ရှင်ယောဟန် 19
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
SBL Greek New Testament
1ထိုအခါ ပိလတ် မင်းသည် ယေရှု ကိုယူ ၍ ရိုက် ပြီးမှ၊
1Τότε οὖν ἔλαβεν ὁ Πιλᾶτος τὸν Ἰησοῦν καὶ ἐμαστίγωσεν.
2စစ်သူရဲ တို့သည် ဆူးပင် နှင့် ရက် သော ဦးရစ် ကိုခေါင်း တော်၌တင် ၍၊ နီမောင်း သောဝတ်လုံ နှင့် ခြုံ စေ ပြီးလျှင် ၊
2καὶ οἱ στρατιῶται πλέξαντες στέφανον ἐξ ἀκανθῶν ἐπέθηκαν αὐτοῦ τῇ κεφαλῇ, καὶ ἱμάτιον πορφυροῦν περιέβαλον αὐτόν,
3ယုဒ ရှင်ဘုရင် ၊ ကိုယ်တော်သည် မင်္ဂလာ ရှိစေသတည်းဟုဆို ၍ ရိုက်ပုတ် ကြ၏။
3καὶ ⸂ἤρχοντο πρὸς αὐτὸν καὶ⸃ ἔλεγον· Χαῖρε, ὁ βασιλεὺς τῶν Ἰουδαίων· καὶ ἐδίδοσαν αὐτῷ ῥαπίσματα.
4ပိလတ် မင်းကလည်း ၊ ဤသူ ၌ အဘယ် အပြစ် ကိုမျှ ငါမတွေ့ ကြောင်း ကို သင်တို့သိ စေခြင်းငှာ ၊ သူ့ ကို သင် တို့ရှိရာသို့ ငါထုတ်ပြ သည်ဟုဆို ၏။
4⸂καὶ ἐξῆλθεν⸃ πάλιν ἔξω ὁ Πιλᾶτος καὶ λέγει αὐτοῖς· Ἴδε ἄγω ὑμῖν αὐτὸν ἔξω, ἵνα γνῶτε ὅτι ⸂οὐδεμίαν αἰτίαν εὑρίσκω ἐν αὐτῷ⸃.
5ထိုအခါ ယေရှု သည် ဆူး ပင်ဦးရစ် နှင့် နီမောင်း သောဝတ်လုံ တို့ကိုဝတ် လျက် အပြင် သို့ထွက်ကြွ တော်မူ၏။ ပိလတ်မင်းကလည်း သူ့ ကိုကြည့် ကြလော့ဟုဆို ၏။
5ἐξῆλθεν οὖν ὁ Ἰησοῦς ἔξω, φορῶν τὸν ἀκάνθινον στέφανον καὶ τὸ πορφυροῦν ἱμάτιον. καὶ λέγει αὐτοῖς· ⸀Ἰδοὺ ὁ ἄνθρωπος.
6ယဇ်ပုရောဟိတ် အကြီးတို့နှင့် လုလင် များတို့က၊ ထိုသူကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားပါ၊ ရိုက် ထားပါ ဟု ဟစ်ကြော် ကြ၏။ ပိလတ် မင်းကလည်း၊ သင် တို့သည် သူ့ ကိုယူ ၍ လက်ဝါးကပ်တိုင် မှာရိုက်ထားကြ။ ငါ သည် သူ ၌ အပြစ် ကို မ တွေ့ ဟုဆို လျှင်၊
6ὅτε οὖν εἶδον αὐτὸν οἱ ἀρχιερεῖς καὶ οἱ ὑπηρέται ἐκραύγασαν λέγοντες· Σταύρωσον ⸀σταύρωσον. λέγει αὐτοῖς ὁ Πιλᾶτος· Λάβετε αὐτὸν ὑμεῖς καὶ σταυρώσατε, ἐγὼ γὰρ οὐχ εὑρίσκω ἐν αὐτῷ αἰτίαν.
7ယုဒ လူတို့က၊ ဤသူသည်ဘုရားသခင် ၏သား တော်ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ် တို့၌ ရှိ သောဓမ္မသတ် အတိုင်း သေ ထိုက် ပါသည်ဟုလျှောက် ကြ၏။
7ἀπεκρίθησαν αὐτῷ οἱ Ἰουδαῖοι· Ἡμεῖς νόμον ἔχομεν, καὶ κατὰ τὸν ⸀νόμον ὀφείλει ἀποθανεῖν, ὅτι ⸂υἱὸν θεοῦ ἑαυτὸν⸃ ἐποίησεν.
8ထို စကား ကိုကြား လျှင် ပိလတ် မင်းသည်သာ၍ ကြောက် သဖြင့် ၊ အိမ်တော်ဦး ထဲသို့ ဝင် ပြန် ၍ ၊
8Ὅτε οὖν ἤκουσεν ὁ Πιλᾶτος τοῦτον τὸν λόγον, μᾶλλον ἐφοβήθη,
9ယေရှု အား၊ သင် သည် အဘယ် ကဖြစ် သနည်းဟုမေး လျှင်၊ တစ်ခွန်းကိုမျှပြန် တော်မ မူ၊
9καὶ εἰσῆλθεν εἰς τὸ πραιτώριον πάλιν καὶ λέγει τῷ Ἰησοῦ· Πόθεν εἶ σύ; ὁ δὲ Ἰησοῦς ἀπόκρισιν οὐκ ἔδωκεν αὐτῷ.
10ပိလတ် မင်းကလည်း၊ ငါ နှင့်စကား မ ပြောသလော။ ငါ သည် သင့် ကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားပိုင် သည်ကို၎င်း ၊ လွှတ် ပိုင်သည်ကို၎င်း၊ သင်မ သိ လောဟုဆို သော်၊
10λέγει οὖν αὐτῷ ὁ Πιλᾶτος· Ἐμοὶ οὐ λαλεῖς; οὐκ οἶδας ὅτι ἐξουσίαν ἔχω ⸂ἀπολῦσαί σε καὶ ἐξουσίαν ἔχω σταυρῶσαί⸃ σε;
11အထက် အရပ်မှအခွင့် ကို မ ရ လျှင် မင်းကြီး သည် ငါ့ ကို အဘယ်သို့မျှ မပြုပိုင်။ ထိုကြောင့် ငါ့ ကို မင်းကြီး လက်သို့ အပ်နှံ သောသူ သည်သာ၍ကြီး သောအပြစ် ရှိ သည် ဟု မိန့် တော်မူ ၏။
11ἀπεκρίθη ⸀αὐτῷ Ἰησοῦς· Οὐκ εἶχες ἐξουσίαν ⸂κατʼ ἐμοῦ οὐδεμίαν⸃ εἰ μὴ ἦν ⸂δεδομένον σοι⸃ ἄνωθεν· διὰ τοῦτο ὁ ⸀παραδούς μέ σοι μείζονα ἁμαρτίαν ἔχει.
12ထိုအခါ မှစ၍ ပိလတ် မင်းသည် ကိုယ်တော် ကိုလွှတ် ခြင်းငှာရှာကြံ လေ၏။ ယုဒ လူတို့ကလည်း ၊ ထို သူကို လွှတ် လျှင် ကိုယ်တော်သည် ကဲသာ ဘုရင်၏အဆွေ မ ဟုတ် ပါ။ ရှင်ဘုရင် လုပ် သောသူ မည်သည်ကား ၊ ကဲသာ ဘုရင်၏ရန်သူ ဖြစ်ပါသည်ဟု လျှောက် ကြ၏။
12ἐκ τούτου ⸂ὁ Πιλᾶτος ἐζήτει⸃ ἀπολῦσαι αὐτόν· οἱ δὲ Ἰουδαῖοι ⸀ἐκραύγασαν λέγοντες· Ἐὰν τοῦτον ἀπολύσῃς, οὐκ εἶ φίλος τοῦ Καίσαρος· πᾶς ὁ βασιλέα ἑαυτὸν ποιῶν ἀντιλέγει τῷ Καίσαρι.
13ထို စကား ကိုကြား လျှင် ပိလတ် မင်းသည် ယေရှု ကိုပြင် သို့ထုတ် ပြီးမှ၊ ဟေဗြဲ စကားအားဖြင့်ဂဗ္ဗသ အမည်ရှိ၍ ကျောက် ခင်းဟုခေါ်ဝေါ်သောအရပ် ၌ တရားပလ္လင် ပေါ်မှာ ထိုင် လေ၏။
13Ὁ οὖν Πιλᾶτος ἀκούσας ⸂τῶν λόγων τούτων⸃ ἤγαγεν ἔξω τὸν Ἰησοῦν, καὶ ἐκάθισεν ⸀ἐπὶ βήματος εἰς τόπον λεγόμενον Λιθόστρωτον, Ἑβραϊστὶ δὲ Γαββαθα.
14ထိုနေ့အချိန်ကား၊ ပသခါ အဘိတ်နေ့ တစ် ချက်တီးအချိန် လောက် ရှိ ၏။ ပိလတ်မင်းကလည်းသင် တို့၏ ရှင်ဘုရင် ကို ကြည့် ကြလော့ဟု ယုဒ လူတို့အား ပြောဆို လျှင် ၊
14ἦν δὲ παρασκευὴ τοῦ πάσχα, ὥρα ⸂ἦν ὡς⸃ ἕκτη. καὶ λέγει τοῖς Ἰουδαίοις· Ἴδε ὁ βασιλεὺς ὑμῶν.
15ထို သူ ကိုထုတ် ပါ။ ထုတ် ပါ။ လက်ဝါးကပ်တိုင် မှာ ရိုက်ထားပါဟု လူအများဟစ်ကြော် ကြ၏။ ပိလတ် မင်းကလည်း၊ သင် တို့၏ရှင်ဘုရင် ကို လက်ဝါးကပ်တိုင် မှာရိုက်ထားရမည်လောဟု မေး ပြန်လျှင်၊ ယဇ်ပုရောဟိတ် အကြီးတို့က၊ အကျွန်ုပ်တို့၌ ကဲသာ ဘုရင်မှတစ်ပါး အဘယ် ရှင်ဘုရင် မျှမရှိ ဟု ပြန်ပြော ကြ၏။
15⸂ἐκραύγασαν οὖν ἐκεῖνοι⸃· Ἆρον ἆρον, σταύρωσον αὐτόν. λέγει αὐτοῖς ὁ Πιλᾶτος· Τὸν βασιλέα ὑμῶν σταυρώσω; ἀπεκρίθησαν οἱ ἀρχιερεῖς· Οὐκ ἔχομεν βασιλέα εἰ μὴ Καίσαρα.
16ထိုအခါ ပိလတ်မင်းသည် ယေရှု ကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားစေခြင်းငှာ ထိုသူ တို့လက်သို့ အပ် သဖြင့်၊ သူတို့သည် ကိုယ်တော် ကိုယူ၍ထုတ်သွား ကြ၏။
16τότε οὖν παρέδωκεν αὐτὸν αὐτοῖς ἵνα σταυρωθῇ. Παρέλαβον ⸀οὖν τὸν ⸀Ἰησοῦν·
17ကိုယ်တော်သည် မိမိ လက်ဝါးကပ်တိုင် ကိုထမ်း လျှက် ဦးခေါင်းခွံ အရပ်ဟူ၍တွင် သောအရပ် သို့ ထွက် တော်မူ၏။ ထို အရပ် ကား၊ ဟေဗြဲ စကားအားဖြင့်ဂေါလဂေါသ အမည် ရှိ၏။
17καὶ βαστάζων ⸂αὑτῷ τὸν σταυρὸν⸃ ἐξῆλθεν εἰς ⸀τὸν λεγόμενον Κρανίου Τόπον, ⸀ὃ λέγεται Ἑβραϊστὶ Γολγοθα,
18ထိုအရပ် ၌ ကိုယ်တော် ကို အခြား သောသူနှစ် ယောက်နှင့်တကွ လက်ဝါးကပ်တိုင် မှာ ရိုက်ထားကြ၏။ ထိုသူနှစ်ယောက်အလယ် မှာ ယေရှု သည် နေရာကျသတည်း။
18ὅπου αὐτὸν ἐσταύρωσαν, καὶ μετʼ αὐτοῦ ἄλλους δύο ἐντεῦθεν καὶ ἐντεῦθεν, μέσον δὲ τὸν Ἰησοῦν.
19ပိလတ် မင်းသည်လည်း ကမ္ဗည်း လိပ်စာကိုရေး ၍ လက်ဝါးကပ်တိုင် တော်၌ တပ် လေ၏။ လိပ်စာချက်ဟူမူကား၊ ယုဒ ရှင်ဘုရင် ၊ နာဇရက် မြို့သားယေရှု ဟု ရေး ထားသတည်း။
19ἔγραψεν δὲ καὶ τίτλον ὁ Πιλᾶτος καὶ ἔθηκεν ἐπὶ τοῦ σταυροῦ· ἦν δὲ γεγραμμένον· Ἰησοῦς ὁ Ναζωραῖος ὁ βασιλεὺς τῶν Ἰουδαίων.
20ယေရှု ကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားသောအရပ် သည် မြို့ နှင့်နီး သည်ဖြစ်၍ ၊ ထိုလိပ်စာကို ဟေဗြဲ ဘာသာ၊ ဟေလသ ဘာသာ၊ ရောမ ဘာသာအားဖြင့်ရေး ထားသောကြောင့် ယုဒ လူများ တို့သည် ဖတ် ကြ၏။
20τοῦτον οὖν τὸν τίτλον πολλοὶ ἀνέγνωσαν τῶν Ἰουδαίων, ὅτι ἐγγὺς ἦν ὁ τόπος τῆς πόλεως ὅπου ἐσταυρώθη ὁ Ἰησοῦς· καὶ ἦν γεγραμμένον Ἑβραϊστί, ⸂Ῥωμαϊστί, Ἑλληνιστί⸃.
21ထိုကြောင့် ယုဒ ယဇ်ပုရောဟိတ် အကြီးတို့သည် ပိလတ် မင်းထံသို့ဝင်၍၊ ယုဒ ရှင်ဘုရင် ဟု မ ရေး ပါနှင့်။ ငါသည်ယုဒ ရှင်ဘုရင် ဖြစ် သည်ဟု သူ ဆို ကြောင်း ကို ရေးတော်မူပါဟုလျှောက် ကြလျှင်၊
21ἔλεγον οὖν τῷ Πιλάτῳ οἱ ἀρχιερεῖς τῶν Ἰουδαίων· Μὴ γράφε· Ὁ βασιλεὺς τῶν Ἰουδαίων, ἀλλʼ ὅτι ἐκεῖνος εἶπεν Βασιλεὺς ⸂τῶν Ἰουδαίων εἰμί⸃.
22ပိလတ် မင်းက၊ ငါရေး ပြီးသောအရာ ကို ငါရေး ပြီဟုပြန်ဆို ၏။
22ἀπεκρίθη ὁ Πιλᾶτος· Ὃ γέγραφα γέγραφα.
23စစ်သူရဲ တို့သည် ယေရှု ကိုလက်ဝါးကပ်တိုင် ၌ ရိုက်ထားပြီးမှ၊ အဝတ် တော်တို့ကို လေး ပိုင်း ပိုင်း၍ တစ်ယောက်တစ်ပိုင်း စီ ယူကြလေ၏။ အတွင်းအင်္ကျီ တော်ကား၊ မ ချုပ်ဘဲလျက် အထက် စွန်းမှသည်အောက်စွန်းတိုင်အောင် ရက် သောအင်္ကျီ ဖြစ်သောကြောင့် ၊
23οἱ οὖν στρατιῶται ὅτε ἐσταύρωσαν τὸν Ἰησοῦν ἔλαβον τὰ ἱμάτια αὐτοῦ καὶ ἐποίησαν τέσσαρα μέρη, ἑκάστῳ στρατιώτῃ μέρος, καὶ τὸν χιτῶνα. ἦν δὲ ὁ χιτὼν ἄραφος, ἐκ τῶν ἄνωθεν ὑφαντὸς διʼ ὅλου·
24ထိုသူတို့က၊ အင်္ကျီ ကိုမ ဆုတ် ကြနှင့်။ အဘယ်သူ ယူ ရမည်ကို စာရေးတံ ချကြကုန်အံ့ဟု အချင်းချင်း ဆို ကြ၏။ ကျမ်းစာ လာသည်ကား ၊ သူတို့သည် အကျွန်ုပ် အဝတ် ကို အချင်းချင်း ဝေဖန် ၍ အကျွန်ုပ် အင်္ကျီ ကိုစာရေးတံ ချကြပါ၏ဟူသော အချက်စကား ကိုပြည့်စုံ စေ၍၊ စစ်သူရဲ တို့သည် ထိုသို့ ပြု ကြ၏။
24εἶπαν οὖν πρὸς ἀλλήλους· Μὴ σχίσωμεν αὐτόν, ἀλλὰ λάχωμεν περὶ αὐτοῦ τίνος ἔσται· ἵνα ἡ γραφὴ πληρωθῇ ⸂ἡ λέγουσα⸃· Διεμερίσαντο τὰ ἱμάτιά μου ἑαυτοῖς καὶ ἐπὶ τὸν ἱματισμόν μου ἔβαλον κλῆρον. Οἱ μὲν οὖν στρατιῶται ταῦτα ἐποίησαν.
25ယေရှု ၏ လက်ဝါးကပ်တိုင် တော်နား မှာ မယ်တော် နှင့် မယ်တော် ၏ညီမ ဖြစ်သော ကလောဖ ၏မယား မာရိ နှင့် မာဂဒလ မာရိ တို့သည် ရပ် နေကြ၏။
25Εἱστήκεισαν δὲ παρὰ τῷ σταυρῷ τοῦ Ἰησοῦ ἡ μήτηρ αὐτοῦ καὶ ἡ ἀδελφὴ τῆς μητρὸς αὐτοῦ, Μαρία ἡ τοῦ Κλωπᾶ καὶ Μαρία ἡ Μαγδαληνή.
26ထိုအခါမယ်တော် နှင့် ချစ် တော်မူသောတပည့် တော်သည် အနားမှာရပ် နေသည်ကို ယေရှု သည် မြင် တော်မူလျှင်၊ မယ်တော် အား၊ အချင်းမိန်းမ ၊ သင် ၏သား ကို ကြည့် ပါ ဟူ၍၎င်း ၊
26Ἰησοῦς οὖν ἰδὼν τὴν μητέρα καὶ τὸν μαθητὴν παρεστῶτα ὃν ἠγάπα λέγει τῇ ⸀μητρί· Γύναι, ⸀ἴδε ὁ υἱός σου·
27တပည့် တော်အားလည်း၊ သင် ၏အမိ ကိုကြည့် ပါ ဟူ၍၎င်း မိန့် တော်မူ၏။ ထို အခါ မှစ၍ ထိုတပည့် တော်သည် မယ်တော် ကိုမိမိ အိမ်၌ သိမ်းထား ၏။
27εἶτα λέγει τῷ μαθητῇ· ⸀Ἴδε ἡ μήτηρ σου. καὶ ἀπʼ ἐκείνης τῆς ὥρας ἔλαβεν ὁ μαθητὴς αὐτὴν εἰς τὰ ἴδια.
28ထိုနောက်မှ ကျမ်းစာ ပြည့်စုံ စေခြင်းငှာ အမှုရှိသမျှ ကုန်စင် ပြီး သည်ကို သိ တော်မူလျှင်၊ ရေငတ် သည်ဟု မိန့် တော်မူ၏။
28Μετὰ τοῦτο ⸀εἰδὼς ὁ Ἰησοῦς ὅτι ⸂ἤδη πάντα⸃ τετέλεσται ἵνα τελειωθῇ ἡ γραφὴ λέγει· Διψῶ.
29ထိုအရပ်၌ပုံးရည် နှင့်ပြည့် သော အိုး တစ်လုံးရှိ သည်ဖြစ်၍၊ ထိုသူတို့သည် ရေမှို တထွေးကိုပုံးရည် နှင့် ပြည့် စေပြီးလျှင်၊ ဟုဿုပ် ပင် အကိုင်းဖျား၌တပ် ၍ ခံတွင်း တော်သို့ကပ် ထားကြ၏။
29⸀σκεῦος ἔκειτο ὄξους μεστόν· ⸂σπόγγον οὖν μεστὸν τοῦ⸃ ὄξους ⸀ὑσσώπῳ περιθέντες προσήνεγκαν αὐτοῦ τῷ στόματι.
30ယေရှု သည် ပုံးရည် ကိုခံ ပြီးမှ၊ အမှုပြီး ပြီဟုမိန့် တော်မူလျက်၊ ခေါင်း တော်ကို ငိုက် ဆိုက်ညွှတ်၍ အသက် တော်ကို စွန့် တော်မူ၏။
30ὅτε οὖν ἔλαβεν τὸ ὄξος ὁ Ἰησοῦς εἶπεν· Τετέλεσται, καὶ κλίνας τὴν κεφαλὴν παρέδωκεν τὸ πνεῦμα.
31ထို နေ့သည် အဘိတ်နေ့ ဖြစ် ၍၊ နက်ဖြန်နေ့လည်း ကြီးမြတ် သောဥပုသ်နေ့ ဖြစ် သည်ကို ယုဒ လူတို့သည် ထောက်၍၊ အလောင်း ကောင်တို့ကို ဥပုသ်နေ့ ၌ လက်ဝါးကပ်တိုင် ပေါ်မှာ မ ရှိစေခြင်းငှာ ပိလတ် မင်းထံသို့ဝင် ပြီးလျှင်၊ ခြေ ကိုချိုး ၍ ထိုအလောင်းကောင်တို့ကို ယူသွား ရမည်အကြောင်း အခွင့်တောင်း ကြ၏။
31Οἱ οὖν Ἰουδαῖοι, ⸂ἐπεὶ παρασκευὴ ἦν, ἵνα μὴ μείνῃ ἐπὶ τοῦ σταυροῦ τὰ σώματα ἐν τῷ σαββάτῳ⸃, ἦν γὰρ μεγάλη ἡ ἡμέρα ἐκείνου τοῦ σαββάτου, ἠρώτησαν τὸν Πιλᾶτον ἵνα κατεαγῶσιν αὐτῶν τὰ σκέλη καὶ ἀρθῶσιν.
32ထိုအခါ စစ်သူရဲ တို့သည် သွား ၍ကိုယ်တော် နှင့်အတူလက်ဝါးကပ်တိုင် မှာ ရိုက်ထားသောသူနှစ် ယောက်တို့၏ ခြေ ကိုချိုး လေ၏။
32ἦλθον οὖν οἱ στρατιῶται, καὶ τοῦ μὲν πρώτου κατέαξαν τὰ σκέλη καὶ τοῦ ἄλλου τοῦ συσταυρωθέντος αὐτῷ·
33ယေရှု ထံသို့ ရောက် ၍ အသက် မရှိကြောင်းကို မြင် လျှင်ခြေ ကို မ ချိုး ဘဲ၊
33ἐπὶ δὲ τὸν Ἰησοῦν ἐλθόντες, ὡς εἶδον ⸂ἤδη αὐτὸν⸃ τεθνηκότα, οὐ κατέαξαν αὐτοῦ τὰ σκέλη,
34စစ်သူရဲ တစ် ယောက်သည် နံဖေး တော်ကို လှံ နှင့်ထိုးဖောက် ၍ သွေး နှင့် ရေ သည်ချက်ခြင်း ထွက်လာ ၏။
34ἀλλʼ εἷς τῶν στρατιωτῶν λόγχῃ αὐτοῦ τὴν πλευρὰν ἔνυξεν, καὶ ⸂ἐξῆλθεν εὐθὺς⸃ αἷμα καὶ ὕδωρ.
35ထိုအကြောင်းအရာကိုမြင် သောသူ သည် သက်သေခံ ၏။ သူ ၏သက်သေခံ ချက်သည်လည်း မှန် ပေ၏။ သင် တို့သည်ယုံကြည် မည်အကြောင်း ၊ သူပြော သောစကားမှန် သည် ကို သူ သိ ၏။
35καὶ ὁ ἑωρακὼς μεμαρτύρηκεν, καὶ ἀληθινὴ ⸂αὐτοῦ ἐστιν⸃ ἡ μαρτυρία, καὶ ἐκεῖνος οἶδεν ὅτι ἀληθῆ λέγει, ἵνα ⸀καὶ ὑμεῖς ⸀πιστεύητε.
36ထို အကြောင်းအရာကား၊ သူ ၏အရိုး ကို မ ချိုး ရဟု ကျမ်းစာ လာချက်ပြည့်စုံ မည်အကြောင်း တည်း။
36ἐγένετο γὰρ ταῦτα ἵνα ἡ γραφὴ πληρωθῇ· Ὀστοῦν οὐ συντριβήσεται ⸀αὐτοῦ.
37တစ်ဖန် ကျမ်းစာ လာသည်ကား၊ ထိုသူတို့သည် မိမိတို့ ထိုးဖောက် သောသူ ကို ရှုမြင် ရကြလိမ့်မည်ဟု လာ၏။
37καὶ πάλιν ἑτέρα γραφὴ λέγει· Ὄψονται εἰς ὃν ἐξεκέντησαν.
38ထိုနောက်မှ အရိမသဲ မြို့သားယောသပ် သည် ယုဒ လူတို့ကိုကြောက် ၍ မထင်မရှား တပည့် တော်ဖြစ် သည်နှင့်၊ ပိလတ် မင်းထံသို့ဝင်၍ ယေရှု ၏အလောင်း တော်ကို ယူသွား မည်အကြောင်း အခွင့်တောင်း ၏။ ပိလတ် မင်းအခွင့် ပေးလျှင်၊ ထိုသူသည်သွား ၍ ယေရှု ၏အလောင်း တော်ကို ယူ လေ၏။
38Μετὰ ⸀δὲ ταῦτα ἠρώτησεν τὸν Πιλᾶτον Ἰωσὴφ ⸀ἀπὸ Ἁριμαθαίας, ὢν μαθητὴς τοῦ Ἰησοῦ κεκρυμμένος δὲ διὰ τὸν φόβον τῶν Ἰουδαίων, ἵνα ἄρῃ τὸ σῶμα τοῦ Ἰησοῦ· καὶ ἐπέτρεψεν ὁ Πιλᾶτος. ἦλθεν οὖν καὶ ἦρεν τὸ σῶμα ⸀αὐτοῦ.
39အထက် ကညဉ့် အခါယေရှု ထံသို့ လာ သော နိကောဒင် သည်လည်း ၊ အခွက်သုံးဆယ်မျှလောက် အချိန် ရှိသောမုရန် နှင့် အကျော် ကို ရောနှော သော နံ့သာပျောင်းကို ဆောင် လျက်လာ ၏။
39ἦλθεν δὲ καὶ Νικόδημος, ὁ ἐλθὼν πρὸς ⸀αὐτὸν νυκτὸς τὸ πρῶτον, φέρων ⸀μίγμα σμύρνης καὶ ἀλόης ὡς λίτρας ἑκατόν.
40ထိုသူတို့သည် ယေရှု ၏အလောင်း တော်ကိုယူ ၍ ၊ ယုဒ လူတို့၏ သင်္ဂြိုဟ် ခြင်းနှင့်ဆိုင်သောပြင်ဆင်ခြင်း ထုံးစံ ရှိ သည်အတိုင်း နံ့သာမျိုး နှင့်တကွ ပိတ် ပုဆိုးဖြင့် အလောင်း တော်ကို ပတ်ရစ် ကြ၏။
40ἔλαβον οὖν τὸ σῶμα τοῦ Ἰησοῦ καὶ ἔδησαν ⸀αὐτὸ ὀθονίοις μετὰ τῶν ἀρωμάτων, καθὼς ἔθος ἐστὶν τοῖς Ἰουδαίοις ἐνταφιάζειν.
41လက်ဝါးကပ်တိုင် မှာ ရိုက်ထားသောအရပ် တွင်ဥယျာဉ် ရှိ ၏။ ထိုဥယျာဉ် တွင် တစ်ယောက် ကိုမျှမ သင်္ဂြိုဟ်ဘူးသော သင်္ချိုင်း တွင်းသစ် ရှိ၏။
41ἦν δὲ ἐν τῷ τόπῳ ὅπου ἐσταυρώθη κῆπος, καὶ ἐν τῷ κήπῳ μνημεῖον καινόν, ἐν ᾧ οὐδέπω οὐδεὶς ⸂ἦν τεθειμένος⸃·
42ယုဒ လူတို့၏ အဘိတ်နေ့ ဖြစ်သောကြောင့် ၊ အနီးအပါး တွင်ရှိ သော ထိုသင်္ချိုင်း အတွင်း၌ အလောင်း တော်ကိုထား ကြ၏။
42ἐκεῖ οὖν διὰ τὴν παρασκευὴν τῶν Ἰουδαίων, ὅτι ἐγγὺς ἦν τὸ μνημεῖον, ἔθηκαν τὸν Ἰησοῦν.
Tip: use the ← and → keys to turn chapters.