Proverbs
Chapter 19
World English Bible
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers

Proverbs 19

World English Bible
Judson Burmese Bible (1840)
1Better is the poor who walks in his integrity than he who is perverse in his lips and is a fool.
1ကောက်လိမ် သော စကား ကိုသုံးတတ်သော လူမိုက် ထက် ၊ ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သော ဆင်းရဲ သူသည်သာ၍ကောင်း ၏။
2It isn’t good to have zeal without knowledge, nor to be hasty with one’s feet and miss the way.
2စိတ် ဝိညာဉ်သည် ပညာ အတတ်မ ရှိဘဲ မ နေကောင်း ။ အလျင် အမြန်သွားသောသူသည် လည်း မှားယွင်း တတ်၏။
3The foolishness of man subverts his way; his heart rages against the LORD.
3လူ သည် မိုက် သောသဘောကြောင့်၊ လမ်းလွဲ ၍ စိတ် ထဲမှာ ထာဝရဘုရား ကို ကဲ့ရဲ့ ပြစ်တင်တတ်၏။
4Wealth adds many friends, but the poor is separated from his friend.
4စည်းစိမ် ရှိလျှင် အဆွေ ခင်ပွန်းများ တတ်၏။ ဆင်းရဲ သောသူမူကား ၊ မိမိ အိမ်နီးချင်းနှင့်မျှ မ ပေါင်းဘော် ရ။
5A false witness shall not be unpunished. He who pours out lies shall not go free.
5မ မှန်သောသက်သေ သည် အပြစ် မခံဘဲမနေရ။ မုသာ ကို သုံး သောသူသည်လည်း ဒဏ်နှင့်မ လွတ် ရ။
6Many will entreat the favor of a ruler, and everyone is a friend to a man who gives gifts.
6များ သောသူတို့သည် မင်း ကိုဖျောင်းဖျ တတ်ကြ ၏။ လက်ဆောင် ပေးသော သူ ကိုလည်း၊ လူတိုင်း မိတ်ဆွေ ဖွဲ့တတ်၏။
7All the relatives of the poor shun him; how much more do his friends avoid him! He pursues them with pleas, but they are gone.
7ဆင်းရဲ သောသူ၏ ညီအစ်ကို ရှိသမျှ တို့သည် သူ့ ကို မုန်း တတ်ကြ၏။ သူ ၏အဆွေ ခင်ပွန်းတို့သည် သူ့ ကို သာ၍ ဝေး စွာရှောင်တတ်ကြ၏။ လိုက် ၍ခေါ်သော်လည်း ကွယ်ပျောက် ကြပြီ။
8He who gets wisdom loves his own soul. He who keeps understanding shall find good.
8ပညာ ကိုရ သောသူသည် မိမိ အသက် ဝိညာဉ်ကို ချစ် ရာရောက်၏။ ဉာဏ် ကိုစွဲလမ်း သောသူသည်လည်း၊ ကောင်းကျိုး ကို ခံ တတ်၏။
9A false witness shall not be unpunished. He who utters lies shall perish.
9မ မှန်သောသက်သေ သည် အပြစ် မခံဘဲမနေရ။ မုသာ ကိုသုံး သောသူသည် လည်း ၊ ပျက်စီး ခြင်းသို့ ရောက် လိမ့်မည်။
10Delicate living is not appropriate for a fool, much less for a servant to have rule over princes.
10မိုက် သောသူသည် မ ပျော်မွေ့ သင့်။ ထိုမျှမက ၊ ကျွန် သည်မင်း တို့ကို အစိုး မရသင့်။
11The discretion of a man makes him slow to anger. It is his glory to overlook an offense.
11သမ္မာ သတိရှိသောသူ သည် မိမိ အမျက် ဒေါသ ကို ချုပ်တည်း တတ်၏။ သူတပါးပြစ်မှား ခြင်းကို သည်းခံ သောသူသည်လည်း ဘုန်း အသရေရှိ၏။
12The king’s wrath is like the roaring of a lion, but his favor is like dew on the grass.
12ရှင်ဘုရင် ၏အမျက် တော်သည် ခြင်္သေ့ ဟောက် သကဲ့သို့ ဖြစ်၏။ ကျေးဇူး တော်မူကား ၊ မြက် ပေါ် မှာ ကျသော နှင်းရည် ကဲ့သို့ ဖြစ်၏။
13A foolish son is the calamity of his father. A wife’s quarrels are a continual dripping.
13မိုက် သော သား သည် အဘ ဆင်းရဲ စရာ အကြောင်း ဖြစ်၏။ ရန်တွေ့ တတ်သောမယား သည်လည်း ၊ အစက် စက်ကျသော မိုဃ်း ပေါက်နှင့်တူ၏။
14House and riches are an inheritance from fathers, but a prudent wife is from the LORD.
14အိမ် နှင့် စည်းစိမ် သည် မိဘ အမွေ ဥစ္စာဖြစ်၏။ သမ္မာ သတိရှိသောမယား မူကား ၊ ထာဝရဘုရား ပေးသနား တော်မူရာ ဖြစ်၏။
15Slothfulness casts into a deep sleep. The idle soul shall suffer hunger.
15ပျင်းရိ သော သဘောသည် လွန်ကျူး စွာ အိပ်ပျော် စေ၍ ၊ ပျင်းရိ သောသူသည် အငတ် ခံရ၏။
16He who keeps the commandment keeps his soul, but he who is contemptuous in his ways shall die.
16ပညတ် တရားကို စောင့် သောသူသည် မိမိ အသက် ဝိညာဉ်ကို စောင့် ရာရောက်၏။ မိမိ သွားရာလမ်း တို့ကို မထီလေးစား ပြုသောသူမူကား၊ အသေ ခံရ၏။
17He who has pity on the poor lends to the LORD; he will reward him.
17ဆင်းရဲ သားကို သနား သောသူသည် ထာဝရ ဘုရား အား ချေးငှါး သောသူဖြစ်၍ ၊ သူ ပြုသောအမှု ၏ အကျိုးကိုဆပ် ပေးတော်မူလိမ့်မည်။
18Discipline your son, for there is hope; don’t be a willing party to his death.
18မြော်လင့် စရာရှိ စဉ်အခါ ၊ ကိုယ် သား ကို ဆုံးမ လော့။ သူ့ ကိုအကျိုး နည်းအောင် သနား သောစိတ်မ ရှိစေနှင့်။
19A hot-tempered man must pay the penalty, for if you rescue him, you must do it again.
19ဒေါသ အမျက်ကြီး သောသူသည် အပြစ်ဒဏ် ကိုခံရလိမ့်မည်။ သူ့ကိုကယ်နှုတ် လျှင် အဖန်ဖန် ကယ်နှုတ်ရမည်။
20Listen to counsel and receive instruction, that you may be wise in your latter end.
20နောက်ဆုံး ကာလ၌ ပညာရှိ ဖြစ်လိုသောငှါ ၊ ဆုံးမ သော စကားကို နားထောင် ၍ နည်းဥပဒေသ ကို ခံယူ လော့။
21There are many plans in a man’s heart, but the LORD’s counsel will prevail.
21လူ သည်အထူးထူး အပြားပြားကြံစည် တတ်၏။ သို့ရာတွင် ၊ ထာဝရဘုရား ၏အကြံ တော်သည် တည် လိမ့်မည်။
22That which makes a man to be desired is his kindness. A poor man is better than a liar.
22လူ သည်စေတနာ ရှိလျှင် ကျေးဇူး ပြုရာ ရောက်၏။ ဆင်းရဲ သောသူသည်လည်း ၊ မုသာ သုံးသော သူ ထက် သာ၍ကောင်း ၏။
23The fear of the LORD leads to life, then contentment; he rests and will not be touched by trouble.
23ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် အသက်ရှင် ခြင်းနှင့်ဆိုင်သည်ဖြစ်၍ ထိုသဘောရှိသောသူသည် အလို ဆန္ဒပြည့်စုံလျက်ရှိ၍၊ ဘေးဥပဒ် နှင့်ကင်းလွတ် လိမ့်မည်။
24The sluggard buries his hand in the dish; he will not so much as bring it to his mouth again.
24ပျင်းရိ သောသူသည်မိမိ လက် ကို အိုး ၌ သွင်း သော်လည်း တဖန်နှုတ် ၍ မိမိ ပစပ် သို့ မ ခွံ့လို။
25Flog a scoffer, and the simple will learn prudence; rebuke one who has understanding, and he will gain knowledge.
25မထီမဲ့မြင် ပြုသောသူကို ရိုက် လျှင် ဉာဏ် တိမ် သောသူသည် သတိ ရလိမ့်မည်။ ဉာဏ် ကောင်းသော သူကို ဆုံးမ လျှင် ၊ သူသည် ပညာ တရားကို နားလည် လိမ့်မည်။
26He who robs his father and drives away his mother is a son who causes shame and brings reproach.
26အဘ ဥစ္စာ ကိုဖြုန်း၍ အမိ ကိုနှင်ထုတ် သော သားသည် အရှက်ခွဲ သောသား၊ ကဲ့ရဲ့ ခြင်းကိုခံစေသော သားဖြစ်၏။
27If you stop listening to instruction, my son, you will stray from the words of knowledge.
27ငါ့ သား ၊ ပညာ တရားကို ပယ် စေခြင်းငှါ ၊ သွန်သင် သောသူ ၏စကား ကို နား မ ထောင်နှင့်။
28A corrupt witness mocks justice, and the mouth of the wicked gulps down iniquity.
28အဓမ္မ သက်သေ သည် တရား ကို မထီမဲ့မြင် ပြုတတ်၏။ မ တရားသောသူသည် လည်း ၊ ဒုစရိုက် ကို စား ၍ မျို တတ်၏။
29Penalties are prepared for scoffers, and beatings for the backs of fools.
29မထီမဲ့မြင် ပြုသောသူတို့အဘို့ အပြစ် စီရင်ခြင်း၊ မိုက် သောသူတို့ ၏ကျော အဘို့ ဒဏ် ပေးခြင်းသည် အသင့် ရှိ၏။

Tip: use the ← and → keys to turn chapters.