ထွက်မြောက် 7
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (フリーダム・バイブル)
1ထာဝရဘုရား ကလည်း၊ သို့ဖြစ်၍ သင့် ကိုဖါရော ဘုရင်၏ ဘုရား အရာ၌ ငါခန့် ထား၏။ သင် ၏အစ်ကို အာရုန် သည်၊ သင် ၏ပရောဖက် ဖြစ် ရလိမ့်မည်။
1主はモーセに言われた。「見よ、わたしはあなたをファラオに対して神のような者とした。あなたの兄弟アロンは、あなたの預言者となる。
2ငါမိန့် တော်မူသမျှ တို့ကို သင် သည် ပြန်ပြော ရမည်။ ဖါရောဘုရင်သည် ဣသရေလ အမျိုးသား တို့ကို မိမိ ပြည် မှ လွှတ် လိုက်ရမည်အကြောင်း ကို၊ သင် ၏အစ်ကို အာရုန် သည် သူ့ ထံ၌ လျှောက် ရမည်။
2あなたは、わたしが命じることをすべて語りなさい。あなたの兄弟アロンは、イスラエルの子らをその地から行かせるようファラオに告げる。
3ငါ သည်လည်း ဖါရော မင်း၏ နှလုံး ကို ခိုင်မာ စေ၍ ၊ အဲဂုတ္တု ပြည် ၌ ငါ ၏နိမိတ် လက္ခဏာ အံ့ဘွယ် သော အမှုတို့ကို များပြား စေမည်။
3わたしはファラオの心をかたくなにし、エジプトの地でわたしのしるしと不思議な業を増し加える。
4သို့သော်လည်း ဖါရော မင်းသည် သင် တို့စကားကို နား မ ထောင်ဘဲနေလိမ့်မည်။ ငါသည်လည်း ငါ့ လက် ကို အဲဂုတ္တု ပြည်အပေါ် မှာတင် ၍ ကြီးစွာ သောဒဏ်ခတ် ခြင်းအားဖြင့် ငါ ၏ဗိုလ်ပါ များ၊ ငါ ၏လူ ဣသရလ အမျိုးသား တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် မည်။
4しかしファラオはあなたがたに聞き従わないであろう。それで、わたしはエジプトに手を下し、大いなる裁きによって、わたしの軍団でありわたしの民であるイスラエルの子らをエジプトの地から導き出す。
5ထိုသို့ အဲဂုတ္တု ပြည်အပေါ် မှာ ငါ့ လက် ကိုဆန့် ၍ ၊ ဣသရေလ အမျိုးသား တို့ကို သူ တို့အထဲ မှ နှုတ်ဆောင် သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို အဲဂုတ္တု လူတို့သည် သိ ကြလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
5わたしがエジプトの上に手を伸ばし、イスラエルの子らを彼らの中から導き出す時、エジプト人はわたしが主であることを知るであろう。」
6မောရှေ နှင့် အာရုန် တို့သည် ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း ပြု ကြ၏။
6モーセとアロンはそのようにした。主が命じられた通りに行った。
7ဖါရော ဘုရင်ထံ ၌ လျှောက် ကြသောအခါ ၊ မောရှေ ၏အသက် သည် အနှစ် ရှစ်ဆယ် ရှိ၏။ အာရုန် ၏ အသက် သည် အနှစ် ရှစ်ဆယ် သုံး နှစ်ရှိ၏။
7彼らがファラオに語った時、モーセは八十歳、アロンは八十三歳であった。
8တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် တို့အား မိန့် တော်မူသည်ကား၊
8主はモーセとアロンに言われた。
9ဖါရော ဘုရင်က၊ သင် တို့အတွက် ထူးဆန်း သော တန်ခိုးကို ပြ လော့ဟုဆို လျှင် ၊ သင် ၏ လှံတံ ကိုယူ ၍ ရှေ့တော်၌ချ လော့ဟု အာရုန် အား ပြော လော့။ လှံတံသည်လည်း မြွေ ဖြစ် လိမ့်မည်ဟု မိန့်တော်မူ၏။
9「ファラオが『奇跡を行え』と言うなら、アロンに『杖を取り、ファラオの前に投げなさい』と言いなさい。それは大蛇になる。」
10မောရှေ နှင့် အာရုန် သည် ဖါရော ဘုရင်ထံ သို့ဝင် ၍ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု သဖြင့်၊ အာရုန် သည် ဖါရော ဘုရင်ရှေ့၊ သူ ၏ကျွန် များရှေ့ မှာ လှံတံ ကိုချ ၍ မြွေ ဖြစ် လေ၏။
10モーセとアロンはファラオのところに行き、主が命じられた通りにした。アロンはファラオとその家臣たちの前に杖を投げ、それは蛇になった。
11ထိုအခါ ဖါရော ဘုရင်သည် ပညာရှိ များ၊ ပြုစား တတ်သောသူများတို့ကိုခေါ် ၍ ၊ အဲဂုတ္တု အမျိုး ဝိဇ္ဇာဆရာ တို့သည်၊ ဝိဇ္ဇာအတတ် အားဖြင့် ထိုအတူ ပြု ၍ ၊
11そこでファラオも賢者たちや呪術師たちを呼び寄せた。エジプトの魔術師たちもまた、彼らの秘術を使って同じことをした。
12မိမိ တို့ကိုင်သော လှံတံ များကိုချ ၍ မြွေ ဖြစ် ကြလေ၏။ သို့သော်လည်း အာရုန် ၏လှံတံ သည် သူ တို့၏ လှံတံ များကို မျို လေ၏။
12彼らもそれぞれ自分の杖を投げ、それらは蛇になった。しかしアロンの杖は彼らの杖を飲み込んだ。
13ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဖါရော ဘုရင်သည် နှလုံး ခိုင်မာ ၍ သူ တို့၏စကားကို နား မ ထောင်ဘဲနေ၏။
13しかしファラオの心はかたくなになり、主が語られた通り、彼らに聞き従わなかった。
14ဖါရော ဘုရင်သည် နှလုံး ခိုင်မာ ၍ ဣသရေလလူ တို့ကို မ လွှတ်ဘဲနေ၏။
14主はモーセに言われた。「ファラオの心は強情である。彼は民を行かせることを拒んでいる。
15နံနက် အချိန်၌ ဖါရော ဘုရင်ထံ သို့သွား လော့။ သူသည် ရေ ဆိပ်သို့ သွား လိမ့်မည်။ သူမရောက်မှီ သင် သည် မြစ် ကမ်းနား မှာ ရပ် နေလော့။ မြွေ ဖြစ် သော လှံတံ ကိုလည်း လက် တွင် ကိုင် လော့။
15朝、ファラオのもとへ行きなさい。彼は水辺へ出て来る。川岸に立って彼を待ち、蛇に変わった杖を手に取りなさい。
16ဟေဗြဲ အမျိုးသားတို့၏ ဘုရား သခင်ထာဝရဘုရား က၊ ငါ့ လူ တို့သည်တော ၌ ငါ့ အား ဝတ်ပြု မည် အကြောင်း ၊ သူတို့ကိုလွှတ် လော့ဟု အမိန့်တော်ပါသောကျွန်ုပ် ကို ကိုယ်တော် ထံ သို့စေလွှတ် တော်မူပြီ။ ကိုယ်တော်သည် ယခု တိုင်အောင် နား မ ထောင်ဘဲနေပါသည် တကား။
16彼に言いなさい。『ヘブル人の神、主が私を遣わして、「わたしの民を行かせ、荒野でわたしに仕えさせよ」と言われました。しかし、あなたは今まで聞き従いませんでした。
17ထာဝရဘုရား က ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်သည်အဘယ်သို့သိ ရမည်နည်းဟူမူကား ၊ ငါ ကိုင် သောလှံတံ နှင့် မြစ် ရေကို ရိုက် ၍ ထိုရေ သည် အသွေး ဖြစ် လိမ့်မည်။
17主はこう言われる。「これによって、あなたはわたしが主であることを知る。見よ、私は手にしている杖で川の水を打つ。水は血に変わる。
18မြစ် ၌ ရှိသောငါး တို့သည်သေ ကြလိမ့်မည်။ မြစ် ရေလည်း နံ လိမ့်မည်၊ အဲဂုတ္တု လူတို့သည်လည်း မြစ် ရေ ကို ရွံ ကြလိမ့်မည် အကြောင်းကို ပြန်ပြော လော့ဟု မောရှေ အား မိန့် တော်မူ၏။
18川の魚は死に、川は悪臭を放つようになる。エジプト人は川から水を飲むことを忌み嫌うようになるであろう。」』」
19တဖန် ထာဝရဘုရား သည် မောရှေ ကို မိန့်တော်မူပြန်သည်ကား၊ အာရုန် အား သင် ၏လှံတံ ကိုယူ ၍ အဲဂုတ္တု ပြည်၌ရှိသောချောင်း ရေ၊ မြစ် ရေ၊ အိုင် အင်းရေ၊ ကန် ရေ၊ တွင်းရေ ရှိသမျှအပေါ် မှာ လက် ကိုဆန့် လော့။ ထို ရေ ရှိသမျှ တို့သည် အသွေး ဖြစ် လိမ့်မည်။ အဲဂုတ္တု ပြည် တရှောက်လုံး ၊ သစ် ခွက်၊ ကျောက် အိုး၌ မျှ မကြွင်း အသွေး ရှိ လိမ့်မည်အကြောင်းကို ပြော လော့ဟု မိန့် တော်မူ၏။
19主はモーセに言われた。「アロンに言いなさい。『あなたの杖を取り、エジプトの水、その川、水路、池、およびすべての貯水池の上に手を伸ばして、それらを血に変えなさい。』そうすれば、エジプトの地全体で、木の器や石の器の中にさえ、血があるようになるであろう。」
20မောရှေ နှင့် အာရုန် သည် ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု ၍ ၊ အာရုန်သည် ဖါရော ဘုရင် ရှေ့ ၊ သူ ၏ကျွန် များရှေ့ မှာ လှံတံ ကိုချီ ၍ မြစ် ရေ ကို ရိုက် သဖြင့် ၊ မြစ် ရေ ရှိသမျှ သည် အသွေး ဖြစ် လေ၏။
20モーセとアロンは主が命じられた通りにした。彼はファラオの目の前と、その家臣たちの目の前で杖を上げ、川の水を打った。すると、川の水はすべて血に変わった。
21မြစ် ၌ ရှိသောငါး တို့သည်လည်း သေ ကြ၍ ၊ မြစ် ရေနံ သောကြောင့် ၊ အဲဂုတ္တု လူတို့သည် မြစ် ရေ ကို မ သောက် နိုင် ကြ။ အဲဂုတ္တု ပြည် တရှောက်လုံး ၌ အသွေး နှံ့ပြားလျက် ရှိ လေ၏။
21川の魚は死んだ。川は悪臭を放った。エジプト人は川から水を飲むことができなくなった。血はエジプトの地全体に及んだ。
22အဲဂုတ္တု အမျိုးသားဝိဇ္ဇာဆရာ တို့လည်း ဝိဇ္ဇာအတတ် အားဖြင့် ထိုအတူ ပြု ကြ၏။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဖါရော ဘုရင်သည် နှလုံး ခိုင်မာ ၍ သူ တို့၏စကားကို နား မ ထောင်ဘဲနေ၏။
22エジプトの魔術師たちも彼らの秘術を使って同じことをした。そのため、ファラオの心はかたくなになり、主が語られた通り、彼らに聞き従わなかった。
23နန်းတော် သို့ လှည့်လည် ပြန် သွား၍ ထို အမှုကို နှလုံး မ သွင်း ဘဲ နေလေ၏။
23ファラオは向き直って自分の家に入り、このことさえ心に留めなかった。
24ထိုအခါ အဲဂုတ္တု လူတို့သည် မြစ် ရေ ကို မ သောက် နိုင် သောကြောင့် ၊ သောက် ရေ ကိုရခြင်းငှါ မြစ် နား မှာ တွင်းတူး ကြ၏။
24エジプト人はみな、飲み水を得るため川の周りを掘った。川の水は飲めなかった。
25ထာဝရဘုရား သည်မြစ် ကိုဒဏ်ခတ် ၍ ခုနစ် ရက် ကိုလွန် စေတော်မူ၏။
25主が川を打たれてから、七日が満ちた。
Tip: use the ← and → keys to turn chapters.