ရှင်ယောဟန် 14
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
SBL Greek New Testament
1တဖန်တုံယေရှုက၊ သင် တို့ စိတ် နှလုံးပူပန် ခြင်းမ ရှိစေနှင့်။ ဘုရားသခင် ကို ယုံကြည် ကြလော့။ ငါ့ ကိုလည်း ယုံကြည် ကြလော့။
1Μὴ ταρασσέσθω ὑμῶν ἡ καρδία· πιστεύετε εἰς τὸν θεόν, καὶ εἰς ἐμὲ πιστεύετε.
2ငါ့ အဘ ၏အိမ် တော်၌ နေစရာအခန်း များ ရှိ ၏။ သို့ မ ဟုတ်လျှင် မဟုတ်ကြောင်းကိုသင် တို့အား ငါ မပြော ဘဲမနေ။ သင် တို့နေစရာအရပ် ကို ပြင်ဆင် ခြင်းငှာငါသွား ရ၏။
2ἐν τῇ οἰκίᾳ τοῦ πατρός μου μοναὶ πολλαί εἰσιν· εἰ δὲ μή, εἶπον ἂν ὑμῖν ⸀ὅτι πορεύομαι ἑτοιμάσαι τόπον ὑμῖν·
3ငါသည်သွား ၍ သင် တို့နေစရာ အရပ်ကိုပြင်ဆင် ပြီးမှတစ်ဖန် လာ ပြန်၍ ၊ ငါ ရှိ ရာအရပ် ၌ သင် တို့ရှိ စေခြင်းငှာ သင် တို့ကို ငါ့ ထံသို့ သိမ်းဆည်း မည်။
3καὶ ἐὰν πορευθῶ ⸀καὶ ἑτοιμάσω ⸂τόπον ὑμῖν⸃, πάλιν ἔρχομαι καὶ παραλήμψομαι ὑμᾶς πρὸς ἐμαυτόν, ἵνα ὅπου εἰμὶ ἐγὼ καὶ ὑμεῖς ἦτε.
4ငါ သည် အဘယ် အရပ်သို့သွား သည်ကို၎င်း ၊ လမ်း ခရီးကို၎င်း၊ သင်တို့သိ ကြ၏ ဟုမိန့်တော်မူ၏။
4καὶ ὅπου ἐγὼ ὑπάγω οἴδατε ⸂τὴν ὁδόν⸃.
5သောမ ကလည်း၊ သခင် ၊ ကိုယ်တော်သည် အဘယ် အရပ်သို့ သွား တော်မူသည်ကို အကျွန်ုပ်တို့ မ သိ သည်ဖြစ်၍၊ လမ်းခရီး ကိုအဘယ်သို့ သိ နိုင် ပါမည်နည်းဟု လျှောက် လျှင်၊
5λέγει αὐτῷ Θωμᾶς· Κύριε, οὐκ οἴδαμεν ποῦ ὑπάγεις· ⸀πῶς ⸂δυνάμεθα τὴν ὁδὸν εἰδέναι⸃;
6ယေရှု က၊ ငါ သည်လမ်း ခရီးဖြစ် ၏။ သမ္မာတရား လည်း ဖြစ်၏။ အသက် လည်း ဖြစ်၏။ ငါ့ ကို အမှီ မ ပြုလျှင် အဘယ်သူ မျှခမည်းတော် ထံသို့ မရောက် ရ။
6λέγει αὐτῷ ⸀ὁ Ἰησοῦς· Ἐγώ εἰμι ἡ ὁδὸς καὶ ἡ ἀλήθεια καὶ ἡ ζωή· οὐδεὶς ἔρχεται πρὸς τὸν πατέρα εἰ μὴ διʼ ἐμοῦ.
7သင်တို့သည် ငါ့ ကိုသိ လျှင် ငါ့ ခမည်းတော် ကို မသိ ဘဲမနေကြ။ ယခု မှစ၍ ခမည်းတော် ကိုသိ မြင် ကြ၏ ဟု မိန့် တော်မူ၏။
7εἰ ⸀ἐγνώκειτέ με, καὶ τὸν πατέρα μου ⸂ἂν ᾔδειτε⸃· ⸀ἀπʼ ἄρτι γινώσκετε αὐτὸν καὶ ἑωράκατε ⸀αὐτόν.
8ဖိလိပ္ပု ကလည်း၊ သခင် ၊ ခမည်းတော် ကို အကျွန်ုပ် တို့အားပြ တော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ် တို့ အလိုပြည့်စုံ ပါမည်ဟုလျှောက် လျှင်၊
8Λέγει αὐτῷ Φίλιππος· Κύριε, δεῖξον ἡμῖν τὸν πατέρα, καὶ ἀρκεῖ ἡμῖν.
9ယေရှု က၊ ဖိလိပ္ပု ၊ ဤမျှကာလ ပတ်လုံး ငါသည်သင် တို့နှင့်အတူ ရှိ ပြီးမှ သင်သည် ငါ့ ကို မ သိ သေး သလော။ ငါ့ ကိုမြင် သောသူ သည်ခမည်းတော် ကိုမြင် ၏။ သို့ဖြစ်လျှင်၊ ခမည်းတော် ကို အကျွန်ုပ် တို့အား ပြ တော်မူပါဟု သင် သည်အဘယ်သို့ ဆို သနည်း။
9λέγει αὐτῷ ὁ Ἰησοῦς· ⸂Τοσούτῳ χρόνῳ⸃ μεθʼ ὑμῶν εἰμι καὶ οὐκ ἔγνωκάς με, Φίλιππε; ὁ ἑωρακὼς ἐμὲ ἑώρακεν τὸν πατέρα· ⸀πῶς σὺ λέγεις· Δεῖξον ἡμῖν τὸν πατέρα;
10ငါ သည် ခမည်းတော် ၌ ရှိသည်ကို၎င်း ၊ ခမည်းတော် သည် ငါ ၌ရှိ တော်မူသည်ကို၎င်း မ ယုံ သလော။ ငါ ဟောပြော သောစကား ကို ကိုယ် အလိုအလျောက် ငါဟောပြော သည်မ ဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ ၌ တည်နေ တော်မူသော ခမည်းတော် သည် ပြု တော်မူ၏။
10οὐ πιστεύεις ὅτι ἐγὼ ἐν τῷ πατρὶ καὶ ὁ πατὴρ ἐν ἐμοί ἐστιν; τὰ ῥήματα ἃ ἐγὼ ⸀λέγω ὑμῖν ἀπʼ ἐμαυτοῦ οὐ λαλῶ, ὁ δὲ ⸀πατὴρ ἐν ἐμοὶ ⸀μένων ποιεῖ τὰ ἔργα ⸀αὐτοῦ.
11ငါ သည် ခမည်းတော် ၌ ရှိသည်ကို၎င်း ၊ ခမည်းတော် သည် ငါ ၌ ရှိတော်မူသည်ကို၎င်း ယုံ ကြလော။ ငါ့ စကားကို မ ယုံလျှင် ၊ ငါ့အမှု တို့ကိုထောက် ၍ယုံ ကြလော့။
11πιστεύετέ μοι ὅτι ἐγὼ ἐν τῷ πατρὶ καὶ ὁ πατὴρ ἐν ἐμοί· εἰ δὲ μή, διὰ τὰ ἔργα αὐτὰ ⸀πιστεύετε.
12ငါအမှန်အကန် ဆို သည်ကား၊ ငါ့ ကိုယုံကြည် သောသူ သည်ငါ ပြု သောအမှု တို့ကို ပြု လိမ့်မည်။ ထို အမှုတို့ထက်သာ၍ ကြီးသောအမှုတို့ကိုလည်း ပြု လိမ့်မည်။ အကြောင်းမူကား ၊ ငါ သည် ခမည်းတော် ထံသို့ သွား ၍ ၊
12ἀμὴν ἀμὴν λέγω ὑμῖν, ὁ πιστεύων εἰς ἐμὲ τὰ ἔργα ἃ ἐγὼ ποιῶ κἀκεῖνος ποιήσει, καὶ μείζονα τούτων ποιήσει, ὅτι ἐγὼ πρὸς τὸν ⸀πατέρα πορεύομαι·
13သင်တို့သည် ငါ ၏နာမ ကိုအမှီပြု လျက် ဆုတောင်း သမျှ အတိုင်း ငါပြု မည်။ အကြောင်းမူကား၊ ခမည်းတော် သည် သား တော်အားဖြင့် ဘုန်း ထင်ရှားတော်မူခြင်းရှိမည်အကြောင်း တည်း။
13καὶ ὅ τι ἂν αἰτήσητε ἐν τῷ ὀνόματί μου τοῦτο ποιήσω, ἵνα δοξασθῇ ὁ πατὴρ ἐν τῷ υἱῷ·
14သင်တို့သည် ငါ ၏နာမ ကိုအမှီပြု ၍ တစ်စုံတစ်ခု သောဆုကိုတောင်း လျှင် ၊ တောင်းသည်အတိုင်းငါ ပြု မည်။
14ἐάν τι αἰτήσητέ ⸀με ἐν τῷ ὀνόματί μου ⸀ἐγὼ ποιήσω.
15ငါ့ ကိုချစ် လျှင် ငါ့ ပညတ် တို့ကို စောင့်ရှောက် ကြလော့။ ငါ သည် ခမည်းတော် ကိုတောင်း ၍ ၊
15Ἐὰν ἀγαπᾶτέ με, τὰς ἐντολὰς τὰς ἐμὰς ⸀τηρήσετε·
16ခမည်းတော်သည် သမ္မာတရား ကိုပြသော ဝိညာဉ် တော်တည်းဟူသောတစ်ပါး သောဥပဇ္စျာယ် ဆရာကို သင် တို့နှင့်အတူ အစဉ်မပြတ် တည်နေ စေခြင်းငှာ သင် တို့အားပေး တော်မူမည်။
16κἀγὼ ἐρωτήσω τὸν πατέρα καὶ ἄλλον παράκλητον δώσει ὑμῖν ἵνα ⸀ᾖ μεθʼ ὑμῶν εἰς τὸν ⸀αἰῶνα,
17ထို ဝိညာဉ်တော်ကို လောကီသား တို့သည် မ သိ မ မြင် သောကြောင့် မ ခံ မယူနိုင် ကြ။ ထိုဝိညာဉ် တော် သည် သင် တို့နှင့်အတူ တည်နေ ၍ ၊ သင် တို့၌ ရှိ တော်မူသောကြောင့် သင် တို့သိ ရကြ၏။
17τὸ πνεῦμα τῆς ἀληθείας, ὃ ὁ κόσμος οὐ δύναται λαβεῖν, ὅτι οὐ θεωρεῖ αὐτὸ οὐδὲ ⸀γινώσκει· ⸀ὑμεῖς γινώσκετε αὐτό, ὅτι παρʼ ὑμῖν μένει καὶ ἐν ὑμῖν ⸀ἔσται.
18ငါသည် သင် တို့ကို မိဘမဲ့ ဖြစ်စေခြင်းငှာစွန့်ပစ် မည်မ ဟုတ်။ သင် တို့ဆီသို့ လာ ဦးမည်။
18Οὐκ ἀφήσω ὑμᾶς ὀρφανούς, ἔρχομαι πρὸς ὑμᾶς.
19ခဏ ကြာပြီးမှ လောကီသား တို့သည် ငါ့ ကိုမ မြင် ရကြ။ သင် တို့မူကား မြင် ရကြလိမ့်မည်။ ငါ သည် အသက်ရှင် သောကြောင့် သင် တို့သည်လည်း အသက်ရှင် ရကြလိမ့်မည်။
19ἔτι μικρὸν καὶ ὁ κόσμος με οὐκέτι θεωρεῖ, ὑμεῖς δὲ θεωρεῖτέ με, ὅτι ἐγὼ ζῶ καὶ ὑμεῖς ⸀ζήσετε.
20ငါ သည် ခမည်းတော် ၌ ရှိသည်ကို၎င်း ၊ သင် တို့သည်ငါ ၌ ရှိသည်ကို၎င်း။ ငါ သည် သင် တို့၌ ရှိသည်ကို ၎င်း၊ ထို နေ့ ၌ သင် တို့သည် သိ ရကြလိမ့်မည်။
20ἐν ἐκείνῃ τῇ ἡμέρᾳ ⸂γνώσεσθε ὑμεῖς⸃ ὅτι ἐγὼ ἐν τῷ πατρί μου καὶ ὑμεῖς ἐν ἐμοὶ κἀγὼ ἐν ὑμῖν.
21ငါ့ ပညတ် တို့ကိုရ ၍ စောင့်ရှောက် သောသူ သည် ငါ့ ကိုချစ် သောသူ ဖြစ် ၏။ ငါ့ ကိုချစ် သောသူ ကို ငါ့ ခမည်းတော် သည်ချစ် တော်မူမည်။ ငါ သည်လည်း ထိုသူ ကိုချစ် ၍ သူ့ အားကိုယ်တိုင် ထင်ရှား မည် ဟု မိန့် တော်မူ၏။
21ὁ ἔχων τὰς ἐντολάς μου καὶ τηρῶν αὐτὰς ἐκεῖνός ἐστιν ὁ ἀγαπῶν με· ὁ δὲ ἀγαπῶν με ἀγαπηθήσεται ὑπὸ τοῦ πατρός μου, κἀγὼ ἀγαπήσω αὐτὸν καὶ ἐμφανίσω αὐτῷ ἐμαυτόν.
22ယုဒရှကာရုတ် မ ဟုတ်၊ အခြားသောယုဒ က၊ သခင် ၊ ကိုယ်တော်သည် လောကီသား တို့အား မ ထင်ရှား ဘဲ အကျွန်ုပ် တို့အား အဘယ်သို့ ထင်ရှား တော်မူမည်နည်းဟု မေးလျှောက် ၏။
22λέγει αὐτῷ Ἰούδας, οὐχ ὁ Ἰσκαριώτης· Κύριε, ⸀τί γέγονεν ὅτι ἡμῖν μέλλεις ἐμφανίζειν σεαυτὸν καὶ οὐχὶ τῷ κόσμῳ;
23ယေရှု ကလည်း ၊ ငါ့ ကိုချစ် သောသူ သည် ငါ့ စကား ကို နားထောင် လိမ့်မည်။ ငါ့ ခမည်းတော် သည် ထိုသူ ကို ချစ် တော်မူသည်။ ငါတို့သည်လည်း၊ သူ ဆီသို့ ကြွ ၍ နေရာ ချမည်။
23ἀπεκρίθη Ἰησοῦς καὶ εἶπεν αὐτῷ· Ἐάν τις ἀγαπᾷ με τὸν λόγον μου τηρήσει, καὶ ὁ πατήρ μου ἀγαπήσει αὐτόν, καὶ πρὸς αὐτὸν ἐλευσόμεθα καὶ μονὴν παρʼ αὐτῷ ⸀ποιησόμεθα.
24ငါ့ ကိုမ ချစ် သောသူ သည် ငါ့ စကား ကို နားမ ထောင်။ သင်တို့ကြား သောစကား သည် ငါ့ စကားမ ဟုတ် ။ ငါ့ ကို စေလွှတ် တော်မူသော ခမည်းတော် ၏စကားတော်ဖြစ်၏။
24ὁ μὴ ἀγαπῶν με τοὺς λόγους μου οὐ τηρεῖ· καὶ ὁ λόγος ὃν ἀκούετε οὐκ ἔστιν ἐμὸς ἀλλὰ τοῦ πέμψαντός με πατρός.
25ငါသည် သင်တို့နှင့်အတူ ရှိ စဉ်တွင် ဤ စကားကိုပြော ခဲ့ပြီ။
25Ταῦτα λελάληκα ὑμῖν παρʼ ὑμῖν μένων·
26ခမည်းတော် သည် ငါ့ အတွက်ကြောင့် စေလွှတ် တော်မူသောဥပဇ္ဈာယ် ဆရာတည်းဟူသောသန့်ရှင်း သော ဝိညာဉ် တော်သည် သင် တို့အား ခပ်သိမ်း သောအရာတို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါ ပြော ခဲ့သမျှ သော စကားတို့ကို မှတ်မိ သောဥာဏ်ကို သင် တို့အား ပေးတော်မူ၏။
26ὁ δὲ παράκλητος, τὸ πνεῦμα τὸ ἅγιον ὃ πέμψει ὁ πατὴρ ἐν τῷ ὀνόματί μου, ἐκεῖνος ὑμᾶς διδάξει πάντα καὶ ὑπομνήσει ὑμᾶς πάντα ἃ εἶπον ⸀ὑμῖν.
27ငြိမ်သက် ခြင်းကို သင် တို့၌ငါထား ခဲ့၏။ ငါ ၏ငြိမ်သက် ခြင်းကို သင် တို့အား ငါပေး ၏။ လောကီသား တို့ ပေး သကဲ့သို့ ငါ ပေး သည်မ ဟုတ်။ သင် တို့ စိတ် နှလုံးပူပန် ခြင်း၊ စိုးရိမ် တုန်လှုပ်ခြင်းမ ရှိစေနှင့်။
27εἰρήνην ἀφίημι ὑμῖν, εἰρήνην τὴν ἐμὴν δίδωμι ὑμῖν· οὐ καθὼς ὁ κόσμος δίδωσιν ἐγὼ δίδωμι ὑμῖν. μὴ ταρασσέσθω ὑμῶν ἡ καρδία μηδὲ δειλιάτω.
28ငါသည် ယခုသွား သော်လည်း သင် တို့ဆီသို့ လာ ဦးမည်ဟု ငါ ပြော သောစကားကို သင် တို့ကြား ရကြပြီ။ သင်တို့သည် ငါ့ ကိုချစ် လျှင် ခမည်းတော် ထံသို့ ငါသွား မည်ကို ဝမ်းမြောက် ကြလိမ့်မည်။ အကြောင်းမူကား ၊ ငါ့ ခမည်းတော် သည် ငါ့ ထက် သာ၍ကြီးမြတ်တော်မူ၏။
28ἠκούσατε ὅτι ἐγὼ εἶπον ὑμῖν· Ὑπάγω καὶ ἔρχομαι πρὸς ὑμᾶς. εἰ ἠγαπᾶτέ με ἐχάρητε ἄν, ⸀ὅτι πορεύομαι πρὸς τὸν πατέρα, ὅτι ὁ ⸀πατὴρ μείζων μού ἐστιν.
29ထိုအမှုအရာရောက် သောအခါ သင်တို့သည်ယုံကြည် စေခြင်းငှာ၊ မ ရောက် မှီယခုပင် သင် တို့အား ငါ ပြော နှင့်ပြီ။
29καὶ νῦν εἴρηκα ὑμῖν πρὶν γενέσθαι, ἵνα ὅταν γένηται πιστεύσητε.
30ယခုမှစ၍ ငါသည်သင် တို့နှင့် များစွာ မ ပြော ရ။ အကြောင်းမူကား ၊ ဤလောက ကို အစိုးရ သောမင်းသည် လာ ဆဲဖြစ်၏။ လာသော်လည်းငါ ၌ အဘယ်အခွင့်အရာကိုမျှ မ တွေ့ ရ။
30οὐκέτι πολλὰ λαλήσω μεθʼ ὑμῶν, ἔρχεται γὰρ ὁ τοῦ κόσμου ἄρχων· καὶ ἐν ἐμοὶ οὐκ ἔχει οὐδέν,
31ငါသည် ခမည်းတော် ကိုချစ် သည်ကို ၎င်း ၊ ခမည်းတော် မှာ တော်မူသည်အတိုင်း ငါပြု သည်ကို ၎င်း၊ လောကီသား တို့သိ မည်အကြောင်း တည်း။ ဤ အရပ်မှ ထ ၍သွား ကြကုန်အံ့။
31ἀλλʼ ἵνα γνῷ ὁ κόσμος ὅτι ἀγαπῶ τὸν πατέρα, καὶ καθὼς ⸀ἐνετείλατο μοι ὁ πατὴρ οὕτως ποιῶ. Ἐγείρεσθε, ἄγωμεν ἐντεῦθεν.
Tip: use the ← and → keys to turn chapters.