ရှင်လုကာ 1
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
SBL Greek New Testament
1ရှေ့ဦးစွာ မှစ၍ ကိုယ်တိုင်မြင်သောသက်သေ ဖြစ်လျက်၊ နှုတ်ကပတ် တော်မှုကိုဆောင်ရွက် သောသူ တို့သည်၊
1Ἐπειδήπερ πολλοὶ ἐπεχείρησαν ἀνατάξασθαι διήγησιν περὶ τῶν πεπληροφορημένων ἐν ἡμῖν πραγμάτων,
2ငါ တို့သည် ထင်ရှားစွာဖြစ်လေပြီး သော အတ္ထုပ္ပတ္တိ များကို ငါ တို့အားကြားပြော သည် အစဉ် အတိုင်းမှတ်သားသောစာ ကို စီရင် ရေးထားသောသူ အများ ရှိကြသည်ဖြစ်၍၊
2καθὼς παρέδοσαν ἡμῖν οἱ ἀπʼ ἀρχῆς αὐτόπται καὶ ὑπηρέται γενόμενοι τοῦ λόγου,
3ငါ သည်လည်း ထိုအတ္ထုပ္ပတ္တိအလုံးစုံ တို့ကို ရှေ့ဦးစွာ မှစ၍၊
3ἔδοξε κἀμοὶ παρηκολουθηκότι ἄνωθεν πᾶσιν ἀκριβῶς καθεξῆς σοι γράψαι, κράτιστε Θεόφιλε,
4စေ့စေ့ ဖွေရှာလိုက်စစ် ပြီးလျှင်၊ ကိုယ်တော်သင် ပြီးသောအကြောင်းအရာတို့သည်ဧကန်အမှန် ဖြစ် ကြောင်းကို ကိုယ်တော်သိ စေခြင်းငှာ အစဉ် အတိုင်းရေးထား ၍ ကြားလိုက်မည်အကြံရှိ ပါ၏၊ အလွန်မြတ် သော သော်ဖိလု ။
4ἵνα ἐπιγνῷς περὶ ὧν κατηχήθης λόγων τὴν ἀσφάλειαν.
5ယုဒ ပြည်ကို အစိုးရသော ဟေရုဒ် မင်းကြီး လက်ထက် ၊ အဘိယ အသင်း အဝင်ဖြစ် ၍၊ ဇာခရိ အမည် ရှိ သော ယဇ် ပုရောဟိတ်တစ်ပါး ရှိ၏။ သူ ၏ခင်ပွန်း သည် အာရုန် အမျိုးအနွယ်ဖြစ်၏။ သူ့ အမည် ကား ဧလိရှဗက် တည်း။
5Ἐγένετο ἐν ταῖς ἡμέραις ⸀Ἡρῴδου βασιλέως τῆς Ἰουδαίας ἱερεύς τις ὀνόματι Ζαχαρίας ἐξ ἐφημερίας Ἀβιά, ⸀καὶ γυνὴ ⸀αὐτῷ ἐκ τῶν θυγατέρων Ἀαρών, καὶ τὸ ὄνομα αὐτῆς Ἐλισάβετ.
6ထိုသူနှစ် ယောက်တို့သည် ထာဝရ ဘုရား၏ ပညတ်တရား တော်အမျိုးမျိုး တို့ကို ကျင့်ဆောင် ၍ အပြစ်တင်ခွင့်နှင့်လွတ် သဖြင့်၊ ဘုရားသခင် ရှေ့ တော်၌ ဖြောင့်မတ် ခြင်း ပါရမီရှိ ကြ၏။
6ἦσαν δὲ δίκαιοι ἀμφότεροι ⸀ἐναντίον τοῦ θεοῦ, πορευόμενοι ἐν πάσαις ταῖς ἐντολαῖς καὶ δικαιώμασιν τοῦ κυρίου ἄμεμπτοι.
7ဧလိရှဗက် သည် မြုံ သောကြောင့် သူတို့သည်သား မ ရှိ ။ ထိုသူ နှစ် ယောက်တို့သည် အသက် အရွယ်ကြီးရင့် ကြ၏။
7καὶ οὐκ ἦν αὐτοῖς τέκνον, καθότι ⸂ἦν ἡ Ἐλισάβετ⸃ στεῖρα, καὶ ἀμφότεροι προβεβηκότες ἐν ταῖς ἡμέραις αὐτῶν ἦσαν.
8ဇာခရိသည် မိမိ အသင်း နှင့်တကွအလှည့် သင့်၍ ၊ ဘုရားသခင့် ရှေ့ တော်၌ ယဇ် ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင် ၊
8Ἐγένετο δὲ ἐν τῷ ἱερατεύειν αὐτὸν ἐν τῇ τάξει τῆς ἐφημερίας αὐτοῦ ἔναντι τοῦ θεοῦ
9ယဇ် ပုရောဟိတ်ထုံးစံ အတိုင်း စာရေးတံ ချသဖြင့်၊ သူ သည်ထာဝရ ဘုရား၏ ဗိမာန် တော်အတွင်း သို့ ဝင် ၍နံ့သာပေါင်း ကိုမီးရှို့၏။
9κατὰ τὸ ἔθος τῆς ἱερατείας ἔλαχε τοῦ θυμιᾶσαι εἰσελθὼν εἰς τὸν ναὸν τοῦ κυρίου,
10ထိုသို့နံ့သာပေါင်း ကို မီးရှို့သည့်အချိန် တွင်၊ လူ အများ အပေါင်း တို့သည် ပြင် ၌ဆုတောင်း လျက် နေ ကြ ၏။
10καὶ πᾶν τὸ πλῆθος ἦν τοῦ λαοῦ προσευχόμενον ἔξω τῇ ὥρᾳ τοῦ θυμιάματος·
11ထိုအခါ ထာဝရ ဘုရား၏ ကောင်းကင်တမန် သည်ထင်ရှား ၍၊ နံ့သာပေါင်း ကိုရှို့သော ယဇ်ပလ္လင် လက်ျာဘက် ၌ ရပ် နေသည်ကို၊
11ὤφθη δὲ αὐτῷ ἄγγελος κυρίου ἑστὼς ἐκ δεξιῶν τοῦ θυσιαστηρίου τοῦ θυμιάματος.
12ဇာခရိ သည်မြင် လျှင် ၊ စိတ်နှလုံးမငြိမ်မဝပ် ထိတ်လန့် ခြင်းသို့ရောက် ၏။
12καὶ ἐταράχθη Ζαχαρίας ἰδών, καὶ φόβος ἐπέπεσεν ἐπʼ αὐτόν.
13ကောင်းကင် တမန်ကလည်း ၊ ဇာခရိ ၊ ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ သင် ပြုသော ပဌနာ ကိုနာခံ တော်မူပြီ။ သင် ၏ခင်ပွန်း ဧလိရှဗက် သည် သား ယောက်ျားကိုဘွားမြင် လိမ့်မည်။ ထိုသား ကို ယောဟန် အမည် ဖြင့် မှည့် ရ မည်။
13εἶπεν δὲ πρὸς αὐτὸν ὁ ἄγγελος· Μὴ φοβοῦ, Ζαχαρία, διότι εἰσηκούσθη ἡ δέησίς σου, καὶ ἡ γυνή σου Ἐλισάβετ γεννήσει υἱόν σοι, καὶ καλέσεις τὸ ὄνομα αὐτοῦ Ἰωάννην·
14သင် သည်ဝမ်းသာ ရွင်မြူး ခြင်း ရှိ လိမ့်မည်။ ထိုသား ကိုဘွားမြင် သောကြောင့် လူအများ တို့သည်လည်း ဝမ်းမြောက် ခြင်းသို့ရောက်ကြလိမ့်မည်။
14καὶ ἔσται χαρά σοι καὶ ἀγαλλίασις, καὶ πολλοὶ ἐπὶ τῇ ⸀γενέσει αὐτοῦ χαρήσονται·
15အကြောင်းမူကား ၊ ထိုသားသည် ထာဝရ ဘုရားရှေ့ တော်၌ ကြီးမြတ် သောသူဖြစ် လိမ့်မည်။ စပျစ်ရည်နှင့် ယစ်မျိုး ကို မ သောက် ဘဲနေ၍ ၊ အမိ ဝမ်း ထဲ ကပင် သန့်ရှင်း သောဝိညာဉ် တော်နှင့် ပြည့်ဝ လိမ့်မည်။
15ἔσται γὰρ μέγας ἐνώπιον ⸀τοῦ κυρίου, καὶ οἶνον καὶ σίκερα οὐ μὴ πίῃ, καὶ πνεύματος ἁγίου πλησθήσεται ἔτι ἐκ κοιλίας μητρὸς αὐτοῦ,
16ဣသရေလ အမျိုးသား အများ တို့ကို သူ တို့ဘုရားသခင် ထာဝရ ဘုရားထံတော်သို့ ပြောင်းလဲ စေလိမ့်မည်။
16καὶ πολλοὺς τῶν υἱῶν Ἰσραὴλ ἐπιστρέψει ἐπὶ κύριον τὸν θεὸν αὐτῶν·
17အဘ တို့နှင့် သား တို့ကို အသင့်အတင့်ဖြစ်စေခြင်းငှာ၎င်း၊ ငြင်းဆန် သောသူတို့ကို သူတော်ကောင်း တို့၏ သတိပညာ လမ်းသို့ ပြောင်းလဲ စေသောအားဖြင့်၊ ထာဝရ ဘုရားအဘို့အလိုငှာ ပြင်ဆင် သောလူမျိုး ဖြစ် စေခြင်းငှာ၎င်း၊ သူ သည်ဧလိယ ၏ စိတ်ဝိညာဉ် တန်ခိုး နှင့် ပြည့်စုံလျက်၊ ဘုရားသခင် ရှေ့ တော်သို့ သွား လိမ့်မည်ဟု ကောင်းကင်တမန်ပြောဆို ၏။
17καὶ αὐτὸς προελεύσεται ἐνώπιον αὐτοῦ ἐν πνεύματι καὶ δυνάμει Ἠλίου, ἐπιστρέψαι καρδίας πατέρων ἐπὶ τέκνα καὶ ἀπειθεῖς ἐν φρονήσει δικαίων, ἑτοιμάσαι κυρίῳ λαὸν κατεσκευασμένον.
18ဇာခရိ ကလည်း ၊ ထိုသို့ ဖြစ်လိမ့်မည်ကို အကျွန်ုပ်သည် အဘယ်သို့ သိ ရပါမည်နည်း။ အကျွန်ုပ် သည် လူအို ဖြစ် ပါ၏။ အကျွန်ုပ် မယား သည်လည်း အသက် အရွယ်ကြီးရင့် ပါပြီဟုကောင်းကင်တမန် အား ပြောဆို လျှင်၊
18καὶ εἶπεν Ζαχαρίας πρὸς τὸν ἄγγελον· Κατὰ τί γνώσομαι τοῦτο; ἐγὼ γάρ εἰμι πρεσβύτης καὶ ἡ γυνή μου προβεβηκυῖα ἐν ταῖς ἡμέραις αὐτῆς.
19ကောင်းကင် တမန်က၊ ငါ သည် ဘုရားသခင့် အထံ တော်၌ ခစား သောဂါဗြေလ ဖြစ် ၏။ သင့် ကို နှုတ်ဆက် ၍ ဤ ဝမ်းမြောက်စရာသိတင်းကို ကြားပြော စေခြင်းငှာငါ့ကိုစေလွှတ် တော်မူ၏။
19καὶ ἀποκριθεὶς ὁ ἄγγελος εἶπεν αὐτῷ· Ἐγώ εἰμι Γαβριὴλ ὁ παρεστηκὼς ἐνώπιον τοῦ θεοῦ, καὶ ἀπεστάλην λαλῆσαι πρὸς σὲ καὶ εὐαγγελίσασθαί σοι ταῦτα·
20သင် သည် ငါ့ စကား ကိုမ ယုံသောကြောင့် ဤအကြောင်းအရာမ ဖြစ် မှီနေ့ တိုင်အောင်စကား မ ပြောနိုင် ဘဲ၊ အ လျက် နေ လိမ့်မည်။ ငါ့စကားသည်ကား၊ အချိန်တန် လျှင် ပြည့်စုံ လိမ့်မည်ဟု ပြောဆို ၏။
20καὶ ἰδοὺ ἔσῃ σιωπῶν καὶ μὴ δυνάμενος λαλῆσαι ἄχρι ἧς ἡμέρας γένηται ταῦτα, ἀνθʼ ὧν οὐκ ἐπίστευσας τοῖς λόγοις μου, οἵτινες πληρωθήσονται εἰς τὸν καιρὸν αὐτῶν.
21လူ များတို့သည် ဇာခရိ ကို ငံ့လင့် ၍ ၊ ဗိမာန် တော်အတွင်း ၌ ကြာမြင့် စွာနေသည်ကိုအံ့ဩ ခြင်းရှိကြ၏။
21Καὶ ἦν ὁ λαὸς προσδοκῶν τὸν Ζαχαρίαν, καὶ ἐθαύμαζον ἐν τῷ χρονίζειν ⸂ἐν τῷ ναῷ αὐτόν⸃.
22သူသည်ထွက်လာ သောအခါ စကားမ ပြော နိုင် သည်ဖြစ်၍ ၊ ဗိမာန် တော်၌ ဗျာဒိတ် ရူပါရုံကို မြင် ပြီဟု ရိပ်မိ ကြ၏။ ဇာခရိ သည်သူ တို့အား အရိပ် အမှတ်ကိုသာပေး၍ စကားအ လျက် နေ ၏။
22ἐξελθὼν δὲ οὐκ ⸀ἐδύνατο λαλῆσαι αὐτοῖς, καὶ ἐπέγνωσαν ὅτι ὀπτασίαν ἑώρακεν ἐν τῷ ναῷ· καὶ αὐτὸς ἦν διανεύων αὐτοῖς, καὶ διέμενεν κωφός.
23ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် ရသောအချိန် ကာလကုန် သောအခါ ၊ ဇာခရိသည် မိမိ အိမ် သို့ သွား လေ၏။
23καὶ ἐγένετο ὡς ἐπλήσθησαν αἱ ἡμέραι τῆς λειτουργίας αὐτοῦ, ἀπῆλθεν εἰς τὸν οἶκον αὐτοῦ.
24ထိုနောက် သူ ၏ခင်ပွန်း ဧလိရှဗက် သည် ပဋိသန္ဓေ စွဲ၍ ၊
24Μετὰ δὲ ταύτας τὰς ἡμέρας συνέλαβεν Ἐλισάβετ ἡ γυνὴ αὐτοῦ· καὶ περιέκρυβεν ἑαυτὴν μῆνας πέντε, λέγουσα
25ငါသည်လူတို့ တွင် ခံရသော ကဲ့ရဲ့ခြင်း အကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း ခြင်းငှာငါ့ ကို ကြည့်ရှု တော်မူစဉ် တွင်၊ ဤ ကျေးဇူးတော်ကို ပြု တော်မူပြီဟုဆို လျက် ၊ ငါး လ ပတ်လုံးအိမ်တွင်း၌အောင်း၍ နေလေ ၏။
25ὅτι Οὕτως μοι ⸀πεποίηκεν κύριος ἐν ἡμέραις αἷς ἐπεῖδεν ⸀ἀφελεῖν ὄνειδός μου ἐν ἀνθρώποις.
26ငါးလ လွန် သောအခါ ၊ ဂါလိလဲ ပြည် နာဇရက် မြို့၌ ဒါဝိဒ် အမျိုးသား ၊ ယောသပ် အမည် ရှိသောလူ နှင့် ထိမ်းမြားဆောင်နှင်း ၍၊
26Ἐν δὲ τῷ μηνὶ τῷ ἕκτῳ ἀπεστάλη ὁ ἄγγελος Γαβριὴλ ⸀ἀπὸ τοῦ θεοῦ εἰς πόλιν τῆς Γαλιλαίας ᾗ ὄνομα Ναζαρὲθ
27မရှက်တင်သေးသော သတို့သမီး ကညာဆီသို့ ဘုရားသခင် သည် ကောင်းကင်တမန် ဂါဗြေလ ကို စေလွှတ် တော်မူ၏။ သတို့သမီး ကညာကား ၊ မာရိ အမည် ရှိ၏။
27πρὸς παρθένον ⸀ἐμνηστευμένην ἀνδρὶ ᾧ ὄνομα Ἰωσὴφ ἐξ οἴκου Δαυίδ, καὶ τὸ ὄνομα τῆς παρθένου Μαριάμ.
28ကောင်းကင်တမန်သည် ရောက်လာ လျှင် ၊ ကျေးဇူး တော်ကိုခံရသောမိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေ သတည်း။ ထာဝရ ဘုရားသည် သင် နှင့်အတူ ရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ ထက်မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို ၏။
28καὶ ⸀εἰσελθὼν πρὸς αὐτὴν εἶπεν· Χαῖρε, κεχαριτωμένη, ὁ κύριος μετὰ ⸀σοῦ.
29မာရိ သည် ထို စကားကိုကြားလျှင် စိတ် နှလုံးမငြိမ်မဝပ်ရှိ၍ ၊ ဤ နှုတ်ဆက် ခြင်းကား အဘယ်သို့ သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတောဆင်ခြင် ၍နေ ၏။
29ἡ δὲ ⸂ἐπὶ τῷ λόγῳ διεταράχθη⸃ καὶ διελογίζετο ποταπὸς εἴη ὁ ἀσπασμὸς οὗτος.
30ကောင်းကင် တမန်ကလည်း ၊ မာရိ ၊ ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ သင်သည် ဘုရားသခင် ရှေ့တော်၌ မျက်နှာ ရ ပြီ။
30καὶ εἶπεν ὁ ἄγγελος αὐτῇ· Μὴ φοβοῦ, Μαριάμ, εὗρες γὰρ χάριν παρὰ τῷ θεῷ·
31သင်သည် ပဋိသန္ဓေ စွဲယူ၍ သား ယောက်ျားကိုဘွားမြင် လိမ့်မည်။ ထိုသား ကို ယေရှု အမည် ဖြင့် မှည့် ရ မည်။
31καὶ ἰδοὺ συλλήμψῃ ἐν γαστρὶ καὶ τέξῃ υἱόν, καὶ καλέσεις τὸ ὄνομα αὐτοῦ Ἰησοῦν.
32ထိုသား သည်ကား၊ ကြီးမြတ် သောသူ ဖြစ် လိမ့်မည်။ အမြင့်ဆုံး သော ဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့ အဘ ဒါဝိဒ် ၏ ရာဇပလ္လင် ကို ထာဝရ အရှင်သခင် သည် သူ့ အားပေး တော်မူမည်။
32οὗτος ἔσται μέγας καὶ υἱὸς Ὑψίστου κληθήσεται, καὶ δώσει αὐτῷ κύριος ὁ θεὸς τὸν θρόνον Δαυὶδ τοῦ πατρὸς αὐτοῦ,
33ထိုသူသည်လည်း ယာကုပ် အမျိုးအနွယ် ကို အစဉ်မပြတ် အုပ်စိုး လိမ့်မည်။ သူ ၏နိုင်ငံ သည်လည်း ဆုံး ခြင်းမ ရှိ ရဟုပြောဆို ၏။
33καὶ βασιλεύσει ἐπὶ τὸν οἶκον Ἰακὼβ εἰς τοὺς αἰῶνας, καὶ τῆς βασιλείας αὐτοῦ οὐκ ἔσται τέλος.
34မာရိ ကလည်း ၊ ဤအမှုအရာ သည် အဘယ်သို့ ဖြစ် လိမ့်မည်နည်း။ အကျွန်ုပ်ယောက်ျား နှင့် မ ဆက်ဆံ ပါဟု ကောင်းကင်တမန် အား ပြန်ပြော ၏။
34εἶπεν δὲ Μαριὰμ πρὸς τὸν ἄγγελον· Πῶς ἔσται τοῦτο, ἐπεὶ ἄνδρα οὐ γινώσκω;
35ကောင်းကင် တမန်ကလည်း ၊ သန့်ရှင်း သောဝိညာဉ် တော်သည် သင် ၏အပေါ်မှာ သက်ရောက် တော်မူ၍ ၊ အမြင့်ဆုံး သောဘုရား၏တန်ခိုးအာနုဘော် တော်သည် သင့် ကိုလွှမ်းမိုး လိမ့်မည်။ ထို အကြောင်းကြောင့် ထိုသန့်ရှင်း သောသားသည် လည်း ဘုရားသခင် ၏သား တော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။
35καὶ ἀποκριθεὶς ὁ ἄγγελος εἶπεν αὐτῇ· Πνεῦμα ἅγιον ἐπελεύσεται ἐπὶ σέ, καὶ δύναμις Ὑψίστου ἐπισκιάσει σοι· διὸ καὶ τὸ γεννώμενον ἅγιον κληθήσεται, υἱὸς θεοῦ·
36ထိုမှတပါး ၊ အမြုံမ ဟူ၍ခေါ်ဝေါ် သောသင် ၏ အဆွေအမျိုး ဧလိရှဗက် သည် ပဋိသန္ဓေ စွဲယူ၍ ယခု ခြောက် လ အဝင်ရှိ ပြီ။
36καὶ ἰδοὺ Ἐλισάβετ ἡ ⸀συγγενίς σου καὶ αὐτὴ ⸀συνείληφεν υἱὸν ἐν γήρει αὐτῆς, καὶ οὗτος μὴν ἕκτος ἐστὶν αὐτῇ τῇ καλουμένῃ στείρᾳ·
37ဘုရားသခင် တတ်နိုင် တော်မမူသောအမှုမ ရှိဟုပြောဆို လျှင် ၊
37ὅτι οὐκ ἀδυνατήσει παρὰ ⸂τοῦ θεοῦ⸃ πᾶν ῥῆμα.
38မာရိ က၊ အကျွန်ုပ်သည် ထာဝရ ဘုရား၏ကျွန် မဖြစ်ပါ၏၊ ကိုယ်တော် ၏စကား အတိုင်း အကျွန်ုပ် ၌ ဖြစ် ပါစေသောဟု ဝန်ခံပြီးမှ ၊ ကောင်းကင်တမန် သည် မာရိ ထံမှ သွား လေ၏။
38εἶπεν δὲ Μαριάμ· Ἰδοὺ ἡ δούλη κυρίου· γένοιτό μοι κατὰ τὸ ῥῆμά σου. καὶ ἀπῆλθεν ἀπʼ αὐτῆς ὁ ἄγγελος.
39ထို အခါ မာရိ သည်ထ ၍ ၊ တောင် ကြားအရပ်၌ ရှိ သောယုဒ မြို့တစ်မြို့ သို့ အလျင်အမြန် သွား ပြီးလျှင်၊
39Ἀναστᾶσα δὲ Μαριὰμ ἐν ταῖς ἡμέραις ταύταις ἐπορεύθη εἰς τὴν ὀρεινὴν μετὰ σπουδῆς εἰς πόλιν Ἰούδα,
40ဇာခရိ အိမ် သို့ ဝင် ၍ ဧလိရှဗက် ကို နှုတ်ဆက် လေ၏။
40καὶ εἰσῆλθεν εἰς τὸν οἶκον Ζαχαρίου καὶ ἠσπάσατο τὴν Ἐλισάβετ.
41ထို နှုတ်ဆက် ခြင်းစကားကို ဧလိရှဗက် သည် ကြား စဉ် တွင် မိမိ ဝမ်း ၌ ရှိသောသူငယ် သည်ခုန် ၍ ၊ မိမိသည် သန့်ရှင်း သောဝိညာဉ် တော်နှင့် ပြည့်ဝ လျက်၊
41καὶ ἐγένετο ὡς ἤκουσεν ⸂τὸν ἀσπασμὸν τῆς Μαρίας ἡ Ἐλισάβετ⸃, ἐσκίρτησεν τὸ βρέφος ἐν τῇ κοιλίᾳ αὐτῆς, καὶ ἐπλήσθη πνεύματος ἁγίου ἡ Ἐλισάβετ,
42သင် သည် မိန်းမ တကာတို့ ထက်မြတ်စွာသောမင်္ဂလာ ရှိ၏။ သင် ၏ဝမ်း ၌ရှိသောသူငယ် သည်လည်း မြတ်စွာသော မင်္ဂလာ ရှိ၏။
42καὶ ἀνεφώνησεν ⸀κραυγῇ μεγάλῃ καὶ εἶπεν· Εὐλογημένη σὺ ἐν γυναιξίν, καὶ εὐλογημένος ὁ καρπὸς τῆς κοιλίας σου.
43အကျွန်ုပ် သခင် ၏ မယ်တော် သည် အကျွန်ုပ် ဆီသို့ ကြွလာ သောကျေးဇူးကို အဘယ် အကြောင်းကြောင့် အကျွန်ုပ် ခံရပါသနည်း။
43καὶ πόθεν μοι τοῦτο ἵνα ἔλθῃ ἡ μήτηρ τοῦ κυρίου μου πρὸς ⸀ἐμέ;
44သင် ၏နှုတ်ဆက် ခြင်းစကား သံကို အကျွန်ုပ် ကြား စဉ် တွင်၊ အကျွန်ုပ် ဝမ်း ထဲ၌ သူငယ် သည်ရွှင်မြူး သော စိတ်နှင့် ခုန် ၏။
44ἰδοὺ γὰρ ὡς ἐγένετο ἡ φωνὴ τοῦ ἀσπασμοῦ σου εἰς τὰ ὦτά μου, ἐσκίρτησεν ⸂ἐν ἀγαλλιάσει τὸ βρέφος⸃ ἐν τῇ κοιλίᾳ μου.
45ယုံကြည် သောမိန်းမ သည်မင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ ထိုမိန်းမ အား ထာဝရ ဘုရားမိန့် တော်မူသောစကား သည် ပြည့်စုံ လိမ့်မည်ဟု ကြီး သောအသံ နှင့် မြွက်ဆို ၏။
45καὶ μακαρία ἡ πιστεύσασα ὅτι ἔσται τελείωσις τοῖς λελαλημένοις αὐτῇ παρὰ κυρίου.
46မာရိ ကလည်း ၊ ငါ့ စိတ် နှလုံးသည် ထာဝရဘုရား ကို ချီးမွမ်း ၏။
46Καὶ εἶπεν Μαριάμ· Μεγαλύνει ἡ ψυχή μου τὸν κύριον,
47ငါ့ ကိုကယ်တင် တော်မူသောအရှင်ဘုရားသခင် ကို အမှီပြု ၍ ငါ့ ဝိညာဉ် သည် ရွှင်လန်း ခြင်းရှိ၏။
47καὶ ἠγαλλίασεν τὸ πνεῦμά μου ἐπὶ τῷ θεῷ τῷ σωτῆρί μου·
48အကြောင်းမူကား ၊ မိမိ ကျွန် မ၏နှိမ့်ချသောအဖြစ် ကိုကြည့်ရှု တော်မူပြီ။ နောင် ကာလ၌ ခပ်သိမ်း သောလူ အစဉ်အဆက်တို့သည် ငါ့ ကိုမင်္ဂလာ ရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။
48ὅτι ἐπέβλεψεν ἐπὶ τὴν ταπείνωσιν τῆς δούλης αὐτοῦ, ἰδοὺ γὰρ ἀπὸ τοῦ νῦν μακαριοῦσίν με πᾶσαι αἱ γενεαί·
49တန်ခိုး နှင့်ပြည့်စုံတော်မူသောဘုရား သည် အံ့ဘွယ် သောကျေးဇူးတော်ကို ငါ့ အားပြု တော်မူပြီ၊ ထိုဘုရား နာမ တော်သည် ရိုသေ ဘွယ်ဖြစ်တော်မူ၏။
49ὅτι ἐποίησέν μοι ⸀μεγάλα ὁ δυνατός, καὶ ἅγιον τὸ ὄνομα αὐτοῦ,
50ထာဝရ ဘုရားကို ကြောက်ရွံ့ သောသူ တို့သည် သနား တော်မူခြင်း ကျေးဇူးကိုအစဉ်မပြတ် ခံစားကြ၏။
50καὶ τὸ ἔλεος αὐτοῦ εἰς γενεὰς ⸂καὶ γενεὰς⸃ τοῖς φοβουμένοις αὐτόν.
51လက်ရုံး တော်အားဖြင့် တန်ခိုး ကိုပြ တော်မူပြီ။ မာနထောင်လွှား သောသူတို့ကို ကွဲလွင့် စေတော်မူပြီ။
51Ἐποίησεν κράτος ἐν βραχίονι αὐτοῦ, διεσκόρπισεν ὑπερηφάνους διανοίᾳ καρδίας αὐτῶν·
52ဘုရင် တို့ကို ရာဇပလ္လင် ပေါ် မှချ ၍ နှိမ့်ချ သောသူတို့ကို ချီးမြှောက် တော်မူပြီ။
52καθεῖλεν δυνάστας ἀπὸ θρόνων καὶ ὕψωσεν ταπεινούς,
53ငတ်မွတ် သောသူတို့ကို ကောင်းမွန် စွာကျွေး ၍ ရ တတ်သောသူတို့ကို လက်ချည်း လွှတ် လိုက်တော်မူပြီ။
53πεινῶντας ἐνέπλησεν ἀγαθῶν καὶ πλουτοῦντας ἐξαπέστειλεν κενούς.
54ငါ တို့ဘိုးဘေး များတို့အား ဗျာဒိတ် ထားတော်မူသည်နှင့်အညီ ၊
54ἀντελάβετο Ἰσραὴλ παιδὸς αὐτοῦ, μνησθῆναι ἐλέους,
55အာဗြဟံ မှစသောသူ ၏အမျိုးအနွယ် အား သနား ခြင်းကျေးဇူးတော်ကို အစဉ်အမြဲ ပြုခြင်းငှာသတိ ထား၍မိမိ ကျွန် ဣသရေလ ကို မစ တော်မူပြီဟုဆို ၏။
55καθὼς ἐλάλησεν πρὸς τοὺς πατέρας ἡμῶν, τῷ Ἀβραὰμ καὶ τῷ σπέρματι αὐτοῦ εἰς τὸν αἰῶνα.
56မာရိ သည်လည်း ဧလိရှဗက် ထံမှာ သုံး လ ခန့် နေ ပြီးမှ မိမိ အိမ် သို့ ပြန် လေ၏။
56Ἔμεινεν δὲ Μαριὰμ σὺν αὐτῇ ⸀ὡς μῆνας τρεῖς, καὶ ὑπέστρεψεν εἰς τὸν οἶκον αὐτῆς.
57ဧလိရှဗက် သည် ဘွား အံ့သောနေ့ လစေ့ သောအခါ သား ယောက်ျားကိုဘွားမြင် ၏။
57Τῇ δὲ Ἐλισάβετ ἐπλήσθη ὁ χρόνος τοῦ τεκεῖν αὐτήν, καὶ ἐγέννησεν υἱόν.
58ထာဝရ ဘုရားသည် ထူးမြတ် သောသနား ခြင်းကျေးဇူးတော်ကို ဧလိရှဗက် အား ပြုတော်မူသည်ကို ၊ အိမ်နီးချင်း အဆွေအမျိုး တို့သည် ကြား လတ်သော်၊ သူ နှင့်အတူဝမ်းမြောက်ဝမ်းသာ ကြ၏။
58καὶ ἤκουσαν οἱ περίοικοι καὶ οἱ συγγενεῖς αὐτῆς ὅτι ἐμεγάλυνεν κύριος τὸ ἔλεος αὐτοῦ μετʼ αὐτῆς, καὶ συνέχαιρον αὐτῇ.
59ရှစ် ရက်မြောက်သောနေ့ ၌ အရေဖျားလှီး ခြင်းကို သူငယ် အားပေးအံ့သောငှာလာ ကြ၍၊ အဘ ၏အမည် ဖြစ်သော ဇာခရိ အမည်ဖြင့် မှည့် သောအခါ အမိ က၊ ထိုသို့မ မှည့်ရ။
59Καὶ ἐγένετο ἐν τῇ ⸂ἡμέρᾳ τῇ ὀγδόῃ⸃ ἦλθον περιτεμεῖν τὸ παιδίον, καὶ ἐκάλουν αὐτὸ ἐπὶ τῷ ὀνόματι τοῦ πατρὸς αὐτοῦ Ζαχαρίαν.
60ယောဟန် အမည်ဖြင့် မှည့် ရမည်ဟုဆို လျှင် ၊ သူတို့က၊
60καὶ ἀποκριθεῖσα ἡ μήτηρ αὐτοῦ εἶπεν· Οὐχί, ἀλλὰ κληθήσεται Ἰωάννης.
61ယောဟန် အမည် ဖြင့် သင် ၏အဆွေအမျိုး တွင် တစ်ယောက် ကိုမျှမမှည့် ဟုဆို ၍ ၊
61καὶ εἶπαν πρὸς αὐτὴν ὅτι Οὐδείς ἐστιν ⸂ἐκ τῆς συγγενείας⸃ σου ὃς καλεῖται τῷ ὀνόματι τούτῳ.
62အဘ သည်အဘယ်သို့ မှည့် စေ လိုသနည်းဟု အမှတ် အားဖြင့်မေး ကြ၏။
62ἐνένευον δὲ τῷ πατρὶ αὐτοῦ τὸ τί ἂν θέλοι καλεῖσθαι ⸀αὐτό.
63အဘသည်လည်း သင်ပုံး ကိုတောင်း ၍ ၊ သူ ၏အမည် ကားယောဟန် ဖြစ် ၏ဟု ရေး လေသော်၊ ထိုသူ အပေါင်း တို့သည် အံ့ဩ ခြင်းရှိကြ၏။
63καὶ αἰτήσας πινακίδιον ἔγραψεν λέγων· Ἰωάννης ⸀ἐστὶν ὄνομα αὐτοῦ. καὶ ἐθαύμασαν πάντες.
64ထိုခဏခြင်း တွင် ဇာခရိ သည်နှုတ် ဖွင့် ခြင်း၊ လျှာ လွတ်ခြင်းရှိသည်ဖြစ်၍၊ စကား အားဖြင့်ဘုရားသခင် ၏ကျေးဇူး တော်ကို ချီးမွမ်းလေ၏။
64ἀνεῴχθη δὲ τὸ στόμα αὐτοῦ παραχρῆμα καὶ ἡ γλῶσσα αὐτοῦ, καὶ ἐλάλει εὐλογῶν τὸν θεόν.
65အိမ်နီးချင်း ရှိသမျှ တို့သည် ကြောက်ရွံ့ ခြင်းရှိ ကြ၍ ထို အမှုအရာ များသည် ယုဒ ပြည်တောင် ကြားအရပ် တို့၌ အနှံ့အပြား ကျော်စော လေ၏။
65καὶ ἐγένετο ἐπὶ πάντας φόβος τοὺς περιοικοῦντας αὐτούς, καὶ ἐν ὅλῃ τῇ ὀρεινῇ τῆς Ἰουδαίας διελαλεῖτο πάντα τὰ ῥήματα ταῦτα,
66ကြား သောသူ အပေါင်း တို့သည် နှလုံး ထဲ၌ မှတ်သား ၍ ၊ ဤ သူငယ် သည် အဘယ်သို့ သောသူဖြစ် လိမ့်မည်နည်းဟုဆို ကြ၏။ ထာဝရ ဘုရား၏ လက် တော်သည်လည်း သူငယ် နှင့်အတူ ရှိ တော်မူ၏။
66καὶ ἔθεντο πάντες οἱ ἀκούσαντες ἐν τῇ καρδίᾳ αὐτῶν, λέγοντες· Τί ἄρα τὸ παιδίον τοῦτο ἔσται; καὶ ⸀γὰρ χεὶρ κυρίου ἦν μετʼ αὐτοῦ.
67သူ ၏အဘ ဇာခရိ သည် သန့်ရှင်း သောဝိညာဉ် တော်နှင့်ပြည့်ဝ လျက် ၊
67Καὶ Ζαχαρίας ὁ πατὴρ αὐτοῦ ἐπλήσθη πνεύματος ἁγίου καὶ ⸀ἐπροφήτευσεν λέγων·
68ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရ ဘုရားသည် မင်္ဂလာ ရှိတော်မူစေသတည်း။
68Εὐλογητὸς κύριος ὁ θεὸς τοῦ Ἰσραήλ, ὅτι ἐπεσκέψατο καὶ ἐποίησεν λύτρωσιν τῷ λαῷ αὐτοῦ,
69အကြောင်းမူကား ၊ ကမ္ဘာ ဦးမှစ၍ ပေါ်ထွန်းသောမိမိ သန့်ရှင်း သောပရောဖက် တို့နှုတ် ဖြင့် ဗျာဒိတ် ထားတော်မူသည်နှင့်အညီ ၊
69καὶ ἤγειρεν κέρας σωτηρίας ἡμῖν ⸀ἐν οἴκῳ ⸀Δαυὶδ παιδὸς αὐτοῦ,
70ငါ တို့ သည် ရန်သူ ဘေး နှင့် ကင်းလွတ် ၍ ဘုရားသခင့် ရှေ့ တော်၌ တသက်လုံး သန့်ရှင်း ဖြောင့်မတ် ခြင်းပါရမီအားဖြင့် ဘုရား ဝတ်ကိုရဲရင့် စွာပြုရ သောအခွင့်ကိုပေး မည်ဟု
70καθὼς ἐλάλησεν διὰ στόματος τῶν ⸀ἁγίων ἀπʼ αἰῶνος προφητῶν αὐτοῦ,
71ငါ တို့အဘ အာဗြဟံ အား ကျိန်ဆို ခြင်းဂတိ တော်တည်းဟူသော သန့်ရှင်း သောပဋိညာဉ် တရားကို အောက်မေ့ တော်မူသဖြင့် ၎င်း၊
71σωτηρίαν ἐξ ἐχθρῶν ἡμῶν καὶ ἐκ χειρὸς πάντων τῶν μισούντων ἡμᾶς,
72ငါ တို့ ဘိုးဘေး များနှင့် ဝန်ခံတော်မူသော သနား ခြင်းကျေးဇူးကို ပြု တော်မူသဖြင့်၎င်း၊
72ποιῆσαι ἔλεος μετὰ τῶν πατέρων ἡμῶν καὶ μνησθῆναι διαθήκης ἁγίας αὐτοῦ,
73မိမိ လူမျိုး ကို အကြည့်အရှု ကြွလာလျက် ရွေးနှုတ် ခြင်းကျေးဇူးကိုပြု တော်မူ၍ ၊
73ὅρκον ὃν ὤμοσεν πρὸς Ἀβραὰμ τὸν πατέρα ἡμῶν, τοῦ δοῦναι ἡμῖν
74ငါ တို့ကိုရန်သူ လက် မှ ၎င်း ၊ မုန်း သောသူ ရှိသမျှ တို့လက်မှ ၎င်း ကယ်လွှတ် မည်အကြောင်း၊
74ἀφόβως ἐκ χειρὸς ⸀ἐχθρῶν ῥυσθέντας λατρεύειν αὐτῷ
75ကယ်လွှတ် ခြင်းဦးချို ကို မိမိ ကျွန် ဒါဝိဒ် အမျိုး ထဲ၌ ငါ တို့အားပေါ်ထွန်း စေတော်မူပြီ။
75ἐν ὁσιότητι καὶ δικαιοσύνῃ ἐνώπιον αὐτοῦ ⸂πάσαις ταῖς ἡμέραις⸃ ἡμῶν.
76အချင်းသူငယ် ၊ သင် သည်လည်း အမြင့်ဆုံး သောဘုရား၏ ပရောဖက် ဟုခေါ်ဝေါ် ခြင်းကို ခံရလိမ့်မည်။
76καὶ σὺ ⸀δέ, παιδίον, προφήτης Ὑψίστου κληθήσῃ, προπορεύσῃ γὰρ ⸀ἐνώπιον κυρίου ἑτοιμάσαι ὁδοὺς αὐτοῦ,
77အကြောင်းမူကား ၊ ငါ တို့ဘုရားသခင် ၏ သနား တော်မူခြင်း ကျေးဇူးတော်အားဖြင့် အပြစ် ဖြေ ၍ ကယ်တင် ခြင်းသို့ ရောက်နိုင်ကြောင်းကို ဘုရားသခင် ၏လူမျိုး အား ဖော်ပြ သဖြင့်၊ ထာဝရ ဘုရား၏ လမ်းခရီး တော် ကို ပြင်ဆင် ခြင်းငှာသင်သည် ရှေ့ တော်၌သွား ရလိမ့်မည်။
77τοῦ δοῦναι γνῶσιν σωτηρίας τῷ λαῷ αὐτοῦ ἐν ἀφέσει ἁμαρτιῶν αὐτῶν,
78ထိုသနားတော်မူခြင်းကျေးဇူးတော်အားဖြင့်၊ ကောင်းကင် မှ နေအာရုဏ် သည် ငါ တို့အပေါ်သို့တက် သဖြင့်၊
78διὰ σπλάγχνα ἐλέους θεοῦ ἡμῶν, ἐν οἷς ⸀ἐπισκέψεται ἡμᾶς ἀνατολὴ ἐξ ὕψους,
79မှောင်မိုက် နှင့် သေမင်း ၏ အရိပ် ထဲ တွင်ရှိ နေသောသူ တို့၌ အလင်းပေါ်ထွန်း ၍၊ ငါ တို့အား ငြိမ်သက် ခြင်းလမ်း ကို ပြ လျက်ရှိသည်ဟု ပရောဖက် ဉာဏ်နှင့် ဟောလေ၏။
79ἐπιφᾶναι τοῖς ἐν σκότει καὶ σκιᾷ θανάτου καθημένοις, τοῦ κατευθῦναι τοὺς πόδας ἡμῶν εἰς ὁδὸν εἰρήνης.
80ထိုသူငယ် သည်ကား ၊ ကြီးပွား ၍ ဉာဏ် သတ္တိ နှင့်ပြည့်စုံ၏။ ဣသရေလ လူ တို့အား မ ထင်ရှား မှီ တိုင်အောင်တော အရပ်၌ နေ လေ၏။
80Τὸ δὲ παιδίον ηὔξανε καὶ ἐκραταιοῦτο πνεύματι, καὶ ἦν ἐν ταῖς ἐρήμοις ἕως ἡμέρας ἀναδείξεως αὐτοῦ πρὸς τὸν Ἰσραήλ.
Tip: use the ← and → keys to turn chapters.