သုတ္တံကျမ်း။

Old Testament

Chapter 21

သုတ္တံကျမ်း။

Judson Burmese Bible (18…
vs Douay-Rheims Bible…
Aa
Text size
Line width
Verse numbers

သုတ္တံကျမ်း။ 21

Judson Burmese Bible (1840)
Douay-Rheims Bible, American Edition (1899)
1ရှင်ဘုရင် ၏ စိတ် နှလုံးသည် ရေ ချောင်း ကဲ့သို့ဖြစ်၍၊ ထာဝရဘုရား ၏ လက် တော်၌ ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့် စေတော်မူ၏။
1As the divisions of waters, so the heart of the king is in the hand of the Lord: whithersoever he will he shall turn it.
2လူ တို့သည်မိမိ တို့ ကျင့် သမျှ သောအကျင့် တို့ကို နှစ်သက် တတ်၏။ ထာဝရဘုရား မူကား ၊ စိတ် နှလုံးတို့ကို ချိန် တော်မူ၏။
2Every way of a man seemeth right to himself: but the Lord weigheth the hearts.
3ယဇ် ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့်မတ် စွာပြု ခြင်း၊ တရား သဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက် တော်မူ၏။
3To do mercy and judgment, pleaseth the Lord more than victims.
4ထောင်လွှား သောမျက်နှာ ၊ မာန ကြီးသောနှလုံး ၊ မ တရားသောသူတို့၏အလင်း သော်လည်း အပြစ် ပါ၏။
4Haughtiness of the eyes is the enlarging of the heart: the lamp of the wicked is sin.
5လုံ့လ ဝိရိယပြုသောသူ၏အကြံ အစည်သည် ကြွယ်ဝ ခြင်းနှင့် ၎င်း၊ သမ္မာ သတိမရှိသောသူ ၏အကြံအစည် သည် ဆင်းရဲ ခြင်းနှင့် ၎င်း ဆိုင် ပေ၏။
5The thoughts of the industrious always bring forth abundance: but every sluggard is always in want.
6မုသာ စကား အားဖြင့် ဘဏ္ဍာ ကိုဆည်းဖူးခြင်း အမှု သည် သေမင်း ကျော့ကွင်း တို့တွင် ပျောက်လွင့် သော အနတ္တ ဖြစ်၏။
6He that gathereth treasures by a lying tongue, is vain and foolish, and shall stumble upon the snares of death.
7မ တရားသောသူတို့ သည် တရား သဖြင့်မ စီရင် လိုသောကြောင့်၊ မိမိညှဉ်းဆဲ ခြင်းအပြစ်သည် မိမိ ကို ဖျက်ဆီး လိမ့်မည်။
7The robberies of the wicked shall be their downfall, because they would not do judgment.
8လမ်း လွှဲသွားသောသူ သည် ကွာဝေး ရာသို့ ရောက်တတ်၏။ စင်ကြယ် သော သူပြုသောအမှု မူကား မှန် ပေ၏။
8The perverse way of a man is strange: but as for him that is pure, his work is right.
9ရန်တွေ့ တတ်သောမိန်းမ နှင့်အတူလူ များသော အိမ် ၌နေ သည်ထက် ၊ အိမ်မိုး ပေါ် ထောင့် ထဲမှာ နေသော် သာ၍ကောင်း ၏။
9It is better to sit in a corner of the housetop, than with a brawling women, and in a common house.
10မ တရားသောသူ သည် မနာလို သောစိတ်ရှိ၏။ အိမ်နီးချင်း ၌ ကျေးဇူး ပြုချင်သော အလို မ ရှိ။
10The soul of the wicked desireth evil, he will not have pity on his neighbour.
11မထီမဲ့မြင် ပြုသောသူသည် အပြစ်ဒဏ် ကို ခံရသောအခါ ၊ ဉာဏ်တိမ် သောသူသည်သတိ ရတတ်၏။ သတိ ရသောသူသည်လည်း သွန်သင် ခြင်းကိုခံသောအခါ ၊ ပညာ တိုးပွါး တတ်၏။
11When a pestilent man is punished, the little one will be wiser: and if he follow the wise, he will receive knowledge.
12တရား သောသူသည် မ တရားသောသူ၏အိမ် ကို ပညာစိတ်နှင့် ဆင်ခြင်တတ်၏။ မ တရားသောသူတို့ မူကား၊ မိမိတို့ပြုသောဒုစရိုက် အားဖြင့်ပျက်စီး ခြင်းသို့ ရောက်တတ်ကြ၏။
12The just considereth seriously the house of the wicked, that he may withdraw the wicked from evil.
13ဆင်းရဲ သောသူ၏အော်ဟစ် သံကို မကြားလို၍၊ နား ကိုပိတ် သောသူသည် ကိုယ်တိုင် အော်ဟစ် ၍ ၊ အဘယ် သူမျှမ ကြားရ။
13He that stoppeth his ear against the cry of the poor, shall also cry himself and shall not be heard.
14တိတ်ဆိတ် စွာ ပေးသောလက်ဆောင် သည် သူ့စိတ် ကို၎င်း ၊ ရင်ခွင် ၌ ချထားသော လက်ဆောင် ပဏ္ဏာ သည် ပြင်းစွာ သော အမျက် ကို၎င်းဖြေ တတ်၏။
14A secret present quencheth anger: and a gift in the bosom the greatest wrath.
15ဖြောင့်မတ် သောသူသည် တရား သဖြင့်စီရင် ၍ ဝမ်းမြောက် တတ်၏။ အဓမ္မ အမှုကိုပြု သောသူမူကား ၊ ပျက်စီး ခြင်းသို့ ရောက်လိမ့်မည်။
15It is joy to the just to do judgment: and dread to them that work iniquity.
16ဉာဏ် ပညာလမ်း မှ လွှဲသွား သောသူ သည် သင်္ချိုင်း သား အစုအဝေး ၌ နေရာ ကျလိမ့်မည်။
16A man that shall wander out of the way of doctrine, shall abide in the company of the giants.
17ကာမ ဂုဏ်၌ မွေ့လျော်သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည်။ စပျစ်ရည် နှင့် ဆီ ကို ကြိုက် သောသူသည် လည်း ငွေ ကိုမ ရတတ်ရ။
17He that loveth good cheer, shall be in want: he that loveth wine, and fat things, shall not be rich.
18မ တရားသောသူသည် တရား သောသူအဘို့ ၊ လွန်ကျူး သောသူသည် ဖြောင့်မတ် သောသူအဘို့ ရွေး ရန် ဖြစ်၏။
18The wicked is delivered up for the just: and the unjust for the righteous.
19စိတ်တို ၍ ရန်တွေ့ တတ်သောမိန်းမ နှင့် နေ သည်ထက် ၊ တော လွင်ပြင် ၌ နေသော်သာ၍ကောင်း ၏။
19It is better to dwell in a wilderness, than with a quarrelsome and passionate woman.
20ပညာရှိ သောသူ၏အိမ် ၌ နှစ်သက်ဘွယ် သော ဘဏ္ဍာ နှင့် ဆီ ရှိတတ်၏။ မိုက် သောသူ မူကား ၊ ကုန် စေ တတ်၏။
20There is a treasure to be desired, and oil in the dwelling of the just: and the foolish man shall spend it.
21ဖြောင့်မတ် ခြင်းတရားနှင့် ကရုဏာ တရားကို ရှာ သောသူသည် အသက်ရှင် ခြင်း၊ ဖြောင့်မတ် ခြင်း၊ ဂုဏ် အသရေထင်ရှားခြင်းကို တွေ့ တတ်၏။
21He that followeth justice and mercy, shall find life, justice, and glory.
22ပညာ ရှိသောသူသည် ခိုင်ခံ့ သောမြို့ရိုး ကို တက် ၍ ၊ မြို့ သားကိုးစား စရာခွန်အား ကို ရှုတ်ချ တတ်၏။
22The wise man hath scaled the city of the strong, and hath cast down the strength of the confidence thereof.
23မိမိ နှုတ် နှင့် လျှာ ကိုစောင့် သောသူသည် မိမိ စိတ် ဝိညာဉ်ကို ဒုက္ခ နှင့် လွတ်စေခြင်းငှါ စောင့် ရာရောက် ၏။
23He that keepeth his mouth and his tongue, keepeth his soul from distress.
24ပြင်းစွာ သော ဒေါသ အမျက်၌ ကျင်လည် သောသူကို၊ ထောင်လွှား စော်ကားသောသူ၊ မထီမဲ့မြင် ပြုသောသူဟူ၍ သမုတ်အပ်၏။
24The proud and the arrogant is called ignorant, who in anger worketh pride.
25ပျင်းရိ သောသူသည် အလုပ် မလုပ်ချင်သောကြောင့် ၊ မိမိ တပ်မက် သောအားဖြင့် သေ တတ်၏။
25Desires kill the slothful: for his hands have refused to work at all.
26တနေ့လုံး တပ်မက် အားကြီးတတ်၏။ ဖြောင့်မတ် သော သူမူကား မ နှမြော ဘဲစွန့်ကြဲ တတ်၏။
26He longeth and desireth all the day: but he that is just, will give, and will not cease.
27မ တရားသော သူပူဇော်သော ယဇ် သည် စက်ဆုပ် ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက ၊ မ တရားသောစိတ် နှင့် ပူဇော် လျှင် သာ၍ဖြစ်၏။
27The sacrifices of the wicked are abominable, because they are offered of wickedness.
28မ မှန်သော သက်သေ သည် ပျက် တတ်၏။ ကိုယ်တိုင်ကြား သောသူ မူကား ၊ တည်ကြည် စွာ ပြော တတ်၏။
28A lying witness shall perish: an obedient man shall speak of victory.
29မ တရားသောသူ သည် မိမိ မျက်နှာ ကို ခိုင်မာ စေတတ်၏။ ဖြောင့်မတ် သောသူမူကား ၊ မိမိ သွားရာလမ်း ကို ပြင်ဆင် တတ်၏။
29The wicked man impudently hardeneth his face: but he that is righteous, correcteth his way.
30ထာဝရဘုရား တဘက် ၌ ဉာဏ် မ တည်၊ ပညာ မ တည်၊ အကြံ တစုံတခုမျှ မ တည်နိုင်။
30There is no wisdom, there is no prudence, there is no counsel against the Lord.
31စစ်တိုက် ရာကာလ အဘို့ မြင်း များကို ပြင်ဆင် သော်လည်း ၊ ထာဝရဘုရား ၏ကျေးဇူးတော်ကြောင့် ချမ်းသာ ရပါ၏။
31The horse is prepared for the day of battle: but the Lord giveth safety.

Tip: use the ← and → keys to turn chapters.