ထွက်မြောက် 34
Judson Burmese Bible (1840)Translation
Judson Burmese Bible (1840)
Modern Hebrew Bible
1တဖန် ထာဝရဘုရား က၊ အရင် ကျောက်ပြားနှစ်ပြားနှင့်တူ အောင် ကျောက် ပြားနှစ် ပြားကို ခုတ် လော့။ သင်ချိုးဖဲ့ သော အရင် ကျောက် ပြား၌ စကား ပါ သည်အတိုင်း နောက်ကျောက် ပြားပေါ် မှာ ငါရေး ထားမည်။
1ויאמר יהוה אל משה פסל לך שני לחת אבנים כראשנים וכתבתי על הלחת את הדברים אשר היו על הלחת הראשנים אשר שברת׃
2နက်ဖြန်နံနက် သင်သည် အသင့် နေလျက်၊ သိနာ တောင် ပေါ် သို့ တက် ၍ တောင် ထိပ် ၌ ငါ့ ရှေ့ မှာကိုယ်ကို ပြ လော့။
2והיה נכון לבקר ועלית בבקר אל הר סיני ונצבת לי שם על ראש ההר׃
3သင် နှင့်အတူ အဘယ်သူမျှမ တက် ရ။ တောင် တပြင်လုံး ၌ လူ ကို မ ထင်ရှား စေနှင့်။ တောင် ခြေရင်း ၌ သိုး နွား တို့ကို ကျက်စား ရာမ ပြုစေနှင့်ဟု မောရှေ အား မိန့် တော်မူ၏။
3ואיש לא יעלה עמך וגם איש אל ירא בכל ההר גם הצאן והבקר אל ירעו אל מול ההר ההוא׃
4ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ အရင် ကျောက် ပြားနှင့်တူ အောင် ကျောက်ပြားနှစ် ပြားကို ခုတ် ပြီးမှ ၊ မောရှေ သည် နံနက် စောစောထ ၍ ထိုကျောက် ပြားနှစ် ပြားကို ကိုင် လျက် ၊ သိနာ တောင် ပေါ် သို့ တက် လေ၏။
4ויפסל שני לחת אבנים כראשנים וישכם משה בבקר ויעל אל הר סיני כאשר צוה יהוה אתו ויקח בידו שני לחת אבנים׃
5ထာဝရဘုရား သည် မိုဃ်းတိမ် ဖြင့် ဆင်းသက် ၍ ၊ ထို အရပ်၌ မောရှေ အနား မှာရပ် လျက်၊ ထာဝရဘုရား ၏နာမ တော်ကို ကြွေးကြော် တော်မူ၏။
5וירד יהוה בענן ויתיצב עמו שם ויקרא בשם יהוה׃
6ထာဝရဘုရား သည် မောရှေ ရှေ့ ၌ ကြွ သွားတော်မူလျက် ၊ ထာဝရဘုရား ၊ ထာဝရဘုရား ၊ ချစ် သနားခြင်း မေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ သစ္စာ စောင့်ခြင်းနှင့် ကြွယ်ဝ တော်မူထသော၊
6ויעבר יהוה על פניו ויקרא יהוה יהוה אל רחום וחנון ארך אפים ורב חסד ואמת׃
7အထောင် အသောင်းများသောသူတို့အား သနားခြင်းကျေးဇူး တရားကို စောင့် တော်မူထသော၊ အဓမ္မ ကျင့်ခြင်း၊ တရားတော်ကို လွန်ကျူး ခြင်း၊ ပြစ်မှားခြင်းအပြစ် တို့ကို ဖြေလွှတ် သော်လည်း ၊ အချည်းနှီးသက်သက်ဖြေလွှတ် တော်မ မူထသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘ တို့၏ အပြစ် ကိုသား တို့၌ ဆပ်ပေး စီရင်တော်မူသောဘုရား သခင်ဟု ကြွေးကြော် တော်မူ၏။
7נצר חסד לאלפים נשא עון ופשע וחטאה ונקה לא ינקה פקד עון אבות על בנים ועל בני בנים על שלשים ועל רבעים׃
8မောရှေ သည် အလျင်အမြန် ဦး ညွှတ်ချ၍ ကိုးကွယ် လျက် ၊
8וימהר משה ויקד ארצה וישתחו׃
9အိုဘုရားရှင် ၊ အကျွန်ုပ်သည် ရှေ့ တော်၌ မျက်နှာ ရ လျှင် ၊ အကျွန်ုပ်အရှင် သည် အကျွန်ုပ် တို့နှင့်အတူ ကြွ တော်မူပါစေသော၊ အကျွန်ုပ်တောင်းပန် ပါ၏။ ဤ လူမျိုးသည် လည်ပင်း ခိုင်မာ သော အမျိုး ဖြစ်သော်လည်း ၊ အကျွန်ုပ် တို့ပြစ်မှားမိသော ဒုစရိုက် အပြစ် များကို လွှတ် ၍ အကျွန်ုပ် တို့ကို ကိုယ်တော်အမွေ ဥစ္စာဘို့ သိမ်းယူတော်မူပါဟုလျှောက် လျှင် ၊
9ויאמר אם נא מצאתי חן בעיניך אדני ילך נא אדני בקרבנו כי עם קשה ערף הוא וסלחת לעוננו ולחטאתנו ונחלתנו׃
10ထာဝရဘုရားက၊ ကြည့်ရှု လော့။ ငါ ပဋိညာဉ် ပြု ၏။ မြေကြီး ပေါ်မှာ လူမျိုး ၌ မ ပြု စဖူးသော အံ့ဘွယ် သောအမှုတို့ကို သင် ၏လူမျိုး ရှေ့ မှာ ငါပြု မည်။ သင် တို့အဘို့ ငါ ထာဝရဘုရား ပြု ရသော အမှုသည် ကြောက်မက် ဘွယ်သောအမှု ဖြစ်ကြောင်း ကို သင် ပေါင်းဘော် သော လူ အပေါင်း တို့သည် မြင် ရကြလိမ့်မည်။
10ויאמר הנה אנכי כרת ברית נגד כל עמך אעשה נפלאת אשר לא נבראו בכל הארץ ובכל הגוים וראה כל העם אשר אתה בקרבו את מעשה יהוה כי נורא הוא אשר אני עשה עמך׃
11ယနေ့ ငါ မှာ ထားသော စကားကို မှတ် လော့။ သင့် ရှေ့ မှာ အာမောရိ လူ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့ကို ငါ နှင်ထုတ် မည်။
11שמר לך את אשר אנכי מצוך היום הנני גרש מפניך את האמרי והכנעני והחתי והפרזי והחוי והיבוסי׃
12သင် သည် ယခုသွားသော ပြည်သူ ပြည်သားတို့နှင့် မိဿဟာယ ဖွဲ့ သဖြင့်၊ သင့် အလယ်၌ တိုက်မိ၍ လဲစရာ အကြောင်းမ ဖြစ် စေခြင်းငှာ ၊ ကိုယ်ကိုကိုယ်သတိ ပြုလော့။
12השמר לך פן תכרת ברית ליושב הארץ אשר אתה בא עליה פן יהיה למוקש בקרבך׃
13သူ တို့ယဇ်ပလ္လင် များကို ဖျက်ဆီး ရမည်။ သူ တို့ရုပ်တု ဆင်းတုများကို ချိုးဖဲ့ ရမည်။ သူ တို့ အာရှရ ပင် များကို ခုတ် လှဲရမည်။
13כי את מזבחתם תתצון ואת מצבתם תשברון ואת אשריו תכרתון׃
14အခြား သောဘုရား ကို သင်သည် မ ကိုးကွယ် ရ။ အပြစ် ရှိယုံလွယ်အမည် ရှိသောထာဝရဘုရား သည် အပြစ်ရှိသည်ဟု ယုံ လွယ်သော ဘုရား သခင်ဖြစ်တော်မူ၏။
14כי לא תשתחוה לאל אחר כי יהוה קנא שמו אל קנא הוא׃
15သင်သည် ထိုပြည်သူ ပြည်သားတို့နှင့် မိဿ ဟာယဖွဲ့ သဖြင့်၊ သူတို့သည် မိမိ တို့ဘုရား နှင့် မှားယွင်း ခြင်းကို ပြု၍ ၊ ထိုဘုရား တို့အား ယဇ် ပူဇော်သောအခါ၊ သင့် ကို ခေါ် ၍ သင်သည် ထိုယဇ် ကောင်ကို စား မည်ဟူ၍၎င်း၊
15פן תכרת ברית ליושב הארץ וזנו אחרי אלהיהם וזבחו לאלהיהם וקרא לך ואכלת מזבחו׃
16သင်သည် သူ တို့ သမီး များကိုယူ ၍၊ ကိုယ် သား တို့နှင့် ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီး တို့သည် မိမိ တို့ ဘုရား နှင့် မှားယွင်း ခြင်းကို ပြု၍ သင် ၏သား တို့ကို ထိုဘုရား တို့နှင့် မှားယွင်း စေမည်ဟူ၍၎င်း စိုးရိမ်စရာ ရှိ၏။
16ולקחת מבנתיו לבניך וזנו בנתיו אחרי אלהיהן והזנו את בניך אחרי אלהיהן׃
17သင်သည် ကိုယ် အဘို့ သွန်း သော ဘုရား တို့ကို မ လုပ် ရ။
17אלהי מסכה לא תעשה לך׃
18သင်သည် အဗိဗ လ ၌ အဲဂုတ္တု ပြည်မှ ထွက် သောကြောင့် ၊ ငါပညတ် သည်အတိုင်း ၊ အဗိဗ လ တွင် ခုနစ် ရက် ပတ်လုံးတဆေး မဲ့မုန့်ကို စား ၍ အဇုမ ပွဲကို ခံ ရမည်။
18את חג המצות תשמר שבעת ימים תאכל מצות אשר צויתך למועד חדש האביב כי בחדש האביב יצאת ממצרים׃
19သားဦး အပေါင်း တို့သည် ငါ့ ဥစ္စာဖြစ်ကြ၏။ သင် ၏တိရစ္ဆာန် တို့တွင်လည်း ၊ နွား ဖြစ်စေ ၊ သိုး ဖြစ်စေ၊ သားဦး အပေါင်း တို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သို့ရာတွင် ၊ မြည်း သားဦး ကို သိုး သငယ်နှင့် ရွေး ယူရမည်။
19כל פטר רחם לי וכל מקנך תזכר פטר שור ושה׃
20မ ရွေး လိုလျှင် ၊ မြည်း သငယ်၏လည်ပင်းကို ချိုး ရမည်။ သင် ၏သားဦး အပေါင်း တို့ကို ရွေး ရမည်။ ငါ့ ထံသို့ အဘယ်သူမျှလက်ချည်း မ ပေါ် မလာရ။
20ופטר חמור תפדה בשה ואם לא תפדה וערפתו כל בכור בניך תפדה ולא יראו פני ריקם׃
21ခြောက် ရက် ပတ်လုံးအလုပ်လုပ် ရမည်။ သတ္တမ နေ့ရက် ၌ ငြိမ်ဝပ် စွာ နေရမည်။ လယ် လုပ်ရာ ကာလ၊ အသီးအနှံ သိမ်းရာကာလဖြစ်သော်လည်း၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ် စွာ နေရမည်။
21ששת ימים תעבד וביום השביעי תשבת בחריש ובקציר תשבת׃
22ဂျုံ စပါးကို သိမ်း စရှိသည်ကာလခုနစ်သိတင်း ပွဲ ကို၎င်း၊ နှစ် လဲ သောအခါ သိုထား ပွဲ ကို၎င်း ခံ ရမည်။
22וחג שבעת תעשה לך בכורי קציר חטים וחג האסיף תקופת השנה׃
23သင် တို့အမျိုးသား ယောက်ျားအပေါင်း တို့သည်၊ ဣသရေလ အမျိုး၏ ဘုရား သခင်တည်းဟူသောထာဝရ အရှင်ဘုရား သခင့် ရှေ့ တော်၌ တနှစ် လျှင် သုံး ကြိမ် မျက်နှာပြ ရကြမည်။
23שלש פעמים בשנה יראה כל זכורך את פני האדן יהוה אלהי ישראל׃
24တပါးအမျိုးသား များကို သင် တို့ရှေ့ က ငါနှင်ထုတ် ၍ ၊ သင် တို့နေရာနယ် ကို ငါ ကျယ် စေမည်။ သင် ၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ တနှစ် တွင် သုံး ကြိမ် မျက်နှာပြ သွား သောအခါ ၊ သင် ၏မြေ ကို အဘယ်သူ မျှမ တပ်မက် ရ။
24כי אוריש גוים מפניך והרחבתי את גבולך ולא יחמד איש את ארצך בעלתך לראות את פני יהוה אלהיך שלש פעמים בשנה׃
25ငါ့ ယဇ်ကောင် အသွေး ကို တဆေး နှင့် ရော၍ မ ပူဇော် ရ။ ပသခါ ပွဲ ယဇ်ကောင် ကို၊ နံနက် တိုင်အောင် မ ကြွင်း စေရ။
25לא תשחט על חמץ דם זבחי ולא ילין לבקר זבח חג הפסח׃
26သင် ၏မြေ ၌ အဦး သီးသော အသီးအနှံအကောင်းဆုံး ကို သင် ၏ ဘုရား သခင်ထာဝရဘုရား ၏ အိမ် တော်ထဲသို့ ဆောင် သွင်းရမည်။ ဆိတ် သငယ်ကို အမိ နို့ ရည်နှင့် မ ပြုတ် မချက်ရ။
26ראשית בכורי אדמתך תביא בית יהוה אלהיך לא תבשל גדי בחלב אמו׃
27ဤ စကား များကို ရေး ထားလော့။ ဤ စကား များလာသည် အတိုင်း သင် မှစ၍ ဣသရေလ အမျိုးနှင့် ငါပဋိညာဉ် ပြု သည်ဟု မောရှေ အား မိန့် တော်မူ၏။
27ויאמר יהוה אל משה כתב לך את הדברים האלה כי על פי הדברים האלה כרתי אתך ברית ואת ישראל׃
28ထို အရပ်မှာ မောရှေသည် အစာ ကို မ စား ၊ ရေ ကို မ သောက် ဘဲ ၊ အရက် လေးဆယ် ပတ်လုံးထာဝရဘုရား အထံတော်၌ နေ လေ၏။ ကျောက် ပြားပေါ် မှာ ပဋိညာဉ် စကား ၊ ပညတ် တော်ဆယ် ပါးကို ရေး ထားတော်မူ ၏။
28ויהי שם עם יהוה ארבעים יום וארבעים לילה לחם לא אכל ומים לא שתה ויכתב על הלחת את דברי הברית עשרת הדברים׃
29မောရှေ သည် သက်သေခံ ချက် ကျောက် ပြားနှစ် ပြားကို ကိုင် လျက်၊ သိနာ တောင် ပေါ်မှ ဆင်းသက် သောအခါ ၊ မိမိ နှင့် ဘုရား သခင်နှုတ်ဆက် တော်မူသောကြောင့် ၊ မိမိ မျက်နှာ အရေ ထွန်းပ ကြောင်း ကို မိမိမ သိ။
29ויהי ברדת משה מהר סיני ושני לחת העדת ביד משה ברדתו מן ההר ומשה לא ידע כי קרן עור פניו בדברו אתו׃
30အာရုန် နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည်၊ မောရှေ ကို မြင် သောအခါ ၊ သူ ၏မျက်နှာ အရေ ထွန်းပ သောကြောင့် ၊ သူတို့သည် မချဉ်း မ ကပ်ဝံ့ကြ။
30וירא אהרן וכל בני ישראל את משה והנה קרן עור פניו וייראו מגשת אליו׃
31မောရှေ သည် သူ တို့ကို ခေါ် ၍ ၊ အာရုန် နှင့် ပရိသတ် သူကြီး တို့သည် ချဉ်းကပ် ကြလျှင် ၊ မောရှေ သည် နှုတ်ဆက် လေ၏။
31ויקרא אלהם משה וישבו אליו אהרן וכל הנשאים בעדה וידבר משה אלהם׃
32ထိုနောက် ဣသရေလ အမျိုးသား အပေါင်း တို့သည် ချဉ်းကပ် ကြလျှင် ၊ သိနာ တောင် ပေါ် မှာ ထာဝရဘုရား မိန့် တော်မူသမျှ တို့ကို သူ တို့အား ဆင့်ဆို လေ၏။
32ואחרי כן נגשו כל בני ישראל ויצום את כל אשר דבר יהוה אתו בהר סיני׃
33မောရှေ သည် သူ တို့အား ဟောပြော ၍ မပြီး မှီ မိမိ မျက်နှာ ကို ဖုံးအုပ်လေ၏။
33ויכל משה מדבר אתם ויתן על פניו מסוה׃
34ထာဝရဘုရား ရှေ့ တော်သို့ ဝင် ၍လျှောက်သောအခါ ၊ မ ထွက် မှီတိုင်အောင်မျက်နှာဖုံး ကို ချွတ် ထား၏။ တဖန် ထွက် ၍ အမိန့် တော်ကို ဣသရေလ အမျိုးသားတို့အား ဆင့်ဆို ၏။
34ובבא משה לפני יהוה לדבר אתו יסיר את המסוה עד צאתו ויצא ודבר אל בני ישראל את אשר יצוה׃
35သူ ၏မျက်နှာ အရေ ထွန်းပ ကြောင်း ကို ဣသရေလ အမျိုးသား တို့သည် မြင် ကြလျှင် ၊ တဖန် အထဲသို့ ဝင်၍ မ လျှောက် မှီတိုင်အောင်မိမိ မျက်နှာ ကို ဖုံးအုပ် ပြန်၏။
35וראו בני ישראל את פני משה כי קרן עור פני משה והשיב משה את המסוה על פניו עד באו לדבר אתו׃
Tip: use the ← and → keys to turn chapters.