ရှင်ယောဟန် 12
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Synodal Translation (Синодальный перевод)
1ပသခါ ပွဲခံချိန်ခြောက် ရက် လိုသောအခါ ၊ အထက်ကသေလွန်၍ သေ ခြင်းမှ ထမြောက် စေတော်မူသော လာဇရု နေရာအရပ် ၊ ဗေသနိ ရွာသို့ ယေရှု သည်ရောက် တော်မူ၏။
1За шесть дней до Пасхи пришел Иисус в Вифанию, где был Лазарь умерший, которого Он воскресил из мертвых.
2ထိုကြောင့် ထိုသူတို့သည်ပွဲ လုပ် ကြသဖြင့် မာသ သည်လုပ်ကျွေးမှု ကိုဆောင်၍၊ လာဇရု သည် ကိုယ်တော် နှင့်အတူ လျောင်း သောသူ တို့ အဝင် ဖြစ် ၏။
2Там приготовили Ему вечерю, и Марфа служила, и Лазарь был одним из возлежавших с Ним.
3ထိုအခါ မာရိ သည် အဘိုး များစွာထိုက်သောနာဒု ဆီမွှေး စစ် အကျပ် သုံးဆယ်ကိုယူ ၍၊ ယေရှု ၏ခြေ တော် ကို လိမ်း ပြီးလျှင်မိမိ ဆံပင် နှင့်သုတ် သဖြင့် ၊ ထိုဆီ ၏ အမွှေး သည် တစ်အိမ် လုံးကိုနှံ့ပြား ၏။
3Мария же, взяв фунт нардового чистого драгоценного мира, помазала ноги Иисуса и отерла волосами своими ноги Его; и дом наполнился благоуханием от мира.
4တပည့် တော်တို့ အဝင် ဖြစ်၍ကိုယ်တော် ကိုအပ်နှံ မည့်သူ ၊ ရှိမုန်၏သား ယုဒ ရှကာရုတ် က၊
4Тогда один из учеников Его, Иуда Симонов Искариот, который хотел предать Его, сказал:
5ထို ဆီမွှေး ကို ဒေနာရိ အပြားသုံးရာ အဘိုးနှင့်ရောင်း ၍ ဆင်းရဲ သောသူတို့အားအဘယ်ကြောင့် မ ပေး သနည်းဟုဆို ၏။
5Для чего бы не продать это миро за триста динариев и не раздать нищим?
6ထိုသို့ဆိုသော်၊ ဆင်းရဲ သောသူတို့အကျိုး ကို ထောက် ၍ဆိုသည်မ ဟုတ်။ မိမိ သည် သူခိုး ဖြစ် လျက်၊ တပည့်တော်များသုံးရန်ငွေအိတ် ကိုဆောင် ၍ နှိုက် ယူ တတ်သောကြောင့် သာ ဆို သတည်း။
6Сказал же он это не потому, чтобы заботился о нищих, но потому, что был вор. Он имел при себе денежный ящик и носил, что туда опускали.
7ယေရှု သည်လည်း၊ ထိုမိန်းမကိုရှိ စေတော့။ ငါ ၏အလောင်းကိုသင်္ဂြိုဟ် ခြင်းငှာ ပြင်ဆင်သောနေ့ တိုင်အောင် သူ သည်ဤ ဆီမွှေးကို သိုထား ပြီး။
7Иисус же сказал: оставьте ее; она сберегла это на день погребения Моего.
8ဆင်းရဲ သောသူတို့ကား သင် တို့၌ အစဉ် ရှိ ကြ၏။ ငါ မူကား ၊ အစဉ် ရှိ သည်မ ဟုတ် ဟု မိန့် တော်မူ၏။
8Ибо нищих всегда имеете с собою, а Меня не всегда.
9ထို အရပ်၌ ယေရှုရှိ တော်မူသည်ကို ယုဒ လူ များအပေါင်း တို့သည်သိ လျှင် ၊ ကိုယ်တော် ကြောင့် သာ လာ သည်မ ဟုတ်။ သေ ခြင်းမှ ထမြောက် စေတော်မူသော လာဇရု ကိုမြင် ခြင်းငှာ လာကြ၏။
9Многие из Иудеев узнали, что Он там, и пришли не только для Иисуса, но чтобы видеть и Лазаря, которого Он воскресил из мертвых.
10ထိုသို့ ယုဒ လူများ တို့သည် လာဇရု ကိုအကြောင်း ပြုသဖြင့် ထွက်သွား ၍၊
10Первосвященники же положили убить и Лазаря,
11ယေရှု ကို ယုံကြည် သောကြောင့် ၊ ယဇ်ပုရောဟိတ် အကြီးတို့သည် လာဇရု ကိုလည်း သတ် ခြင်းငှာ တိုင်ပင် စီရင်ကြ၏။
11потому что ради него многие из Иудеев приходили и веровали в Иисуса.
12နက်ဖြန် နေ့၌ ယေရှု သည် ယေရုရှလင် မြို့သို့ ကြွလာတော်မူသည်ကို၊ ထိုပွဲ သို့ လာ သော လူအစုအဝေး အပေါင်း တို့သည် ကြား ရလျှင်၊
12На другой день множество народа, пришедшего на праздник, услышав, что Иисус идет в Иерусалим,
13စွန်ပလွံ ခက် များကိုကိုင် လျက်၊ ကိုယ်တော် ကို ခရီးဦးကြိုပြု အံ့သောငှာ ထွက်သွား ကြ၍ ၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရ ဘုရား၏အခွင့် နှင့် ကြွလာ တော်မူသော ဣသရေလ ရှင်ဘုရင် သည် မင်္ဂလာ ရှိစေသတည်းဟု ကြွေးကြော် ကြ၏။
13взяли пальмовые ветви, вышли навстречу Ему и восклицали: осанна! благословен грядущий во имя Господне, Царь Израилев!
14ကျမ်းစာ၌လာသည်ကား၊
14Иисус же, найдя молодого осла, сел на него, как написано:
15အိုဇိအုန် သတို့သမီး ၊ မ စိုးရိမ် နှင့်။ သင် ၏အရှင် မင်းကြီးသည် မြည်းကလေး ကိုစီး ၍ သင်ရှိရာသို့ ကြွ တော်မူသည်ကို ကြည့်ရှု လော့ဟု ရေး ထားသည်နှင့်အညီ၊ ယေရှု သည်မြည်းကလေး ကိုတွေ့ ၍ စီး တော်မူ၏။
15Не бойся, дщерь Сионова! се, Царь твой грядет, сидя на молодом осле.
16ထိုအကြောင်းအရာကိုတပည့် တော်တို့သည် အစဦး ၌နား မ လည်သော်လည်း၊ ကိုယ်တော် ကိုရည်မှတ် ၍ ထိုသို့ ရေး ထားသည်ကို၎င်း ၊ ကိုယ်တော် အား ထိုသို့ ပြု ကြသည်ကို၎င်း၊ ဘုန်းပွင့် တော်မူသည်နောက် သတိရ ၍ မှတ်မိကြ၏။
16Ученики Его сперва не поняли этого; но когда прославился Иисус, тогда вспомнили, что так было о Нем написано, и это сделали Ему.
17နောက်တော်သို့လိုက်သော လူ အစုအဝေးတို့သည်ကား၊ လာဇရု ကိုသင်္ချိုင်း တွင်းမှ ခေါ် ၍ သေ ခြင်းမှ ထမြောက် စေတော်မူသည်အကြောင်းကို သက်သေခံ ကြ၏။
17Народ, бывший с Ним прежде, свидетельствовал, что Он вызвал из гроба Лазаря и воскресил его из мертвых.
18ထို နိမိတ် လက္ခဏာကိုပြ တော်မူသည်ဟု လူ များတို့သည်သိတင်းကြား သောကြောင့် ၊ ခရီးဦးကြိုပြု အံ့သောငှာထွက်သွားကြ၏။
18Потому и встретил Его народ, ибо слышал, что Он сотворил это чудо.
19ဖာရိရှဲ အချင်းချင်း တို့လည်း၊ သင်တို့သည်အလျှင်း မ တတ်နိုင် ။ ဤလောက သည် ထိုသူ နောက် သို့ လိုက် သွား ပါပြီတကားဟု ပြောဆို ကြ၏။
19Фарисеи же говорили между собою: видите ли, что не успеваете ничего? весь мир идет за Ним.
20ကိုးကွယ် ခြင်းအမှုနှင့် ထို ပွဲ သို့ ရောက်လာ သောသူ တို့တွင် ဟေလသ လူအချို့ ပါ ၏။
20Из пришедших на поклонение в праздник были некоторые Еллины.
21ထိုသူ တို့သည် ဂါလိလဲ ပြည်ဗက်ဇဲဒ မြို့သားဖြစ်သော ဖိလိပ္ပု ထံသို့သွား ၍ အကျွန်ုပ် တို့သည် ယေရှု ကို မြင် ချင်ပါသည်၊ ခင်ဗျား ဟု တောင်းပန် ကြ၏။
21Они подошли к Филиппу, который был из Вифсаиды Галилейской, и просили его, говоря: господин! нам хочется видеть Иисуса.
22ဖိလိပ္ပု သည်သွား ၍ အန္ဒြေ ကို ကြားပြော ပြီးမှ၊ ထို သူနှစ်ယောက်တို့သည် ယေရှု ကိုလျှောက် ၏။
22Филипп идет и говорит о том Андрею; и потом Андрей и Филипп сказывают о том Иисусу.
23ယေရှု ကလည်း၊ လူ သား သည် ဘုန်းပွင့် ရသောအချိန် ရောက် ပြီ။
23Иисус же сказал им в ответ: пришел час прославиться Сыну Человеческому.
24ငါအမှန်အကန် ဆို သည်ကား၊ မြေ ၌ ကျ သောစပါး စေ့ သည် မ ပျက် လျှင် တစ်ခု တည်းနေ ၏။ ပျက် လျှင် မူကား များစွာ သောအသီး ကို သီး တတ်၏။
24Истинно, истинно говорю вам: если пшеничное зерно, пав в землю, не умрет, то останется одно; а если умрет, то принесет много плода.
25မိမိ အသက် ကို နှမြော သောသူ သည် အသက် ဆုံး လိမ့်မည်။ ဤ လောက ၌ မိမိ အသက် ကိုမုန်း သော သူ မူကား၊ ထာဝရ အသက် ကို စောင့်ရှောက် လျက်နေ၏။
25Любящий душу свою погубит ее; а ненавидящий душу свою в мире сем сохранит ее в жизнь вечную.
26ငါ ၏အမှု ကို ဆောင်ရွက်သောသူ ဖြစ်လျှင်ငါ့ နောက်သို့လိုက် ရမည်။ ငါ ၏အမှုဆောင် သည်လည်း ငါ ရှိ ရာအရပ် ၌ ရှိ ရလိမ့်မည်။ ငါ ၏အမှုကိုဆောင်ရွက် သောသူ ဖြစ်လျှင် ထိုသူ ကိုခမည်းတော် သည် ချီးမြောက် တော်မူလတံ့။
26Кто Мне служит, Мне да последует; и где Я, там и слуга Мой будет. И кто Мне служит, того почтит Отец Мой.
27ငါ သည် ယခု စိတ် နှလုံးပူပန် ခြင်းရှိ၏။ အဘယ်သို့ ငါလျှောက် ရမည်နည်း။ ထို အချိန် မှစ၍ အကျွန်ုပ် ကို ကယ်တင် တော်မူပါ၊ အဘ ဟုလျှောက်ရမည်လော။ အကြောင်းရှိ၍သာ ထို အချိန် သို့ ရောက်လာ ပြီ။
27Душа Моя теперь возмутилась; и что Мне сказать? Отче! избавь Меня от часа сего! Но на сей час Я и пришел.
28အိုအဘ ၊ ကိုယ်တော် ၏နာမ တော်ကို ချီးမြှောက် တော်မူပါ ဟု မိန့်မြွတ် တော်မူ၏။ ထိုအခါကောင်းကင် မှ စကား သံကား၊ ငါချီးမြှောက် ခဲ့ပြီ၊ တဖန် ချီးမြှောက် ဦး မည်ဟုလာ ၏။
28Отче! прославь имя Твое. Тогда пришел с неба глас: и прославил и еще прославлю.
29ဝန်းရံ လျက်ရှိသောလူ အစုအဝေးတို့သည်ကြား လျှင် မိုဃ်းချုန်း သည်ဟုဆို ကြ၏။ အချို့ ကလည်းကိုယ်တော် အား ကောင်းကင်တမန် မြွက် သည်ဟု ဆို ကြ၏။
29Народ, стоявший и слышавший то, говорил: это гром; а другие говорили: Ангел говорил Ему.
30ယေရှု က၊ ထို စကား သံသည် ငါ အဘို့ အလိုငှာလာသည်မ ဟုတ်၊ သင် တို့အဘို့ အလို့ငှာလာ ၏။
30Иисус на это сказал: не для Меня был глас сей, но для народа.
31ယခု တွင်ဤ လောက သည်တရား စီရင်ခြင်းကိုခံရ ၏။ ယခု တွင် ဤ လောက ကို အစိုးရ သောမင်းသည် ပြင် သို့ နှင်ထုတ် ခြင်းကိုခံရလိမ့်မည်။
31Ныне суд миру сему; ныне князь мира сего изгнан будет вон.
32ငါ သည်လည်းမြေကြီး နှင့်ခွာ၍ မြှောက် ထားခြင်းကို ခံရလျှင် ။ လူအပေါင်း တို့ကို ငါ့ ထံသို့ ငါဆွဲ မည် ဟု မိန့် တော်မူ၏။
32И когда Я вознесен буду от земли, всех привлеку к Себе.
33ထိုသို့ မိန့် တော်မူသော်၊ မိမိ သည်အဘယ်သို့ သေ ရမည်အရိပ် ကို ပေးတော်မူ၏။
33Сие говорил Он, давая разуметь, какою смертью Он умрет.
34လူ များတို့ကလည်း၊ ခရစ်တော် သည် အစဉ်အမြဲ တည် သည်ဟု ပညတ္တိ ကျမ်း၌ လာကြောင်း ကို အကျွန်ုပ် တို့ ကြားသိ ရပြီ။ သို့ဖြစ်လျှင် လူ သား သည်မြှောက် ထားခြင်းကိုခံရမည်ဟု သင် သည် အဘယ်သို့ ဆို သနည်း။ ထို လူ သား သည် အဘယ်သို့ သောသူနည်းဟု ဆို ကြ၏။
34Народ отвечал Ему: мы слышали из закона, что Христос пребывает вовек; как же Ты говоришь, что должно вознесену быть Сыну Человеческому? кто Этот Сын Человеческий?
35ယေရှု ကလည်း၊ အလင်း သည် သင် တို့တွင်ခဏ သာရှိ ၏။ အလင်း ရှိ စဉ်အခါ သွားလာ ကြလော့။ သို့မဟုတ် လျှင် မှောင်မိုက် သည် သင် တို့မှီ လိမ့်မည်။ မှောင်မိုက် ၌ သွား သောသူ သည် အဘယ် ဆီသို့မိမိသွား သည်ကိုမိမိမ သိ ။
35Тогда Иисус сказал им: еще на малое время свет есть с вами; ходите, пока есть свет, чтобы не объяла вас тьма: а ходящий во тьме не знает, куда идет.
36အလင်း ရှိ စဉ်အခါအလင်း ၏ သား ဖြစ် အံ့သောငှာ အလင်း ကိုယုံကြည် ကြလော့ ဟု မိန့် တော်မူ၏။ ထိုသို့ မိန့် တော်မူပြီးမှယေရှု သည်ထွက်ကြွ ၍ ထိုသူ တို့ကို တိမ်းရှောင် လျက်နေတော်မူ၏။37
36Доколе свет с вами, веруйте в свет, да будете сынами света. Сказав это, Иисус отошел и скрылся от них.
37ထိုမျှလောက်ကြီးစွာ သော နိမိတ် လက္ခဏာတို့ကို သူ တို့မျက်မှောက် ၌ ပြ တော်မူသော်လည်း သူတို့သည် ယုံကြည် ခြင်းသို့ မ ရောက်ကြ။
37Столько чудес сотворил Он пред ними, и они не веровали в Него,
38ပရောဖက် ဟေရှာယ ဟော ဘူးသည်ကား၊ အိုထာဝရ ဘုရား၊ အကျွန်ုပ် တို့ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံ ပါသနည်း။ ထာဝရ ဘုရား၏ လက် တော်သည်အဘယ်သူ အား ထင်ရှား တော်မူသနည်း ဟူသောစကား သည် ပြည့်စုံ ခြင်းသို့ရောက်သတည်း။
38да сбудется слово Исаии пророка: Господи! кто поверил слышанному от нас? и кому открылась мышца Господня?
39တစ်ဖန် ပရောဖက်ဟေရှာယ ဟော ပြန်သည်ကား၊
39Потому не могли они веровать, что, как еще сказал Исаия,
40သူတို့မျက်စိ မ မြင် ၊ စိတ် နှလုံးနား မလည်၊ အကျင့်မပြောင်းလဲ ၊ သူ တို့အနာ ရောဂါကို ငါမငြိမ်းစေသည် တိုင်အောင်သူ တို့မျက်စိ ကိုကွယ် စေတော်မူ၏။ သူ တို့ စိတ်နှလုံး ကိုမိုက် စေတော်မူ၏ဟူသောစကားကြောင့် ထိုသူတို့သည်ယုံကြည် ခြင်းသို့ မ ရောက်နိုင် ကြ။
40народ сей ослепил глаза свои и окаменил сердце свое, да не видят глазами, и не уразумеют сердцем, и не обратятся, чтобы Я исцелил их.
41ဟေရှာယ သည် ဘုန်း အာနုဘော်တော်ကိုမြင် ၍ ဗျာဒိတ်တော်ကိုပြန် စဉ်တွင် ထိုစကား ကို ဟောပြော သတည်း။
41Сие сказал Исаия, когда видел славу Его и говорил о Нем.
42သို့သော်လည်း အရာရှိ အများ တို့သည် ကိုယ်တော် ကိုယုံကြည် ကြ၏။ တရားစရပ် မှဖာရိရှဲ တို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှား စွာဝန် မ ခံကြ။
42Впрочем, и из начальников многие уверовали в Него; но ради фарисеев не исповедывали, чтобы не быть отлученными от синагоги,
43အကြောင်းမူကား ၊ ဘုရားသခင် ပေးတော်မူသော ဘုန်း အသရေထက် လူ တို့ပေးသော ဘုန်း အသရေကို သာ၍ နှစ်သက် ကြ၏။
43ибо возлюбили больше славу человеческую, нежели славу Божию.
44ယေရှု ကလည်း၊ ငါ့ ကိုယုံကြည် သောသူ သည် ငါ့ ကိုသာယုံကြည် သည်မ ဟုတ်၊ ငါ့ ကိုစေလွှတ် တော်မူသော သူ ကိုယုံကြည်၏။
44Иисус же возгласил и сказал: верующий в Меня не в Меня верует, но в Пославшего Меня.
45ငါ့ ကို ကြည့် မြင်သောသူ သည် ငါ့ ကို စေလွှတ် တော်မူသောသူ ကိုကြည့် မြင်၏။
45И видящий Меня видит Пославшего Меня.
46ငါ့ ကို ယုံကြည် သမျှသောသူတို့သည် မှောင်မိုက် ၌ မ နေ စေခြင်းငှာ ငါ သည်အလင်း ဖြစ်လျက် ဤလောက သို့ ကြွလာ ပြီ။
46Я свет пришел в мир, чтобы всякий верующий в Меня не оставался во тьме.
47ငါ့ စကား ကိုကြား သောသူ သည် မ ယုံကြည် ဘဲနေလျှင် ထိုသူ ကို ငါ သည်အပြစ် မ စီရင်။ လောကီသား တို့ကို အပြစ် စီရင်အံ့သောငှာ ငါလာ သည်မ ဟုတ်၊ လောကီသား တို့ကို ကယ်တင် အံ့သောငှာ ငါလာ၏။
47И если кто услышит Мои слова и не поверит, Я не сужу его, ибо Я пришел не судить мир, но спасти мир.
48ငါ့ ကိုပယ် ၍ ငါ့ စကား ကို နာ မ ခံသောသူ အားအပြစ် စီရင်သောသူ ရှိ သေး၏။ ငါဟောပြော သော စကား ပင် နောက်ဆုံး သောနေ့ ၌ ထိုသူ အားအပြစ် စီရင်လိမ့်မည်။
48Отвергающий Меня и не принимающий слов Моих имеет судью себе: слово, которое Я говорил, оно будет судить его в последний день.
49အကြောင်းမူကား ၊ ငါ သည် ကိုယ် အလိုအလျောက်ဟောပြော သည်မ ဟုတ်၊ ငါ့ ကို စေလွှတ် သော ခမည်းတော် သည် အဘယ်သို့ ငါ ဆုံးမဟောပြော ရမည်ကို ပညတ် ပေး တော်မူပြီ။ ခမည်းတော် ၏ပညတ် တော် သည် ထာဝရ အသက် ဖြစ် သည်ကို ငါသိ ၏။
49Ибо Я говорил не от Себя; но пославший Меня Отец, Он дал Мне заповедь, что сказать и что говорить.
50ထိုကြောင့် ဟောပြောသမျှ တို့ကို ခမည်းတော် မှာထား တော်မူသည် အတိုင်းငါ ဟောပြောသည် ဟု ကြွေးကြော် ၍ မိန့် တော်မူ၏။
50И Я знаю, что заповедь Его есть жизнь вечная. Итак, что Я говорю, говорю, как сказал Мне Отец.
Tip: use the ← and → keys to turn chapters.