ယေဇကျေလ

Old Testament

Chapter 18
Judson Burmese Bible (18…
vs Chinese Union Vers…
Aa
Text size
Line width
Verse numbers

ယေဇကျေလ 18

Judson Burmese Bible (1840)
Chinese Union Version, punctuated (Simplified)
1တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက်လာ ၍၊
1耶和华的话又临到我说:
2အဘ တို့သည် ချဉ် သောစပျစ်သီးကို စား ၍ သား တို့သည် သွား ကျိန်း လျက်ရှိကြ၏ဟု၊ သင် တို့သည် ဣသရေလ ပြည် ကိုရည်မှတ် ၍ စကားပုံ ကို သုံး သောအခါ အဘယ်သို့ ဆိုလို သနည်း။
2「你们在 以色列 地怎么用这俗语说『父亲吃了酸葡萄,儿子的牙酸倒了』呢?」
3အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း နောက် တဖန်ဣသရေလ ပြည် ၌ ထို စကားပုံ ကိုသုံး ရသောအကြောင်းမ ရှိ ရ။
3主耶和华说:「我指着我的永生起誓,你们在 以色列 中,必不再有用这俗语的 因由 。
4ဝိညာဉ် အပေါင်း တို့ကို ငါ ပိုင် ၏။ အဘ ၏ဝိညာဉ် ကို ငါပိုင်သကဲ့သို့ သား ၏ဝိညာဉ် ကိုလည်း ငါ ပိုင် ၏။ ပြစ်မှား သော ဝိညာဉ် သည် အသက်သေ ရမည်။
4看哪,世人都是属我的;为父的怎样属我,为子的也照样属我;犯罪的,他必死亡。
5လူ မည်သည်ကား ၊ သဘော ဖြောင့်၍ တရား သောအမှု၊ ဟုတ်မှန် သော အမှုကိုပြု လျှင် ၎င်း ၊
5「人若是公义,且行正直与合理的事:
6တောင် ပေါ်မှာ မ စား ၊ ဣသရေလ အမျိုး ကိုးကွယ်သော ရုပ်တု တို့ကို မ ဖူး မမျှော်၊ သူ့ မယား ကို မ ပြစ်မှား ၊ ဥတု ရောက်သော မိန်းမ ကို မ ချဉ်းကပ် ၊
6未曾在山上吃过 祭偶像之物 ,未曾仰望 以色列 家的偶像,未曾玷污邻舍的妻,未曾在妇人的经期内亲近她,
7အဘယ်သူ ကိုမျှ မ ညှဉ်းဆဲ ၊ ကြွေး စားပေါင် ထား သော ဥစ္စာကို ပြန် ၍မပေးဘဲမနေ၊ သူ့ဥစ္စာ ကို အနိုင်အထက် မ လုမယူ၊ ငတ်မွတ် သောသူကို ကျွေးမွေး ၍ ၊ အဝတ် မရှိသောသူကို အဝတ် နှင့်ဖုံးလွှမ်း လျှင်၎င်း ၊
7未曾亏负人,乃将欠债之人的当头还给他;未曾抢夺人的物件,却将食物给饥饿的人吃,将衣服给赤身的人穿;
8အတိုး စား၍ ငွေကိုမ ချေး ၊ အဓမ္မ အမှုကို လက် မ ခံ၊ သူတပါးအမှုကို တရား သဖြင့် စီရင် ခြင်း၊
8未曾向借钱的 弟兄 取利,也未曾向借粮的 弟兄 多要,缩手不作罪孽,在两人之间,按至理判断;
9ငါ စီရင် ထုံးဖွဲ့သည် အတိုင်းကျင့် ၍ သစ္စာစောင့် ခြင်းကိုပြု လျှင်၎င်း ၊ ထိုသူ သည် ဖြောင့်မတ် သောသူဖြစ် ၏။ အကယ်စင်စစ်အသက်ရှင် ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
9遵行我的律例,谨守我的典章,按诚实行事—这人是公义的,必定存活。这是主耶和华说的。
10သို့ရာတွင်၊ ထိုသူ၏သား သည် ထားပြ တိုက် သောသူ၊ လူအသက် ကိုသတ်သောသူ၊ အရင်ဆိုခဲ့ပြီးသော ဒုစရိုက်တစုံတခု ကို ပြု သောသူ၊
10「他若生一个儿子,作强盗,是流人血的,不行以上所说之善,反行其中之恶,乃在山上吃过 祭偶像之物 ,并玷污邻舍的妻,
11အရင်ဆိုခဲ့ပြီးသော သုစရိုက်ကိုမ ပြု ၊ တောင် ပေါ်မှာ စား ခြင်း၊ သူ့ မယား ကိုပြစ်မှား ခြင်း၊
no verse 11 in this text
12ဆင်းရဲ ငတ်မွတ် သောသူကို ညှဉ်းဆဲ ခြင်း၊ သူ့ဥစ္စာ ကို အနိုင်အထက် လုယူခြင်း၊ ပေါင် ထားသော ဥစ္စာကို ပြန် ၍မ ပေးဘဲနေခြင်း၊ ရုပ်တု ကို ဖူးမျှော် ခြင်း၊ ရွံ့ရှာဘွယ် သော အမှုကိုပြု ခြင်း၊
12亏负困苦和穷乏的人,抢夺人的物,未曾将当头还给人,仰望偶像,并行可憎的事,
13အတိုး စား၍ငွေချေး ခြင်းကိုပြုသောသူဖြစ် လျှင်၊ အသက်ရှင် ရမည်လော။ အသက် မ ရှင်ရ။ ထို ရွံ့ရှာဘွယ် သော အမှုများကိုပြုသောကြောင့်၊ စင်စစ်အသေ သတ်ခြင်းကိုခံရမည်။ သေထိုက်သောအပြစ်ရှိ ၏။
13向借钱的 弟兄 取利,向借粮的弟兄多要—这人岂能存活呢?他必不能存活。他行这一切可憎的事,必要死亡,他的罪必归到他身上。
14သို့ရာတွင် ၊ ထိုသူ၏သား သည် အဘ ပြုသမျှ သော ဒုစရိုက် တို့ကို မြင် ၍ဆင်ခြင်သဖြင့် ၊ ထိုသို့ သော အမှုတို့ကိုမ ပြု ၊
14「他若生一个儿子,见父亲所犯的一切罪便惧怕,不照样去做;
15တောင် ပေါ်မှာ မ စား ၊ ဣသရေလ အမျိုး ကိုးကွယ်သော ရုပ်တု တို့ကို မ ဖူး မမျှော်၊ သူ့ မယား ကိုမ ပြစ်မှား ၊
15未曾在山上吃过 祭偶像之物 ,未曾仰望 以色列 家的偶像,未曾玷污邻舍的妻,
16အဘယ်သူ ကိုမျှ မ ညှဉ်းဆဲ ၊ ပေါင် ထားသော ဥစ္စာကိုမ သိမ်း ၊ သူ့ဥစ္စာ ကို အနိုင်အထက် မ လုမယူ၊ ငတ်မွတ် သောသူကို ကျွေးမွေး ခြင်း၊ အဝတ် မရှိသော သူကိုအဝတ် နှင့်ဖုံးလွှမ်း ခြင်း၊
16未曾亏负人,未曾取人的当头,未曾抢夺人的物件,却将食物给饥饿的人吃,将衣服给赤身的人穿,
17ဆင်းရဲ သော သူကိုချမ်းသာ ပေးခြင်း၊ အတိုး မ စား ဘဲငွေချေးခြင်းကို ပြု၍ငါ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် လျှင်၊ ထိုသူ သည်အဘ ၏ အပြစ် ကြောင့် အသေ ခံရမည်မ ဟုတ်။ စင်စစ်အသက်ရှင် ရလိမ့်မည်။
17缩手不害贫穷人,未曾向借钱的 弟兄 取利,也未曾向借粮的 弟兄 多要;他顺从我的典章,遵行我的律例,就不因父亲的罪孽死亡,定要存活。
18အဘ မူကား၊ မိမိညီအစ်ကို ကိုအထပ်ထပ်ညှဉ်းဆဲ လျက်၊ သူ့ဥစ္စာကို အနိုင်အထက် လုယူလျက် ၊ မိမိ အမျိုးသား ချင်းတို့တွင် မကောင်း သော အမှုကိုပြု သောအပြစ်ကြောင့် ၊ အသေ သတ်ခြင်းကိုခံရမည်။
18至于他父亲;因为欺人太甚,抢夺弟兄,在本国的民中行不善,他必因自己的罪孽死亡。
19သင်တို့ကလည်း ၊ အဘယ်သို့ နည်း။ သား သည် အဘ ၏ အပြစ် ကို မ ခံရ သလောဟု မေး ကြသော်၊ သား သည် တရား သောအမှု၊ ဟုတ်မှန် သောအမှုကိုပြု ၍၊ ငါ စီရင် ထုံးဖွဲ့သမျှ အတိုင်း ကျင့် စောင့်လျှင်၊ စင်စစ်အသက်ရှင် ရလိမ့်မည်။
19「你们还说:『儿子为何不担当父亲的罪孽呢?』儿子行正直与合理的事,谨守遵行我的一切律例,他必定存活。
20ပြစ်မှား သောသူသည် အသေ ခံရမည်။ သား သည် အဘ ၏အပြစ် ကိုမ ခံရ ။ အဘ သည် သား ၏အပြစ် ကို မ ခံရ ။ တရား သောသူသည် တရား စွာပြုခြင်းအကျိုး ကို၎င်း၊ မတရား သောသူသည် မတရား စွာပြုခြင်း အပြစ်ကို၎င်းခံရ လိမ့်မည်။
20惟有犯罪的,他必死亡。儿子必不担当父亲的罪孽,父亲也不担当儿子的罪孽。义人的善果必归自己,恶人的恶报也必归自己。
21သို့ရာတွင် ၊ မတရား သောသူသည် မိမိ ပြုမိသမျှ သော ဒုစရိုက် တို့ကို ကြဉ်ရှောင် လျက်၊ ငါ စီရင် ထုံးဖွဲ့သမျှ တို့ ကို စောင့်ရှောက် ၍ ၊ တရား သောအမှု၊ ဟုတ်မှန် သော အမှုတို့ကိုပြုလျှင်၊ သေ ခြင်းနှင့်လွတ် ၍ စင်စစ်အသက်ရှင် ရလိမ့်မည်။
21「恶人若回头离开所做的一切罪恶,谨守我一切的律例,行正直与合理的事,他必定存活,不致死亡。
22ပြု မိသမျှ သော ဒုစရိုက် အပြစ်တို့ကို သူ တဘက် ၌ မ မှတ် ရ။ ပြု မိသောဖြောင့်မတ် ခြင်းအမှုကြောင့် အသက်ရှင် ရလိမ့်မည်။
22他所犯的一切罪过都不被记念,因所行的义,他必存活。
23မတရား သောသူသည်မိမိ အကျင့် တို့ကိုရှောင် ၍ အသက် မ ရှင်၊ အသေခံ ခြင်းအမှု၌ ငါသည်အနည်းငယ်သော ပျော်မွေ့ ခြင်းရှိသလော။
23主耶和华说:恶人死亡,岂是我喜悦的吗?不是喜悦他回头离开所行的道存活吗?
24သို့ရာတွင် ၊ တရား သောသူသည်ဖောက်ပြန် ၍ ၊ အဓမ္မ အမှုကို၎င်း ၊ မတရား သောသူပြု သမျှ သော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို၎င်းပြု လျှင် ၊ အသက်ရှင် ရမည်လော။ အရင်ပြု သမျှ သော ဖြောင့်မတ် ခြင်းအမှုတို့ကို မ မှတ် ၊ သူသည် လွန်ကျူး သောအမှု၊ ပြစ်မှား သော အပြစ် ကြောင့် အသေ သတ်ခြင်းကိုခံရလိမ့်မည်။
24义人若转离义行而作罪孽,照着恶人所行一切可憎的事而行,他岂能存活吗?他所行的一切义都不被记念;他必因所犯的罪、所行的恶死亡。
25သို့သော်လည်း သင်တို့က၊ ထာဝရ ဘုရား စီရင်ချက် မ ဖြောင့် ဟု ဆို ကြသည်တကား။ အိုဣသရေလ အမျိုး ၊ ငါ စီရင်ချက် သည် ဖြောင့် ၍၊ သင် တို့စီရင်ချက် ကောက် သည် မ ဟုတ်လော။
25「你们还说:『主的道不公平!』 以色列 家啊,你们当听,我的道岂不公平吗?你们的道岂不是不公平吗?
26တရား သောသူသည်တရား သောအမှုကိုပယ် ၍ အဓမ္မ အမှုကို ပြု လျှင် ၊ ထိုအမှု ကြောင့် သေ ရမည်။ ပြု မိသော အဓမ္မ အမှုကြောင့် အသေ သတ်ခြင်းကိုခံရမည်။
26义人若转离义行而作罪孽死亡,他是因所作的罪孽死亡。
27ထိုအတူ၊ မတရား သောသူသည် မိမိပြု မိသော အဓမ္မ အမှုကို ရှောင် ၍၊ တရား သောအမှု၊ ဟုတ်မှန် သော အမှုကိုပြု လျှင်၊ မိမိ အသက် ကို ကယ်နှုတ် ရလိမ့်မည်။
27再者,恶人若回头离开所行的恶,行正直与合理的事,他必将性命救活了。
28ပြု မိသမျှ သော အဓမ္မ အမှုတို့ကို ဆင်ခြင် ၍ ရှောင် သောကြောင့် ၊ သေ ခြင်းနှင့်လွတ် ၍ စင်စစ်အသက်ရှင် ရလိမ့်မည်။
28因为他思量,回头离开所犯的一切罪过,必定存活,不致死亡。
29သို့သော်လည်း ဣသရေလ အမျိုး က၊ ထာဝရ ဘုရား စီရင်ချက် မ ဖြောင့် ဟု ဆို ကြသည်တကား။ အိုဣသရေလ အမျိုး ၊ ငါ စီရင်ချက် သည် ဖြောင့် ၍၊ သင် တို့စီရင်ချက် ကောက် သည် မ ဟုတ်လော။
29以色列 家还说:『主的道不公平!』 以色列 家啊,我的道岂不公平吗?你们的道岂不是不公平吗?」
30သို့ဖြစ်၍ ၊ အိုဣသရေလ အမျိုး ၊ သင် တို့အသီးအသီး ကျင့် ကြသည်အတိုင်း အကျိုးအပြစ်ကိုငါစီရင် မည်။ သင်တို့သည် အဓမ္မ အမှုရှိသမျှ တို့ကို စွန့်ပစ် ၍ ပြောင်းလဲ ကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက် အပြစ်ကြောင့် ထိမိ ၍ ဆုံးခြင်းသို့မ ရောက် ကြနှင့်။
30所以主耶和华说:「 以色列 家啊,我必按你们各人所行的审判你们。你们当回头离开所犯的一切罪过。这样,罪孽必不使你们败亡。
31သင် တို့သည် ပြု သမျှ သော လွန်ကျူး ခြင်းအမှု တို့ကို စွန့်ပစ် ၍ အသစ် သောနှလုံး ၊ အသစ် သောစိတ် သဘောကို ပြင်ဆင် ကြလော့။ အိုဣသရေလ အမျိုး ၊ သင်တို့သည် အဘယ်ကြောင့် အသေ သတ်ခြင်းကိုခံလိုသနည်း။
31你们要将所犯的一切罪过尽行抛弃,自做一个新心和新灵。 以色列 家啊,你们何必死亡呢?
32အသေ ခံရသောသူ ၏ အသေခံ ခြင်းအမှု၌ ငါသည် ပျော်မွေ့ ခြင်းမ ရှိ။ ထိုကြောင့် ၊ ပြောင်းလဲ ၍ အသက်ရှင် ကြလော့ဟု အရှင် ထာဝရဘုရား မိန့် တော်မူ ၏။
32主耶和华说:我不喜悦那死人之死,所以你们当回头而存活。」

Tip: use the ← and → keys to turn chapters.