ရှင်လုကာ 20
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
SBL Greek New Testament
1တစ်နေ့သ၌ ကိုယ်တော် သည် ဗိမာန် တော်တွင် လူ များကို ဆုံးမ ဩဝါဒပေး၍ ဧဝံဂေလိ တရားကို ဟောတော်မူစဉ် ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာ၊ လူအကြီးအကဲ တို့သည် လာ ၍၊
1Καὶ ἐγένετο ἐν μιᾷ τῶν ⸀ἡμερῶν διδάσκοντος αὐτοῦ τὸν λαὸν ἐν τῷ ἱερῷ καὶ εὐαγγελιζομένου ἐπέστησαν οἱ ⸀ἀρχιερεῖς καὶ οἱ γραμματεῖς σὺν τοῖς πρεσβυτέροις,
2ကိုယ်တော် သည် ဤ အမှုများကို အဘယ် အခွင့် နှင့် ပြု သည်ကို၎င်း ၊ ထို အခွင့် ကို အဘယ်သူ ပေး သည်ကို၎င်း၊ အကျွန်ုပ် တို့အား ပြော ပါဟု ဆို ကြသော် ၊
2καὶ εἶπαν ⸂λέγοντες πρὸς αὐτόν⸃· Εἰπὸν ἡμῖν ἐν ποίᾳ ἐξουσίᾳ ταῦτα ποιεῖς, ἢ τίς ἐστιν ὁ δούς σοι τὴν ἐξουσίαν ταύτην;
3ကိုယ်တော်က၊ ငါ သည် တစ်စုံတစ်ခုကိုမေး ဦးမည်။ သင် တို့ ဖြေ ကြလော့။
3ἀποκριθεὶς δὲ εἶπεν πρὸς αὐτούς· Ἐρωτήσω ὑμᾶς ⸀κἀγὼ λόγον, καὶ εἴπατέ μοι·
4ယောဟန် ၏ ဗတ္တိဇံ တရားသည် ဘုရား က ဖြစ် သလော။ လူ က ဖြစ်သလော ဟု မေး တော်မူ၏။
4Τὸ βάπτισμα Ἰωάννου ἐξ οὐρανοῦ ἦν ἢ ἐξ ἀνθρώπων;
5ထိုသူတို့သည် အချင်းချင်း ဆင်ခြင် ၍ ၊ ဘုရားက ဖြစ်သည်ဟု ငါတို့ဖြေ လျှင် ၊ သင်တို့သည် ယောဟန် ကို အဘယ်ကြောင့် မ ယုံ သနည်းဟု သူမေး လေဦးမည်။ လူ က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် ၊
5οἱ δὲ συνελογίσαντο πρὸς ἑαυτοὺς λέγοντες ὅτι Ἐὰν εἴπωμεν· Ἐξ οὐρανοῦ, ἐρεῖ· Διὰ τί οὐκ ἐπιστεύσατε αὐτῷ;
6ယောဟန် သည် ပရောဖက် ဖြစ် သည်ကို လူ အပေါင်း တို့သည် ယုံ သဖြင့် ငါ တို့ကို ကျောက်ခဲ နှင့် ပစ် ကြလိမ့်မည်ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊
6ἐὰν δὲ εἴπωμεν· Ἐξ ἀνθρώπων, ⸂ὁ λαὸς ἅπας⸃ καταλιθάσει ἡμᾶς, πεπεισμένος γάρ ἐστιν Ἰωάννην προφήτην εἶναι·
7အဘယ် ကဖြစ် သည်ကို အကျွန်ုပ်တို့မ သိ ပါဟု ပြန်ပြော ကြ၏။
7καὶ ἀπεκρίθησαν μὴ εἰδέναι πόθεν.
8ယေရှု ကလည်း ၊ ထိုအတူဤ အမှုများကိုအဘယ် အခွင့် နှင့် ငါပြု သည်ကို ငါ မ ပြော ဟု မိန့် တော်မူ၏။
8καὶ ὁ Ἰησοῦς εἶπεν αὐτοῖς· Οὐδὲ ἐγὼ λέγω ὑμῖν ἐν ποίᾳ ἐξουσίᾳ ταῦτα ποιῶ.
9ထိုအခါ ပရိသတ် တို့အား မိန့် တော်မူသောဥပမာ ကား၊ လူ တစ်ဦး သည် စပျစ် ဥယျာဉ်ကို စိုက်ပျိုး ပြီးမှလုပ်ဆောင် သောသူတို့အား ဥယျာဉ် ကိုငှား ၍ အခြားသောပြည်သို့ ကြာမြင့် စွာ သွား နေ၏။
9Ἤρξατο δὲ πρὸς τὸν λαὸν λέγειν τὴν παραβολὴν ταύτην· ⸀Ἄνθρωπος ἐφύτευσεν ἀμπελῶνα, καὶ ἐξέδετο αὐτὸν γεωργοῖς, καὶ ἀπεδήμησεν χρόνους ἱκανούς.
10ကာလ အချိန်တန်လျှင် ၊ လုပ်ဆောင် သောသူတို့သည် စပျစ် သီး အချို့ကို ပေး စေခြင်းငှာ ဥယျာဉ်ရှင်သည် သား ငယ်ကို စေလွှတ် လေ၏။ ဥယျာဉ်စောင့် တို့သည် ငယ်သား ကိုရိုက် ၍ လက်ချည်း လွှတ် လိုက်ကြ၏။
10⸀καὶ καιρῷ ἀπέστειλεν πρὸς τοὺς γεωργοὺς δοῦλον, ἵνα ἀπὸ τοῦ καρποῦ τοῦ ἀμπελῶνος ⸀δώσουσιν αὐτῷ· οἱ δὲ γεωργοὶ ⸂ἐξαπέστειλαν αὐτὸν δείραντες⸃ κενόν.
11နောက်တစ်ဖန် အခြား သော ငယ်သား ကို စေလွှတ် ပြန်လျှင် ၊ ဥယျာဉ်စောင့်တို့သည် သူ့ ကိုရိုက် ၍ အရှက်ခွဲ ပြီးမှလက်ချည်း လွှတ် လိုက်ကြ၏။
11καὶ προσέθετο ⸂ἕτερον πέμψαι⸃ δοῦλον· οἱ δὲ κἀκεῖνον δείραντες καὶ ἀτιμάσαντες ἐξαπέστειλαν κενόν.
12နောက်တစ်ဖန် အခြား သောငယ်သားကို စေလွှတ် ပြန် လျှင် ၊ သူ့ ကိုဒဏ်ရာ ပေါ်အောင် နာကျင်စွာရိုက် နှင်ထုတ် ကြ၏။
12καὶ προσέθετο ⸂τρίτον πέμψαι⸃· οἱ δὲ καὶ τοῦτον τραυματίσαντες ἐξέβαλον.
13ထိုအခါ ဥယျာဉ် ရှင် က၊ ငါသည် အဘယ်သို့ ပြု ရမည်နည်း။ ငါ ၏ချစ် သား ကို ငါစေလွှတ် မည်။ ထိုသူတို့ သည် ငါ့သား ကိုမြင်လျှင် အားနာ ကောင်းအားနာကြလိမ့်မည်ဟု ဆို ၏။
13εἶπεν δὲ ὁ κύριος τοῦ ἀμπελῶνος· Τί ποιήσω; πέμψω τὸν υἱόν μου τὸν ἀγαπητόν· ἴσως ⸀τοῦτον ἐντραπήσονται.
14ဥယျာဉ်စောင့် တို့သည် သား ကိုမြင် လျှင် ၊ ဤသူ သည် အမွေခံ ဖြစ် ၏။ လာကြ။ သူ့ ကို သတ် ကြကုန်အံ့။ ထိုသို့ သူ၏ အမွေ ဥစ္စာကို ငါ တို့ ရ ကြလိမ့်မည်ဟု အချင်းချင်း တိုင်ပင် ပြီးမှ၊
14ἰδόντες δὲ αὐτὸν οἱ γεωργοὶ διελογίζοντο πρὸς ⸀ἀλλήλους λέγοντες· Οὗτός ἐστιν ὁ κληρονόμος· ⸀ἀποκτείνωμεν αὐτόν, ἵνα ἡμῶν γένηται ἡ κληρονομία·
15ဥယျာဉ်ရှင်၏သား ကို ဥယျာဉ် ပြင် သို့ ထုတ် ၍ သတ်ပစ် ကြ၏။ သို့ဖြစ်လျှင် ဥယျာဉ် ရှင် သည် ဥယျာဉ်စောင့် တို့ကို အဘယ်သို့ ပြု မည်နည်း။
15καὶ ἐκβαλόντες αὐτὸν ἔξω τοῦ ἀμπελῶνος ἀπέκτειναν. τί οὖν ποιήσει αὐτοῖς ὁ κύριος τοῦ ἀμπελῶνος;
16ဥယျာဉ်ရှင်သည် လာ၍ ထို သူ တို့ကို သုတ်သင် ပယ်ရှင်းပြီးမှထိုဥယျာဉ် ကို အခြား သောသူတို့အား ပေး လိမ့်မည် ဟု မိန့် တော်မူ၏။ ပရိသတ်တို့သည် ကြား လျှင် ထိုသို့မ ဖြစ် ပါစေနှင့်ဟု လျှောက် ကြသော် ၊
16ἐλεύσεται καὶ ἀπολέσει τοὺς γεωργοὺς τούτους, καὶ δώσει τὸν ἀμπελῶνα ἄλλοις. ἀκούσαντες δὲ εἶπαν· Μὴ γένοιτο.
17ကိုယ်တော်သည် ထိုသူ တို့ကို ကြည့်ရှု ၍ ၊ တိုက်ကိုတည်လုပ် သောသူ များ ပယ် ထားသော ကျောက် သည် နောက်တစ်ဖန် တိုက်ထောင့် အထွဋ်ဖျား သို့ ရောက် ပြန်၏ဟူသော ကျမ်းစာ ချက်သည် အဘယ်သို့ ဆိုလို သနည်း။
17ὁ δὲ ἐμβλέψας αὐτοῖς εἶπεν· Τί οὖν ἐστιν τὸ γεγραμμένον τοῦτο· Λίθον ὃν ἀπεδοκίμασαν οἱ οἰκοδομοῦντες, οὗτος ἐγενήθη εἰς κεφαλὴν γωνίας;
18အကြင်သူ သည် ထို ကျောက် အပေါ်သို့ ကျ ၏။ ထိုသူ သည် ကျိုး လတံ့။ အကြင်သူ ၏အပေါ်သို့ ထို ကျောက် သည် ကျ ၏။ ထိုသူသည် ညက်ညက် ကြေလတံ့ ဟု မိန့် တော်မူ၏။
18πᾶς ὁ πεσὼν ἐπʼ ἐκεῖνον τὸν λίθον συνθλασθήσεται· ἐφʼ ὃν δʼ ἂν πέσῃ, λικμήσει αὐτόν.
19ထိုအခါ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့သည် မိမိ တို့ကို ရည်ဆောင် ၍ ထို ဥပမာ စကားကို ဟောပြော တော်မူသည်ကိုသိ သောကြောင့် ကိုယ်တော်ကို ဖမ်းဆီး ခြင်းငှာ ရှာကြံ ကြ၏။ သို့သော်လည်း လူ များ ကိုကြောက် ၍ နေရကြ၏။
19καὶ ἐζήτησαν οἱ ⸂γραμματεῖς καὶ οἱ ἀρχιερεῖς⸃ ἐπιβαλεῖν ἐπʼ αὐτὸν τὰς χεῖρας ἐν αὐτῇ τῇ ὥρᾳ, καὶ ἐφοβήθησαν ⸂τὸν λαόν⸃, ἔγνωσαν γὰρ ὅτι πρὸς αὐτοὺς ⸂εἶπεν τὴν παραβολὴν ταύτην⸃.
20ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော် ကိုချောင်းမြောင်း လျက်၊ စကား တော်၌ အပြစ်ကိုရှာ ၍ မြို့ဝန်မင်း လက်သို့ အပ်နှံ သောခွင့် ကိုရခြင်းငှာ သူတော်ကောင်း ဖြစ် ယောင်ဆောင် သောသူလျှို တို့ကို အထံ တော်သို့ စေလွှတ် ကြ၏။
20Καὶ παρατηρήσαντες ἀπέστειλαν ἐγκαθέτους ὑποκρινομένους ἑαυτοὺς δικαίους εἶναι, ἵνα ἐπιλάβωνται αὐτοῦ λόγου, ⸀ὥστε παραδοῦναι αὐτὸν τῇ ἀρχῇ καὶ τῇ ἐξουσίᾳ τοῦ ἡγεμόνος.
21ထိုသူလျှိုတို့က၊ အရှင် ဘုရား၊ ကိုယ်တော် သည် လူမျက်နှာ ကို မ ထောက် ဘဲ ဖြောင့်မတ် စွာဆုံးမ ဩဝါဒပေး ၍ ၊ ဘုရားသခင် ၏ တရားလမ်း ကို ဟုတ်မှန် စွာ ပြ တော်မူသည်ကို အကျွန်ုပ်တို့သိ ကြပါ၏။
21καὶ ἐπηρώτησαν αὐτὸν λέγοντες· Διδάσκαλε, οἴδαμεν ὅτι ὀρθῶς λέγεις καὶ διδάσκεις καὶ οὐ λαμβάνεις πρόσωπον, ἀλλʼ ἐπʼ ἀληθείας τὴν ὁδὸν τοῦ θεοῦ διδάσκεις·
22အကျွန်ုပ် တို့သည် ကဲသာ ဘုရင်အား အခွန် ကိုဆက် အပ် သလော၊ မ ဆက်အပ်သလောဟု မေး လျှောက် ကြ၏။
22ἔξεστιν ⸀ἡμᾶς Καίσαρι φόρον δοῦναι ἢ οὔ;
23ကိုယ်တော်သည် ထိုသူ တို့၏ ပရိယာယ် ကို သိမှတ် တော်မူလျှင် ၊ သင်တို့ သည် ငါ့ ကို အဘယ်ကြောင့်စုံစမ်းနှောင့်ရှက်ကြသနည်း။
23κατανοήσας δὲ αὐτῶν τὴν πανουργίαν εἶπεν πρὸς ⸀αὐτούς·
24ဒေနာရိ တစ်ပြားကိုပြ ပါ။ အဘယ်သူ ၏ပုံ ၊ အဘယ်သူ၏လိပ်စာ ပါ ပါသနည်း ဟု မေး တော်မူလျှင် ၊ ကဲသာ ဘုရင်၏ပုံ၊ လိပ်စာပါပါသည်ဟု လျှောက် ကြသော် ၊
24⸀Δείξατέ μοι δηνάριον· τίνος ἔχει εἰκόνα καὶ ἐπιγραφήν; ⸀ἀποκριθέντες δὲ εἶπαν· Καίσαρος.
25ကိုယ်တော်က၊ ကဲသာ ဘုရင်၏ဥစ္စာ ကို ကဲသာ ဘုရင်အား ဆက်ပေး ကြလော့။ ဘုရားသခင် ၏ဥစ္စာ ကို ကား ဘုရားသခင် အား ဆက်ပေးကြလော့ ဟု မိန့် တော်မူ၏။
25ὁ δὲ εἶπεν ⸂πρὸς αὐτούς· Τοίνυν ἀπόδοτε⸃ τὰ Καίσαρος Καίσαρι καὶ τὰ τοῦ θεοῦ τῷ θεῷ.
26ထိုသူတို့သည် လူ များရှေ့ တွင် စကား တော်၌ အပြစ် မ တွေ့နိုင် သဖြင့် ပြန်ပြော တော်မူသောစကားကို အံ့ဩ ၍ တိတ်ဆိတ် စွာနေကြ၏။
26καὶ οὐκ ἴσχυσαν ἐπιλαβέσθαι ⸀τοῦ ῥήματος ἐναντίον τοῦ λαοῦ, καὶ θαυμάσαντες ἐπὶ τῇ ἀποκρίσει αὐτοῦ ἐσίγησαν.
27ထမြောက် ရှင်ပြန်ခြင်းမ ရှိ ဟုငြင်းခုံ တတ်သော ဇဒ္ဒုကဲ အချို့ သည်လည်း အထံ တော်သို့ ချဉ်းကပ် ၍၊
27Προσελθόντες δέ τινες τῶν Σαδδουκαίων, οἱ ⸀ἀντιλέγοντες ἀνάστασιν μὴ εἶναι, ἐπηρώτησαν αὐτὸν
28အရှင် ဘုရား၊ မယား ရှိ သောသူ သည်သား မရှိဘဲသေ လျှင် ၊ သူ၏မယား ကို သူ့ ညီ သိမ်းယူ ၍ အစ်ကို အမျိုး မပြတ်ဆက်နွယ် စေဟု အကျွန်ုပ် တို့အား မောရှေ စီရင် ပါပြီ။
28λέγοντες· Διδάσκαλε, Μωϋσῆς ἔγραψεν ἡμῖν, ἐάν τινος ἀδελφὸς ἀποθάνῃ ἔχων γυναῖκα, καὶ οὗτος ἄτεκνος ⸀ᾖ, ἵνα λάβῃ ὁ ἀδελφὸς αὐτοῦ τὴν γυναῖκα καὶ ἐξαναστήσῃ σπέρμα τῷ ἀδελφῷ αὐτοῦ.
29ညီအစ်ကို ခုနစ် ယောက်ရှိ ပါ၏။ အစ်ကိုအကြီး သည် မိန်းမ နှင့်စုံဘက် ၍ သား မရှိဘဲသေ လျှင်၊
29ἑπτὰ οὖν ἀδελφοὶ ἦσαν· καὶ ὁ πρῶτος λαβὼν γυναῖκα ἀπέθανεν ἄτεκνος·
30သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲသေပြန်လေ၏။
30καὶ ⸂ὁ δεύτερος⸃
31ထိုအတူ တတိယ သူ မှစ၍ တစ်ယောက်နောက်တစ်ယောက်ခုနစ် ယောက်သော ညီအစ်ကိုတို့သည် ထို မိန်းမ ကိုသိမ်းယူ ၍ သား ကို မ ကျန်ရစ် စေဘဲ သေ ကြ၏။
31καὶ ὁ τρίτος ἔλαβεν ⸀αὐτήν, ὡσαύτως δὲ καὶ οἱ ἑπτὰ οὐ κατέλιπον τέκνα καὶ ἀπέθανον·
32နောက်ဆုံး ၌ မိန်းမ သည်လည်း သေ လေ၏။
32ὕστερον ⸂καὶ ἡ γυνὴ ἀπέθανεν⸃.
33သို့ဖြစ်၍ ထမြောက် ရာကာလ၌ ထိုမိန်းမ သည်အဘယ်သူ ၏မယား ဖြစ် ရပါမည်နည်း။ ထိုသူ ခုနစ် ယောက်တို့သည် ထိုမိန်းမ နှင့်စုံဘက် ကြပြီဟုလျှောက် ကြ၏။
33⸂ἡ γυνὴ οὖν ἐν τῇ⸃ ἀναστάσει τίνος αὐτῶν γίνεται γυνή; οἱ γὰρ ἑπτὰ ἔσχον αὐτὴν γυναῖκα.
34ယေရှု ကလည်း ၊ ယခု ဘဝ သား တို့သည် စုံဘက် ခြင်း၊ ထိမ်းမြား ပေးစားခြင်းကို ပြုတတ်ကြ၏။
34⸀Καὶ εἶπεν αὐτοῖς ὁ Ἰησοῦς· Οἱ υἱοὶ τοῦ αἰῶνος τούτου γαμοῦσιν καὶ ⸀γαμίσκονται,
35နောင် ဘဝကို၎င်း ၊ သေ ခြင်းမှ ထမြောက် ခြင်းကို၎င်းရထိုက် သည်ဟု မှတ်တော်မူခြင်းကို ခံရသောသူ တို့သည် စုံဘက် ခြင်း၊ ထိမ်းမြား ပေးစားခြင်းကို မ ပြုတတ်ကြ။
35οἱ δὲ καταξιωθέντες τοῦ αἰῶνος ἐκείνου τυχεῖν καὶ τῆς ἀναστάσεως τῆς ἐκ νεκρῶν οὔτε γαμοῦσιν οὔτε ⸀γαμίζονται·
36သေ ခြင်းနှင့်အစဉ် ကင်းလွတ် ၍ ကောင်းကင် တမန်ကဲ့သို့ ဖြစ် သည်သာမက ၊ ထမြောက် ခြင်း၏သား ဖြစ် သောကြောင့် ဘုရားသခင် ၏သား ဖြစ် ကြ၏။
36⸀οὐδὲ γὰρ ἀποθανεῖν ἔτι δύνανται, ἰσάγγελοι γάρ εἰσιν καὶ υἱοί ⸀εἰσιν θεοῦ τῆς ἀναστάσεως υἱοὶ ὄντες.
37ထိုမှတပါး၊ မောရှေ သည် ထာဝရ ဘုရားကို အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား ဟု ချုံ ခဏ်း၌ ခေါ်ဝေါ် သောအခါ သေ လွန်သောသူ တို့သည် ထမြောက် ကြောင်း ကို ဖော်ပြ ခဲ့ပြီ။
37ὅτι δὲ ἐγείρονται οἱ νεκροὶ καὶ Μωϋσῆς ἐμήνυσεν ἐπὶ τῆς βάτου, ὡς λέγει κύριον τὸν θεὸν Ἀβραὰμ ⸀καὶ θεὸν Ἰσαὰκ ⸁καὶ θεὸν Ἰακώβ·
38ဘုရားသခင် သည် သေ နေသောသူတို့၏ဘုရားမ ဟုတ် ။ အသက် ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူ၏။ ထိုသူအပေါင်း တို့သည် ဘုရားသခင် ၌ အသက် ရှင်ကြသည် ဟု မိန့် တော်မူ၏။
38θεὸς δὲ οὐκ ἔστιν νεκρῶν ἀλλὰ ζώντων, πάντες γὰρ αὐτῷ ζῶσιν.
39ကျမ်းပြု ဆရာအချို့ တို့က၊ အရှင် ဘုရား၊ ကိုယ်တော်၏စကား သည် လျောက်ပတ် ပါ၏ဟု လျှောက် ကြ၏။
39ἀποκριθέντες δέ τινες τῶν γραμματέων εἶπαν· Διδάσκαλε, καλῶς εἶπας·
40နောက်တစ်ဖန် အလျှင်း မ မေး မလျှောက်ဝံ့ ကြ၊
40οὐκέτι ⸀γὰρ ἐτόλμων ἐπερωτᾶν αὐτὸν οὐδέν.
41ယေရှု ကလည်း ၊ ခရစ်တော် သည် ဒါဝိဒ် ၏သား ဖြစ် သည်ဟု အဘယ်ကြောင့် ဆို ကြသနည်း။
41Εἶπεν δὲ πρὸς αὐτούς· Πῶς λέγουσιν τὸν χριστὸν ⸂εἶναι Δαυὶδ υἱόν⸃;
42ဒါဝိဒ် ၏စကား မှာ၊ ထာဝရ ဘုရားက၊ သင် ၏ရန်သူ တို့ကို သင် ၏ခြေ တင် ရာငါမ ချ မထားမှီတိုင်အောင်ငါ့ လက်ျာ ဘက်၌ ထိုင် နေလော့ဟု၊
42⸂αὐτὸς γὰρ⸃ Δαυὶδ λέγει ἐν βίβλῳ ψαλμῶν· ⸀Εἶπεν κύριος τῷ κυρίῳ μου· Κάθου ἐκ δεξιῶν μου
43ငါ့ သခင် အား မိန့် တော်မူသည်ဟု ဆာလံ ကျမ်းစာ ၌ ဒါဝိဒ်ဆိုသတည်း။
43ἕως ἂν θῶ τοὺς ἐχθρούς σου ὑποπόδιον τῶν ποδῶν σου.
44ထိုသို့ ဒါဝိဒ် သည် ခရစ်တော် ကို သခင် ဟူ၍ခေါ် လျှင် အဘယ်သို့ သူ ၏သား ဖြစ် သနည်း ဟု မေး တော်မူ၏။
44Δαυὶδ οὖν ⸂αὐτὸν κύριον⸃ καλεῖ, καὶ πῶς ⸂αὐτοῦ υἱός⸃ ἐστιν;
45ပရိသတ် များ နားထောင် စဉ်တွင်တပည့် တော်တို့အား တဖန်မိန့် တော်မူသည်ကား၊
45Ἀκούοντος δὲ παντὸς τοῦ λαοῦ εἶπεν τοῖς ⸀μαθηταῖς·
46ကျမ်းပြု ဆရာတို့ကို ရှောင် ကြလော့။ သူ တို့သည်ရှည်သောအင်္ကျီ ကိုဝတ်လျက် လည် ခြင်းငှာ အလိုရှိ ကြ၏။ ဈေး ၌ ရိုသေစွာနှုတ်ဆက် ခြင်းကို၎င်း ၊ ပွဲ သဘင်၊ တရားစရပ် တို့၌ မြင့်မြတ် သောနေရာထိုင်ရာ ကို၎င်းနှစ်သက် ကြ၏။
46Προσέχετε ἀπὸ τῶν γραμματέων τῶν θελόντων περιπατεῖν ἐν στολαῖς καὶ φιλούντων ἀσπασμοὺς ἐν ταῖς ἀγοραῖς καὶ πρωτοκαθεδρίας ἐν ταῖς συναγωγαῖς καὶ πρωτοκλισίας ἐν τοῖς δείπνοις,
47သူတို့သည် မုတ်ဆိုးမ အိမ် ကို လုယူ သိမ်းစား၍ အပြစ် မပေါ်စေခြင်းငှာရှည် စွာသောပဌနာ စကားကို ရွတ်တတ်ကြ၏။ ထိုသူ တို့သည် သာ၍ကြီးစွာ သောဒဏ် ကိုခံရ ကြလတံ့ ဟု မိန့် တော်မူ၏။
47οἳ κατεσθίουσιν τὰς οἰκίας τῶν χηρῶν καὶ προφάσει μακρὰ προσεύχονται· οὗτοι λήμψονται περισσότερον κρίμα.
Tip: use the ← and → keys to turn chapters.