chapters.