ရှင်မာကု 1
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Daničić–Karadžić Bible (1868), Cyrillic
1ဘုရားသခင် သား တော် ယေရှု ခရစ် ၏ ဧဝံဂေလိ တရား၏ အစ ကို ဆိုပေအံ့။
1Почетак јеванђеља Исуса Христа Сина Божјег.
2အနာဂတ္တိ ကျမ်းစာ၌ လာ သည်ကား၊ ကြည့်ရှု လော့။ သင် သွားရာလမ်း ကို ပြင် ရသောငါ ၏တမန် ကို သင့် ရှေ့ ၌ ငါစေလွှတ် ၏။
2Као што стоји у пророку: Ево ја шаљем анђела свог пред лицем Твојим, који ће приправити пут Твој пред Тобом.
3တော ၌ ဟစ်ကြော် သောသူ၏အသံ မှာ၊ ထာဝရ ဘုရားကြွတော်မူရာလမ်း ကို ပြင် ကြလော့။ လမ်း ခရီးတော်ကို ဖြောင့် စေ ကြလော့ဟု လာသည်နှင့်အညီ၊
3Глас је оног што виче у пустињи: Приправите пут Господњи, поравните стазе Његове.
4ယောဟန် သည် တော ၌ ဗတ္တိဇံ ကိုပေးလျက်၊ အပြစ် လွှတ် ခြင်းအဘို့ အလိုငှာနောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟော လျက် ပေါ်ထွန်း ၏။
4Појави се Јован крстећи у пустињи, и проповедајући крштење покајања за опроштење греха.
5ယေရုရှလင် မြို့သားများမှစ၍ ယုဒ ပြည်သူ ပြည်သားအပေါင်း တို့သည် ယောဟန် ထံသို့ ထွက်သွား ၍ မိမိ တို့ အပြစ် များကိုဖော်ပြ လျက် ယော်ဒန် မြစ် ၌ ဗတ္တိဇံ ကိုခံကြ၏။
5И излажаше к њему сва јудејска земља и Јерусалимљани; и крштаваше их све у Јордану реци, и исповедаху грехе своје.
6ယောဟန် သည် ကုလားအုပ် အမွေး နှင့် ရက်သောအဝတ်ကိုဝတ် လျက်၊ ခါး ၌ သားရေ ခါးပန်း ကို စည်း လျက်၊ ကျိုင်းကောင် နှင့် တော ၌ဖြစ်သောပျားရည် ကို စား လျက် နေ၏။
6А Јован беше обучен у камиљу длаку, и имаше појас кожан око себе; и јеђаше скакавце и мед дивљи.
7ဟော ချက်စကား ဟူမူကား ၊ ငါ့ ထက် တတ်စွမ်း နိုင်သောသူ သည် ငါ့ နောက် ကြွလာ ၏။ ထိုသူ ၏ ခြေနင်း တော်ကြိုး ကိုမျှ ငုံ့ ၍ဖြည် ခြင်းငှာငါမထိုက် ။
7И проповедаше говорећи: Иде за мном јачи од мене, пред ким ја нисам достојан сагнути се и одрешити ремен на обући Његовој.
8ငါ သည် သင် တို့အား ရေ ၌ဗတ္တိဇံ ကိုပေး၏။ ထိုသူ သည် သန့်ရှင်း သောဝိညာဉ် တော်၌ သင် တို့ကိုဗတ္တိဇံ ပေးမည်ဟု ဟောသတည်း။
8Ја вас крштавам водом, а Он ће вас крстити Духом Светим.
9ထိုအခါ ယေရှု သည် ဂါလိလဲ ပြည်နာဇရက် မြို့မှ ကြွလာ ၍ ယောဟန် လက်ဖြင့် ယော်ဒန် မြစ်၌ ဗတ္တိဇံကို ခံ တော်မူ၏။
9И у то време дође Исус из Назарета галилејског, и крсти Га Јован у Јордану,
10ရေ မှ ပေါ် ထစဉ်တွင်ကောင်းကင် ကွဲ ၍ ဝိညာဉ် တော်သည်ချိုးငှက် ကဲ့သို့ ကိုယ်တော် အပေါ် ၌ဆင်းသက် တော်မူသည်ကို မြင် ရ၍၊
10и одмах излазећи из воде виде небо где се отвори, и Дух као голуб сиђе на Њега.
11သင် ကား ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ဟု ကောင်းကင် က အသံ တော်ဖြစ် လေ၏။
11И глас дође с неба: Ти си Син мој љубазни који је по мојој вољи.
12ထိုခဏခြင်း တွင် ဝိညာဉ် တော်သည် ယေရှု ကိုတော သို့ သွား စေတော်မူ၏။
12И одмах Дух изведе Га у пустињу.
13အရက် လေးဆယ် ပတ်လုံးထိုတော ၌ နေ ၍ စာတန် ၏စုံစမ်း သွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲ တို့နှင့်အတူ ရှိ တော်မူ၏။ ကောင်းကင်တမန် တို့သည်လည်း လုပ်ကျွေး ကြ၏။
13И би онде у пустињи дана четрдесет, и куша Га сотона, и би са зверињем, и анђели служаху Му.
14ယောဟန် သည် ထောင် ထဲသို့ရောက်သည်နောက် ၊ ယေရှု သည် ဂါလိလဲ ပြည်သို့ ကြွ တော်မူလျှင် ၊
14А пошто предадоше Јована, дође Исус у Галилеју проповедајући јеванђеље о царству Божјем
15အချိန် ပြည့်စုံ ပြီ၊ ဘုရားသခင် ၏နိုင်ငံ တော်သည် တည်လုနီး ပြီ၊ နောင်တရ ကြလော့။ ဧဝံဂေလိ တရား ကို ယုံကြည် ကြလော့ဟူသော ဘုရားသခင် ၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကိုဟော တော်မူ၏။
15и говорећи: Изађе време и приближи се царство Божје; покајте се и верујте јеванђеље.
16ဂါလိလဲ အိုင် နား မှာ ကြွ တော်မူစဉ်၊ ရှိမုန် နှင့် အန္ဒြေ ညီအစ်ကို နှစ်ယောက်သည် တံငါ ဖြစ် ၍ ၊ အိုင် တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင် တော်မူလျှင် ၊
16И ходећи покрај мора виде Симона и Андрију, брата његовог, где бацају мреже у море; јер беху рибари.
17ထိုသူ တို့အား ငါ့ နောက် သို့လိုက် ကြလော့။ သင် တို့သည် လူ ကို မျှားသောတံငါ ဖြစ် စေခြင်းငှာငါပြု မည် ဟု အမိန့် တော်ရှိသော် ၊
17И рече им Исус: Хајдете за мном, и учинићу вас ловцима људским.
18ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန် ကိုစွန့်ပစ် ၍ နောက် တော်သို့ လိုက်ကြ၏။
18И одмах оставивши мреже своје пођоше за Њим.
19ထိုမှအနည်းငယ် လွန် ပြန်လျှင် ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် ညီအစ်ကို နှစ်ယောက်တို့သည် လှေ ပေါ်မှာ ပိုက်ကွန် ပြင် နေသည်ကိုမြင် ၍ ချက်ခြင်း ခေါ် တော်မူ၏။
19И отишавши мало оданде угледа Јакова Зеведејевог, и Јована брата његовог како у лађи крпљаху мреже;
20ထိုသူတို့သည်လည်း လှေ ပေါ်မှာ ရှိသောသူငှား တို့နှင့်တကွ အဘ ဇေဗေဒဲ ကိုစွန့်ပစ် ၍ နောက် တော်သို့ လိုက် ကြ၏။
20и одмах позва их; и оставивши оца свог Зеведеја у лађи с најамницима, пођоше за Њим.
21ကပေရနောင် မြို့သို့ သွား ကြလျှင် ၊ ဥပုသ်နေ့ ၌ ကိုယ်တော်သည်ချက်ခြင်း တရားစရပ် သို့ ဝင် ၍ ဆုံးမ ဩဝါဒပေးတော်မူ၏။
21И дођоше у Капернаум; и одмах у суботу ушавши у зборницу учаше.
22ပရိသတ်တို့သည်လည်း ဆုံးမ ဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩ ကြ၏။ အကြောင်းမူကား ၊ ကျမ်းပြု ဆရာနည်းတူ မ ဟုတ်၊ အစိုးရ သောသူနည်းတူ ဆုံးမ ဩဝါဒပေးတော်မူ၏။
22И дивише се науци Његовој; јер их учаше као Онај који власт има, а не као књижевници.
23ထိုသူ တို့၏ တရားစရပ် ၌ ညစ်ညူး သောနတ် စွဲ သောသူ ရှိ ၍ ၊
23И беше у зборници њиховој човек с духом нечистим, и повика
24ဪ နာဇရက် မြို့သားယေရှု ၊ ကိုယ်တော် သည် အကျွန်ုပ် တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ် တို့ကို ဖျက်ဆီး ခြင်းငှာလာ သလော။ ကိုယ်တော် သည် အဘယ်သူ ဖြစ် သည်ကို အကျွန်ုပ်သိ ပါ၏။ ဘုရားသခင် ၏ သန့်ရှင်း တော်မူသောသူ ဖြစ်ပါသည်ဟု ဟစ်ကြော် လေ၏။
24говорећи: Прођи се, шта је Теби до нас, Исусе Назарећанине? Дошао си да нас погубиш? Знам Те ко си, Светац Божји.
25ယေရှု ကလည်း တိတ်ဆိတ် စွာနေလော့။ ထိုသူ ၏အထဲ ကထွက်သွား လော့” ဟု ဆုံးမ တော်မူလျှင်၊
25И запрети му Исус говорећи: Умукни, и изађи из њега.
26ညစ်ညူး သောနတ် သည် ထိုသူ ကို တောင့်မာ စေပြီးမှ ၊ ကြီး သောအသံ နှင့် အော်ဟစ် ၍ထွက်သွား ၏။
26И стресе га дух нечисти, и повика гласно, и изађе из њега.
27လူအပေါင်း တို့သည် မိန်းမော တွေဝေ၍ ၊ ဤအမှုသည် အဘယ်သို့နည်း။ ဤ ဆုံးမ ခြင်းအသစ် သည် အဘယ်သို့ နည်း။ ညစ်ညူး သောနတ် တို့ကိုပင် အာဏာ နှင့် မှာထား ၍၊ သူတို့သည် နားထောင် ကြသည်တကားဟု အချင်းချင်း မေးမြန်း ပြောဆို ကြ၏။
27И уплашише се сви тако да питаху један другог говорећи: Шта је ово? И каква је ово наука нова, да има власт да духовима нечистим заповеда, и слушају Га?
28သတင်း တော်သည်လည်း ဂါလိလဲ ပြည်အရပ်ရပ် တို့၌ ချက်ချင်း နှံ့ပြား ကျော်စောလေ၏။
28И оде глас о Њему, одмах, по свој околини галилејској.
29တရားစရပ် မှ ထွက် ကြလျှင် ၊ ရှိမုန် ၊ အန္ဒြေ တို့အိမ် သို့ ယာကုပ် ၊ ယောဟန် နှင့်တကွ ချက်ခြင်း သွား ကြ ၏။
29И одмах, изашавши из зборнице, дођоше у дом Симонов и Андријин с Јаковом и Јованом.
30ရှိမုန် ၏ယောက္ခမ သည် ဖျားနာ စွဲ၍ တုံးလုံး နေသည်အကြောင်း ကို အလျင်အမြန် လျှောက် ကြ၏။
30А ташта Симонова лежаше од грознице; и одмах казаше Му за њу.
31ကိုယ်တော်သည်လာ ၍ ထိုမိန်းမ ၏လက် ကိုကိုင် လျက် ချီကြွ တော်မူသည် ခဏခြင်းတွင် သူသည် အဖျား ပျောက် ၍ ဧည့်သည် ဝတ်ကို ပြုလေ၏။
31И приступивши подиже је узевши је за руку и пусти је грозница одмах, и служаше им.
32နေ ဝင် ၍ ည အချိန်ရောက် လျှင် ၊ မကျန်းမမာ သောသူ နှင့် နတ်ဆိုးစွဲ သောသူ ရှိသမျှ တို့ကို အထံ တော်သို့ ဆောင်ခဲ့ ၍ ၊
32А кад би пред вече, пошто сунце зађе, доношаху к Њему све болеснике и бесне.
33တစ်မြို့လုံး သည် တံခါး နား မှာစုဝေး လျက်ရှိ ကြ၏။
33И сав град беше се сабрао к вратима.
34အထူးထူးအပြားပြား သော အနာ စွဲ သောသူများ တို့ကို သက်သာ စေတော်မူ၏။ နတ်ဆိုး များ တို့ကိုလည်း နှင်ထုတ် တော်မူ၏။ နတ်ဆိုး တို့သည် ကိုယ်တော် ကိုသိ ကြသောကြောင့် ၊ စကားတစ်ခွန်းကိုမျှ ပြော စေခြင်းငှာအခွင့် ပေးတော်မ မူ၏။
34И исцели многе болеснике од различних болести, и ђаволе многе истера, и не даде ђаволима да казују да Га познају.
35နံနက် အချိန်၊ မိုဃ်းမလင်းမှီ ကိုယ်တော်သည် ထ ပြီးလျှင် တော အရပ် သို့ ထွက်ကြွ ၍ ဆုတောင်း တော်မူ၏။
35А ујутру, врло рано уставши, изађе и оде насамо, и онде се мољаше Богу.
36ရှိမုန် နှင့် သူ ၏အပေါင်းအဖော် တို့သည် လိုက် ၍ ရှာကြသော်၊
36И за Њим потрчаше Симон и који беху с њим.
37ကိုယ်တော် ကိုတွေ့ လျှင် လူအပေါင်း တို့သည် ကိုယ်တော် ကို ရှာ ကြပါသည်ဟုလျှောက်ဆို ၏။
37И нашавши Га рекоше Му: Траже Те сви.
38ကိုယ်တော်ကလည်း “ငါသည် နီးစပ် သောမြို့ ရွာတို့၌ တရား ဟောခြင်းငှာ သွား ကြကုန်အံ့။ ထိုသို့ အလို့ငှာ ငါကြွလာ ပြီ” ဟုမိန့်တော်မူ ၍ ၊
38И рече им: Хајдемо у оближња села и градове да и тамо проповедим: јер сам ја на то дошао.
39ဂါလိလဲ ပြည်အရပ်ရပ် တရားစရပ် တို့၌ တရား ဟောလျက် နတ်ဆိုး တို့ကို နှင်ထုတ် လျက်နေတော်မူ၏။
39И проповеда по зборницама њиховим по свој Галилеји, и ђаволе изгони.
40နူနာစွဲ သောသူတစ်ယောက်သည် အထံ တော်သို့ လာ ၍ ဒူးထောက် လျက် ၊ ကိုယ်တော်အလိုရှိ လျှင် ကျွန်တော် ကို သန့်ရှင်း စေနိုင် တော်မူသည်ဟု တောင်းပန် လေ၏။
40И дође к Њему губавац молећи Га и на коленима клечећи пред Њим и рече Му: Ако хоћеш, можеш ме очистити.
41ယေရှုသည် သနား သောစိတ်ရှိသဖြင့် လက် တော်ကိုဆန့် ၍ ထိုသူ ကိုတို့ လျှက် ၊ ငါအလိုရှိ ၏။ သန့်ရှင်း ခြင်းသို့ ရောက်စေ” ဟု မိန့် တော်မူ၏။
41А Исус, пошто се смиловао, пружи руку, и дохвативши га се рече му: Хоћу, очисти се.
42ထိုသို့ မိန့်တော်မူသည် ခဏခြင်း တွင် နူနာ ပျောက် ၍ သန့်ရှင်း ခြင်းသို့ရောက်လေ၏။
42И тек што му то рече, а губа оде с њега, и оста чист.
43ယေရှုကလည်း၊ “ သင်သတိပြု ။”
43И запретивши му одмах истера га,
44“အဘယ်သူ အား စကားတစ်ခွန်းကိုမျှမ ပြော နှင့်။ ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ လော့။ သူတစ်ပါး ၌ သက်သေ ဖြစ်စေခြင်းငှာ သန့်ရှင်း ခြင်းသို့ ရောက်သည်အတွက် ၊ မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကို ဆက်လော့ ဟု မြစ်တား ၍ ချက်ခြင်း လွှတ် လိုက်တော်မူ၏။
44и рече му: Гледај да никоме ништа не кажеш, него иди те се покажи свештенику, и принеси за очишћење своје шта је заповедио Мојсије за сведочанство њима.
45ထိုသူ သည်ထွက်သွား ၍ စကား များ သောအားဖြင့်ထို အကြောင်းကို အနှံ့အပြား ကျော်စော၏။ ထို့ကြောင့် ကိုယ်တော် သည် နောက်တစ်ဖန်မြို့ ထဲသို့ ထင်ရှား စွာမဝင် ရ ဘဲ။ မြို့ပြင် တော အရပ် ၌ သာ နေ တော်မူ၍ အရပ်ရပ် တို့မှ အထံ တော်သို့ ရောက်လာ ကြ၏။
45А он изашавши поче много проповедати и казивати шта је било тако да Исус не може јавно у град ући, него беше напољу у пустим местима, и долажаху к Њему са свих страна.
Tip: use the ← and → keys to turn chapters.