ရှင်‌ယောဟန်

Old Testament

Chapter 6

ရှင်‌ယောဟန်

Judson Burmese Bible (18…

Read in

Smith–Van Dyck Arabic Bible (فان دايك)Brezhoneg (Breton Gospels, 1827)Judson Burmese Bible (1840)Chamorro: Gospels, Acts and PsalmsChinese Union Version, punctuated (Simplified)Chinese Union Version, punctuated (Traditional)Coptic New TestamentCoptic New Testament (Bohairic)Kralice Bible (1613)Testamenta Marra (Dieri New Testament)Petrus Canisius Bible, 1939 (De Heilige Schrift)Asang Khongca Bible (Eastern Khumi Chin, 2019)Berean Standard BibleDouay-Rheims Bible, American Edition (1899)King James Version with ApocryphaWorld English BibleLondona Biblio (Esperanto, 1910)Louis Segond 1910Lutherbibel 1912Greek New Testament, word by word (STEPBible TAGNT)Greek New Testament: 1904 Patriarchal Text (Byzantine)Greek New Testament: Byzantine Text (Robinson–Pierpont 2018)Greek New Testament: Textus ReceptusSBL Greek New TestamentBaibala Hemolele (Hawaiian Bible, 1868 revision)Modern Hebrew BibleDiodati Bibbia 1885Freedom Bible (フリーダム・バイブル)Korean Bible, 1910 (한국어 성경)Bible Mutal (Kosraean)Clementine Vulgate, 1598Baibal Olcim (Matupi Chin)Meriam Mir GospelsOld Persian Version (ترجمه قدیم)Kadede Kap (Pohnpeian New Testament and Psalms)Bíblia Portuguesa Mundial (Brazilian Portuguese)Cornilescu Bible (1924), Cyrillic scriptSynodal Translation (Синодальный перевод)Daničić–Karadžić Bible (1868), CyrillicReina-Valera 1909Biblia Takatifu (Swahili): New Testament portionsFreedom Bible (Thai)Tongan Bible, Revised West VersionKulish and Puluj Bible (1905)Vietnamese Bible (1923 translation)
Compare

Compare with

Smith–Van Dyck Arabic Bible (فان دايك)Brezhoneg (Breton Gospels, 1827)Chamorro: Gospels, Acts and PsalmsChinese Union Version, punctuated (Simplified)Chinese Union Version, punctuated (Traditional)Coptic New TestamentCoptic New Testament (Bohairic)Kralice Bible (1613)Testamenta Marra (Dieri New Testament)Petrus Canisius Bible, 1939 (De Heilige Schrift)Asang Khongca Bible (Eastern Khumi Chin, 2019)Berean Standard BibleDouay-Rheims Bible, American Edition (1899)King James Version with ApocryphaWorld English BibleLondona Biblio (Esperanto, 1910)Louis Segond 1910Lutherbibel 1912Greek New Testament, word by word (STEPBible TAGNT)Greek New Testament: 1904 Patriarchal Text (Byzantine)Greek New Testament: Byzantine Text (Robinson–Pierpont 2018)Greek New Testament: Textus ReceptusSBL Greek New TestamentBaibala Hemolele (Hawaiian Bible, 1868 revision)Modern Hebrew BibleDiodati Bibbia 1885Freedom Bible (フリーダム・バイブル)Korean Bible, 1910 (한국어 성경)Bible Mutal (Kosraean)Clementine Vulgate, 1598Baibal Olcim (Matupi Chin)Meriam Mir GospelsOld Persian Version (ترجمه قدیم)Kadede Kap (Pohnpeian New Testament and Psalms)Bíblia Portuguesa Mundial (Brazilian Portuguese)Cornilescu Bible (1924), Cyrillic scriptSynodal Translation (Синодальный перевод)Daničić–Karadžić Bible (1868), CyrillicReina-Valera 1909Biblia Takatifu (Swahili): New Testament portionsFreedom Bible (Thai)Tongan Bible, Revised West VersionKulish and Puluj Bible (1905)Vietnamese Bible (1923 translation)
Aa
Text size
Line width
Verse numbers

ရှင်‌ယောဟန် 6

1ထို နောက်မှ ယေရှု သည် တိဗေရိ အိုင် တည်းဟူသောဂါလိလဲ အိုင်ကို ကူး တော်မူ၏။

2အနာ ရောဂါစွဲသောသူ တို့၌ ပြ တော်မူသောနိမိတ် လက္ခဏာတို့ကို လူ အစုအဝေးအပေါင်း တို့သည် မြင် ကြသဖြင့် နောက်တော်သို့ လိုက် ကြ၏။

3ယေရှု သည်တောင် ပေါ်သို့ တက်ကြွ ၍ တပည့် တော်တို့နှင့်အတူ ထိုင် တော်မူ၏။

4ထိုအခါ ယုဒ လူတို့၏ပသခါ ပွဲ ခံချိန် ရောက်လုနီး သတည်း ။

5ယေရှု သည် မျှော်ကြည့် ၍ လူ အစုအဝေးအပေါင်း တို့သည် အထံ တော်သို့ လာ ကြသည်ကို မြင် တော်မူလျှင် ဖိလိပ္ပု အား ၊ ဤသူ တို့စားစရာ မုန့် ကို အဘယ်မှာ ဝယ် မည်နည်း ဟုမေး တော်မူ၏။

6ထိုသို့ မေးတော်မူသော်၊ မိမိ အဘယ်သို့ ပြု မည်ကိုသိ တော်မူလျက်ပင်ဖိလိပ္ပု ကိုစုံစမ်း ခြင်းငှာသာ မေး တော်မူ၏။

7ဖိလိပ္ပု ကလည်း၊ ဤသူတို့သည် မုန့်တ ဖဲ့စီစေ့ အောင် ဒေနာရိ အပြားနှစ်ရာ အဘိုးထိုက်သောမုန့် မ လောက် ပါဟုလျှောက် ၏။

8ရှိမုန် ပေတရု ၏ညီ အန္ဒြေ အမည်ရှိသော တပည့် တော်က၊

9မုယော မုန့် ငါး လုံးနှင့် ငါး ကလေးနှစ် ကောင်ပါ သော သူငယ် တစ်ယောက်ရှိ ပါ၏။ သို့သော်လည်း ဤမျှလောက် များစွာသောသူတို့သည်ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ် ပြောစရာ ရှိ ပါသနည်း ဟုလျှောက်၏။

10ယေရှု ကလည်း၊ လူ များတို့ကိုလျောင်း ကြစေ ဟု မိန့် တော်မူ၏။ ထိုအရပ် ၌ မြက်ပင် ထူပြော လျက်ရှိ သည် ဖြစ်၍၊ အရေအတွက် အားဖြင့်ငါးထောင် မျှလောက် သော လူ တို့သည် လျောင်း ကြ၏။

11ယေရှု သည်မုန့် ကိုယူ ၍ ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှ တော်မူ၍၊ တပည့် တော်တို့သည် လျောင်း သောသူ တို့အားဝေငှပြန်၏။ ထိုနည်းတူ ငါး နှစ်ကောင်ကိုလူများလိုချင် သမျှ ဝေငှကြ၏။

12ထိုသူ တို့သည်ဝ ကြပြီးမှကိုယ်တော်က၊ ဘာ မျှ မ ပျောက် စေခြင်းငှာကြွင်းကျန် သောအကျိုးအပဲ့ တို့ကို ကောက်သိမ်း ကြလော့ ဟု တပည့် တော်တို့အား မိန့် တော်မူသည်ဖြစ်၍၊

13စား သောသူ တို့၌ ကျန်ကြွင်း သော မုယော မုန့် ငါး လုံး၏ အကျိုးအပဲ့ တို့ကို ကောက်သိမ်း ၍ တစ်ဆယ့်နှစ် တောင်း အပြည့် ရကြ၏။

14ထိုသို့ယေရှုပြ တော်မူသောနိမိတ် လက္ခဏာကို ထိုလူများတို့သည်မြင် လျှင်၊ ဤသူ ကား ဤလောက သို့ ကြွလာ ရသော ပရောဖက် အမှန် ဖြစ် သည်ဟု ဆို ကြ၏။

15ထိုသူတို့သည် ကိုယ်တော် ကို ရှင်ဘုရင် အရာ၌ ချီးမြှောက် ခြင်းငှာ လာ ၍ အနိုင် အထက်ပြုကြမည် အကြောင်း ကို ယေရှု သည်သိ တော်မူလျှင်၊ တောင် ပေါ်သို့ တစ်ယောက်တည်း ကြွ တော်မူပြန် ၏။

16ည အချိန်ရောက် သောအခါ တပည့် တော်တို့သည် အိုင် သို့ သွား ၍ လှေ ထဲသို့ ဝင်ရောက် ပြီးလျှင် ၊ ကပေရနောင် မြို့သို့ ရောက်အံ့သောငှာအိုင် ကိုကူး ကြ၏။

17ထိုအခါ မှောင်မိုက် ဖြစ်၍ယေရှု သည် သူ တို့ ရှိရာသို့မ ရောက် သေး။

18လေ ပြင်း မုန်တိုင်းလာ ၍ လှိုင်းတံပိုးထ လေ၏။

19ခရီးတစ်တိုင် ခွဲနှစ်တိုင်လောက် တက်ခတ် ၍ရောက်သောအခါ၊ ယေရှု အိုင် ပေါ်မှာ စက်တော်ဖြန့် ၍ လှေ အနီး သို့ချဉ်း တော်မူသည်ကို သူတို့သည်မြင် ၍ ကြောက်လန့် ခြင်းရှိကြ၏။

20ကိုယ်တော် ကလည်း ၊ ငါ ပင်ဖြစ် သည်၊ မ ကြောက်လန့် ကြနှင့် ဟု မိန့် တော်မူလျှင်၊ လှေ ထဲသို့ ကိုယ်တော် တိုင် ဝမ်းမြောက် စွာခံယူ ကြ၏။

21လှေ သည်လည်းရောက် လိုသောရပ် သို့ တခဏခြင်း တွင် ဆိုက် လေ၏။

22အိုင် တစ်ဘက် ၌နေ သော လူ အစုအဝေးတို့သည်ကား၊

23အထက်ကသခင် ဘုရားသည် ကျေးဇူး တော်ကိုချီးမွမ်းပြီးမှလူများသည်မုန့် ကိုစား ကြရာ အရပ် နှင့်အနီး တိဗေရိ မြို့မှ အခြား သောလှေ ငယ်များလာ သော်လည်း ၊ မနေ့၌တပည့်တော်တို့ဝင်သောလှေ မှတစ်ပါး အဘယ်လှေမျှ မရှိ သည် ကို၎င်း ၊ ယေရှု သည်ထို လှေ ထဲသို့ တပည့် တော်တို့နှင့်အတူ ဝင်တော်မ မူဘဲလျက်၊ တပည့် တော်တို့သာ သွား သည် ကို၎င်း၊ မြင် ကြ၍

24ထို အရပ်၌ ယေရှု မှစသောတပည့် တော်တို့မ ရှိသည်ကိုသိ ကြသဖြင့်၊ နက်ဖြန် နေ့၌ လှေ စီး ၍ ယေရှု ကို ရှာ ခြင်းငှာကပေရနောင် မြို့သို့ သွား ကြ၏။

25အိုင် တစ်ဘက် ၌တွေ့ လျှင်၊ အရှင် ဘုရား၊ အဘယ် သောအခါဤအရပ် သို့ ကြွလာ တော်မူသနည်းဟု မေးလျှောက် ကြ၏။

26ယေရှု ကလည်း ၊ ငါအမှန်အကန် ဆို သည်ကား၊ သင်တို့သည်နိမိတ် လက္ခဏာတို့ကို မြင် သောကြောင့် ငါ့ ကိုရှာ သည်မ ဟုတ်။

27မုန့် ကို စား ၍ ဝ သောကြောင့် သာ ရှာကြ၏။ ပျက်စီး တတ်သောအစာ ကိုရခြင်းငှာမ ကြိုးစား ကြနှင့်။ လူသားသည် သင်တို့အား ပေး၍ ထာဝရ အသက် နှင့်အမျှတည် တတ်သောအစာ ကိုရခြင်းငှာကြိုးစားကြလော့။ ထိုသား သည် ခမည်းတော် ဘုရား ၏တံဆိပ် ခတ်ခြင်းကို ခံ သောသူ ဖြစ်သည် ဟု မိန့် တော်မူ၏။

28ထိုသူ တို့ကလည်း ဘုရားသခင် ၏ အလိုတော်နှင့်ညီသော အကျင့် ကိုကျင့် ခြင်းငှာ အဘယ်သို့ ပြု ရ ပါမည်နည်းဟု မေးလျှောက် ကြ၏။

29ယေရှု ကလည်း ၊ ဘုရားသခင် စေလွှတ် တော်မူသောသူ ကို ယုံကြည် ခြင်းအကျင့် ကား၊ အလိုတော်နှင့် ညီသော အကျင့်တည်း ဟု မိန့် တော်မူ၏။

30ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်မျက်စိနှင့်မြင် ၍ ကိုယ်တော် ကိုယုံကြည် မည်အကြောင်း အဘယ် နိမိတ် လက္ခဏာကို ပြ တော်မူသနည်း။ အဘယ် အမှုကို ပြု တော်မူသနည်း။

31ကျမ်းစာ၌လာ သည်ကား၊ ထိုသူ တို့ စားစရာ ဘို့ကောင်းကင် မှ မုန့် ကို ပေး တော်မူသည်ဟု လာသည်နှင့်အညီ၊ ငါ တို့ဘိုးဘေး များသည်တော ၌ မန္န ကိုစား ကြသည်ဟု လျှောက် ကြ၏။

32ယေရှု ကလည်း၊ ငါအမှန်အကန် ဆို သည်ကား၊ မောရှ သည် ကောင်းကင် မုန့် ကို သင် တို့အားမ ပေး ၊ ခမည်းတော် သည် မှန် သောကောင်းကင် မုန့် ကို သင် တို့အား ပေး တော်မူ၏။

33ဘုရားသခင် ၏မုန့် မူကား ၊ ကောင်းကင် မှ ဆင်းသက် ၍ လောကီသား တို့အားအသက် ကို ပေး သောမုန့် ပေတည်း ဟုမိန့်တော်မူလျှင်၊

34သခင် ၊ ထို မုန့် ကိုအကျွန်ုပ် တို့အား အစဉ်မပြတ် ပေး တော်မူပါဟု လျှောက် ကြ၏။

35ယေရှု ကလည်း၊ ငါ သည်အသက် မုန့် ဖြစ် ၏။ ငါ့ ထံသို့ လာ သောသူ သည်နောက်တဖန်အဆာအမွတ် မ ခံရ။ ငါ့ ကို ယုံကြည် သောသူ သည် နောက်တစ်ဖန် ရေငတ် မ ခံရ။

36သို့သော်လည်း သင် တို့သည် ငါ့ ကိုမြင် လျက် ပင် မ ယုံကြည် ကြဟု ငါဆို ခဲ့ပြီ။

37ခမည်းတော် သည် ငါ့ အား ပေး တော်မူသမျှ သောသူ တို့သည် ငါ ထံသို့ လာ ကြလိမ့်မည်။ ငါ့ ထံသို့ လာ သောသူ ကိုငါသည်အလျင်း မ ပယ် ။

38အကြောင်းမူကား ၊ ငါသည် ကိုယ် အလို သို့လိုက် ခြင်းငှာ ကောင်းကင် မှ ဆင်းသက် သည်မ ဟုတ်။ ငါ့ ကို စေလွှတ် တော်မူသောသူ ၏ အလို တော်သို့လိုက်ခြင်းငှာဆင်းသက်၏။

39ငါ့ ကိုစေလွှတ် တော်မူသောခမည်းတော် ၏ အလို တော်ကား ၊ ငါ့ အားပေး သောသူ တို့တွင် တစ်စုံတစ်ယောက်ကိုမျှ ငါမ ပျောက် စေရဘဲ၊ နောက်ဆုံး သောနေ့ ၌ ထိုသူ အပေါင်း တို့ကို ထမြောက် စေခြင်းငှာ ၎င်း၊

40သား တော်ကို ကြည့် မြင်၍ ယုံကြည် သောသူရှိသမျှ တို့သည် ထာဝရ အသက် ကိုရ စေခြင်းငှာ ၎င်း အလို တော်ရှိ၏။ ငါ သည်လည်း နောက်ဆုံး သောနေ့ ၌ ထိုသူ တို့ကို ထမြောက် စေမည် ဟု မိန့် တော်မူ၏။

41ငါ သည်ကောင်းကင် မှ ဆင်းသက် သောမုန့် ဖြစ် ၏ဟု မိန့် တော်မူသည် ကို ယုဒ လူတို့က၊

42ဤသူ သည် ယောသပ် ၏သား ယေရှု ဖြစ် သည်မ ဟုတ်လော။ သူ ၏မိဘ ကိုငါ တို့သိ သည်မဟုတ်လော။ ငါသည် ကောင်းကင် မှ ဆင်းသက် ၏ဟု သူသည်အဘယ်သို့ ဆို ရသနည်းဟု ကဲ့ရဲ့ ပြစ်တင်လျက် ဆို ကြ၏။

43ယေရှု ကလည်း ၊ ငါ့ကိုအချင်းချင်း ကဲ့ရဲ့ ၍ အပြစ်မ တင်ကြနှင့်။

44ငါ့ ကို စေလွှတ် တော်မူသောခမည်းတော် သည် သွေးဆောင် တော်မ မူလျှင် ၊ အဘယ်သူ မျှ ငါ့ ထံသို့ မလာ နိုင် ။ လာသောသူ ကိုနောက်ဆုံး သောနေ့ ၌ ငါ ထမြောက် စေမည်။

45အနာဂတ္တိ ကျမ်းစာ ၌ လာ သည်ကား၊ ထိုသူအပေါင်း တို့သည် ဘုရားသခင် ဆုံးမ သွန်သင်တော်မူသောသူဖြစ် ကြလိမ့်မည်ဟုလာသည်နှင့်အညီ။ ခမည်းတော် ထံ၌ နားထောင် ၍ နည်းခံ သောသူ မှန်သမျှ တို့သည် ငါ့ ထံသို့ လာ ကြ၏။

46ထိုသို့ငါဆိုသော၊ ဘုရားသခင့် အထံ တော်က ကြွလာသောသူ မှတစ်ပါး တစုံတစ်ယောက် သော သူ သည် ခမည်းတော် ကိုမြင် ခဲ့ပြီဟု မ ဆိုလို။ ကြွလာသောသူဟူမူကား၊ ခမည်းတော် ကို မြင် ခဲ့ပြီ။

47ငါအမှန်အကန် ဆို သည်ကား၊ ငါ့ကို ယုံကြည် သောသူ သည်ထာဝရ အသက် ကိုရ ၏။

48ငါ သည်အသက် မုန့် ဖြစ် ၏။

49သင်တို့ဘိုးဘေး များသည် တော ၌ မန္န ကိုစား လျက် သေ ရကြ၏။

50ကောင်းကင် မှ ဆင်းသက် သောမုန့် ကို စား သောသူ သည်သေ ခြင်းနှင့်ကင်းလွတ် ၏။

51ငါ သည်ကောင်းကင် မှ ဆင်းသက် သောအသက် မုန့် ဖြစ်၏။ ဤ မုန့် ကို စား သောသူ မည်သည်ကား၊ အစဉ်မပြတ် အသက် ရှင်လိမ့်မည်။ ငါ ပေးသောမုန့် ကား၊ လောကီသား တို့၏ အသက် အဘို့ အလိုငှာ စွန့် သောငါ ၏ အသား ပေတည်း ဟုမိန့် တော်မူ၏။

52ထိုအခါ ယုဒ လူတို့က၊ ဤသူ သည်မိမိ အသား ကို ငါ တို့စားစရာ ဘို့အဘယ်သို့ ပေး နိုင် သနည်းဟု အချင်းချင်း ငြင်းခုံ ကြ၏။

53ယေရှု ကလည်း၊ ငါအမှန်အကန် ဆို သည်ကား၊ လူသား ၏အသား ကိုမ စား ၊ အသွေး ကိုမသောက် လျှင် သင် တို့၌ အသက် မ ရှိ ။

54ငါ ၏အသား ကိုစား ၍ ငါ ၏အသွေး ကိုလည်း သောက် သောသူ သည်ထာဝရ အသက် ကိုရ ၏။ ထိုသူ ကို နောက်ဆုံး သောနေ့ ၌ ငါ ထမြောက် စေမည်။

55ငါ ၏အသား သည် စားစရာ ကောင်း ၏။ ငါ ၏ အသွေး လည်းသောက် စရာကောင်း ၏။

56ငါ ၏အသား အသွေး ကို သောက် စား သောသူ သည်ငါ ၌ တည် ၏။ ထိုသူ ၌ လည်း ငါ တည်၏။

57အသက်ရှင်တော်မူသောခမည်းတော် သည် ငါ့ ကိုစေလွှတ် တော်မူ၍၊ ငါ သည်ခမည်းတော် အားဖြင့် အသက် ရှင်သည်နည်းတူ ၊ ငါ့ ကိုစား သောသူ သည်ငါ့ အားဖြင့် အသက် ရှင်လိမ့်မည်။

58ဤမုန့် ကား၊ ကောင်းကင် မှ ဆင်းသက် သောမုန့် ဖြစ် ၏။ သင်တို့ ဘိုးဘေး များသည် မန္နကိုစား လျက် သေ ရသကဲ့သို့ မ ဟုတ်။ ဤ မုန့် ကိုစား သောသူ သည် အစဉ်မပြတ် အသက် ရှင်လိမ့်မည် ဟု၊

59ကပေရနောင် မြို့မှာ တရားစရပ် ၌ ဩဝါဒ ပေးစဉ်တွင် မိန့် တော်မူ၏။

60တပည့် တော်အများ တို့သည် ကြား လျှင်၊ ထို စကား သည် အလွန် ခက်လှ၏။ အဘယ်သူ နာခံ နိုင် မည်နည်းဟု ဆို ကြ၏။

61ထိုသို့တပည့် တော်တို့ ကဲ့ရဲ့ ပြစ်တင်သည်ကို ယေရှု သည်အလိုအလျောက် သိ တော်မူလျှင် ၊ ဤ တရား စကားကြောင့် သင် တို့သည် စိတ်ပျက် ကြသလော။

62လူ သား သည်အရင် နေရာ အရပ်သို့တဖန် ကြွတက် သည်ကိုမြင် ရလျှင် အဘယ်သို့ထင်မှတ်ကြမည်နည်း။

63ဝိညာဉ် သာလျှင်အသက် ရှင်စေ၏။ ကိုယ် ကာယသည်အလျှင်း မ တတ်နိုင် ။ ငါ ပြော သောစကား သည် ဝိညာဉ် ဖြစ်၏။ အသက် လည်း ဖြစ်၏။

64သို့သော်လည်း သင် တို့တွင် မ ယုံကြည် သောသူ တချို့ ရှိ ၏။

65ထိုကြောင့် ငါ၏ခမည်းတော် သည် အခွင့်ပေး တော်မ မူလျှင် ၊ အဘယ်သူ မျှငါ ထံသို့ မလာ နိုင် ဟု အထက် ငါဆို ခဲ့ပြီ ဟု မိန့် တော်မူ၏။ ထိုသို့မိန့်တော်မူသည် အကြောင်းဟူမူကား၊ အဘယ်သူ မ ယုံကြည် သည်ကို၎င်း ၊ အဘယ်သူ သည် ကိုယ်တော် ကို အပ်နှံ မည်ကို၎င်း ၊ ယေရှု သည်အစအဦး ၌ သိ တော်မူ၏။

66ထိုအခါမှစ၍ တပည့် တော်များ တို့သည် ကိုယ်တော် နှင့် မ ပေါင်းဖော် ဘဲ ဆုတ် သွား ကြ၏။

67ထိုကြောင့် ယေရှု သည် တကျိပ် နှစ်ပါးသောသူ တို့အား၊ သင် တို့သည်လည်း ထွက်သွား ခြင်းငှာအလိုရှိ ကြသလော ဟုမေး တော်မူလျှင်၊

68ရှိမုန် ပေတရု က၊ သခင် ၊ အကျွန်ုပ်တို့သည် အဘယ်သူ ထံသို့ သွား ရမည်နည်း။ ထာဝရ အသက် နှင့် ယှဉ်သော စကား သည်ကိုယ်တော်၌ တည် ပါ၏။

69ကိုယ်တော် သည် ခရစ်တော်တည်းဟူသောအသက်ရှင်တော်မူသော ဘုရားသခင် ၏သား တော် ဖြစ် တော်မူသည်ကို အကျွန်ုပ် တို့ယုံကြည် သိမှတ် ကြပါသည်ဟုလျှောက် လေ၏။

70ယေရှု ကလည်း၊ တစ်ကျိပ် နှစ်ပါးသောသင် တို့ကို ငါ ရွေးကောက် သည်မ ဟုတ်လော။ သို့သော်လည်း သင် တို့တွင် ရန်သူ တစ် ယောက်ပါ မည် ဟု မိန့် တော်မူ၏။

71ထိုသို့ မိန့် တော်မူသော်၊ တကျိပ် နှစ်ပါးအဝင် ဖြစ်၍ကိုယ်တော် ကိုအပ်နှံ မည်သူ ၊ ရှိမုန် ၏သား ယုဒ ရှကာရုတ် ကိုဆိုလို သတည်း။

Tip: use the ← and → keys to turn chapters.