ထွက်မြောက် 29
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Freedom Bible (フリーダム・バイブル)
1သူ တို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက် မည်အကြောင်း ၊ အဘယ်သို့သန့်ရှင်း စေရမည် နည်းဟူမူကား၊ အပြစ်မပါသော နွား သငယ် အထီးနှင့် သိုး နှစ် ကောင်တို့ကို၎င်း၊
1彼らが祭司としてわたしに仕えるために、彼らを聖なるものとするため、あなたが彼らになすべき事は次の通りである。若い雄牛一頭と、傷のない雄羊二匹を取りなさい。
2တဆေး မပါသော ဂျုံမုန့် ၊ တဆေး မပါဘဲ ဆီ နှင့် လုပ် သော ဂျုံမုန့်ပြား ၊ တဆေး မပါဘဲ ဆီ နှင့် လူး သော ဂျုံမုန့်ကြွပ် တို့ကို၎င်းယူ ရမည်။
2種なしパン、油を混ぜた種なしの菓子、油を塗った種なしの薄焼きパンを、上質な小麦粉で造りなさい。
3ထိုမုန့် များကို တောင်း တလုံးထဲ ၌ထည့် ပြီးမှ ၊ နွား တကောင်၊ သိုး နှစ် ကောင်နှင့်တကွ ဆောင်ခဲ့ရမည်။
3それらを一つの籠に入れ、その籠に入れて、雄牛と二匹の雄羊と共に持って来なさい。
4အာရုန် နှင့် သူ ၏သား တို့ကို၊ ပရိသတ် စည်းဝေး ရာ တံခါး နားသို့ ခေါ် ခဲ့၍ ရေချိုး ရမည်။
4アロンとその子らを会見の天幕の入り口へ連れて来て、水で洗いなさい。
5အဝတ်တန်ဆာ များကိုယူ ၍၊ အင်္ကျီ ၊ ဝတ်လုံ ၊ သင်တိုင်း ၊ ရင်ဖုံး နှင့် အာရုန် ကို ဝတ် စေ၍၊ ထူးဆန်းသောသင်တိုင်း ရင်စည်း နှင့် စည်း ရမည်။
5衣服を取り、アロンに長衣、エポデの上着、エポデ、胸当てを着せ、エポデの織り帯を締めなさい。
6သူ ၏ ခေါင်း ပေါ် မှာ ဗေါင်း ကိုတင် ၍ ၊ ဗေါင်း ၌ သန့်ရှင်း သော သင်းကျစ် ကို တပ် ရမည်။
6彼の頭にターバンをかぶせ、ターバンの上に聖なる冠を置きなさい。
7ထိုအခါ လိမ်း စရာ ဆီ ကိုယူ ၍ သူ ၏ ခေါင်း ပေါ် ၌ လောင်း သဖြင့် သူ့ ကိုလိမ်း ရမည်။
7そして注ぎ油を取り、彼の頭に注いで、彼に油を注ぎなさい。
8သူ ၏သား တို့ကိုလည်း ခေါ် ခဲ့၍ အင်္ကျီ ဝတ် စေရမည်။
8息子たちを連れて来て、長衣を着せなさい。
9ခါးပန်း ကိုလည်း စည်း ၍ ၊ ဦးထုပ် ကိုလည်း ဆောင်း စေပြီးလျှင်။ သူ တို့သည် ထာဝရပညတ်တော် အတိုင်း ယဇ်ပုရောဟိတ်အရာကို ဆိုင် ရမည်။ ထိုသို့ အာရုန် နှင့် သူ ၏သား တို့ကို၊ ယဇ်ပုရောဟိတ် အရာ၌ ခန့် ထားရမည်။
9アロンとその子らに飾り帯を締め、頭帯を結びなさい。祭司職は永遠の掟によって彼らのものとなる。こうしてアロンとその子らを任職する。
10ထိုနောက်၊ နွားထီး တကောင်ကို ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ သို့ ဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏ သား တို့သည်၊ မိမိ တို့ လက် ကို နွား ခေါင်း ပေါ် မှာ တင်ရကြမည်။
10雄牛を会見の天幕の前へ連れて来て、アロンとその子らに、その頭へ手を置かせなさい。
11ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နားမှာ ထာဝရဘုရား ရှေ့ တော်၌ ထိုနွား ကိုသတ် ရမည်။
11会見の天幕の入り口、主の前で雄牛を屠りなさい。
12အသွေး ကို ယူ ၍ ယဇ်ပလ္လင် ဦးချို တို့၌ လက်ညှိုး နှင့် ထည့် ပြီးမှ ၊ ကြွင်း သောအသွေး ကို ယဇ်ပလ္လင် ခြေရင်း နား၌ သွန် ရမည်။
12雄牛の血を指で祭壇の角に塗り、残りの血を祭壇の土台に注ぎなさい。
13အအူ ကို ဖုံး သောဆီဥ ရှိသမျှ ၊ အသည်း ပေါ် ၌ ရှိသောအမြှေး ၊ ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ကိုယူ ၍ ယဇ်ပလ္လင် ပေါ် မှာ မီးရှို့ ရမည်။
13内臓を覆う脂肪、肝臓の覆い、二つの腎臓とその脂肪を取り、祭壇の上で焼きなさい。
14နွား ၏အသား ၊ အရေ ၊ ချေးနု ကိုကား ၊ တပ် ပြင် မှာ မီးရှို့ ရမည်။ အပြစ် ဖြေရာယဇ် ဖြစ်၏
14雄牛の肉、皮、糞は陣営の外で火に焼く。これは罪のいけにえである。
15သိုးထီး တကောင်ကိုလည်း ယူ ၍ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ မိမိ တို့လက် ကို သိုး ခေါင်း ပေါ် မှာ တင် ရမည်။
15一匹の雄羊を取り、アロンとその子らに、その頭へ手を置かせなさい。
16ထိုသိုး ကိုသတ် ပြီးလျှင် အသွေး ကိုယူ ၍ ယဇ်ပလ္လင် အပေါ် နား ပတ်လည် ၌ ဖြန်း ရမည်။
16雄羊を屠り、その血を祭壇の周囲に振りかけなさい。
17သိုး ကိုလည်း အပိုင်းပိုင်း ဖြတ် ၍ ဝမ်းထဲ ၌ရှိသောအရာနှင့် ခြေ တို့ကို ဆေးကြော ပြီးလျှင် ၊ ခေါင်း နှင့် သားတစ်များကို စု ထား၍ ၊
17その雄羊を切り分け、その内臓と足を洗い、切り分けた肉や頭と一緒に置きなさい。
18သိုး တကောင်လုံး ကို ယဇ်ပလ္လင် ပေါ် မှာ မီးရှို့ ရမည်။ ထာဝရဘုရား အား မီးရှို့ သောယဇ်ဖြစ်၏။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင် သော ပူဇော် သက္ကာဖြစ်၏။
18雄羊を全部、祭壇の上で焼きなさい。これは主への全焼のいけにえ、心地よい香り、主への火によるささげ物である。
19အခြား သော သိုး ကိုလည်း ယူ ၍ ၊ အာရုန် နှင့် သူ ၏သား တို့သည် မိမိ တို့လက် ကို သိုး ခေါင်း ပေါ် မှာ တင် ရမည်။
19もう一匹の雄羊を取り、アロンとその子らに、その頭へ手を置かせなさい。
20ထိုသိုး ကိုသတ် ပြီးလျင် အသွေး ကိုယူ ၍ အာရုန် ၏ လက်ျာနားပျဉ်း ၌ ၎င်း၊ သူ ၏သား တို့၏ လက်ျာ နားပျဉ်း ၌ ၎င်း။ သူ တို့၏ လက်ျာ လက်မ ၌ ၎င်း၊ လက်ျာ ခြေမ ၌ ၎င်း ထည့် ၍ ၊ ယဇ်ပလ္လင် အပေါ် ပတ်လည် ၌ ဖြန်း ရမည်။
20雄羊を屠り、その血をアロンとその子らの右の耳たぶ、右手の親指、右足の親指に塗り、残りを祭壇の周囲に振りかけなさい。
21ယဇ်ပလ္လင် ပေါ် မှာရှိသော အသွေး နှင့် လိမ်း စရာဆီ ကိုယူ ၍ အာရုန် နှင့် သူ ၏ အဝတ် ၌ ၎င်း ၊ သူ ၏ သား တို့နှင့် သူ တို့ အဝတ် ၌ ၎င်း၊ ဖြန်း သဖြင့် ၊ အာရုန် မှစ၍ သား များ၊ အဝတ် များတို့သည် သန့်ရှင်း ကြလိမ့်မည်။
21祭壇の上にある血と注ぎ油の一部を取って、アロンとその衣服、および彼と共にいるその子らとその衣服に振りかけなさい。そうすれば彼とその衣服、および彼と共にいるその子らとその衣服は聖なるものとなる。
22ထိုသိုးသည် အရာ၌ ခန့်ထားရာသိုး ဖြစ်သောကြောင့်၊ ဆီဥ ၊ အမြီး ၊ အအူ ကို ဖုံး သောဆီဥ ၊ အသည်း ပေါ်၌ ရှိသောအမြှေး ၊ ကျောက်ကပ် နှစ်ခု နှင့် ကျောက်ကပ်ကိုဖုံးသော ဆီဥ ၊ လက်ျာ ပခုံး ၊
22また、その雄羊の脂肪、脂尾、内臓を覆う脂肪、肝臓の覆い、二つの腎臓、それについている脂肪、右のももを取りなさい(それは任職の雄羊だからである)。
23ထာဝရဘုရား ရှေ့ တော၌ထား သော တဆေး မဲ့ မုန့်တောင်း ထဲက မုန် တလုံး၊ ဆီ နှင့် လုပ်သော မုန့် ပြားတပြား၊ မုန့် ကြွပ်တချပ်ကို ယူ၍၊
23さらに、主の前にある種なしパンの籠から、パンの塊一つ、油を塗ったパンの菓子一つ、薄焼きパン一つを取りなさい。
24အာရုန် လက် ၊ သူ ၏ သား တို့လက် ၌ ထိုအရာတို့ကို ထား ပြီးလျှင် ၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲ ၍၊ ချီလွှဲသော ပူဇော် သက္ကာ ပြုရမည်။
24これらをすべてアロンとその子らの手に載せ、揺り動かすささげ物として主の前で揺り動かしなさい。
25ထို အရာတို့ကို သူ တို့လက် မှ ခံယူ ၍ ၊ ထာဝရဘုရား ရှေ့တော်တွင် မွှေးကြိုင် သောအနံ့ ဖြစ်စေခြင်းငှါ ၊ ယဇ်ပလ္လင် ၌ မီးရှို့ ရာ ယဇ်အပေါ် မှာ ရှို့ ရမည်။ ထာဝရဘုရား အား မီး ဖြင့် ပြုသောပူဇော်သက္ကာ ဖြစ်၏။
25あなたはそれらを彼らの手から取り、祭壇の上で全焼のいけにえの上で焼きなさい。これは主の前の心地よい香り、主への火によるささげ物である。
26အာရုန် ၏အရာ ၌ ခန့်ထားရာ သိုး ၏ရင်ပတ် ကို ယူ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသော ပူဇော် သက္ကာပြုပြီးမှ ၊ သိုး၏ ရင်ပတ်သည် သင် ၏ အဘို့ ဖြစ် ရမည်။
26アロンの任職の雄羊の胸を取り、揺り動かすささげ物として主の前で揺り動かしなさい。これはあなたの分となる。
27ထိုသို့ အာရုန် နှင့် သား တို့၏ အရာ ၌ ခန့်ထားသော သိုး ထဲက ၊ ချီလွှဲသော ပူဇော်သက္ကာပြု၍၊ ချီလွှဲ သော ရင်ပတ် ကို၎င်း၊ ချီ မြှောက်သော ပူဇော်သက္ကာပြု၍ ၊ ချီမြှောက်သော ပခုံး ကို၎င်းသန့်ရှင်း စေ ပြီးမှ ၊
27任職の雄羊から取った、揺り動かすささげ物の胸と、持ち上げるささげ物のももを聖別しなさい。これはアロンとその子らの分である。
28ထိုရင်ပတ်၊ ပခုံးတို့သည် ထာဝရ ပညတ်တော်အတိုင်း၊ ဣသရေလ အမျိုးသား လှူ သော အာရုန် ၏ အဘို့၊ သူ့ သား တို့၏အဘို့ ဖြစ် ရမည်။ ဣသရေလ အမျိုးသား ပြုသောမိဿဟာယ ယဇ်ထဲက ၊ ထာဝရဘုရား ရှေ့တော်၌ ချီးမြှောက် ၍၊ ချီးမြှောက်ရာ ပူဇော် သက္ကာ ဖြစ် ၏။
28これはイスラエルの子らからアロンとその子らに与えられる永遠の分である。和解のいけにえから取り分けて主に献げる、持ち上げるささげ物である。
29အာရုန် ၏ သန့်ရှင်း သော အဝတ် တန်ဆာကို၊ သူ ၏သား တို့သည် အမွေခံ သဖြင့်၊ ဆီလိမ်း ခြင်း မင်္ဂလာနှင့် ယဇ်ပုရောဟိတ်အရာ၌ ခန့် ထားသောအခါ၊
29アロンの聖なる衣服は、彼の後の子らのためのものとなり、彼らがそれを着て油を注がれ、それを着て任職される。
30အာရုန် ကိုယ်စား ယဇ် ပုရောဟိတ်လုပ်သော သား သည်၊ သန့်ရှင်း ရာဌာန၌ အမှုတော် ကို ဆောင်ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ဝင် သောအခါ ခုနစ် ရက် ပတ်လုံးဝတ်ဆင် ရမည်။
30彼に代わって祭司となる息子は、聖所で仕えるため会見の天幕に入る時、七日間その衣服を着る。
31အရာ ၌ခန့်ထားရာ သိုး ၏အသား ကို ယူ ၍ ၊ သန့်ရှင်း ရာဌာန ၌ ပြုတ် ပြီးမှ ၊
31任職の雄羊を取り、その肉を聖なる場所で煮なさい。
32အာရုန် နှင့် သူ ၏သား တို့သည် ထိုအသား ကို၎င်း ၊ တောင်း ထဲ၌ ရှိသော မုန့် ကို၎င်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နားမှာ စားရကြမည်။
32アロンとその子らは、会見の天幕の入り口で、雄羊の肉と籠のパンを食べる。
33သူတို့ကို သန့်ရှင်းစေ၍၊ အရာ၌ ခန့်ထား စေခြင်းငှါ ၊ အပြစ် ဖြေရာ မင်္ဂလာပြုခြင်းနှင့် ဆိုင်သော အရာတို့ကို၊ သူတို့သည် စား ရကြမည်။ ထို အရာတို့သည် သန့်ရှင်း သောကြောင့် ၊ မဆိုင် သောသူ မ စား ရ။
33彼らを任職し聖別する贖いのために用いられたものを、彼らが食べる。ほかの者は食べてはならない。これは聖なるものである。
34အရာ ၌ ခန့်ထားရာနှင့် ဆိုင်သောအမဲသား ဖြစ်စေ ၊ မုန့် ဖြစ်စေ၊ နံနက် တိုင်အောင် ကျန် ကြွင်းလျှင် ၊ ထိုအကြွင်း ကို မီးရှို့ ရမည်။ သန့်ရှင်း သောကြောင့် ၊ အဘယ်သူမျှမ စား ရ။
34任職の肉やパンが朝まで残ったなら、火で焼き尽くしなさい。聖なるものなので、食べてはならない。
35ထိုသို့ ငါပညတ် သမျှ အတိုင်း အာရုန် နှင့် သူ ၏ သား တို့ အား ပြု ၍၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား ခြင်း မင်္ဂလာကို၊ ခုနစ် ရက် ပတ်လုံးဆောင် ရမည်။
35わたしが命じたすべての通りに、アロンとその子らに行いなさい。七日間にわたって任職する。
36ထိုမှတပါး၊ အပြစ် ဖြေခြင်းအလိုငှါ ၊ နေ့ တိုင်း နွားထီး တကောင်ကို ပူဇော် ၍၊ အပြစ် ဖြေရာယဇ် ပြုရမည်။ ထိုသို့ ယဇ်ပလ္လင်ဘို့ အပြစ် ဖြေခြင်းကို ပြုပြီးမှ ၊ ပလ္လင် ကို စင်ကြယ် စေရမည်။ ထို့နောက် သန့်ရှင်း စေခြင်းငှါ ဆီ နှင့် လိမ်းရမည်။
36毎日、贖いのために罪のいけにえの雄牛を献げなさい。祭壇のために贖いを行ってこれをきよめ、油を注いで聖別する。
37ခုနစ် ရက် ပတ်လုံးယဇ်ပလ္လင် ဘို့ အပြစ် ဖြေခြင်းကို ပြု၍ သန့်ရှင်း စေပြီးမှ ၊ အလွန်သန့်ရှင်း သော ယဇ်ပလ္လင် ဖြစ် ၍၊ ထိုပလ္လင် နှင့် တွေ့ သမျှ သောအရာတို့သည် သန့်ရှင်း သောအရာ ဖြစ်ရမည်။
37七日間、祭壇のために贖罪をし、それを聖別しなさい。そうすれば祭壇は最も聖なるものとなる。祭壇に触れるものはみな聖なるものとなる。
38ယဇ်ပလ္လင် ပေါ် မှာ ပူဇော် ရသော အရာ ဟူမူကား ၊ အခါ မလည်သော သိုးသငယ် နှစ် ကောင်ကို ယူ၍၊
38あなたが祭壇の上にささげるべきものは次の通りである。一歳の小羊二匹を、毎日絶えずささげる。
39နေ့ တိုင်း အစဉ်မပြတ် နံနက် ယံ၌ တ ကောင်၊ ညဦး ယံ၌ တ ကောင်ကို ပူဇော် ရမည်။
39一匹を朝に、もう一匹を夕暮れに献げる。
40သိုးသငယ်တကောင်ကို ပူဇော်သောအခါ၊ သံလွင်သီးကိုထောင်း ၍၊ ရသောသံလွင်ဆီ သုံးလောဃ နှင့် ရော သော မုန့်ညက် တဩမဲကို၎င်း၊ သွန်းလောင်း ရာ ပူဇော်သက္ကာဘို့ စပျစ်ရည် သုံးလောဃ ကို ၎င်း၊ သိုးသငယ် နှင့် အတူ ပူဇော်ရမည်။
40一匹の小羊と共に、一エファの十分の一の上質な小麦粉に、一ヒンの四分の一のついて搾った油を混ぜたものと、注ぎのささげ物として一ヒンの四分の一のぶどう酒をささげる。
41အခြား သော သိုးသငယ် ကို ညဦး ယံ၌ ပူဇော် သောအခါ၊ နံနက်ယံ ၌ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာပါသည်နည်းတူ ပါလျက်၊ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍၊ မွှေးကြိုင် သော ပူဇော် သက္ကာပြုရမည်။
41もう一匹の小羊は夕暮れにささげ、朝の穀物のささげ物と注ぎのささげ物と同様にしなさい。心地よい香り、主への火によるささげ物である。
42ထိုသို့ သင် တို့သား စဉ်မြေးဆက်တို့သည် သင် နှင့် ငါတွေ့ ၍ နှုတ်ဆက်ရာအရပ် ၊ ထာဝရဘုရား ရှေ့ တော် ၌၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နားမှာ အစဉ်မပြတ် မီးရှို့ သောယဇ်ကို ပူဇော်ရကြမည်။
42これが、あなたがたの代々にわたり、会見の天幕の入り口、主の前で絶えずささげられる全焼のいけにえとなる。そこでわたしはあなたがたと会い、そこであなたに語る。
43ထို အရပ်၌ ဣသရေလ အမျိုးသား တို့နှင့် ငါတွေ့ ၍ ၊ ငါ့ ဘုန်း တော်အားဖြင့် သူတို့ကို သန့်ရှင်း စေမည်။
43そこでわたしはイスラエルの子らと会う。その場所はわたしの栄光によって聖別される。
44ငါ့ ရှေ့ ၌ ယဇ် ပုရောဟိတ်အမှုကို ဆောင်စေ ခြင်းငှါ ၊ အာရုန် နှင့် သူ ၏သား တို့ကို၎င်း၊ ပရိသတ် စည်းဝေး ရာ တဲ တော်ကို၎င်း ၊ ယဇ်ပလ္လင် ကို၎င်း ၊ ငါသန့်ရှင်း စေမည်။
44わたしは会見の天幕と祭壇を聖別する。わたしはまた、アロンとその子らを聖別し、祭司としてわたしに仕えさせる。
45ဣသရေလ အမျိုးသား တို့တွင် ငါနေ ၍ ၊ သူ တို့၏ ဘုရား ဖြစ် မည်။
45わたしはイスラエルの子らの間に住み、彼らの神となる。
46ငါ သည် သူတို့တွင် နေ ခြင်းငှါ ၊ သူ တို့ကို အဲဂုတ္တု ပြည် ထဲက ကယ်နှုတ် ဆောင်ယူခဲ့သော သူ တို့ ၏ ဘုရား သခင်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့ သိ ကြလိမ့်မည်။ ငါ သည် သူ တို့ ဘုရား သခင်ထာဝရဘုရား ဖြစ်၏ဟု မောရှေအား မိန့်တော်မူ၏။
46彼らは、わたしが彼らの間に住むために、エジプトの地から彼らを導き出した、彼らの神、主であることを知るであろう。わたしは彼らの神、主である。
Tip: use the ← and → keys to turn chapters.