၁ယောဟန် 1
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
SBL Greek New Testament
1ရှေ့ဦးစွာ ကပင် ဖြစ် ၍၊ ငါတို့သည် ကိုယ်တိုင်ကြား လျက်၊ ကိုယ် မျက်စိ နှင့် မြင် လျက်၊ စေ့စေ့ကြည့်ရှု ၍ လက် နှင့် စမ်းသပ် ခဲ့ပြီးသောအရာ တည်းဟူသောအသက် ရှင်သောနှုတ်ကပတ် တော်နှင့်ဆိုင် သောအရာကို သင်တို့အားပြသကြ၏။
1Ὃ ἦν ἀπʼ ἀρχῆς, ὃ ἀκηκόαμεν, ὃ ἑωράκαμεν τοῖς ὀφθαλμοῖς ἡμῶν, ὃ ἐθεασάμεθα καὶ αἱ χεῖρες ἡμῶν ἐψηλάφησαν, περὶ τοῦ λόγου τῆς ζωῆς—
2ထိုအသက် သည်ထင်ရှား ခဲ့ပြီ။ ငါတို့လည်း မြင်ရ ကြပြီ။ ခမည်းတော် နှင့်အတူ ရှိ ဘူး၍၊ ငါတို့အား ထင်ရှား ခဲ့ပြီးသော ထိုထာဝရ အသက် ကို၊ ငါ တို့သည် သင် တို့အား သက်သေခံ ၍ ပြသ ကြ၏။
2καὶ ἡ ζωὴ ἐφανερώθη, καὶ ἑωράκαμεν καὶ μαρτυροῦμεν καὶ ἀπαγγέλλομεν ὑμῖν τὴν ζωὴν τὴν αἰώνιον ἥτις ἦν πρὸς τὸν πατέρα καὶ ἐφανερώθη ἡμῖν—
3ငါ တို့သည် ခမည်းတော် နှင့် ၎င်း ၊ သား တော်ယေရှု ခရစ် နှင့် ၎င်း၊ မိဿဟာယဖွဲ့ ရသည်ဖြစ်၍ ၊ သင် တို့သည် ငါ တို့နှင့် မိဿဟာယဖွဲ့ စေခြင်းငှာ ၊ ငါတို့ကြား မြင် ရသောအရာကို သင် တို့အား ပြသ ကြ၏။
3ὃ ἑωράκαμεν καὶ ἀκηκόαμεν ἀπαγγέλλομεν ⸀καὶ ὑμῖν, ἵνα καὶ ὑμεῖς κοινωνίαν ἔχητε μεθʼ ἡμῶν· καὶ ἡ κοινωνία δὲ ἡ ἡμετέρα μετὰ τοῦ πατρὸς καὶ μετὰ τοῦ υἱοῦ αὐτοῦ Ἰησοῦ Χριστοῦ·
4သင်တို့၏ ဝမ်းမြောက် စရာအကြောင်း စုံလင် စေခြင်းငှာ လည်း ၊ ဤအရာ များကို ငါ တို့သည် ရေး လိုက်ကြ၏။
4καὶ ταῦτα γράφομεν ⸀ἡμεῖς ἵνα ἡ χαρὰ ἡμῶν ᾖ πεπληρωμένη.
5ထို နှုတ်ကပတ် တော်ထံ၌ ငါတို့သည်ကြား ရ၍၊ သင် တို့အား ပြသ သောတရား စကားဟူမူကား၊ ဘုရားသခင် သည်အလင်း ဖြစ် တော်မူ၏။ ဘုရားသခင် ၌ မှောင်မိုက် အလျှင်း မ ရှိ ။
5Καὶ ἔστιν αὕτη ἡ ἀγγελία ἣν ἀκηκόαμεν ἀπʼ αὐτοῦ καὶ ἀναγγέλλομεν ὑμῖν, ὅτι ὁ θεὸς φῶς ἐστιν καὶ σκοτία ⸂ἐν αὐτῷ οὐκ ἔστιν⸃ οὐδεμία.
6ငါတို့သည် ဘုရားသခင် နှင့် မိဿဟာယဖွဲ့ ပြီဟုဆို လျက်ပင် ၊ မှောင်မိုက် ၌ ကျင်လည် လျှင် ၊ သစ္စာ တရား ကိုမ ကျင့် ။ မုသာ ကိုသုံးသောသူ ဖြစ်ကြ၏။
6ἐὰν εἴπωμεν ὅτι κοινωνίαν ἔχομεν μετʼ αὐτοῦ καὶ ἐν τῷ σκότει περιπατῶμεν, ψευδόμεθα καὶ οὐ ποιοῦμεν τὴν ἀλήθειαν·
7ဘုရားသခင် သည်အလင်း ၌ ရှိ တော်မူသကဲ့သို့ ၊ ငါတို့သည်အလင်း ၌ ကျင်လည် လျှင် ၊ အချင်းချင်း မိဿဟာယဖွဲ့ ခြင်း ရှိ ကြသည်ဖြစ်၍၊ ဘုရားသခင် ၏သား တော်ယေရှု ခရစ်၏အသွေး တော်သည်၊ ငါ တို့အပြစ် ရှိသမျှ ကို ဆေးကြော တော်မူ၏။
7ἐὰν ⸀δὲ ἐν τῷ φωτὶ περιπατῶμεν ὡς αὐτός ἐστιν ἐν τῷ φωτί, κοινωνίαν ἔχομεν μετʼ ἀλλήλων καὶ τὸ αἷμα ⸀Ἰησοῦ τοῦ υἱοῦ αὐτοῦ καθαρίζει ἡμᾶς ἀπὸ πάσης ἁμαρτίας.
8ကိုယ်အပြစ် မ ရှိ ဟုငါတို့သည်ဆို လျှင် ၊ ကိုယ်ကိုကိုယ် လှည့်ဖြား ကြ၏။ ငါ တို့၌ သစ္စာ တရားမ ရှိ ။
8ἐὰν εἴπωμεν ὅτι ἁμαρτίαν οὐκ ἔχομεν, ἑαυτοὺς πλανῶμεν καὶ ἡ ἀλήθεια ⸂οὐκ ἔστιν ἐν ἡμῖν⸃.
9ကိုယ် အပြစ် တို့ကို ဖော်ပြ တောင်းပန်လျှင် ၊ ငါ တို့အပြစ် များကိုလွှတ် ၍ ဒုစရိုက် ရှိသမျှ နှင့် ကင်းစင် စေခြင်းငှာ ဘုရားသခင်သည် သစ္စာ တရားနှင့်၎င်း ၊ ဖြောင့်မတ် ခြင်းတရားနှင့် ၎င်း ပြည့်စုံတော်မူ၏။
9ἐὰν ὁμολογῶμεν τὰς ἁμαρτίας ἡμῶν, πιστός ἐστιν καὶ δίκαιος ἵνα ἀφῇ ἡμῖν τὰς ἁμαρτίας καὶ καθαρίσῃ ἡμᾶς ἀπὸ πάσης ἀδικίας.
10ဒုစရိုက် ကိုမ ပြု ပြီဟု ငါတို့သည်ဆို လျှင် ၊ ဘုရားသခင် ကို မုသာ အပြစ်တင်ကြ၏။ နှုတ်ကပတ် တော် လည်း ငါ တို့၌ မ ရှိ ။
10ἐὰν εἴπωμεν ὅτι οὐχ ἡμαρτήκαμεν, ψεύστην ποιοῦμεν αὐτὸν καὶ ὁ λόγος αὐτοῦ οὐκ ἔστιν ἐν ἡμῖν.
Tip: use the ← and → keys to turn chapters.