Плач Иеремии

Old Testament

New Testament

Chapter 3

Плач Иеремии

Synodal Translation (Син…
vs Judson Burmese Bib…
Aa
Text size
Line width
Verse numbers
Synodal Translation (Синодальный перевод)
Judson Burmese Bible (1840)
1Я человек, испытавший горе от жезла гнева Его.
1ငါ သည် ဘုရား သခင်၏ အမျက် တော်ကြိမ်လုံး အောက်၌ ဆင်းရဲ ခြင်းကို ခံရ သောသူဖြစ်၏။
2Он повел меня и ввел во тьму, а не во свет.
2ငါ့ ကိုသွေးဆောင် ၍ အလင်း သို့မ ပို့၊ မှောင်မိုက် ထဲသို့ ပို့ဆောင် တော်မူ၏။
3Так, Он обратился на меня и весь день обращает руку Свою;
3အကယ် စင်စစ်ငါ့ ကို တနေ့လုံး အထပ်ထပ် ဒဏ်ခတ် တော်မူ၏။
4измождил плоть мою и кожу мою, сокрушил кости мои;
4ငါ့ အရေ နှင့် အသား ကို ဆွေးရိ စေ၍ ငါ့ အရိုး တို့ကိုလည်း ချိုး တော်မူ၏။
5огородил меня и обложил горечью и тяготою;
5ငါ့ တဘက် ၌ တပ် တည်၍ ခါး သောအရာ၊ ပင်ပန်း စရာအကြောင်းတို့နှင့် ဝိုင်း တော်မူ၏။
6посадил меня в темное место, как давно умерших;
6သေ လွန်သောသူတို့ကို ပြုတတ်သကဲ့သို့ ၊ ငါ့ ကို မိုက် သောအရပ်၌ ထား တော်မူ၏။
7окружил меня стеною, чтобы я не вышел, отяготил оковы мои,
7ငါမ ထွက် နိုင်အောင် ဝင်း ခတ်၍ ၊ လေးသော သံကြိုး နှင့် ချည်နှောင် တော်မူ၏။
8и когда я взывал и вопиял, задерживал молитву мою;
8ထိုမျှမက ငါသည် ကြွေးကြော် အော်ဟစ် ၍ ဆုတောင်း သော်လည်း ငြင်းပယ် တော်မူ၏။
9каменьями преградил дороги мои, извратил стези мои.
9ငါ သွားရာလမ်း ကို ကျောက် ထရံနှင့် ပိတ် ၍၊ ကောက် သောလမ်းဖြင့် သွားစေတော်မူ၏။
10Он стал для меня как бы медведь в засаде, как бы лев в скрытном месте;
10ငါ့ ကို ချောင်းမြောင်း သောဝက်ဝံ ကဲ့သို့၎င်း ၊ မ ထင်ရှားသော အရပ်၌ နေသောခြင်္သေ့ ကဲ့သို့၎င်း ဖြစ် တော်မူ၏။
11извратил пути мои и растерзал меня, привел меня в ничто;
11ငါ့ ကိုလမ်း လွဲ စေပြီးလျှင် အပိုင်းပိုင်း ဖြတ်၍ ဖျက်ဆီး တော်မူ၏။
12натянул лук Свой и поставил меня как бы целью для стрел;
12လေး တော်ကိုတင် ၍ ပစ်စရာစက် အရာ၌ ငါ့ ကို ထား တော်မူ၏။
13послал в почки мои стрелы из колчана Своего.
13မြှား တော်တို့ကိုလည်း၊ ငါ့ ကျောက်ကပ် ကို ခွင်း စေတော်မူ၏။
14Я стал посмешищем для всего народа моего, вседневною песнью их.
14ငါသည်ငါ ၏လူ တို့တွင် ကဲ့ရဲ့ စရာအကြောင်း နှင့် တနေ့လုံး သီချင်း ဆိုစရာအကြောင်းဖြစ် ပါသည်တကား။
15Он пресытил меня горечью, напоил меня полынью.
15ခါး သောဆေးနှင့် ငါ့ ကိုဖြည့် ၍၊ ဒေါန နှင့်ယစ်မူး စေတော်မူ၏။
16Сокрушил камнями зубы мои, покрыл меня пеплом.
16ကျောက်စရစ် ကိုကျွေး၍ ငါ့ သွား တို့ကို ချိုး တော်မူ ၏။ မီးဖိုပြာ နှင့် ဖုံး တော်မူ၏။
17И удалился мир от души моей; я забыл о благоденствии,
17ငါ ၏ဝိညာဉ် ကို ချမ်းသာ နှင့် ဝေး စွာ ရွေ့တော်မူသောကြောင့် ၊ ငါသည် မင်္ဂလာ အကြောင်းကို မေ့လျော့ ၏။
18и сказал я: погибла сила моя и надежда моя на Господа.
18သို့ဖြစ်၍ ၊ ငါ သည် ထာဝရဘုရား ရှေ့တော်၌ အစွမ်း သတ္တိနှင့် မြော်လင့် စရာအကြောင်းပျက် လေပြီဟု ဆို ရ၏။
19Помысли о моем страдании и бедствии моем, о полыни и желчи.
19အကျွန်ုပ် ခံရသောဆင်းရဲ ငြိုငြင် ခြင်းကို၎င်း ၊ ဒေါန နှင့် သည်းခြေ အရည်ကို၎င်းအောက်မေ့ တော်မူပါ။
20Твердо помнит это душа моя и падает во мне.
20ဧကန်အမှန်အောက်မေ့ တော်မူလိမ့်မည်။
21Вот что я отвечаю сердцу моему и потому уповаю:
21ထိုသို့ အကျွန်ုပ် ၏ စိတ် နှလုံးသည် ဆင်ခြင် ၍ သတိရသောအခါ မြော်လင့် စရာအခွင့်ရှိပါ၏။
22по милости Господа мы не исчезли, ибо милосердие Его не истощилось.
22ထာဝရဘုရား သည် သနား တော်မူ၍ ကရုဏာ တော်သည် မ ကုန် သောကြောင့် ငါတို့သည် ဆုံးရှုံး ခြင်းသို့ မ ရောက်ဘဲနေကြ၏။
23Оно обновляется каждое утро; велика верность Твоя!
23နံနက် တိုင်းကရုဏာတော်အသစ် ကိုခံရကြ၏။ သစ္စာ တော်သည် ကြီးမြတ် ပါ၏။
24Господь часть моя, говорит душа моя, итак буду надеяться на Него.
24ငါ့ ဝိညာဉ် ၏ သဘောဟူမူကား၊ ထာဝရဘုရား သည် ငါ ၏အဘို့ ဖြစ်တော်မူ၏။ ထိုကြောင့် ၊ ကိုယ်တော် ကို ငါမြော်လင့် ပါ၏။
25Благ Господь к надеющимся на Него, к душе, ищущей Его.
25ကိုယ်တော် ကို မြော်လင့် သောသူနှင့် ကိုယ်တော် ကို ရှာ သောသူ၏ စိတ် ဝိညာဉ်အား ထာဝရဘုရား သည် ကျေးဇူး ပြုတော်မူ၏။
26Благо тому, кто терпеливо ожидает спасения от Господа.
26ကယ်တင် တော်မူမည်ဟု မြော်လင့်လျက်၊ ငြိမ်ဝပ် စွာ စောင့် ၍ နေကောင်း ၏။
27Благо человеку, когда он несет иго в юности своей;
27လူ သည်အသက် ပျိုစဉ် အခါ ထမ်းဘိုး ကို ထမ်း ကောင်း ၏။
28сидит уединенно и молчит, ибо Он наложил его на него;
28ထမ်းဘိုး ကို တင် တော်မူသောကြောင့် တယောက် တည်းထိုင် ၍ ငြိမ်ဝပ် စွာနေစေ။
29полагает уста свои в прах, помышляя: “может быть, еще есть надежда”;
29မြော်လင့် စရာအခွင့်ရှိကောင်း ရှိ လိမ့်မည်ဟု ထင်လျက်၊ မိမိ နှုတ် ကို မြေမှုန့် ၌ ကပ် စေ။
30подставляет ланиту свою биющему его, пресыщается поношением,
30ရိုက် သောသူအား မိမိ ပါး ကိုပေး ၍၊ ကဲ့ရဲ့ ပြစ်တင်ခြင်းနှင့် ပြည့်ဝ စေ။
31ибо не навек оставляет Господь.
31အကြောင်း မူကား၊ ထာဝရ ဘုရားသည် အစဉ် စွန့်ပစ် တော်မ မူတတ်။
32Но послал горе, и помилует по великой благости Своей.
32ဝမ်းနည်း စေတော်မူသော်လည်း ၊ ကရုဏာ တော် များပြား သည်နှင့်အညီ သနား တော်မူလိမ့်မည်။
33Ибо Он не по изволению сердца Своего наказывает и огорчает сынов человеческих.
33ဆင်းရဲစေချင်သောစိတ် နှင့် လူ သား တို့ကို ညှဉ်းဆဲ ၍ ဝမ်းနည်း စေတော်မူသည်မ ဟုတ်။
34Но, когда попирают ногами своими всех узников земли,
34ချုပ် ထားသော ပြည် သားအပေါင်း တို့ကို ခြေ နှင့် နင်း ကြိတ်ခြင်းအမှု၊
35когда неправедно судят человека пред лицoм Всевышнего,
35လူ ခံထိုက်သောတရား ကို အမြင့်ဆုံး သော ဘုရား မျက်မှောက် ၌ ဖျက် ခြင်းအမှု၊
36когда притесняют человека в деле его: разве не видит Господь?
36သူတပါး ကိုမ တရားသဖြင့် ရှုံး စေခြင်းအမှုတို့ကို ထာဝရ ဘုရားနှစ်သက် တော်မ မူ။
37Кто это говорит: “и то бывает, чему Господь не повелел быть”?
37ထာဝရ ဘုရားမှာ ထားတော်မ မူဘဲ၊ အဘယ်သူ သည် ပြော ၍ တစုံတခုကို ဖြစ် စေနိုင်သနည်း။
38Не от уст ли Всевышнего происходит бедствие и благополучие?
38အမြင့်ဆုံး သော ဘုရား၏နှုတ် ထွက်ရှိသည် အတိုင်း မင်္ဂလာ နှင့် အမင်္ဂလာ ဖြစ် တတ်သည် မ ဟုတ် လော။
39Зачем сетует человек живущий? всякий сетуй на грехи свои.
39အသက်ရှင် သောလူ သတ္တဝါသည် အဘယ် ကြောင့် မြည်တမ်း ရမည်နည်း။ မိမိ ဒုစရိုက် အပြစ်ကြောင့် မြည်တမ်းရမည်လော။
40Испытаем и исследуем пути свои, и обратимся к Господу.
40ငါ တို့သည်ကိုယ်လိုက်သောလမ်း တို့ကို စစ်ကြော စုံစမ်း၍ ၊ ထာဝရဘုရား ထံ တော်သို့ ပြန် သွားကြကုန်အံ့။
41Вознесем сердце наше и руки к Богу, сущему на небесах:
41ကောင်းကင် ဘုံ၌ ရှိတော်မူသောဘုရား သခင့်ထံ တော်သို့ နှလုံး နှင့် လက် တို့ကို ချီကြွ ကြကုန်အံ့။
42мы отпали и упорствовали; Ты не пощадил.
42အကျွန်ုပ် တို့သည် ပြစ်မှား ပုန်ကန် မိပါပြီ။ ကိုယ်တော် သည် အပြစ် လွှတ်တော်မ မူပါ။
43Ты покрыл Себя гневом и преследовал нас, умерщвлял, не щадил;
43အမျက် တော်ထွက်၍ မျက်နှာ လွှဲတော်မူ၏။ တဖန် အကျွန်ုပ် တို့ကိုလိုက် ၍ ကရုဏာ မ ရှိဘဲ ကွပ်မျက် တော်မူ၏။
44Ты закрыл Себя облаком, чтобы не доходила молитва наша;
44အကျွန်ုပ်တို့ ပဌနာ စကားသည် အထံ တော်သို့ မပေါက် နိုင်အောင်၊ မိုဃ်းတိမ် ဖြင့် ကိုယ်ကို ကွယ်ကာ တော်မူ၏။
45сором и мерзостью Ты сделал нас среди народов.
45အကျွန်ုပ် တို့ကိုလူမျိုး တို့တွင် လှည်းပစ်သော တန်မြက်ချေး အမှိုက် ကဲ့သို့၎င်း ၊ ရွံစရာ အရာကဲ့သို့၎င်း ဖြစ် စေတော်မူ၏။
46Разинули на нас пасть свою все враги наши.
46ရန်သူ အပေါင်း တို့သည် အကျွန်ုပ် တို့တဘက် ၌ နှုတ် ကိုဖွင့် ကြပါ၏။
47Ужас и яма, опустошение и разорение - доля наша.
47အကျွန်ုပ် တို့သည် ကြောက်လန့် ဘွယ်သော အရာထဲသို့၎င်း ၊ တွင်း ထဲသို့၎င်း ၊ သုတ်သင် ပယ်ရှင်းဖျက်ဆီး ခြင်းထဲသို့၎င်း ရောက် ကြပါပြီ။
48Потоки вод изливает око мое о гибели дщери народа моего.
48ငါ ၏လူမျိုး သတို့သမီး ပျက်စီး သောကြောင့် ၊ ငါ့ မျက်စိ သည် မြစ် ရေ ဖြစ်၍ စီး လျက်ရှိ၏။
49Око мое изливается и не перестает, ибо нет облегчения,
49ထာဝရဘုရား သည် ကောင်းကင် က ငုံ့ကြည့် ၍ ရှုမှတ် တော်မ မူမှီတိုင်အောင်၊
50доколе не призрит и не увидит Господь с небес.
50ငါ့ မျက်ရည် သည်ကျ ၍ အစဉ်မပြတ်ယိုစီးလျက်ရှိ၏။
51Око мое опечаливает душу мою ради всех дщерей моего города.
51ငါ ၏မြို့ သမီး အပေါင်း တို့အတွက် ကြောင့်၊ ငါ မျက်စိ သည် ငါ့ နှလုံး ကို ပူ စေတတ်၏။
52Всячески усиливались уловить меня, как птичку, враги мои, без всякой причины;
52အကြောင်း မရှိဘဲ ငါ့ ကိုရန် ပြုသောသူတို့သည် ငှက် ကိုလိုက် ၍ ရှာသကဲ့သို့ ငါ့ ကိုလိုက် ၍ ရှာကြ၏။
53повергли жизнь мою в яму и закидали меня камнями.
53မြေတွင်း ၌ ငါ့ အသက် ကို ဖြတ် ၍ ငါ့ အပေါ် မှာ ကျောက် ကို တင် ထားကြ၏။
54Воды поднялись до головы моей; я сказал: “погиб я”.
54ငါ့ ခေါင်း ကို ရေ လွှမ်းမိုး သည်ဖြစ်၍ ၊ ငါသည် ဆုံးရှုံး ပြီဟု ဆို ရ၏။
55Я призывал имя Твое, Господи, из ямы глубокой.
55အိုထာဝရဘုရား ၊ နက် သော မြေတွင်း ထဲက အကျွန်ုပ်သည် ကိုယ်တော် ၏နာမ ကို ခေါ် ပါ၏။
56Ты слышал голос мой; не закрой уха Твоего от воздыхания моего, от вопля моего.
56အကျွန်ုပ် ခေါ်သံ ကို ကြား တော်မူသည်ဖြစ်၍၊ အကျွန်ုပ် ညည်းတွားအော်ဟစ် သောအခါ နား တော်ကို လွှဲ တော်မ မူပါနှင့်။
57Ты приближался, когда я взывал к Тебе, и говорил: “не бойся”.
57အကျွန်ုပ်သည် ကိုယ်တော် ကို ဟစ်ခေါ် သောအခါ ၊ ကိုယ်တော်သည် ချဉ်းကပ် တော်မူ၍၊ မ ကြောက် နှင့် ဟု မိန့် တော်မူပြီ။
58Ты защищал, Господи, дело души моей; искуплял жизнь мою.
58အိုထာဝရ ဘုရား၊ ကိုယ်တော် သည် အကျွန်ုပ် အသက် နှင့် ဆိုင်သောအမှု ကိုစောင့် ၍ ရွေးနှုတ် တော်မူပြီ။
59Ты видишь, Господи, обиду мою; рассуди дело мое.
59အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ခံရသောညှဉ်းဆဲ ခြင်းကို မြင် တော်မူပြီ။ အကျွန်ုပ် အဘို့ တရား စီရင် တော်မူပါ။
60Ты видишь всю мстительность их, все замыслы их против меня.
60သူ တို့သည် အကျွန်ုပ် ကို ရန်ငြိုး ဖွဲ့သမျှ နှင့် မကောင်းသော အကြံ ရှိသမျှ ကို ကိုယ်တော်မြင် တော်မူပြီ။
61Ты слышишь, Господи, ругательство их, все замыслы их против меня,
61အိုထာဝရဘုရား ၊ သူ တို့ကဲ့ရဲ့ သောအကြောင်းနှင့် မကောင်းသောအကြံ ရှိသမျှ ကို၎င်း ၊
62речи восстающих на меня и их ухищрения против меня всякий день.
62အကျွန်ုပ် တဘက်၌ ထ သောသူတို့၏ အပြစ်တင် ခြင်း၊ အကျွန်ုပ် တဘက် ၌ တနေ့လုံး ကြံစည် ခြင်းကို၎င်းကိုယ်တော်ကြား တော်မူပြီ။
63Воззри, сидят ли они, встают ли, я для них - песнь.
63သူ တို့ထိုင် ခြင်း၊ ထ ခြင်းကိုကြည့်ရှု တော်မူပါ။ အကျွန်ုပ် သည် သူ တို့သီချင်း ဆိုစရာအကြောင်း ဖြစ်ပါ၏။
64Воздай им, Господи, по делам рук их;
64အိုထာဝရဘုရား ၊ သူ တို့ကျင့်သောအကျင့် နှင့် အလျောက်အကျိုးအပြစ် ကို ဆပ် ပေးတော်မူပါ။
65пошли им помрачение сердца и проклятие Твое на них;
65သူ တို့စိတ် နှလုံးကိုခိုင်မာ စေ၍ ကျိန် တော်မူပါ။
66преследуй их, Господи, гневом, и истреби их из поднебесной.
66အမျက် တော်ထွက်၍ သူ တို့ကို ညှဉ်းဆဲ သဖြင့် ၊ ထာဝရဘုရား ၏ မိုဃ်း ကောင်းကင်အောက် မှ သုတ်သင် ပယ်ရှင်းတော်မူပါ။

Tip: use the ← and → keys to turn chapters.