ဟေဗြဲ

Old Testament

Chapter 3

ဟေဗြဲ

Judson Burmese Bible (18…
vs Synodal Translatio…
Aa
Text size
Line width
Verse numbers

ဟေဗြဲ 3

Judson Burmese Bible (1840)
Synodal Translation (Синодальный перевод)
1ထိုသို့ဖြစ်လျှင် ၊ ကောင်းကင် ဘုံနှင့်စပ်ဆိုင် သော ခေါ်ဘိတ်တော်မူခြင်းကျေးဇူးကို ခံရသောသူ၊ သန့်ရှင်း သော ညီအစ်ကို တို့၊ ငါ တို့ဝန်ခံ သောတမန်တော် နှင့် ယဇ်ပုရောဟိတ် မင်းတည်းဟူသောယေရှု ၏ အကြောင်းကို စေ့စေ့ဆင်ခြင် ကြလော့
1Итак, братия святые, участники в небесном звании, уразумейте Посланника и Первосвященника исповедания нашего, Иисуса Христа,
2မောရှေ သည် ဘုရားသခင် ၏ အိမ် တော်တစ် အိမ်လုံး၌ သစ္စာစောင့်သကဲ့သို့ ၊ ယေရှုသည် မိမိ ကိုခန့်ထား တော်မူသောသူ ၏ အမှုတော်၌ သစ္စာစောင့် တော်မူ၏
2Который верен Поставившему Его, как и Моисей во всем доме Его.
3အိမ် ကိုဆောက် သောသူ သည် အိမ် ထက် သာ၍ကြီးသောအသရေ ရှိ သကဲ့သို့ ၊ ယေရှု သည် မောရှေ ထက် သာ၍ ကြီးသော အသရေ ကိုခံထိုက် သောသူဖြစ်သည်ဟု ထင်မှတ်စရာအကြောင်း ရှိ၏
3Ибо Он достоин тем большей славы пред Моисеем, чем большую честь имеет в сравнении с домом тот, кто устроил его;
4အိမ် မည်သည်ကား၊ တစ်စုံတစ်ယောက် သောသူ ဆောက် သောကြောင့် ဖြစ်၏။ အလုံးစုံ တို့ကို တည်ဆောက် သောသူ ကား ၊ ဘုရားသခင် ပေတည်း
4Ибо всякий дом устрояется кем - либо; а устроивший все есть Бог.
5မောရှေ သည်၊ နောက်ဟောပြော လတံ့သော အရာ တို့ကို သက်သေခံ ခြင်းအလိုငှာ ၊ အစေခံ ကဲ့သို့ အိမ် တော်တစ်အိမ်လုံး ၌ သစ္စာစောင့် ၏
5И Моисей верен во всем доме Его, как служитель для засвидетельствования того, что надлежало возвестить.
6ခရစ်တော် မူကား ၊ သား ကဲ့သို့ အိမ် တော်ကို အုပ်စိုး ၍ သစ္စာစောင့်တော်မူ၏။ ငါ တို့သည်ကား၊ ရဲရင့် ခြင်း၌၎င်း ၊ မြော်လင့် ခြင်းနှင့်စပ်ဆိုင်သောဝါကြွား ဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင်တည်ကြည် လျှင်၊ ထို အိမ် တော်ဖြစ် သတည်း
6А Христос - как Сын в доме его; дом же Его - мы, если только дерзновение и упование, которым хвалимся, твердо сохраним до конца.
7ထိုကြောင့် ၊ သန့်ရှင်း သောဝိညာဉ် တော် မိန့် တော်မူသည်ကား၊ ယနေ့ တွင် သင်တို့သည် ဗျာဒိတ် တော်အသံ ကို ကြား လျက်ရှိသည် ဖြစ်၍၊
7Почему как говорит Дух Святый, “ныне, когда услышите глас Его,
8ခိုင်မာ သော စိတ် နှလုံးမ ရှိကြနှင့်။ သင် တို့အဘ များသည် အနှစ် လေးဆယ် ပတ်လုံးငါ့ ကို အနည်းနည်းစုံစမ်း ၍ ၊
8Не ожесточите сердец ваших как во время ропота в день искушения в пустыне,
9ငါ ၏အမှု တို့ကို မြင် ရသော တော တွင် ငါ့ကိုဆန့်ကျင်ဘက် ပြု၍ စုံစမ်း ရာကာလ ၌ ရှိသကဲ့သို့ မရှိစေကြနှင့်
9Где искушали меня отцы ваши, испытывали Меня и видели дела мои сорок лет,
10ထို လူမျိုး ကို ငါရွံ သည်ဖြစ်၍ ၊ သူတို့သည် အစဉ် စိတ် သဘော မှားယွင်း တတ်ကြ၏။ ငါ ၏ အလေ့အလာ တို့ကို နား မ လည်ကြဟု ငါဆို ရ၏
10Посему Я вознегодовал на оный род и сказал: непрестанно заблуждают сердцем, не познали они путей Моих;
11ထိုကြောင့်၊ သူတို့သည် ငါ ၏ချမ်းသာ ထဲသို့ မဝင်ရ ကြဟု အမျက်ထွက် ၍ ငါကျိန်ဆို သည်ဟု မိန့်တော်မူချက်ရှိသည်နှင့်အညီ
11Посему Я поклялся во гневе Моем, что они не войдут в покой мой”.
12ညီအစ်ကို တို့၊ သင် တို့သည် အသက် ရှင်တော်မူသော ဘုရားသခင် ထံ တော်မှ ထွက်သွား သောအားဖြင့် မယုံကြည် တတ်၊ ဆိုးညစ် သော စိတ် နှလုံးမ ရှိ စေခြင်းငှာသတိပြု ကြလော့
12Смотрите, братия чтобы не было в ком из вас сердца лукавого и неверного, дабы вам не отступить от Бога живого.
13ဒုစရိုက် ၏ လှည့်ဖြား ခြင်းအားဖြင့်သင် တို့ စိတ်နှလုံးမ ခိုင်မာ စေခြင်းငှာ ၊ ယနေ့ ဟူ၍ခေါ်ဝေါ် သော အချိန်၊ နေ့ တိုင်း အစဉ် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တိုက်တွန်း နှိုးဆော်ကြလော့
13Но наставляйте друг друга каждый день доколе можно говорить “ныне”, чтобы кто из вас не ожесточился, обольстившись грехом.
14ငါတို့သည် စိတ်စွဲလမ်း ခြင်းကို အစ ပြုသကဲ့သို့အဆုံး တိုင်အောင် တည်ကြည် လျှင် ၊ ခရစ်တော် နှင့် ဆက်ဆံ သောသူ ဖြစ်ကြ၏
14Ибо мы сделались причастниками Христу, если только начатую жизнь сохраним до конца,
15ယနေ့ တွင် သင်တို့သည် ဗျာဒိတ်တော်အသံ ကို ကြား လျက် ရှိသည်ဖြစ်၍ ၊ ဆန့်ကျင်ဘက် ပြုရာကာလ၌ ရှိသကဲ့သို့ ၊ ခိုင်မာ သော စိတ် နှလုံးမ ရှိကြနှင့်ဟု ကျမ်းစာလာသည်အရာမှာ
15Доколе говорится: “ныне, когда услышите глас Его, не ожесточите сердец ваших, как во время ропота”.
16ကြား ပြီးမှဆန့်ကျင်ဘက် ပြုသော သူတို့ကား၊ အဘယ်သူ နည်း၊ မောရှေ နောက်သို့လိုက်၍ အဲဂုတ္တု ပြည်မှ ထွက်လာ သော သူ အပေါင်း တို့သည် ထိုသို့ပြုကြသည် မ ဟုတ်လော
16Ибо некоторые из слышавших возроптали, но не все вышедшие из Египта с Моисеем.
17အနှစ် လေးဆယ် ပတ်လုံးနှစ်သက် တော်မမူသော သူတို့ကား၊ အဘယ်သူ နည်း။ ဒုစရိုက် အပြစ်ကို ပြုသောကြောင့် တော ၌ လဲ ၍ သေ သောသူ ပင် မ ဟုတ်လော
17На кого же негодовал он сорок лет? Не на согревших ли, которых кости пали в пустыне?
18သင်တို့သည် ငါ၏ချမ်းသာ ထဲသို့ မ ဝင် ရကြဟု ကျိန်ဆို တော်မူသော သူ တို့ကား၊ မယုံကြည် သော သူ မှတစ်ပါး အဘယ်သူနည်း
18Против кого же клялся, что не войдут в покой Его, как не против непокорных?
19သို့ဖြစ်၍ ၊ သူတို့သည် မယုံကြည် သောကြောင့် သာ မ ဝင် နိုင် သည်ကို ငါတို့သိမြင် ကြ၏။
19И так видим, что они не могли войти за неверие.

Tip: use the ← and → keys to turn chapters.