ရှင်‌ယောဟန်

Old Testament

Chapter 12

ရှင်‌ယောဟန်

Judson Burmese Bible (18…

Read in

Smith–Van Dyck Arabic Bible (فان دايك)Brezhoneg (Breton Gospels, 1827)Judson Burmese Bible (1840)Chamorro: Gospels, Acts and PsalmsChinese Union Version, punctuated (Simplified)Chinese Union Version, punctuated (Traditional)Coptic New TestamentCoptic New Testament (Bohairic)Kralice Bible (1613)Testamenta Marra (Dieri New Testament)Petrus Canisius Bible, 1939 (De Heilige Schrift)Asang Khongca Bible (Eastern Khumi Chin, 2019)Berean Standard BibleDouay-Rheims Bible, American Edition (1899)King James Version with ApocryphaWorld English BibleLondona Biblio (Esperanto, 1910)Louis Segond 1910Lutherbibel 1912Greek New Testament, word by word (STEPBible TAGNT)Greek New Testament: 1904 Patriarchal Text (Byzantine)Greek New Testament: Byzantine Text (Robinson–Pierpont 2018)Greek New Testament: Textus ReceptusSBL Greek New TestamentBaibala Hemolele (Hawaiian Bible, 1868 revision)Modern Hebrew BibleDiodati Bibbia 1885Freedom Bible (フリーダム・バイブル)Korean Bible, 1910 (한국어 성경)Bible Mutal (Kosraean)Clementine Vulgate, 1598Baibal Olcim (Matupi Chin)Meriam Mir GospelsOld Persian Version (ترجمه قدیم)Kadede Kap (Pohnpeian New Testament and Psalms)Bíblia Portuguesa Mundial (Brazilian Portuguese)Cornilescu Bible (1924), Cyrillic scriptSynodal Translation (Синодальный перевод)Daničić–Karadžić Bible (1868), CyrillicReina-Valera 1909Biblia Takatifu (Swahili): New Testament portionsFreedom Bible (Thai)Tongan Bible, Revised West VersionKulish and Puluj Bible (1905)Vietnamese Bible (1923 translation)
Compare

Compare with

Smith–Van Dyck Arabic Bible (فان دايك)Brezhoneg (Breton Gospels, 1827)Chamorro: Gospels, Acts and PsalmsChinese Union Version, punctuated (Simplified)Chinese Union Version, punctuated (Traditional)Coptic New TestamentCoptic New Testament (Bohairic)Kralice Bible (1613)Testamenta Marra (Dieri New Testament)Petrus Canisius Bible, 1939 (De Heilige Schrift)Asang Khongca Bible (Eastern Khumi Chin, 2019)Berean Standard BibleDouay-Rheims Bible, American Edition (1899)King James Version with ApocryphaWorld English BibleLondona Biblio (Esperanto, 1910)Louis Segond 1910Lutherbibel 1912Greek New Testament, word by word (STEPBible TAGNT)Greek New Testament: 1904 Patriarchal Text (Byzantine)Greek New Testament: Byzantine Text (Robinson–Pierpont 2018)Greek New Testament: Textus ReceptusSBL Greek New TestamentBaibala Hemolele (Hawaiian Bible, 1868 revision)Modern Hebrew BibleDiodati Bibbia 1885Freedom Bible (フリーダム・バイブル)Korean Bible, 1910 (한국어 성경)Bible Mutal (Kosraean)Clementine Vulgate, 1598Baibal Olcim (Matupi Chin)Meriam Mir GospelsOld Persian Version (ترجمه قدیم)Kadede Kap (Pohnpeian New Testament and Psalms)Bíblia Portuguesa Mundial (Brazilian Portuguese)Cornilescu Bible (1924), Cyrillic scriptSynodal Translation (Синодальный перевод)Daničić–Karadžić Bible (1868), CyrillicReina-Valera 1909Biblia Takatifu (Swahili): New Testament portionsFreedom Bible (Thai)Tongan Bible, Revised West VersionKulish and Puluj Bible (1905)Vietnamese Bible (1923 translation)
Aa
Text size
Line width
Verse numbers

ရှင်‌ယောဟန် 12

1ပသခါ ပွဲခံချိန်ခြောက် ရက် လိုသောအခါ ၊ အထက်ကသေလွန်၍ သေ ခြင်းမှ ထမြောက် စေတော်မူသော လာဇရု နေရာအရပ် ၊ ဗေသနိ ရွာသို့ ယေရှု သည်ရောက် တော်မူ၏။

2ထိုကြောင့် ထိုသူတို့သည်ပွဲ လုပ် ကြသဖြင့် မာသ သည်လုပ်ကျွေးမှု ကိုဆောင်၍၊ လာဇရု သည် ကိုယ်တော် နှင့်အတူ လျောင်း သောသူ တို့ အဝင် ဖြစ် ၏။

3ထိုအခါ မာရိ သည် အဘိုး များစွာထိုက်သောနာဒု ဆီမွှေး စစ် အကျပ် သုံးဆယ်ကိုယူ ၍၊ ယေရှု ၏ခြေ တော် ကို လိမ်း ပြီးလျှင်မိမိ ဆံပင် နှင့်သုတ် သဖြင့် ၊ ထိုဆီ ၏ အမွှေး သည် တစ်အိမ် လုံးကိုနှံ့ပြား ၏။

4တပည့် တော်တို့ အဝင် ဖြစ်၍ကိုယ်တော် ကိုအပ်နှံ မည့်သူ ၊ ရှိမုန်၏သား ယုဒ ရှကာရုတ် က၊

5ထို ဆီမွှေး ကို ဒေနာရိ အပြားသုံးရာ အဘိုးနှင့်ရောင်း ၍ ဆင်းရဲ သောသူတို့အားအဘယ်ကြောင့် မ ပေး သနည်းဟုဆို ၏။

6ထိုသို့ဆိုသော်၊ ဆင်းရဲ သောသူတို့အကျိုး ကို ထောက် ၍ဆိုသည်မ ဟုတ်။ မိမိ သည် သူခိုး ဖြစ် လျက်၊ တပည့်တော်များသုံးရန်ငွေအိတ် ကိုဆောင် ၍ နှိုက် ယူ တတ်သောကြောင့် သာ ဆို သတည်း။

7ယေရှု သည်လည်း၊ ထိုမိန်းမကိုရှိ စေတော့။ ငါ ၏အလောင်းကိုသင်္ဂြိုဟ် ခြင်းငှာ ပြင်ဆင်သောနေ့ တိုင်အောင် သူ သည်ဤ ဆီမွှေးကို သိုထား ပြီး။

8ဆင်းရဲ သောသူတို့ကား သင် တို့၌ အစဉ် ရှိ ကြ၏။ ငါ မူကား ၊ အစဉ် ရှိ သည်မ ဟုတ် ဟု မိန့် တော်မူ၏။

9ထို အရပ်၌ ယေရှုရှိ တော်မူသည်ကို ယုဒ လူ များအပေါင်း တို့သည်သိ လျှင် ၊ ကိုယ်တော် ကြောင့် သာ လာ သည်မ ဟုတ်။ သေ ခြင်းမှ ထမြောက် စေတော်မူသော လာဇရု ကိုမြင် ခြင်းငှာ လာကြ၏။

10ထိုသို့ ယုဒ လူများ တို့သည် လာဇရု ကိုအကြောင်း ပြုသဖြင့် ထွက်သွား ၍၊

11ယေရှု ကို ယုံကြည် သောကြောင့် ၊ ယဇ်ပုရောဟိတ် အကြီးတို့သည် လာဇရု ကိုလည်း သတ် ခြင်းငှာ တိုင်ပင် စီရင်ကြ၏။

12နက်ဖြန် နေ့၌ ယေရှု သည် ယေရုရှလင် မြို့သို့ ကြွလာတော်မူသည်ကို၊ ထိုပွဲ သို့ လာ သော လူအစုအဝေး အပေါင်း တို့သည် ကြား ရလျှင်၊

13စွန်ပလွံ ခက် များကိုကိုင် လျက်၊ ကိုယ်တော် ကို ခရီးဦးကြိုပြု အံ့သောငှာ ထွက်သွား ကြ၍ ၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရ ဘုရား၏အခွင့် နှင့် ကြွလာ တော်မူသော ဣသရေလ ရှင်ဘုရင် သည် မင်္ဂလာ ရှိစေသတည်းဟု ကြွေးကြော် ကြ၏။

14ကျမ်းစာ၌လာသည်ကား၊

15အိုဇိအုန် သတို့သမီး ၊ မ စိုးရိမ် နှင့်။ သင် ၏အရှင် မင်းကြီးသည် မြည်းကလေး ကိုစီး ၍ သင်ရှိရာသို့ ကြွ တော်မူသည်ကို ကြည့်ရှု လော့ဟု ရေး ထားသည်နှင့်အညီ၊ ယေရှု သည်မြည်းကလေး ကိုတွေ့ ၍ စီး တော်မူ၏။

16ထိုအကြောင်းအရာကိုတပည့် တော်တို့သည် အစဦး ၌နား မ လည်သော်လည်း၊ ကိုယ်တော် ကိုရည်မှတ် ၍ ထိုသို့ ရေး ထားသည်ကို၎င်း ၊ ကိုယ်တော် အား ထိုသို့ ပြု ကြသည်ကို၎င်း၊ ဘုန်းပွင့် တော်မူသည်နောက် သတိရ ၍ မှတ်မိကြ၏။

17နောက်တော်သို့လိုက်သော လူ အစုအဝေးတို့သည်ကား၊ လာဇရု ကိုသင်္ချိုင်း တွင်းမှ ခေါ် ၍ သေ ခြင်းမှ ထမြောက် စေတော်မူသည်အကြောင်းကို သက်သေခံ ကြ၏။

18ထို နိမိတ် လက္ခဏာကိုပြ တော်မူသည်ဟု လူ များတို့သည်သိတင်းကြား သောကြောင့် ၊ ခရီးဦးကြိုပြု အံ့သောငှာထွက်သွားကြ၏။

19ဖာရိရှဲ အချင်းချင်း တို့လည်း၊ သင်တို့သည်အလျှင်း မ တတ်နိုင် ။ ဤလောက သည် ထိုသူ နောက် သို့ လိုက် သွား ပါပြီတကားဟု ပြောဆို ကြ၏။

20ကိုးကွယ် ခြင်းအမှုနှင့် ထို ပွဲ သို့ ရောက်လာ သောသူ တို့တွင် ဟေလသ လူအချို့ ပါ ၏။

21ထိုသူ တို့သည် ဂါလိလဲ ပြည်ဗက်ဇဲဒ မြို့သားဖြစ်သော ဖိလိပ္ပု ထံသို့သွား ၍ အကျွန်ုပ် တို့သည် ယေရှု ကို မြင် ချင်ပါသည်၊ ခင်ဗျား ဟု တောင်းပန် ကြ၏။

22ဖိလိပ္ပု သည်သွား ၍ အန္ဒြေ ကို ကြားပြော ပြီးမှ၊ ထို သူနှစ်ယောက်တို့သည် ယေရှု ကိုလျှောက် ၏။

23ယေရှု ကလည်း၊ လူ သား သည် ဘုန်းပွင့် ရသောအချိန် ရောက် ပြီ။

24ငါအမှန်အကန် ဆို သည်ကား၊ မြေ ၌ ကျ သောစပါး စေ့ သည် မ ပျက် လျှင် တစ်ခု တည်းနေ ၏။ ပျက် လျှင် မူကား များစွာ သောအသီး ကို သီး တတ်၏။

25မိမိ အသက် ကို နှမြော သောသူ သည် အသက် ဆုံး လိမ့်မည်။ ဤ လောက ၌ မိမိ အသက် ကိုမုန်း သော သူ မူကား၊ ထာဝရ အသက် ကို စောင့်ရှောက် လျက်နေ၏။

26ငါ ၏အမှု ကို ဆောင်ရွက်သောသူ ဖြစ်လျှင်ငါ့ နောက်သို့လိုက် ရမည်။ ငါ ၏အမှုဆောင် သည်လည်း ငါ ရှိ ရာအရပ် ၌ ရှိ ရလိမ့်မည်။ ငါ ၏အမှုကိုဆောင်ရွက် သောသူ ဖြစ်လျှင် ထိုသူ ကိုခမည်းတော် သည် ချီးမြောက် တော်မူလတံ့။

27ငါ သည် ယခု စိတ် နှလုံးပူပန် ခြင်းရှိ၏။ အဘယ်သို့ ငါလျှောက် ရမည်နည်း။ ထို အချိန် မှစ၍ အကျွန်ုပ် ကို ကယ်တင် တော်မူပါ၊ အဘ ဟုလျှောက်ရမည်လော။ အကြောင်းရှိ၍သာ ထို အချိန် သို့ ရောက်လာ ပြီ။

28အိုအဘ ၊ ကိုယ်တော် ၏နာမ တော်ကို ချီးမြှောက် တော်မူပါ ဟု မိန့်မြွတ် တော်မူ၏။ ထိုအခါကောင်းကင် မှ စကား သံကား၊ ငါချီးမြှောက် ခဲ့ပြီ၊ တဖန် ချီးမြှောက် ဦး မည်ဟုလာ ၏။

29ဝန်းရံ လျက်ရှိသောလူ အစုအဝေးတို့သည်ကြား လျှင် မိုဃ်းချုန်း သည်ဟုဆို ကြ၏။ အချို့ ကလည်းကိုယ်တော် အား ကောင်းကင်တမန် မြွက် သည်ဟု ဆို ကြ၏။

30ယေရှု က၊ ထို စကား သံသည် ငါ အဘို့ အလိုငှာလာသည်မ ဟုတ်၊ သင် တို့အဘို့ အလို့ငှာလာ ၏။

31ယခု တွင်ဤ လောက သည်တရား စီရင်ခြင်းကိုခံရ ၏။ ယခု တွင် ဤ လောက ကို အစိုးရ သောမင်းသည် ပြင် သို့ နှင်ထုတ် ခြင်းကိုခံရလိမ့်မည်။

32ငါ သည်လည်းမြေကြီး နှင့်ခွာ၍ မြှောက် ထားခြင်းကို ခံရလျှင် ။ လူအပေါင်း တို့ကို ငါ့ ထံသို့ ငါဆွဲ မည် ဟု မိန့် တော်မူ၏။

33ထိုသို့ မိန့် တော်မူသော်၊ မိမိ သည်အဘယ်သို့ သေ ရမည်အရိပ် ကို ပေးတော်မူ၏။

34လူ များတို့ကလည်း၊ ခရစ်တော် သည် အစဉ်အမြဲ တည် သည်ဟု ပညတ္တိ ကျမ်း၌ လာကြောင်း ကို အကျွန်ုပ် တို့ ကြားသိ ရပြီ။ သို့ဖြစ်လျှင် လူ သား သည်မြှောက် ထားခြင်းကိုခံရမည်ဟု သင် သည် အဘယ်သို့ ဆို သနည်း။ ထို လူ သား သည် အဘယ်သို့ သောသူနည်းဟု ဆို ကြ၏။

35ယေရှု ကလည်း၊ အလင်း သည် သင် တို့တွင်ခဏ သာရှိ ၏။ အလင်း ရှိ စဉ်အခါ သွားလာ ကြလော့။ သို့မဟုတ် လျှင် မှောင်မိုက် သည် သင် တို့မှီ လိမ့်မည်။ မှောင်မိုက် ၌ သွား သောသူ သည် အဘယ် ဆီသို့မိမိသွား သည်ကိုမိမိမ သိ ။

36အလင်း ရှိ စဉ်အခါအလင်း ၏ သား ဖြစ် အံ့သောငှာ အလင်း ကိုယုံကြည် ကြလော့ ဟု မိန့် တော်မူ၏။ ထိုသို့ မိန့် တော်မူပြီးမှယေရှု သည်ထွက်ကြွ ၍ ထိုသူ တို့ကို တိမ်းရှောင် လျက်နေတော်မူ၏။37

37ထိုမျှလောက်ကြီးစွာ သော နိမိတ် လက္ခဏာတို့ကို သူ တို့မျက်မှောက် ၌ ပြ တော်မူသော်လည်း သူတို့သည် ယုံကြည် ခြင်းသို့ မ ရောက်ကြ။

38ပရောဖက် ဟေရှာယ ဟော ဘူးသည်ကား၊ အိုထာဝရ ဘုရား၊ အကျွန်ုပ် တို့ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံ ပါသနည်း။ ထာဝရ ဘုရား၏ လက် တော်သည်အဘယ်သူ အား ထင်ရှား တော်မူသနည်း ဟူသောစကား သည် ပြည့်စုံ ခြင်းသို့ရောက်သတည်း။

39တစ်ဖန် ပရောဖက်ဟေရှာယ ဟော ပြန်သည်ကား၊

40သူတို့မျက်စိ မ မြင် ၊ စိတ် နှလုံးနား မလည်၊ အကျင့်မပြောင်းလဲ ၊ သူ တို့အနာ ရောဂါကို ငါမငြိမ်းစေသည် တိုင်အောင်သူ တို့မျက်စိ ကိုကွယ် စေတော်မူ၏။ သူ တို့ စိတ်နှလုံး ကိုမိုက် စေတော်မူ၏ဟူသောစကားကြောင့် ထိုသူတို့သည်ယုံကြည် ခြင်းသို့ မ ရောက်နိုင် ကြ။

41ဟေရှာယ သည် ဘုန်း အာနုဘော်တော်ကိုမြင် ၍ ဗျာဒိတ်တော်ကိုပြန် စဉ်တွင် ထိုစကား ကို ဟောပြော သတည်း။

42သို့သော်လည်း အရာရှိ အများ တို့သည် ကိုယ်တော် ကိုယုံကြည် ကြ၏။ တရားစရပ် မှဖာရိရှဲ တို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှား စွာဝန် မ ခံကြ။

43အကြောင်းမူကား ၊ ဘုရားသခင် ပေးတော်မူသော ဘုန်း အသရေထက် လူ တို့ပေးသော ဘုန်း အသရေကို သာ၍ နှစ်သက် ကြ၏။

44ယေရှု ကလည်း၊ ငါ့ ကိုယုံကြည် သောသူ သည် ငါ့ ကိုသာယုံကြည် သည်မ ဟုတ်၊ ငါ့ ကိုစေလွှတ် တော်မူသော သူ ကိုယုံကြည်၏။

45ငါ့ ကို ကြည့် မြင်သောသူ သည် ငါ့ ကို စေလွှတ် တော်မူသောသူ ကိုကြည့် မြင်၏။

46ငါ့ ကို ယုံကြည် သမျှသောသူတို့သည် မှောင်မိုက် ၌ မ နေ စေခြင်းငှာ ငါ သည်အလင်း ဖြစ်လျက် ဤလောက သို့ ကြွလာ ပြီ။

47ငါ့ စကား ကိုကြား သောသူ သည် မ ယုံကြည် ဘဲနေလျှင် ထိုသူ ကို ငါ သည်အပြစ် မ စီရင်။ လောကီသား တို့ကို အပြစ် စီရင်အံ့သောငှာ ငါလာ သည်မ ဟုတ်၊ လောကီသား တို့ကို ကယ်တင် အံ့သောငှာ ငါလာ၏။

48ငါ့ ကိုပယ် ၍ ငါ့ စကား ကို နာ မ ခံသောသူ အားအပြစ် စီရင်သောသူ ရှိ သေး၏။ ငါဟောပြော သော စကား ပင် နောက်ဆုံး သောနေ့ ၌ ထိုသူ အားအပြစ် စီရင်လိမ့်မည်။

49အကြောင်းမူကား ၊ ငါ သည် ကိုယ် အလိုအလျောက်ဟောပြော သည်မ ဟုတ်၊ ငါ့ ကို စေလွှတ် သော ခမည်းတော် သည် အဘယ်သို့ ငါ ဆုံးမဟောပြော ရမည်ကို ပညတ် ပေး တော်မူပြီ။ ခမည်းတော် ၏ပညတ် တော် သည် ထာဝရ အသက် ဖြစ် သည်ကို ငါသိ ၏။

50ထိုကြောင့် ဟောပြောသမျှ တို့ကို ခမည်းတော် မှာထား တော်မူသည် အတိုင်းငါ ဟောပြောသည် ဟု ကြွေးကြော် ၍ မိန့် တော်မူ၏။

Tip: use the ← and → keys to turn chapters.