ဟေဗြဲ 11
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Synodal Translation (Синодальный перевод)
1ယုံကြည် ခြင်းသည် မြော်လင့် သောအရာတို့ကို မျက်မှောက် ပြု ခြင်းဖြစ် ၏။ မ မြင် သေးသော အရာ တို့ကို သိမှတ် စွဲလမ်းခြင်းအကြောင်းဖြစ်၏
1Вера же есть осуществление ожидаемого и уверенность в невидимом.
2ထို ပါရမီကြောင့် ၊ ရှေး လူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏
2В ней свидетельствованы древние.
3ယခုမြင် ရသောအရာ တို့သည်၊ အရင်ထင်ရှား သော အရာထဲက မ ဖြစ် ဘဲ၊ လောက ဓါတ်တို့သည် ဘုရားသခင် ၏အမိန့် တော်ကြောင့်သာ တည် သည်ကို ငါတို့သည် ယုံကြည် ခြင်းအားဖြင့်သိကြ ၏
3Верою познаем, что веки сотворены словом Божиим, так что из невидимого произошло видимое.
4အာဗေလ သည်၊ ကာဣန ပူဇော် သော ယဇ်ထက် သာ၍ မြတ်သောယဇ်ကို၊ ယုံကြည် ခြင်းအားဖြင့်ဘုရားသခင် အားပူဇော် ၏။ ထိုသို့သောယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ် သည်ဟု သက်သေခံ တော်မူခြင်းကို ရ လေ၏။ အဘယ်သို့နည်းဟူမူကား၊ သူ လှူသောအလှူ ကို ဘုရားသခင် သည် လက်ခံ တော်မူ၏။ သို့ဖြစ်၍ ၊ အာဗေလသည် သေ လွန်သော်လည်း ယခုပင်တရားဟော သေး ၏
4Верою Авель принес Богу жертву лучшую, нежели Каин; ею получил свидетельство, что он праведен, как засвидетельствовал Бог о дарах его; ею он и по смерти говорит еще.
5ဧနောက် သည် ယုံကြည် ခြင်းအားဖြင့်သေ ခြင်းနှင့်လွတ် ၍ ဘဝပြောင်း ရ၏။ ဘုရားသခင် သည် သူ့ ကို ဘဝပြောင်း စေတော်မူသောကြောင့် ၊ သူသည် နောက်တစ်ဖန်မ ပေါ် မရှိ။ သူသည်ဘဝမ ပြောင်း မှီ ဘုရားသခင် ၏ စိတ်တော်နှင့်တွေ့ သောသူဖြစ်သည်ဟု သက်သေခံ ခြင်းကို ရလေ၏
5Верою Енох переселен был так, что не видел смерти; и не стало его, потому что Бог переселил его. Ибо прежде переселения своего получил он свидетельство, что угодил Богу.
6ယုံကြည် ခြင်းမ ရှိလျှင်၊ ဘုရားသခင်၏ စိတ် တော်နှင့်မ တွေ့နိုင်။ အကြောင်းမူကား ၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ် သောသူ သည်၊ ဘုရားသခင်ရှိ တော်မူသည်ကို၎င်း ၊ ကိုယ်တော် ကို ရှာ သောသူ အား အကျိုးပေး တော်မူသည်ကို၎င်း၊ ယုံကြည် ရ မည်
6А без веры угодить Богу невозможно; ибо надобно, чтобы приходящий к Богу веровал, что он есть, и ищущим его воздает.
7နောဧ သည်မ မြင် သေးသော အမှုအရာ တို့ကို ဖော်ပြ သော ဗျာဒိတ် တော်ကိုခံရပြီးမှ၊ ယုံကြည် ခြင်းအားဖြင့်ကြောက်ရွံ့ လာသောစိတ်ရှိ၍၊ မိမိ အိမ်သူ အိမ်သားတို့ကို ကယ်တင် ခြင်းငှာ သင်္ဘော ကိုတည် လေ၏ ထိုယုံကြည်ခြင်းအားဖြင့် လောကီသား တို့ကို အပြစ်တင် ၍ ယုံကြည် ခြင်းနှင့် ယှဉ် သော ဖြောင့်မတ် ခြင်းကိုလည်း အမွေ ခံရ၏
7Верою Ной, получив откровение о том что еще не было видно, благоговея приготовил ковчег для спасения дома своего; ею осудил он (весь) мир, и сделался наследником праведности по вере.
8အာဗြဟံ သည် အမွေ ခံရ လတံ့သောပြည် သို့ ထွက်သွား မည်အကြောင်း၊ ဘုရားသခင်ခေါ် တော်မူသောအခါ၊ သူသည်အဘယ် အရပ်သို့သွားသည် ကို ကိုယ်တိုင်မ သိ ဘဲလျက်၊ ယုံကြည် ခြင်းအားဖြင့်နားထောင် ၍ ထွက်သွား လေ၏
8Верою Авраам повиновался призванию идти в страну, которую имел получить в наследие, и пошел, не зная куда идет.
9သူတစ်ပါး ပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့ ၊ ဂတိ တော်နှင့် စပ်ဆိုင်သော ပြည် ၌ယုံကြည် ခြင်းအားဖြင့်ဧည့်သည် ဖြစ်၍နေ၏။ ထိုဂတိ တော်ကို အမွေ ခံရသော အဖော်အဖက်တည်းဟူသောဣဇာက် ၊ ယာကုပ် တို့နှင့်အတူ တဲ ၌ နေ လေ၏
9Верою обитал он на земле обетованной, как на чужой, и жил в шатрах с Исааком и Иаковым, сонаследниками того же обетования;
10အကြောင်းမူကား ၊ ဘုရားသခင် တည်ထောင် ပြုစု တော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ ကိုမြော်လင့် သတည်း
10Ибо он ожидал города, имеющего основание, которого художник и строитель - Бог.
11သူ ၏ခင်ပွန်းစာရာ သည်လည်း အရွယ် လွန် သောအခါ ၊ ပဋိသန္ဓေ ယူ နိုင်သော အခွင့် တန်ခိုးကို ယုံကြည် ခြင်းအားဖြင့်ခံရလေ၏။ အကြောင်းမူကား ၊ ဂတိ ထားတော်မူသောသူ သည် သစ္စာရှိ သည်ဟု စိတ် စွဲလမ်းခြင်းရှိ၏
11Верою и сама Сарра (будучи неплодна) получила сила к принятию семени и не по времени возраста родила; ибо знала, что верен Обещавший.
12သို့ဖြစ်၍ ၊ ထိုအမှုအရာ၌ လူသေ နှင့်တူသော သူတစ်ယောက်သည်၊ အရေအတွက်အားဖြင့်ကောင်းကင် ကြယ် ကဲ့သို့ ၎င်း ၊ သမုဒ္ဒရာ ကမ်း နား၌မ ရေတွက်နိုင်သောသဲလုံး ကဲ့သို့ ၎င်း၊ များစွာ သောသူတို့၏ အဘ ဖြစ် သတည်း
12И потому от одного, и притом омертвелого, родилось так много, как много звезд на небе и как бесчислен песок на берегу морском.
13ယခုဆိုခဲ့ပြီးသောသူ အပေါင်း တို့သည်၊ ဂတိ တော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကိုမ ခံရ ဘဲ၊ အဝေး ကမြော်မြင် လျက်၊ စိတ်နှလုံးနှင့် ဖက်ယမ်း လျက်၊ မိမိတို့သည် မြေကြီး ပေါ်မှာ တစ်ကျွန်း သူတစ်နိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည် ကို ထင်ရှားစွာဝန်ခံ လျက်၊ ယုံကြည် ခြင်းစိတ်နှင့်သေ လွန်ကြ၏
13Все сии умерли в вере, не получивши обетований, а только издали видели оные и радовались и говорили о себе, что они странники и пришельцы на земле;
14ထိုသို့ ဝန်ခံသောသူတို့သည် မိမိတို့အဘ ပြည်ကို ရှာ ကြသည်ဟု အတည့်အလင်း ပြောဆို ကြ၏
14Ибо те, которые так говорят, показывают что они ищут отечества.
15ထိုသူတို့သည် အထက်ကထွက်သွား သော ပြည် ကို အောက်မေ့ သည်မှန် လျှင် ၊ ထိုပြည်သို့ ပြန် ရသော အခွင့် ရှိ ကြ၏
15И если бы они в мыслях имели то отечество, из которого вышли, то имели бы время возвратиться;
16ထိုပြည်ကိုမအောက်မေ့ဘဲ၊ ကောင်းကင် ပြည် တည်းဟူသောသာ၍ မြတ်သောပြည်ကို တောင့်တ ခြင်း ရှိကြ၏။ ထိုကြောင့် ၊ ဘုရားသခင် သည် သူ တို့၏ ဘုရား ဟူ၍ခေါ်ဝေါ် ခြင်းကိုရှက် တော်မ မူ၊ သူ တို့နေစရာဘို့ မြို့ ကို တည်ထောင် တော်မူပြီ
16Но они стремились к лучшему, то есть, к небесному; посему и Бог не стыдится их, называя Себя их Богом: ибо Он уготовил им город.
17အာဗြဟံ သည် စုံစမ်း တော်မူခြင်းကို ခံရသောအခါ၊ ယုံကြည် ခြင်းအားဖြင့်ဣဇာက် ကိုပူဇော် ၏
17Верою Авраам, будучи искушаем, принес в жертву Исаака, и, имея обетование, принес единородного,
18ဣဇာက် ၌ သာသင် ၏ အမျိုး တည်လိမ့်မည်ဟူသောဗျာဒိတ် တော်မှစ၍ ဂတိ တော်များကို ခံရ သော သူ သည်၊ မိမိ၌ တစ်ယောက်တည်းသောထိုသားကို ပူဇော် ၏
18О котором было сказано: “в Исааке наречется тебе семя”;
19ထိုသို့ပူဇော်သောအခါသေ ခြင်းမှ ထမြောက် စေခြင်းငှာ ၊ ဘုရားသခင် တတ်နိုင် တော်မူသည်ကို သူသည် အောက်မေ့ ၏။ ထိုသား ကို ပုံ စကားအားဖြင့် သေခြင်းထဲက ရ ၏
19Ибо он думал, что Бог силен и из мертвых воскресить, почему и получил его в предзнаменование.
20ဣဇာက် သည်လည်း၊ ယုံကြည် ခြင်းအားဖြင့်အနာဂတ် အရာတို့ ကိုအမှတ် ပြု၍ ယာကုပ် နှင့် ဧသော ကို ကောင်းကြီး ပေး၏
20Верою в будущее Исаак благословил Иакова и Исава.
21ယာကုပ် သည်လည်း၊ သေ ချိန်နီးသောအခါ၊ ယုံကြည် ခြင်းအားဖြင့်ယောသပ် ၏ သား နှစ်ယောက်ကို ကောင်းကြီး ပေး၍ ၊ တောင်ဝေး ထိပ် အပေါ်မှာ ကိုးကွယ် လေ၏
21Верою Иаков, умирая, благословил каждого сына Иосифова и поклонился на верх жезла своего.
22ယောသပ် သည်သေ ဆဲရှိသောအခါ၊ ယုံကြည် ခြင်းအားဖြင့်ဣသရေလ အမျိုးသား တို့၏ ထွက်မြောက် ခြင်းအရာ ကိုပြ ၍ ၊ မိမိ အရိုး တို့၏ အကြောင်း ကိုမှာထား လေ၏
22Верою Иосиф, при кончине напоминал об исходе сынов Израилевых и завещал о костях своих.
23မောရှေ ကို ဘွားမြင် ပြီးမှအဆင်းလှ သော သူငယ် ဖြစ်သည်ကို မိဘတို့သည်မြင် လျှင်၊ ယုံကြည် ခြင်းအားဖြင့်ရှင်ဘုရင် အမိန့် တော်ကို မ ကြောက် ဘဲ သုံး လပတ်လုံးသူ့ကို ဝှက်ထား လေ၏
23Верою Моисей по рождении три месяца скрываем был родителями своими; ибо видели они, что дитя прекрасно, и не устрашились царского повеления.
24မောရှေ သည် အသက်အရွယ်ကြီး သောအခါအပြစ် ရှိသော ကာမဂုဏ် ကို ခဏ ခံစား ခြင်းထက် ၊ ဘုရားသခင် ၏လူ တို့နှင့်အတူညှဉ်းဆဲ ခံရခြင်းကိုသာ၍ အလိုရှိသဖြင့်၎င်း၊
24Верою Моисей, пришед в возраст, отказался называться сыном дочери фараоновой,
25အဲဂုတ္တု ပြည်၏ စည်းစိမ်ထက် ခရစ်တော် ကြောင့် ကဲ့ရဲ့ ခြင်းဒုက္ခသည် သာ၍ မြတ်သော စည်းစိမ် ဖြစ်သည်ကို စိတ်ထင် သဖြင့်၎င်း၊ ယုံကြည် ခြင်းစိတ်ရှိ၍ ဖာရော ဘုရင်သမီး ၏သား ဟူ၍ခေါ်ဝေါ် ခြင်းအခွင့်ကိုပယ် ၏
25И лучше захотел страдать с народом Божиим, нежели иметь временное греховное наслаждение,
26အကြောင်းမူကား ၊ နောက် ရလတံ့သောအကျိုး ကို ထောက်စာ မြော်လင့်လျက်နေ၏
26И поношение Христово почел большим для себя богатством, нежели Египетские сокровища; ибо он взирал на воздаяние.
27ယုံကြည် ခြင်းအားဖြင့်ရှင်ဘုရင် အမျက် ကို မ ကြောက် ဘဲ၊ အဲဂုတ္တု ပြည်ကိုစွန့်သွား ၏။ အကြောင်းမူကား ၊ မျက်မြင် မရသော ဘုရားသခင်ကို မြင် ရဘိသကဲ့သို့ တည်ကြည် ခြင်းရှိ၏
27Верою оставил он Египет, не убоявшись гнева царского; ибо он, как бы видя Невидимого, был тверд.
28သားဦး များကို ဖျက်ဆီး သောသူ သည် ဣသရေလ လူတို့ကို ဒဏ် မ ခတ်စေခြင်းငှာ ၊ ယုံကြည် ခြင်းအားဖြင့်ပသခါ ပွဲကို၎င်း ၊ အသွေး ဖြန်းဆွတ် ခြင်းကို၎င်း စောင့် လေ၏
28Верою совершил он пасху и пролитие крови, дабы истребитель первенцев не коснулся их.
29ဣသရေလလူတို့သည် ကုန်းကြောင်း သွား သကဲ့သို့ ၊ ယုံကြည် ခြင်းအားဖြင့်ဧဒုံ ပင်လယ် အလယ်၌ ရှောက်သွား ရကြ၏။ ထို သူတို့ နည်းတူအဲဂုတ္တု လူတို့သည် သွား မည်အားထုတ် သောအခါ နစ်မြုပ် ကြ၏
29Верою перешли они Чермное море, как по суше, на что покусившись Египтяне потонули.
30ယေရိခေါ မြို့ကို ခုနစ် ရက် ပတ်လုံး ဝိုင်း ၍ လှည့်ပြီးမှ၊ ယုံကြည် ခြင်းအားဖြင့်မြို့ရိုး သည် ပြိုလဲ ၏
30Верою пали стены Иерихонские по семидневном обхождении.
31ပြည်တန်ဆာ ရာခပ် သည် သူလျှို တို့ကို အဆွေ ဖွဲ့၍ လက်ခံ သောကြောင့်၊ မယုံကြည် သောသူ တို့နှင့်အတူမ ပျက်စီး ဘဲ၊ ယုံကြည် ခြင်းအားဖြင့်ချမ်းသာရ၏
31Верою Раав блудница, с миром принявши соглядатаев (и проводивши их другим путем), не погибла с неверными.
32ထိုမှတစ်ပါး ၊ အဘယ်သို့ ပြော စရာရှိသေး သနည်း။ ဂိဒေါင် ၊ ဗာရက် ၊ ရှံဆုန် ၊ ယေဖသ ၊ ဒါဝိဒ် ၊ ရှမွေလ မှစ၍ ပရောဖက် တို့အကြောင်း များကို ပြော ၍မကုန်နိုင်
32И что еще скажу? Не достанет мне времени. чтобы повествовать о Гедеоне, о Вараке, о Самсоне и Иеффае, о Давиде, Самуиле и (других) пророках,
33ထိုသူ တို့သည် ယုံကြည် ခြင်းအားဖြင့် အခြားသောတိုင်း နိုင်ငံကိုအောင် ခြင်း၊ တရား သဖြင့် စီရင် ခြင်း၊ ဂတိ တော်ကိုဝင်စား ခြင်း၊ ခြင်္သေ့ နှုတ် ကိုပိတ် ခြင်း၊
33Которые верою побеждали царства, творили правду, получали обетования, заграждали уста львов,
34မီး အရှိန် ကိုငြိမ်း စေခြင်း ဓား လက်နက်ဘေး နှင့်ကင်းလွတ် ခြင်း၊ အနာ မှ ထမြောက်၍ကျန်းမာ ခြင်း၊ စစ်တိုက် သောအခါ ခွန်အား နှင့်ပြည့်စုံ ခြင်း၊ တစ်ပါး အမျိုးသားတို့၏ တပ် များကို ဖျက်ဆီး ခြင်းအမှုများကို ပြုကြ၏
34Угашали силу огня, избегали острия меча, укреплялись от немощи, были крепки на войне, прогоняли полки чужих;
35မိန်းမ တို့သည်လည်း၊ သေ ခြင်းမှ ထမြောက် သော မိမိ တို့သားကို ရ ပြန်ကြ၏။ အချို့ သောသူတို့သည်၊ သာ၍ မြတ်သော ထမြောက် ခြင်းသို့ ရောက် လိုသောငှာ၊ လွှတ် ခြင်းကိုမ ခံ မယူဘဲ ပြင်းစွာ သောညှဉ်းဆဲခြင်းကို ခံကြ၏
35Жены получали умерших своих воскресшими; иные же замучены были, не принявши освобождения, дабы получить лучшее воскресение;
36အချို့ သောသူတို့သည် ကဲ့ရဲ့ ရိုက်ပုတ် ခြင်း၊ ချည်နှောင် ခြင်းကိုခံ၍ ထောင် ထဲမှာနေရသဖြင့်၊ စုံစမ်း ခြင်း ကို ခံရ ကြ၏
36Другие испытали поругания и побои, а также узы и темницу.
37ကျောက်ခဲ နှင့်ပစ်ခြင်း၊ လွှ နှင့်အပိုင်းပိုင်းတိုက်ဖြတ်ခြင်း၊ စုံစမ်း နှောင့်ရှက်ခြင်း၊ ဓား လက်နက်နှင့် ကွပ်မျက် ခြင်းခံရကြ၏။ အလွန်ဆင်းရဲ လျက် ညှဉ်းဆဲ နှိပ်စက်ခြင်းကိုခံလျက်၊ သိုးရေ ၊ ဆိတ် ရေ ကို ဝတ်၍ လှည့်လည် ရကြ၏
37Были побиваемы камнями, перепиливаемы, подвергаемы пытке, умирали от меча, скитались в милотях и козьих кожах, терпя недостатки, скорби, озлобления;
38ဤလောက သည် ထိုသူ တို့နှင့် မ ထိုက် မတန်။ သူတို့သည် တော ကြိုတောင် ကြား၊ ဥမင် မြေ တွင်း ထဲမှာ အပြောင်းပြောင်း အလည်လည်နေရကြ၏
38Те, которых весь мир не был достоин, скитались по пустыням и горам, по пещерам и ущельям земли.
39ထိုသူ အပေါင်း တို့သည် ယုံကြည် ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း၊ ဂတိ တော်အတိုင်း အကျိုးကျေးဇူးကို မ ခံရ ကြ
39И все сии, свидетельствованные в вере, не получили обещанного,
40အဘယ်ကြောင့်နည်း ဟူမူကား၊ ထိုသူတို့သည် ငါ တို့မ ပါဘဲ စုံလင် ခြင်းသို့မ ရောက်ရမည်အကြောင်း ၊ ဘုရားသခင် သည် ငါ တို့အဘို့ အလိုငှာသာ၍ မြတ်သော ကျေးဇူး ကိုကြံစည် တော်မူ၏။
40Потому что Бог предусмотрел о нас нечто лучшее, дабы они не без нас достигли совершенства.
Tip: use the ← and → keys to turn chapters.