ထွက်မြောက်

Old Testament

Chapter 2
Judson Burmese Bible (18…
vs Freedom Bible (フリー…
Aa
Text size
Line width
Verse numbers

ထွက်မြောက် 2

Judson Burmese Bible (1840)
Freedom Bible (フリーダム・バイブル)
1ထို ကာလ၌ လေဝိ အမျိုးသား တယောက်သည်၊ လေဝိ အမျိုးသမီး နှင့် အိမ်ထောင် ဘက်ပြု၍၊
1レビの家のひとりの人が行き、レビの娘を妻に迎えた。
2မိန်းမ သည် ပဋိသန္ဓေ ယူသဖြင့် သား ယောက်ျားကို ဘွားမြင် လေ၏။ ထိုသား သည် အဆင်းလှ ကြောင်း ကို အမိမြင် လျှင် ၊ သုံး လ ပတ်လုံးဖွက် ထားလေ၏။
2その女は身ごもり、男の子を産んだ。彼女はその子が美しいのを見て、三か月の間隠しておいた。
3နောက်တဖန် ဖွက် ၍မ ထား နိုင်သောအခါ ၊ ဂမာကိုင်း ပင်ဖြင့် ရက်သောပုခက် ကိုယူ ၍ ရေညှိ နှင့် သစ်စေး ဖြင့် လူး ပြီးလျှင် ၊ ပုခက် ထဲတွင် သူငယ် ကိုထည့် ၍ မြစ် ကမ်း နား ကိုင်း တော၌ ထား လေ၏။
3もはや隠しきれなくなったので、彼女はパピルスの籠を取り、それにタールとピッチを塗り、その中に子どもを入れ、川岸の葦の間に置いた。
4သူငယ် အစ်မ လည်း အဘယ်သို့ ဖြစ် မည်ကို သိမြင် ခြင်းငှါ အဝေး ၌ ရပ် နေလေ၏။
4その子の姉は、彼がどうなるかを見届けるために、遠く離れて立っていた。
5ဖာရော ဘုရင်၏သမီး တော်သည် ရေချိုး ခြင်းငှါ ဆင်း လာ၍ ၊ ကျွန်မ တို့နှင့် မြစ် ကမ်းနား ၌ လှည့်လည် စဉ်၊ ကိုင်း တော၌ ပုခက် ကိုမြင် ၍ ဆောင်ယူ စေခြင်းငှါ ကျွန်မ တယောက်ကို စေလွှတ် လေ၏။
5ファラオの娘が水浴びをするため川へ下って来た。侍女たちは川岸を歩いていた。彼女は葦の間に籠を見つけ、侍女を遣わして取って来させた。
6ပုခက်ဖုံးကို ဖွင့် သောအခါ ၊ ငို လျက်နေသောသူငယ် ကိုမြင် ၍ ၊ သနား သောစိတ်ရှိလျှင် ၊ ဤ သူငယ်သည် ဟေဗြဲ အမျိုး ဖြစ်လိမ့်မည်ဟု ဆို ပြီး သော်၊
6彼女が籠を開けると、赤ん坊が泣いていた。彼女はその子をあわれんで言った。「これはヘブル人の子どもです。」
7သူငယ် ၏အစ်မ က၊ ကိုယ်တော် အတွက် သူငယ် ကို ထိန်း ရသောဟေဗြဲ အထိန်း ကို ကျွန်မသွား ၍ ခေါ် ရပါမည် လောဟု ဖာရော ဘုရင်၏ သမီး တော်အား မေးလျှောက် ၍၊
7その時、その子の姉がファラオの娘に言った。「あなたのためにその子に乳を飲ませる乳母を、私が行ってヘブル人の女たちの中から呼んで来ましょうか。」
8မင်းသမီး ကသွား လော့ဟု အခွင့်ပေး လျှင် ၊ မိန်းမ ငယ်သွား၍ သူငယ် ၏အမိ ကိုခေါ် လေ၏။
8ファラオの娘は彼女に言った。「行きなさい。」少女は行って、その子の母を呼んで来た。
9ဖာရော ဘုရင်၏သမီး တော်က၊ ဤ သူငယ် ကို ယူသွား ၍ ငါ့ ဘို့ ထိန်း လော။ အခ ကို ငါ ပေး မည်ဟု မှာ ထားသည်အတိုင်း၊ ထိုမိန်းမ သည် သူငယ် ကို ယူသွား ၍ ထိန်း လေ၏။
9ファラオの娘は女に言った。「この子を連れて行き、私のために乳を飲ませなさい。報酬は私が払います。」 女はその子を引き取り、乳を飲ませた。
10သူငယ် ကြီးပွား သောအခါ ၊ ဖာရော ဘုရင်၏ သမီး တော်ထံသို့ ပို့ဆောင် ၍ မင်းသမီး သည် သား အရာ၌ ခန့်ထား လျက် ၊ မောရှေ အမည် ဖြင့် မှည့် ၏။ အကြောင်းမူကား ၊ ရေ ထဲက ငါနှုတ်ယူ သည်ဟု ဆို သတည်း။
10その子が大きくなると、母はファラオの娘のもとへ連れて行った。その子はファラオの娘の息子となった。彼女は「水から引き出したから」と言って、その名をモーセと名づけた。
11မောရှေ သည် ကြီး သောအခါ ၊ မိမိ အမျိုးသား ချင်းတို့ရှိရာသို့ သွား ၍ သူ တို့အမှုထမ်း ရသောအခြင်း အရာတို့ကို ကြည့်ရှု လေ၏။ မိမိ အမျိုးသား ဟေဗြဲ လူ တယောက်ကို၊ အဲဂုတ္တု လူ ရိုက် သည်ကိုမြင် လျှင်၊
11その頃、モーセは成長し、自分の同胞のところに出て行き、彼らの重荷を見た。彼は一人のエジプト人が、自分の同胞であるヘブル人を打ちたたいているのを見た。
12ပတ်လည်ကြည့်ရှု ၍ အဘယ်သူ မျှမရှိ သည်ကို သိ သောအခါ၊ အဲဂုတ္တု လူကိုသတ် ၍ သဲ ထဲ ၌ မြှုပ် ထားလေ ၏။
12彼は辺りを見回し、誰もいないのを確認すると、そのエジプト人を殺し、砂の中に隠した。
13နက်ဖြန် နေ့ ၌ ထွက် ပြန်သော် ၊ ဟေဗြဲ လူ နှစ် ယောက်တို့သည် အချင်းချင်းသတ် ကြသည်ကို မြင် လျှင် ၊ သင်သည် သင် ၏အပေါင်းအဘော် ကို အဘယ်ကြောင့် ရိုက် သနည်းဟု ညှဉ်းဆဲ သောသူအား မေး သည်ရှိသော်၊
13翌日、モーセが出て行くと、二人のヘブル人が争っていた。彼は悪い方に言った。「なぜ仲間を打つのか。」
14ထိုသူက၊ အဘယ်သူ သည် သင့် ကို ငါ တို့အပေါ် မှာ အကဲအမှူး တရားသူကြီး အရာ၌ ခန့်ထား သနည်း။ အဲဂုတ္တု လူကို သတ် သကဲ့သို့ ငါ့ ကို သတ် လို သလောဟု ပြန်ဆို ၏။ ထိုအခါ မောရှေ သည် မိမိပြုသောအမှု ထင်ရှား ပြီဟု သိ ၍ ကြောက် လေ၏။
14その人は言った。「誰があなたをわれわれの指導者や裁判官にしたのか。あなたがエジプト人を殺したように、私をも殺そうとしているのか。」 モーセは恐れて言った。「確かにこの事は知られている。」
15ထို သိတင်း ကို ဖါရော ဘုရင်ကြား သောအခါ ၊ မောရှေ ကို သတ် ခြင်းငှါ ရှာကြံ လေ၏။ မောရှေ သည် ဖါရော ဘုရင်ထံမှ ထွက်ပြေး ၍၊ မိဒျန် ပြည် သို့ ရောက် လျှင် ၊ ရေတွင်း နား မှာ ထိုင် ၍နားနေလေ၏။
15ファラオはこの事を聞き、モーセを殺そうとした。しかしモーセはファラオの前から逃れ、ミディアンの地に住み、ある井戸の傍らに座った。
16ထိုအခါ မိဒျန် ယဇ်ပုရောဟိတ် ၏ သမီး ညီအစ်မခုနစ် ယောက်တို့သည်၊ မိမိ တို့အဘ ၏ သိုး ဆိတ်များကို ရေတိုက် ခြင်းငှါ လာ ၍ ရေခပ် ပြီးလျှင် ၊ ရေသောက်ခွက်တို့၌ လောင်း ကြ၏။
16さて、ミディアンの祭司には七人の娘がいた。彼女たちが来て水をくみ、水槽を満たして父の羊の群れに水を飲ませようとした。
17သိုးထိန်း အချို့တို့လည်း လာ ၍ သိုး ဆိတ်များကို မောင်း ကြ၏။ ထိုအခါ မောရှေ သည်ထ ၍ ထို မိန်းမတို့ဘက်၌နေလျက်၊ သိုး ဆိတ်များကို ရေတိုက် လေ၏။
17羊飼いたちがやって来て、彼女たちを追い払った。しかし、モーセは立ち上がって彼女たちを助け、その群れに水を飲ませた。
18ထိုမိန်းမတို့သည် အဘ ရွေလ ထံသို့ ရောက် ကြသော် ၊ အဘက အဘယ်ကြောင့် ယနေ့ အလျင်အမြန် ရောက် လာရကြသနည်းဟုမေး လေ၏။
18彼女たちが父レウエルのもとに帰ると、彼は言った。「今日はなぜこんなに早く帰って来たのか。」
19သူတို့ကလည်း၊ အဲဂုတ္တု လူ တယောက်သည် အကျွန်ုပ် တို့ကို သိုးထိန်း တို့လက် မှ ကယ်နှုတ် ၍ ၊ ရေ လိုသမျှကို ခပ် သဖြင့် ၊ သိုး ဆိတ်များကို ရေတိုက် ပါသည်ဟု ပြန်ပြော ၏။
19彼女たちは言った。「あるエジプト人が、羊飼いたちの手から私たちを救い出してくれました。その上、私たちのために水をくみ、群れに飲ませてくれました。」
20အဘကလည်း၊ ထိုသူ သည် အဘယ်မှာ ရှိသနည်း။ အဘယ်ကြောင့် သူ့ ကိုပစ် ထားခဲ့သနည်း။ အစာ စား စေခြင်းငှါ သူ့ ကို ခေါ် ချေကြဟု ဆို လေ၏။
20彼は娘たちに言った。「その人はどこにいるのか。なぜその人を置いてきたのか。彼を呼んで、食事をしてもらいなさい。」
21မောရှေ သည် ထိုသူထံမှာ နေ ၍ ပျော်မွေ့ သဖြင့် ၊ သမီး ဇိပေါရ ကို မောရှေ အား ထိမ်းမြားပေးစား လေ၏။
21モーセはその人のもとに住むことを決めた。その人は娘チッポラをモーセに妻として与えた。
22ထိုမိန်းမဘွား သောသား ကို ဂေရရှုံ အမည် ဖြင့် မှည့် ၏။ အကြောင်းမူကား ၊ ငါသည်တကျွန်းတနိုင်ငံ ၌ ဧည့်သည် အာဂန္တုဖြစ် ရပြီဟုဆို သတည်း။
22彼女は男の子を産んだ。モーセは「私は異国の地で寄留者となった」と言って、その子をゲルショムと名づけた。
23ကာလ အင်တန်ကြာ ပြီးမှ၊ အဲဂုတ္တု ရှင်ဘုရင် အနိစ္စရောက် လေ၏။ ဣသရေလ အမျိုးသား တို့လည်း အစေ ကျွန်ခံရသောကြောင့်ညည်းတွား ငိုကြွေးကြ၏။ ထိုသို့ အစေ ကျွန်ခံ၍ငိုကြွေး သော အသံသည် ဘုရား သခင် ထံတော်သို့ တက် ရောက်လေ၏။
23それから長い年月がたつうちに、エジプトの王は死んだ。イスラエルの子らは奴隷の身のゆえにうめき、叫び声をあげた。奴隷の身のゆえの叫びは神に届いた。
24သူ တို့ ညည်းတွား မြည်တမ်းခြင်း အသံကို ဘုရား သခင်ကြား တော်မူလျှင် ၊ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် နှင့် ပြုခဲ့ဘူးသောပဋိညာဉ် ကို အောက်မေ့ တော်မူ၏။
24神は彼らのうめきを聞き、神はアブラハム、イサク、ヤコブとの契約を思い起こされた。
25ဘုရား သခင်သည်လည်း ၊ ဣသရေလ အမျိုးသား တို့ကို ကြည့်ရှု ၍ သူတို့အမှုကို ဆင်ခြင် တော်မူ၏။
25神はイスラエルの子らをご覧になり、その苦しみを御心に留められた。

Tip: use the ← and → keys to turn chapters.