ရှောလမုန်သီချင်း

Old Testament

Chapter 5

ရှောလမုန်သီချင်း

Judson Burmese Bible (18…
vs Freedom Bible (Thai)
Aa
Text size
Line width
Verse numbers

ရှောလမုန်သီချင်း 5

Judson Burmese Bible (1840)
Freedom Bible (Thai)
1ငါ နှမ ၊ ငါ့ခင်ပွန်း ၊ ငါ့ ဥယျာဉ် ထဲ သို့ ငါဝင် လာပြီ။ ငါ့ မုရန် နှင့် နံ့သာမျိုး ကိုခံယူ ပြီ။ ငါ့ ပျားရည် နှင့် ပျားလပို့ ကို စား ရပြီ။ ငါ့ နို့ နှင့် စပျစ်ရည် ကိုသောက် ရပြီ။ ငါ့အဆွေ တို့၊ စား ကြလော့။ ငါ့မိတ်ဆွေ တို့၊ သောက် ကြ။ ဝ စွာ သောက်ကြလော့။
1ฉัน​เข้า​มา​ใน​สวน​ของ​ฉัน​แล้ว น้องรัก เจ้าสาว​ของ​ฉัน ได้​เก็บ​มดยอบ​กับ​เครื่องหอม ได้​กิน​รวงผึ้ง​กับ​น้ำผึ้ง ได้​ดื่ม​เหล้าองุ่น​กับ​น้ำนม กิน​เถอะ เพื่อน​ทั้งหลาย! ดื่ม​เถอะ ดื่ม​ให้​เต็มที่ ผู้​เป็น​ที่รัก
2ငါ သည် အိပ်ပျော် စဉ်၊ နှလုံး နိုး လျက်ရှိ၏။ ငါ ချစ် ရာ သခင်၏စကား သံပေ။ ငါ့ နှမ ၊ ငါ ချစ် သောအမိ၊ ငါ့ ချိုး ၊ ငါ ၏စုံလင် သူ၊ ငါ အား ဖွင့် ပါ။ ငါ့ ခေါင်း သည် နှင်း နှင့်၎င်း၊ ငါ့ ဆံပင် သည် ညဉ့် ၌ကျ တတ်သော နှင်းစက်များနှင့်၎င်း စို ပြီဟုဆိုလျက်၊ ခေါက် ၍နေတော်မူ၏။
2ฉัน​หลับ​อยู่ แต่​หัวใจ​ตื่น เสียง​คนรัก​ของ​ฉัน! เขา​กำลัง​เคาะ​ประตู “เปิด​ให้​ฉัน​เถอะ น้องรัก ที่รัก นกพิราบ​ของ​ฉัน คน​บริสุทธิ์​ของ​ฉัน เพราะ​ศีรษะ​ฉัน​ชุ่ม​น้ำค้าง ผม​ชุ่ม​ไอ​ชื้น​ยาม​ค่ำคืน”
3ကျွန်မ သည် အဝတ် ကိုချွတ် ပါပြီ။ အဘယ် ကြောင့် ဝတ် ပြန်ရမည်နည်း။ ခြေ ကိုလည်းဆေး ပါပြီ။ တဖန်ညစ် အောင် အဘယ် ကြောင့်ပြုရပါမည်နည်း။
3ฉัน​ถอด​เสื้อคลุม​แล้ว จะ​ต้อง​สวม​อีก​หรือ? ล้าง​เท้า​แล้ว จะ​ต้อง​ให้​เปื้อน​อีก​หรือ?
4ငါ ချစ် ရာသခင်သည် လက် တော်ကိုတံခါးပေါက် အထဲ သို့ သွင်း တော်မူသည်ဖြစ်၍ ၊ သူ့ ကိုချစ်သနားသောစိတ် အားကြီး သဖြင့်၊
4คนรัก​สอด​มือ​เข้า​มา​ทาง​ช่อง​กลอน​ประตู หัวใจ​ฉัน​เต้น​แรง​เพราะ​เขา
5ငါ ချစ် ရာသခင်အား တံခါးကိုဖွင့် အံ့သောငှါ ထ သောအခါ ၊ ငါ့ လက် မှမုရန် ဆီ၊ ငါ့ လက်ချောင်း တို့မှ ပကတိမုရန် ဆီသည် တံခါး ကျင်တိုက်ပေါ် မှာ စက်စက် ကျလေ၏။
5ฉัน​ลุก​ขึ้น​เปิด​ให้​คนรัก มดยอบ​หยด​จาก​มือ​ฉัน มดยอบ​เหลว​หยด​จาก​นิ้ว ลง​บน​ที่​จับ​กลอน​ประตู
6ငါ ချစ် ရာသခင်အား ငါ ဖွင့် သည်ရှိသော်၊ ငါ ချစ် ရာ သခင်သည်ထွက် သွား နှင့်ပြီ။ စကား သံတော်ကို စေ့စေ့နားထောင်လျက်၊ သခင် ကိုငါရှာ သော်လည်း မ တွေ့။ ခေါ် သော်လည်း ထူး တော်မ မူ။
6ฉัน​เปิด​ให้​คนรัก แต่​เขา​จาก​ไป​แล้ว ใจ​ฉัน​โผ​ไป​หา​เขา​เมื่อ​เขา​พูด ฉัน​ตาม​หา​เขา แต่​ไม่​พบ เรียก​เขา แต่​เขา​ไม่​ตอบ
7မြို့ တွင် လည် သော ကင်းစောင့် တို့သည် ငါ့ ကို တွေ့ သော်၊ နာကျင် စွာရိုက် ကြ၏။ မြို့ရိုး စောင့် တို့သည် ငါ့ မျက်နှာဖုံး ကို လု ယူကြ၏။
7ยาม​ที่​เดิน​ตรวจ​ทั่ว​เมือง​พบ​ฉัน พวก​เขา​ตี​ฉัน ทำให้​ฉัน​ฟกช้ำ คน​เฝ้า​กำแพง​เอา​เสื้อคลุม​ของ​ฉัน​ไป
8အိုယေရုရှလင် မြို့သမီး တို့၊ သင် တို့သည် ငါ ချစ် ရာ သခင်ကိုတွေ့ လျှင် ၊ သူ့ကိုငါ ချစ် ၍ နာ နေကြောင်း ကို ကြား ပြောကြပါဟု၊ ငါ မှာထားတောင်းပန်ပါ၏။
8หญิงสาว​ชาว​เยรูซาเล็ม​ทั้งหลาย ฉัน​ขอ​ให้​พวก​เธอ​สาบาน ถ้า​พบ​คนรัก​ของ​ฉัน ให้​บอก​เขา​ว่า​ฉัน​อ่อนแรง​ด้วย​ความรัก
9မိန်းမ တကာ တို့ထက် အဆင်း လှသောအစ်မ၊ သင် ချစ် ရာသခင်သည် အခြားတပါးသော ချစ်ရာသခင် ထက် အဘယ်သို့သာသနည်း။ အကျွန်ုပ် တို့ကို ထို သို့မှာ ထားတောင်းပန်ရမည်အကြောင်း ၊ သင် ချစ် ရာသခင်သည် အခြားတပါးသော ချစ် ရာသခင်ထက် အဘယ်သို့ သာသနည်း။
9คนรัก​เธอ​ดี​กว่า​คนรัก​อื่น​อย่างไร หญิง​ที่​งาม​ที่สุด​ใน​หมู่​ผู้หญิง? คนรัก​เธอ​ดี​กว่า​คนรัก​อื่น​อย่างไร เธอ​จึง​ขอ​ให้​พวก​เรา​สาบาน​เช่น​นี้?
10ငါ ချစ် ရာသခင်သည် ဖြူ သောအဆင်း၊ နီ သော အဆင်းနှင့် ပြည့်စုံ၍၊ လူတ သောင်းတို့တွင် အထွဋ် အမြတ်ဖြစ်တော်မူ၏။
10คนรัก​ของ​ฉัน​ผิว​ขาว​อม​แดง เป็น​เลิศ​ใน​หมู่​คน​หมื่น​คน
11ဦးခေါင်း တော်သည် ရွှေစင် နှင့်တူ၏။ ဆံပင် တော်သည် ထူထပ် ၍၊ ကျီး အဆင်းကဲ့သို့ နက် ၏။
11ศีรษะ​เขา​เหมือน​ทอง​บริสุทธิ์​ที่สุด ผม​ดก​ดำ​เหมือน​อีกา
12မျက်စိ တော်တို့သည် နို့ ၌ ချိုး လျက် မြစ် ရေ ပေါ် မှာ ပုံ့ပုံ့ကြွကြွဝပ် သော ချိုး နှင့်တူ ကြ၏။
12ดวงตา​เขา​เหมือน​นกพิราบ​ข้าง​ลำธาร ล้าง​ด้วย​น้ำนม ประดับ​ไว้​เหมือน​อัญมณี
13ပါး တော်တို့သည် နံ့သာ တော၊ မွှေးကြိုင် သော ပန်း တောကဲ့သို့ ၎င်း နှုတ်ခမ်း တော်တို့သည် ပကတိမုရန် ဆီယို သော နှင်းပွင့် ကဲ့သို့၎င်း ဖြစ်ကြ၏။
13แก้ม​เขา​เหมือน​แปลง​เครื่องหอม​ที่​มี​หอ​น้ำหอม ริมฝีปาก​เหมือน​ลิลลี่ หยด​มดยอบ​เหลว
14လက် တော်တို့သည် မျက်ရွဲ စီ သောလက်စွပ် ကဲ့သို့၎င်း၊ ကိုယ် တော်သည် နီလာ ကျောက်ဖြင့် စီချယ် သော ဆင်စွယ် ဖြူ ကဲ့သို့၎င်း ဖြစ်၏။
14มือ​เขา​เหมือน​วง​ทอง​ฝัง​เบริล ลำตัว​เหมือน​งาน​งาช้าง​ปิด​ทับ​ด้วย​ไพลิน
15ခြေထောက် တော်တို့သည် ရွှေစင် ဘိနပ် ပေါ် ၌ တည် သော ကျောက်ဖြူ တိုင် နှင့်တူကြ၏။ မျက်နှာ တော် သည် လေဗနုန် တောင်ကဲ့သို့ ဖြစ်၍၊ အာရဇ် ပင်ကဲ့သို့ ထူးမြတ် ပေ၏။
15ขา​เขา​เหมือน​เสา​หินอ่อน​ตั้ง​บน​ฐาน​ทอง​เนื้อ​ดี รูปลักษณ์​เหมือน​เลบานอน สง่างาม​ดุจ​ต้น​ซีดาร์
16နှုတ် တော်သည် အလွန်ချို ပေ၏။ တကိုယ်လုံး၌ ချစ်ဖွယ် သော ဂုဏ်တော်အပေါင်း တို့နှင့် ပြည့်စုံတော်မူ၏။ ယေရုရှလင် မြို့သမီး တို့၊ ဤ သူသည် ငါ ချစ် ရာသခင်၊ ငါ့ မိတ်ဆွေ ဖြစ်တော်မူသတည်း။
16ปาก​เขา​หวานชื่น เขา​น่ารัก​ไป​ทุก​ส่วน นี่​คือ​คนรัก​ของ​ฉัน นี่​คือ​เพื่อน​ของ​ฉัน หญิงสาว​ชาว​เยรูซาเล็ม​ทั้งหลาย

Tip: use the ← and → keys to turn chapters.