သုတ္တံကျမ်း။ 20
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
JPS Tanakh (Jewish Publication Society, 1917)
1စပျစ်ရည် သည် လှည့်စား တတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ် ပြုခြင်းအမှုကို ဖြစ်စေတတ် ၏။ ထိုသို့ သောအားဖြင့် မှားယွင်း သောသူသည် ပညာ မ ရှိ။
1Wine is a mocker, strong drink is riotous; and whosoever reeleth thereby is not wise.
2ရှင်ဘုရင် ကြောက် စေသော အမှုအရာသည် ခြင်္သေ့ ဟောက် ခြင်းနှင့် တူ၏။ အမျက်တော်ကို နှိုးဆော် သောသူသည် မိမိ အသက် ကို ပြစ်မှား ၏။
2The terror of a king is as the roaring of a lion: he that provoketh him to anger forfeiteth his life.
3ရန်တွေ့ ခြင်းကို ငြိမ်းစေ သောသူ သည် ဂုဏ် အသရေရှိ၏။ မိုက် သောသူမူကား ၊ အမှု နှင့်ရောနှောတတ်၏။
3It is an honour for a man to keep aloof from strife; but every fool will be snarling.
4ချမ်း သောကြောင့် ပျင်းရိ သောသူသည် လယ် မ လုပ်လို။ ထိုကြောင့် စပါး ရိတ်သောကာလ ၌သူတပါးကို တောင်း သော်လည်း မ ရရာ။
4The sluggard will not plow when winter setteth in; therefore he shall beg in harvest, and have nothing.
5လူ စိတ် နှလုံး၌ ပညာအကြံ သည် နက် သော ရေ နှင့်တူသော်လည်း ၊ ဉာဏ် ကောင်းသောသူသည် ခပ်ယူ လိမ့်မည်။
5Counsel in the heart of man is like deep water; but a man of understanding will draw it out.
6လူ များ တို့သည် မိမိ တို့ပြုသောကျေးဇူး ကို ကြား ပြောတတ်၏။ သစ္စာ ရှိ သောသူ ကိုကား ၊ အဘယ် သူရှာ၍ တွေ့ နိုင်သနည်း။
6Most men will proclaim every one his own goodness; but a faithful man who can find?
7ဖြောင့်မတ် သောသူသည် မိမိ ဖြောင့်မတ် ခြင်း လမ်းသို့ လိုက် ၍၊ သူ ၏သား စဉ်မြေးဆက်တို့သည် မင်္ဂလာ ရှိကြ၏။
7He that walketh in his integrity as a just man, happy are his children after him.
8တရား ပလ္လင်ပေါ် မှာထိုင် သော ရှင် ဘုရင်သည် မ ကောင်းသော အမှုအရာရှိသမျှ တို့ကို မျက်စိ တော်နှင့် ပယ်ရှင်း တတ်၏။
8A king that sitteth on the throne of judgment scattereth away all evil with his eyes.
9ငါသည် ကိုယ် စိတ် နှလုံးကို စင်ကြယ် စေပြီ။ အပြစ် နှင့် ကင်းလွတ် ၏ဟု အဘယ် သူဆို နိုင်သနည်း။
9Who can say: 'I have made my heart clean, I am pure from my sin'?
10အလေး ချင်းမတူသောအလေး၊ အဝင်ချင်း မတူသော တင်းတောင်း တို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။
10Divers weights, and divers measures, both of them alike are an abomination to the LORD.
11သူငယ် သော်လည်း ၊ မိမိ ပြုသောအမှု သည် စင် သည်မစင်သည်၊ မှန် သည်မမှန်သည်ကို မိမိ အခြင်း အရာအားဖြင့် ပြ ၍ ၊ မိမိသဘောကို ထင်ရှားစေ၏။
11Even a child is known by his doings, whether his work be pure, and whether it be right.
12ကြား တတ်သော နား ကို၎င်း၊ မြင် တတ်သော မျက်စိ ကို၎င်း ၊ ထာဝရဘုရား ဖန်ဆင်း တော်မူပြီ။
12The hearing ear, and the seeing eye, the LORD hath made even both of them.
13ဆင်းရဲ မည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍ ၊ အိပ် ခြင်းကိုမ တပ်မက် နှင့်။ နိုး တတ်လျှင် ဝ စွာစား ရ၏။
13Love not sleep, lest thou come to poverty; open thine eyes, and thou shalt have bread in plenty.
14ဝယ် သောသူက၊ မ ကောင်းဘူး၊ မ ကောင်းဘူးဟု ဆို တတ်၏။ ဝယ်၍သွား ပြီး မှ ဝါကြွား တတ်၏။
14'It is bad, it is bad', saith the buyer; but when he is gone his way, then he boasteth.
15ရွှေ ရှိ ၏။ ပတ္တမြား လည်း ရှိ ၏။ ပညာ အတတ်နှင့် ပြည့်စုံသော နှုတ် မူကား ၊ အလွန် အဘိုး ထိုက်သော ရတနာ ဖြစ်၏။
15There is gold, and a multitude of rubies; but the lips of knowledge are a precious jewel.
16မ ကျွမ်းသောသူအတွက်၊ အမျိုး ပျက်သော မိန်းမအတွက် ၊ အာမခံ တတ်သောသူ သည် အဝတ် အစ ရှိသောဥစ္စာ တစုံတခုကို ပေါင် ထားစေ။
16Take his garment that is surety for a stranger; and hold him in pledge that is surety for an alien woman.
17လှည့်စား ၍ ရသောအစာ သည် ချိုမြိန် သော်လည်း ၊ စားသောသူ ၏နှုတ် သည် ကျောက်စရစ် နှင့် ပြည့် လိမ့်မည်။
17Bread of falsehood is sweet to a man; but afterwards his mouth shall be filled with gravel.
18အကြံရှိသောသူသည် သူတပါးနှင့်တိုင်ပင် လျှင်၊ အကြံ ထမြောက် တတ်၏။ ကောင်း သော တိုင်ပင်ခြင်း ရှိမှ သာ စစ်မှု ကို ပြု ရမည်။
18Every purpose is established by counsel; and with good advice carry on war.
19လည် ၍စကားများသောသူသည် လျှို့ဝှက် အပ် သောအရာကို ဘော်ပြ တတ်၏။ သို့ဖြစ်၍ ချော့မော့ တတ် သောသူနှင့် မ ပေါင်းဘော် နှင့်။
19He that goeth about as a talebearer revealeth secrets; therefore meddle not with him that openeth wide his lips.
20အကြင်သူသည် မိဘ ကို ကျိန်ဆဲ ၏။ ထိုသူ ၏ မီးခွက် သည် ထူထပ် သော မှောင်မိုက် ၌ သေ လိမ့်မည်။
20Whoso curseth his father or his mother, his lamp shall be put out in the blackest darkness.
21အမွေ ဥစ္စာကို အစအဦး ၌ အလျင် ရနိုင်သော်လည်း ၊ အဆုံး ၌ အမင်္ဂလာ ဖြစ်လိမ့်မည်။
21An estate may be gotten hastily at the beginning; but the end thereof shall not be blessed.
22ငါသည်ရန်တုံ့ ပြုမည်ဟု မ ဆို နှင့်၊ ထာဝရဘုရား ကို ငံ့လင့် လော့။ သို့ပြုလျှင် ကယ်တင် တော်မူလိမ့်မည်။
22Say not thou: 'I will requite evil'; wait for the LORD, and He will save thee.
23အလေး ချင်းမတူသော အလေးတို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ စဉ်းလဲ သောချိန်ခွင် လည်း အပြစ် ရှိ၏။
23Divers weights are an abomination to the LORD; and a false balance is not good.
24လူ သွား ရာလမ်းတို့ကို ထာဝရဘုရား စီရင်တော်မူ ၏။ သို့ဖြစ်၍ ၊ သူ သည် မိမိ သွားရာလမ်း တို့ကို အဘယ် သို့ နားလည် နိုင်သနည်း။
24A man's goings are of the LORD; how then can man look to his way?
25ဘုရား အမှု၌စကားလွန်မိ သောသူ၊ သစ္စာ ဂတိထားပြီးမှ မေးမြန်း သောသူ သည် ကျော့ကွင်း နှင့် တွေ့မိပြီ။
25It is a snare to a man rashly to say: 'Holy', and after vows to make inquiry.
26ပညာ ရှိသော ရှင် ဘုရင်သည် လူဆိုး တို့ကို ကွဲပြား စေ၍ ၊ ဘီး နှင့် ဖိ တတ်၏။
26A wise king sifteth the wicked, and turneth the wheel over them.
27လူ ၏စိတ် ဝိညာဉ်သည် ကိုယ် အတွင်း၌ ရှိရှိ သမျှတို့ကို စစ်ဆေး သော ထာဝရဘုရား ၏ မီးခွက် ဖြစ်၏။
27The spirit of man is the lamp of the LORD, searching all the inward parts.
28ကရုဏာ တရားနှင့် သစ္စာ တရားသည် ရှင် ဘုရင်ကို စောင့်မ တတ်၏။ ရာဇ ပလ္လင်တော်သည် ကရုဏာ တရားအားဖြင့် မြဲမြံ တတ်၏။
28Mercy and truth preserve the king; and his throne is upheld by mercy.
29လူပျို ၏ဘုန်း ကား အစွမ်း သတ္တိ၊ လူအို ၏ ဂုဏ်အသရေ ကား ဖြူ သော ဆံပင်ဖြစ်၏။
29The glory of young men is their strength; and the beauty of old men is the hoary head.
30အနာ ကိုမွှေနှောက် ခြင်းအားဖြင့်အဆိုး အညစ် နှင့် ကင်းစင် တတ်၏။ ဒဏ်ချက် ရာတို့သည်လည်း ၊ ကိုယ် အတွင်းအရပ်တို့၌ ထိုသို့သော ကျေးဇူးကို ပြုတတ်၏။
30Sharp wounds cleanse away evil; so do stripes that reach the inward parts.
Tip: use the ← and → keys to turn chapters.